J.K. Rowling
▬▬▬▬▬▬
Rowling ရဲ့အေင်မြင်မှုဟာ ဒီဘက်ခေတ်မှာတော့ လူတွေကိုအောင်မြင်မှုအတွက် လှုံ့ဆော်မှုအပေးနိုင်ဆုံးစြံ ပအောင်မြင်မှုတွေထဲကတစ်ခုအပါ အ၀င်ဖြစ်ခဲ့ပါတယ်။
Rowling ဆိုရင် Harry Potter ကို ဖန်တီးခဲ့သူအဖြစ်
လူတိုင်းလိုလိုကသိကြပါတယ်။ ဒါပေမယ့် လူတွေသိပ်မသိကြတာကတော့
ဒီလိုအောင်မြင်လာဖို့
ဘယ်လိုဘ၀တွေဖြတ်သန်းခဲ့ရလဲဆိုတာပါပဲ။ Rowling ရဲ့ဘ၀ဟာ တော်တော်လေးကိုရုန်းကန်ခဲ့ရ တဲအထဲမှာပါပါတယ်။
၁၉၉၀ ခုနှစ်မှာ သူမဟာ Harry Potter ကိုဖန်တီးဖို့ အိုင်ဒီယာစရခဲ့ပါတယ်။ အဆိုပါ အိုင်ဒီယာဟာ သူမစိတ်ထဲကိုဘယ်လိုဝင်ရောက် လာသလဲဆိုတော့ သူမ မန်ချက်စတာကနေ လန်ဒန်ကို ရထားနဲ့သွားနေတုန်းပဲဖြစ်ပါ တယ်။ အိုင်ဒီယာစရရချင်းမှာပဲ
သူမ အသည်းအသန်စရေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒီနှစ်ထဲမှာ သူမအမဆုံးပါးသွားခဲ့ရတာကြော င့် ဆက်မရေးနိုင်ခဲ့ပါဘူး။
၁၉၉၂ ခုနှစ်မှာ ပေါ်တူဂီကိုပြောင်းရွှေ့သွားခဲ့ရပြီး အဲ့မှာပဲအိမ်ထောင်ကျခဲ့ပြီး သမီးတစ်ယောက်ရရှိခဲ့ပါတယ်။ ကံထပ်ဆိုးစွာနဲ့ပဲ ၁၉၉၃ ခုနှစ်အရောက်မှာတော့ အိမ်ထောင်ရေးပြိုကွဲခဲ့ရပြီး သူမအစ်မနဲ့နီးစပ်ရာ စကော့တလန်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတ ယ်။ အဲ့ချိန်မှာတော့ သူဟာ Harry Potter ကို အခန်း(၃) ပြီးအောင် ရေးထားနိုင်ခဲ့ပါပြီ။ ဆက်လက်ရေးသားနိုင်ဖို့အတွက် တော့ သူမမှာအခက်အခဲတွေက မနည်းမနောပါပဲ။ အိမ်ထောင်ပြိုကွဲထားရတဲ့ကလေးအမေတစ်ယောက်၊ အလုပ်ကလည်းလက်မဲ့၊
ငွေဆိုလည်းတစ်ပြားမှမရှိ အခြေအနေပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမဟာစိတ်ကျဝေဒနာပါခံစားလာရ ပြီး နှစ်စဉ်နှစ်တိုင်း အစိုးရရဲ့ လှုမှုဖူလှုံရေးအစီအစဉ်ကိုလျှောက်ပြီး ရပ်တည်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တွေကတော့ သူမဘ၀အတွက် အခက်အခဲဆုံးအချိန်တွေပဲဖြစ် ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်အရောက် Harry Potter စာအုပ်ပြီးသွားချိန်မှာတော့ စာအုပ်ထုတ်ဝေရေး ၁၂ ခုတိတိက သူမရဲ့ Harry Potter စာအုပ်ကိုထုတ်ဝေဖို့ငြင်းဆန်ခဲ့ပါတယ်။နောက်တစ်နှစ်ခန့် အကြာမှာတော့ ကံကောင်းစွာနဲ့ပဲ စာအုပ်ထုတ်ရေးအသေးလေးတစ်ခုက သူမရဲ့ Harry Potter စာအုပ်ကို ထုတ်ဝေပေးခဲ့ပါတယ်။
စာမူခအနေနဲ့ကတော့ ပေါင် ၁၅၀၀ သာပေးခဲ့ပြီး အလွန်နည်းတဲ့ပမာဏလို့ပြောရမှာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Harry Potter စာအုပ်ကိုစတင်ထုတ်ဝေခဲ့ပြီး အုပ်ရေ ၁၀၀၀ သာ ရိုက်နှိပ်ခဲ့ပြီး ၅၀၀ ကိုတော့ စာကြည့်တိုက်တွေကိုပို့ပေးခဲ့တာကြောင့် ရောင်းချဖို့ထုတ်ဝေခဲ့တာ အုပ်ရေ ၅၀၀ သာရှိခဲ့ပါတယ်။
၁၉၉၇ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်မှာတော့ Rowling ရဲ့စာအုပ်ဟာ Nestle Smarties Book ဆုနဲ့ British Book Award for Children's Book of the year ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထိုမှအစပြုလို့ Rowling ရဲ့အောင်မြင်မှုဟာ အံ့မခန်းမြင့်တက်လာခဲ့ပြီး ယနေ့အချိန်ထိ သူမရဲ့စာအုပ်ဟာ အုပ်ရေ သန်း ၄၀၀ ထိရောင်းချထားနိုင်ခဲ့ပြီး ဒီစံချိန်ဟာ သူမကို UK ရဲ့အအောင်မြင်ဆုံးအမျိုးသမီးစာရေးဆရာတစ်ယောက်ဖြစ်စေခဲ့ ပါတယ်။
_________
လင်းထက်မော် (Focus Youth)
▬▬▬▬▬▬
Rowling ရဲ့အေင်မြင်မှုဟာ ဒီဘက်ခေတ်မှာတော့ လူတွေကိုအောင်မြင်မှုအတွက် လှုံ့ဆော်မှုအပေးနိုင်ဆုံးစြံ
ဘယ်လိုဘ၀တွေဖြတ်သန်းခဲ့ရလဲဆ
၁၉၉၀ ခုနှစ်မှာ သူမဟာ Harry Potter ကိုဖန်တီးဖို့ အိုင်ဒီယာစရခဲ့ပါတယ်။ အဆိုပါ အိုင်ဒီယာဟာ သူမစိတ်ထဲကိုဘယ်လိုဝင်ရောက်
သူမ အသည်းအသန်စရေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒီနှစ်ထဲမှာ သူမအမဆုံးပါးသွားခဲ့ရတာကြော
၁၉၉၂ ခုနှစ်မှာ ပေါ်တူဂီကိုပြောင်းရွှေ့သွားခ
ငွေဆိုလည်းတစ်ပြားမှမရှိ အခြေအနေပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမဟာစိတ်ကျဝေဒနာပါခံစားလာရ
၁၉၉၅ ခုနှစ်အရောက် Harry Potter စာအုပ်ပြီးသွားချိန်မှာတော့
စာမူခအနေနဲ့ကတော့ ပေါင် ၁၅၀၀ သာပေးခဲ့ပြီး အလွန်နည်းတဲ့ပမာဏလို့ပြောရမ
၁၉၉၇ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်မှာတော့ Rowling ရဲ့စာအုပ်ဟာ Nestle Smarties Book ဆုနဲ့ British Book Award for Children's Book of the year ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထိုမှအစပြုလို့ Rowling ရဲ့အောင်မြင်မှုဟာ အံ့မခန်းမြင့်တက်လာခဲ့ပြီး ယနေ့အချိန်ထိ သူမရဲ့စာအုပ်ဟာ အုပ်ရေ သန်း ၄၀၀ ထိရောင်းချထားနိုင်ခဲ့ပြီး ဒီစံချိန်ဟာ သူမကို UK ရဲ့အအောင်မြင်ဆုံးအမျိုးသမီ
_________
လင်းထက်မော် (Focus Youth)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။