မှတ်မိသေးတယ်..
။ အရင် ရခိုင် အရေး ဖြစ်တော့ သမ္မတ ဦးသိန်းစိန် သွေးဆူပြီး ချက်ချင်း
တုန့်ပြန်လိုက်တာကို .. ။ ကမ္ဘာက ဝေဖန်တာ တော်တော် ခံလိုက်ရတယ်.. ။ ပြီးတော့
သူ့အကြောင်း သိတဲ့သူ တစ်ချို့ ဆိုသူတွေတောင် သူဟာ အဲလို သွေးဆူလွယ်တဲ့
သူမျိုး မဟုတ်ဘူး လို့ ကာဗာ ပေးခဲ့ကြရသေးတယ်... ။ ကိုယ်တွေလို သာမန်လူတွေ
အတွက်တော့ အကြိုက်ပေါ့.. ။ ချတော့မယ် ဟေ့ ဆိုကြီး ပျော်ပျော်ကြီး ထောပနာ
ပြုခဲ့ကြတာ.. ။ ဒါပေမယ့် နိုင်ငံတကာ ရပ်ဝန်းမှာတော့
တော်တော် အထိ နာခဲ့ရတယ်.. ။ ကိုယ်တွေပဲ လူဆိုးကြီးတွေ ဖြစ်ကျန်ခဲ့ရပြီး
ဘာမှ ထိထိရောက်ရောက် မကိုင်တွယ် လိုက်နိုင်ခဲ့ဘူး .. ။ အဆိုးဆုံးက
မဆီမဆိုင် OIC လို အဖွဲ့တွေ.. ။ လူ့အခွင့်အရေး အမည်ခံ အဖွဲ့တွေကို ရခိုင်ထိ
တိုက်ရိုက် ဝင်ခွင့်ပေးခဲ့ရပြီး .. ဟိုဘက်က ကြိုတင် လွှင့်ထားတဲ့ ကောလဟာလ
အညွှန်းတွေ အတိုင်း ရုပ်ရှင် ရိုက်သွားခဲ့ကြတာပဲ... ။
ဒီတစ်ခါ အကြမ်းဖက်မှု တွေ ဖြစ်တော့ ဒေါ်အောင်ဆန်း စုကြည်က မယုတ်မလွန် ကြေငြာချက် ထုတ်ပြန်လိုက်တယ်.. ။ စွဲချက် တင်သင့်ရင် တင်ရမယ် တဲ့.. ။ ကမ္ဘာက သူ့စကားကို နားစွင့်နေခဲ့ကြတယ် . ။ အစိုးရ ဘယ်လို ထုတ်ပြန်မလဲ ဆိုတဲ့ စိတ်ဝင်စားမှု ရေချိန်ကလဲ မြင့်တက်လာခဲ့တယ်.. ။ အားမလို အားမရ ဖြစ်နေတဲ့ သူတွေက တော့ ဆဲလိုက်ကြတာ.. မကြားဝံ့ မနာသာ စကားလုံးတွေကို ညံလို့ပဲ.. ။
မနေ့ကတော့ သမ္မတ ရုံးက အင်္ဂလိပ်လိုရော ၊ မြန်မာလိုပါ တစ်ခါတည်း ထုတ်ပြန်လိုက်တယ်.. ။ အချက်အလက်တွေက တိကျတယ်.. ။ ဘယ်သူတွေ လုပ်တယ်၊ ဘယ်လို ကြံစည် ခဲ့ကြတယ် ဆိုတာကို ရဲရဲဝံ့ဝံ့ စွပ်စွဲလိုက်တယ်.. ။ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတဲ့ အကြောင်းတွေကို ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်တယ်.. ။ သွေးဆူတဲ့ အသုံးအနှုန်း တစ်လုံးမှ မပါဘူး .. ။ ဒါပေမယ့် ဥပဒေနဲ့ အညီ တုန့်ပြန် ချေမှုန်းမယ် ဆိုပြီး စိန်ခေါ်လိုက်တယ်. ။ အဲတော့ နိုင်ငံတကာက လူ့အခွင့်အရေးတွေ ၊ ဘာသာရေးတွေ ဘာဆို ဘာမှကို ပြန်မပြောနိုင်တော့ဘူး .. ။ သူတို့ လုပ်နိုင်တာက အစိုးရနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းကူညီမယ် ဆိုတာပဲ ထုတ်ပြန်ဖို့ပါ.. ။
အရင် အဖြစ်တုန်းကနဲ့ ဖြစ်စဉ် မတူဘူး ဆိုရင်တောင် ဒီတစ်ခါတော့ ကြိုတင်ကြံစည်မှုတွေ လုပ်ထားတော့ တစ်ချက်မှားရင် ဟိုဘက်က သုံးကောင်စား ကင်းဝင် သွားမှာ သေချာတယ်.. ။
ခုတော့ အကြမ်းဖက်သူတွေဟာ သူတို့ရှူး သူတို့ ပတ်သွားပြီး ဒီ ဖြစ်စဉ်မှာ ကမ္ဘာကို အစိုးရက ပါးပါးနပ်နပ် နှုတ် ထိုးပိတ်ထားလိုက်တယ်.. ။ ဒါက အကြမ်းဖက်မှုထဲဘောင်ဝင်သွား ခဲ့ပြီလေ..။
ကိုယ့် အိမ်ထဲက ကြက်တွေ ဖြစ်သွားမှတော့ ရိုက်ချက်ချက် .. ၊ အမွှေး နှုတ်ပြီး ကောင်လုံး ကြော်ကြော် ဘယ်သူမှ ဝင်စွက်ခွင့် မရတော့ဘူး.. ။
ခု.. ရခိုင်မှာ အစိုးရ တပ်တွေ အကြမ်းဖက်သမားတွေကို တစ်အိမ်တက်ဆင်း လေလေး ချွန်ပြီး လိုက်ရှင်းနေပြီလေ.. ။ ဘယ်သူတွေ ဘာတားချင်သေးလဲ.. ။
ခင်ဗျားတို့ ပြောပြောနေတဲ့ အသက် ၇၀ ကျော် အဖွားကြီးရဲ့ ကစားကွက်တွေက သိပ်မလှပေဘူးလား .။
ကူးယူဖေါ်ပြသည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။