သဘောထားကြီးသူ၏ စာ
===================
===================
လာမည့် နိုဝင်ဘာ ၈ ရက် အမေ ရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူနိုင်မှသာ ရွေးကောက်ပွဲရလဒ် ကို လုံးဝလက်ခံပြီး သူရှုံးခဲ့လျှင် တိုင်းပြည်ကို အချိန်ဆွဲထားမည်ဟု ပြောကြားခဲ့သည့် ဒေါ်နယ်ထရန့်ကို မီဒီယာများနှင့် နာမည်ကျော် ပုဂ္ဂိုလ်များက ဥပမာကောင်းတစ်ခုကို ပြသလိုက် သည်။
အမေရိကန်သမိုင်းမှာ သမ္မတ ရွေးကောက်ပွဲမှ ရှုံးသူများသည် အနိုင်ရသူကို ဂုဏ်ပြုစကားဆိုကြသည်။ သမ္မတက ရွေး ကောက်ပွဲရှုံးပြီး အိမ်ဖြူတော်က ထွက်ခွာရလျှင် ဆက်ခံမည့်သူ သမ္မတကို ဆုမွန်ကောင်းသ၀ဏ် လွှာထားပြီးမှ သွားလေ့ရှိသည်။
၁၉၉၃ မှာ သမ္မတဂျော့ခ်ျအိတ်ခ်ျဒဗလျူဘု ရှ်
(သမ္မတဂျော့ခ်ျဘုရှ်)၏ ဖခင်က သူ့နေရာကို ၀င်ယူမည့် သမ္မတဘီလ်ကလင်တန်ကို
စာပေးထားခဲ့သည်။ သူသည် ၁၉၉၂ သမ္မတရွေးကောက်ပွဲမှာ ကလင်တန်ကို ရှုံးနိမ့်ခဲ့၏။
သို့သော်လည်း သူက နောင်သမ္မတကို အောင်မြင်ပါစေဟု ဆုတောင်းပေးခဲ့သည့်အပြင်
အကျပ်အတည်း ဖြေရှင်းနည်းကိုပါ အကြံပြုခဲ့သည်။
အဆိုပါစာမှာ သမ္မတဂျော့ခ်ျဒဗလျူ၏ လက်ရေးနှင့်ရေးသား ထားပြီး သမ္မတကလင်တန်၏ ကတော် ဟီလာရီကလင်တန်က လွန်ခဲ့သောငါးလက လူသိထင်ရှား ဖော်ပြခဲ့ခြင်းဖြစ်သည်။ သည်စာကို ဖတ်ရတိုင်း သမ္မတဘုရှ်၏ သဘောထားကြီးမှုကို သူမျက်ရည် မဆည်နိုင်ဖြစ်ခဲ့ရသည်ဟု ဟီလာရီက ပြောကြားခဲ့သည်။
၁၉၉၃ က သမ္မတဘုရှ်က သမ္မတသစ် ဘီလ်ကလင်တန်အား ပေးခဲ့သောစာမှာ အောက်ပါအတိုင်းဖြစ်သည်။
‘သမ္မတအိမ်ဖြူတော်
ဝါရှင်တန်
ဇန်န၀ါရီ ၂၀ ရက်၊ ၁၉၉၃
ချစ်သောဘီလ်
ဒီရုံးခန်းထဲကို အခု ကျွန်တော် ၀င်လာခဲ့တဲ့အခါမှာ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော်ခံစားခဲ့ရသလို အံ့သြ၀မ်းသာမှုနဲ့ လေးစားမှု အငွေ့အသက်တွေကို ကျွန်တော် ရလိုက်တယ်။ ခင်ဗျားလည်း အဲဒီလိုခံစားရမယ်ဆိုတာ ကျွန်တော် သိပါတယ်။
ဒီရုံးခန်းမှာ ခင်ဗျား အလွန် ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆု တောင်းလိုက်ပါတယ်။ တချို့သမ္မတတွေ ပြောကြသလို ဒီရုံးခန်းက အထီးကျန်မှုကို ကျွန်တော်ကတော့ ဘယ်တော့မှ မခံစားခဲ့ရဘူး။ ဒီရုံးခန်းမှာ တကယ့်ကို ပြဿနာအကျပ်အတည်းနဲ့ ကြုံရတဲ့ကာလတွေလည်း ရှိလာပါလိမ့်မယ်။ ခင်ဗျားကို ဝေဖန်တာတွေကြောင့် ပိုပြီးအခက်ကြုံရတဲ့အတွက် မတရားဘူးလို့ ခင်ဗျားထင်ကောင်းထင်ပါလိမ့် မယ်။
ကျွန်တော်က အကြံပေးတဲ့ နေရာမှာ အရမ်းတော်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဝေဖန်မှု တွေက ခင်ဗျားကို အင်အားချည့်နဲ့ လာအောင် ဒါမှမဟုတ် ခင်ဗျားကို လွှင့်ထုတ်သွားအောင် လုပ်ခွင့် မပေးပါနဲ့။ ဒီစာကို ခင်ဗျားဖတ်နေ ချိန်မှာ ခင်ဗျားဟာ ကျွန်တော်တို့ ရဲ့ သမ္မတကြီးဖြစ်နေပါပြီ။ ခင်ဗျား ကျန်းမာချမ်းသာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ခင်ဗျားမိသားစုလည်း ကျန်းမာချမ်းသာပါစေ။ ခင်ဗျားရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အောင်မြင်မှုပါ။ ခင်ဗျားအတွက် ကျွန်တော် ကောင်းချီးသြဘာပေးနေပါတယ်။
ကံကောင်းပါစေခင်ဗျာ
ဂျော့ရှ်’
ကိုးကား- ဟီလာရီကလင်တန် ဖေ့စ်ဘွတ်ခ်စာမျက်နှာ
============
7Day News Journal
http://www.7daydaily.com/ story/78837
===================
===================
လာမည့် နိုဝင်ဘာ ၈ ရက် အမေ ရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူနိုင်မှသာ ရွေးကောက်ပွဲရလဒ် ကို လုံးဝလက်ခံပြီး သူရှုံးခဲ့လျှင် တိုင်းပြည်ကို အချိန်ဆွဲထားမည်ဟု ပြောကြားခဲ့သည့် ဒေါ်နယ်ထရန့်ကို မီဒီယာများနှင့် နာမည်ကျော် ပုဂ္ဂိုလ်များက ဥပမာကောင်းတစ်ခုကို ပြသလိုက် သည်။
အမေရိကန်သမိုင်းမှာ သမ္မတ ရွေးကောက်ပွဲမှ ရှုံးသူများသည် အနိုင်ရသူကို ဂုဏ်ပြုစကားဆိုကြသည်။ သမ္မတက ရွေး ကောက်ပွဲရှုံးပြီး အိမ်ဖြူတော်က ထွက်ခွာရလျှင် ဆက်ခံမည့်သူ သမ္မတကို ဆုမွန်ကောင်းသ၀ဏ် လွှာထားပြီးမှ သွားလေ့ရှိသည်။
၁၉၉၃ မှာ သမ္မတဂျော့ခ်ျအိတ်ခ်ျဒဗလျူဘု
အဆိုပါစာမှာ သမ္မတဂျော့ခ်ျဒဗလျူ၏ လက်ရေးနှင့်ရေးသား ထားပြီး သမ္မတကလင်တန်၏ ကတော် ဟီလာရီကလင်တန်က လွန်ခဲ့သောငါးလက လူသိထင်ရှား ဖော်ပြခဲ့ခြင်းဖြစ်သည်။ သည်စာကို ဖတ်ရတိုင်း သမ္မတဘုရှ်၏ သဘောထားကြီးမှုကို သူမျက်ရည် မဆည်နိုင်ဖြစ်ခဲ့ရသည်ဟု ဟီလာရီက ပြောကြားခဲ့သည်။
၁၉၉၃ က သမ္မတဘုရှ်က သမ္မတသစ် ဘီလ်ကလင်တန်အား ပေးခဲ့သောစာမှာ အောက်ပါအတိုင်းဖြစ်သည်။
‘သမ္မတအိမ်ဖြူတော်
ဝါရှင်တန်
ဇန်န၀ါရီ ၂၀ ရက်၊ ၁၉၉၃
ချစ်သောဘီလ်
ဒီရုံးခန်းထဲကို အခု ကျွန်တော် ၀င်လာခဲ့တဲ့အခါမှာ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော်ခံစားခဲ့ရသလို အံ့သြ၀မ်းသာမှုနဲ့ လေးစားမှု အငွေ့အသက်တွေကို ကျွန်တော် ရလိုက်တယ်။ ခင်ဗျားလည်း အဲဒီလိုခံစားရမယ်ဆိုတာ ကျွန်တော် သိပါတယ်။
ဒီရုံးခန်းမှာ ခင်ဗျား အလွန် ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆု တောင်းလိုက်ပါတယ်။ တချို့သမ္မတတွေ ပြောကြသလို ဒီရုံးခန်းက အထီးကျန်မှုကို ကျွန်တော်ကတော့ ဘယ်တော့မှ မခံစားခဲ့ရဘူး။ ဒီရုံးခန်းမှာ တကယ့်ကို ပြဿနာအကျပ်အတည်းနဲ့ ကြုံရတဲ့ကာလတွေလည်း ရှိလာပါလိမ့်မယ်။ ခင်ဗျားကို ဝေဖန်တာတွေကြောင့် ပိုပြီးအခက်ကြုံရတဲ့အတွက် မတရားဘူးလို့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်
ကျွန်တော်က အကြံပေးတဲ့ နေရာမှာ အရမ်းတော်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဝေဖန်မှု တွေက ခင်ဗျားကို အင်အားချည့်နဲ့ လာအောင် ဒါမှမဟုတ် ခင်ဗျားကို လွှင့်ထုတ်သွားအောင် လုပ်ခွင့် မပေးပါနဲ့။ ဒီစာကို ခင်ဗျားဖတ်နေ ချိန်မှာ ခင်ဗျားဟာ ကျွန်တော်တို့ ရဲ့ သမ္မတကြီးဖြစ်နေပါပြီ။ ခင်ဗျား ကျန်းမာချမ်းသာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ခင်ဗျားမိသားစုလည်း ကျန်းမာချမ်းသာပါစေ။ ခင်ဗျားရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အောင်မြင်မှုပါ။ ခင်ဗျားအတွက် ကျွန်တော် ကောင်းချီးသြဘာပေးနေပါတယ်။
ကံကောင်းပါစေခင်ဗျာ
ဂျော့ရှ်’
ကိုးကား- ဟီလာရီကလင်တန် ဖေ့စ်ဘွတ်ခ်စာမျက်နှာ
============
7Day News Journal
http://www.7daydaily.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။