“အချိန်”
သားရေ....
လူတော်တော်များများမသိပေမဲ့
သားကို အသိစေချင်ဆုံး အရာတခု ရှိတယ်။ အဲဒါကတော့အချိနိ ရဲ့ အသုံးကျမှု နဲ့
အချိန် ရဲ့ တန် ဘိုးပဲ။ အချိန်ဟာ တန်ဘိုးပဲ။ ဒါပေမဲ့ လူတော်တော်များများက
လက်တွေ့ မလုပ်ကြဘူး။
အချိန်ကို အလဟဿဖြုန်းတီးပစ်နေတဲ့ လူဖျင်း လူညံ့တွေတောင် အချိန်ဟာတန်ဘိုး ရှိကြောင်း၊အချိန် ဟာ လျှင်မြန်ကြောင်းနဲ့ ပတ်သက်တဲ့ စာကြောင်းတွေ၊စကားပုံတွေကို မကြာခဏ ရွတ်ဆိုလေ့ ရှိကြတယ်။
“အချိန် နှင့် ဒီရေ သည် လူ ကို မ စောင့်”“Time and tide waits for no man”
“မိုး ရွာတုန်းရေခံ လသာတုန်း ဗိုင်း ငင်”
“မိဘ နှင့် အချိန် သည် အစား ပြန် မရ”...စသ ဖြင့် များ စွာ ရှိပါတယ်။
ဒါပေ မဲ့ ဒီ အဆိုအမိန့် တွေ ကိုဥာဏ် အ မြော် အ မြင် ရှိ ရှိ နဲ့ မစဉ်းစားတတ်ယင်တော့ အချည်းအနှီး ပါပဲ။ မလိုက်နာဘူးဆိုယင်တော့ မ ပြောတော့နဲ့။
သားရေ...
တက္ကသိုလ် ဆိုတာ မိဘအရိပ်ကနေ တစတစ လွပ်လပ်မှု ရလာတော့ အချိန် ကို စနစ်တကျ ခန့်ခွဲ တတ်ဖို့ လိုတယ်။ အထက်တန်းမှာကတော့ မိဘက အစစအရာရာ လမ်းညွှန်ထိန်းကျောင်းမှုနဲ့ နေခဲ့ရတော့ အချိန် ရဲ့ တန် ဘိုး ကို သိပ်သိမယ် မဟုတ်ဘူး။
ဘယ်ပညာပဲ ဖြစ် ဖြစ် အသက် နှစ်ဆယ် ဝန်းကျင်မှာ ခိုင် ခိုင် မာ မာ နဲ့ အခြေ မချ ခဲ့မိယင် ဘယ်တော့ မှ မကြီးပွားဘူး မှတ်ပါ။ငယ်ရွယ်တုန်း မှာ ဒီ ပညာ ဆိုတဲ့ အပင်ကြီး မစိုက်ခဲ့ယင် အသက်ကြီးလာတဲ့ အခါကျတော့ ခိုလှုံနားနေ ဖို့ အရိပ် ဘယ်ရတော့ မလဲ။
လောကကြီး ထဲကို ဝင်ရောက် လာပြီးတဲ့နောက် စာအုပ်တွေကိုချည်း အပတ်တကုတ် လေ့လာနေရ မယ်လို့ မဆိုလိုပါဘူး။ အခြားသော ဘာသာရပ်တွေ၊အနုပညာလို.. ပန်းချီဆွဲတာလို..အားကစား နဲ့ ပေါင်းသင်းဆက် ဆံရေး ဘာသာရပ်တွေ..လူတွေ ကြား မှာ အဟောအပြောဘာသာရပ် တွေ
လည်း လေ့လာပါ။
သားရေ...
တခု သတိထားရမှာက. အတိတ်ကို ပြန် ပြီး ကြည့်တဲ့ မာန ပဲ။ ပစ္စုပ္ပန်မှာ ထူးချွန်အောင် မလုပ်ဘဲ နဲ့ ဆယ်တန်းတုန်းကတော့ ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါခဲ့ တာ၊သင်္ချာက အမှတ် ပြည့် ရ တာ.. စသဖြင့် အတိတ်က ရွှေထီးဆောင်း ခဲ့ တာတွေ ကြွား နေရ မဲ့ အချိန် မဟုတ်ဘူး။
အခုလက်ရှိ အချိန်မှာ.. ငါတော် နေသလား၊ညံ့ နေသလား..ဆန်းစစ် နေရမှာ ဖြစ် တယ်။
အခုအချိန်ဟာ မင်းအတွက် စာပေပညာ ကို အဆက်မပြတ် မပျင်းမရိ လေ့လာဖို့ နောက်ဆုံးအချိန် ပဲ။
တကယ်လို့ ဒီလိုပညာတွေ၊သင်ခန်းစာတွေ ကျက်မှတ်ရတာဟာ ပင်ပန်းခက်ခဲတဲ့ အလုပ်ကြီးတခု လို့ ထင်ခဲ့ မိယင် အဲဒီပင်ပန်းမှုဟာ ရှောင်လွှဲလို့ မရတဲ့ ခရီးရှည်ကြီးတခု သွားရတဲ့အတွက် ရလာတဲ့ ပင်ပန်းမှု လို့ ပဲ မှတ်ပါ။
ဖေဖေတို့ တုန်းကလောက် သားတို့ မခက်ခဲ ပါဘူး။ ဖေဖေတို့ တုန်းကဆိုယင် စာတွေကလည်း များ၊
လူကလည်း ဆင်း ရဲတော့  တလမှာ ရှမ်းခေါက်ဆွဲလေး သုံး/လေး ခါ စားဖို့ ချီတုန်ချတုန် ဖြစ်ရတာ အခါခါ ပဲ။ ရှမ်းခေါက်ဆွဲ သာ နေ့တိုင်းစားနိုင်ယင် ငါလည်း သူများတွေလို စာတော်အောင်လုပ်နိုင်မယ် ..လို့တောင် ထင်မိပါရဲ့ ..
သားရေ...
တနေ့နေ့ မှာ အချိန်ပိုပြီး ခရီးသွားလေ ပန်းတိုင်ကို မြန်မြန်ရောက်လေပဲ။ ထူးချွန်မှုတွေ ကြိုးစား မှု တွေဟာ မှတ်တိုင် အဖြစ် ကျန်ရစ်ခဲ့ တာ။ ဒုတိယနှစ်ရောက်မှ ပထမနှစ်ကို ဂုဏ်ထူးတွေ နဲ့ အောင်အောင် ကြိုးစားချင် လို့ မရ ဘူး။ မင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ရောက်ရေး၊မရောက်ရေး ဟာ အချိန် ကို မင်း ဘယ်လို အသုံးချသလဲ ဆိုတာ မူတည် ပါတယ်။
တခုသတိပေးချင်တာက အချိန် အသုံးချတဲ့ နေရာမှာ ကွန်ပျူတာဂိမ်းတွေ နဲ့ အချိန် ဖြုန်း မိမှာကိုပဲ။ ဂိမ်းတွေ က စွဲလမ်းစေတတ်တဲ့အပြင် မင်း ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို ပါ ဝါး မျိုသွားလိုက်မယ်။ ဒီတော့ ဂိမ်းတွေ ကို မူးယစ်ဆေးကို ရှောင်သလို ရှောင်ပါ။
ငယ်စဉ်အခါ ပညာ ရှာ ဆိုတာ အလကားပြောတာမဟုတ်ဘူး။ ဥာဏ်မီးတောက်တဲ့ အချိန်မှာ သင်တာ အကောင်းဆုံးပဲ။ အသက်ကြီးသွားယင် စီးပွားရေး၊လူမှုရေးတွေ၊သောက တွေ၊ပူပင်မှုတွေ
ဝင်လာတော့ မှတ်ဥာဏ် မကောင်းတော့ဘူး။ ဖေဖေဆိုယင် လူရည်ချွန်ဖြေတုန်းက
ပစ္စည်း အမျိုး နှစ်ဆယ် နှစ်ခုတွဲ တွဲ ထားတာ ကို ဗန်းလေးထဲမှာ အုပ်ဆောင်း
နဲ့ အုပ် ထား ပြီး ခဏကြည့် ပြီး ဖြေ ခိုင်းတာ ဆယ့်ကိုး တွဲ
ဖြေနိုင်ခဲ့ပေမဲ့ အခုဆိုယင် ငါ့ သားတို့ ဖုန်းနံပါတ်တောင်
အလွတ်မရတော့ဘူး။တချို့ အင်္ဂလိပ် စာလုံး တွေဆို မြင်တာ မြင်ဘူးနေတာ အဓိပ္ပါယ်
သေချာ မသိတော့ ဘူး။
သားရေ...
အချိန် ကို စနစ်တကျ သုံးစွဲခဲ့ လို့ တိုးတက်ကြီးပွားသွား တဲ့ ဖေဖေ့ ရဲ့ မိတ်ဆွေ နှစ်ဦး အကြောင်း ပြောပြလို တယ်။
ဖေဖေတို့ ၁၉၈၈ ခုနှစ် မှာ အရေးအခင်းကြီး ဖြစ်တော့ ကျောင်းတွေ ပိတ်တာပေါ့။ ဖေဖေတို့လည်း ဟိုနေ့ ဖွင့် နိုး၊ ဒီနေ့ ဖွင့် နိုး နဲ့ မျှော်တော်ယောင် လုပ်နေယင်း..ဟိုသွားလိုက်ဒီ သွားလိုက၊်ပျော်လိုက်
ပါးလိုက်နဲ့ ပေါ့။ ဒီအချိန် မှာ ဖေဖေ့ သူငယ်ချင်း ဟာ အင်္ဂလိပ်စာ ကို
ဇောက်ချ ပြီးလုပ်တာ သုံးနှစ် ကျော် လို့ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာတော့
အင်္ဂလိပ်စကား ကို မွှတ်နေအောင် ပြောတတ်နေပြီ။ ကန့် လန့် ကာနောက်ကနေ ဘိုလို
ပြောနေတာများ လူမမြင်ရယင် တကယ့် ဘိုတွေ ပြောနေ တဲ့ အတိုင်းပဲ။ သူဆို အခု
အင်္ဂလန်နိုင်ငံ မှာ လစာတွေ အများကြီးရ တဲ့ ကင်ဆာအထူးကုကြီး ဖြစ်လို့ နေ ပြီ။
ကျောင်းမှာ တုန်းက ဘုရားရှိခိုးလည်း မရ. မေတ္တာသုတ်တို့ ဘာတို့ ဖေဖေတို့
ရွတ်နေချိန် မှာ ပါးစပ် ကလေး အဟောင်းသား နဲ့ အားကျခဲ့တဲ့ သူ ဟာ အခုတော့
ဓမ္မာစရိယ လောက် နီးပါး သိနေပြီ။ ဘာသာရေး စာပေကိုလည်း ဘိုလို ရေးနိုင်
ပြောနိုင် ဆွေးနွေး နိုင်နေပြီ။ ဖေဖေတို့ မှာ တော့ ပျော် သလို နေခဲ့တော့
အင်္ဂလိပ် စကား ကလည်း မပြောတတ်တော့ အင်မတန် လွယ်တဲ့ အင်္ဂလန်က စာမေး ပွဲ ကို
လေးနှစ်လောက် ဖြေ ခဲ့ ရ တာ မင်းအသိပဲ။ ငွေတွေလည်း ကုန်လိုက်တာ
မပြောပါနဲ့တော့။ အင်္ဂလိပ်စာလည်း တတ်ကျွမ်းအောင် ပြောနိုင်ဆိုနိုင်အောင်
လုပ်ထားပါလေ။ အင်္ဂလိပ်စာ ကျွမ်းယင် သူ များထက် တပန်း သာပါတယ်။
နောက်တဦး ကလည်း သိပ်တော်တာ။ အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင် လုပ်လို့ အဖမ်းခံရ တာတောင် အချုပ်ထဲ မှာ စာဖတ်မပျက်ဘူး။ သူလည်း အချိန်ကို စနစ်တကျ အသုံးချခဲ့ တော့ အခုဆို နိုင်ငံ တကာလှည့်လည်ပြီး ဟောပြောရတဲ့ ကင်ဆာအထူးကုကြီး ဖြစ်နေပြီ။ ငွေရေး ကြေးရေးတော့ မပြော နဲ့။ အလုပ်ကလည်း လူ လူ သူသူ။ ဖေဖေတို့ နိုင်ငံမှာ လို မဟုတ်ဘူး။ သူ့ အလုပ်ချိန် နဲ့ သူ လုပ် ရ တာ။ စနစ်ကောင်းတဲ့ နိုင်ငံတွေ မှာတော့ လူအင်မတန် သက်သာတယ်။ဒါပေမဲ့ မတော်တဲ့လူတွေကို အဲဒီလိုနိုင်ငံတွေက လက်ခံလေ့မရှိဘူး။
ဒါဆိုယင် သား အချိန်ကို စနစ်တကျ အသုံးချနိုင်လိမ့် မယ် လို့ ဖေဖေ ယုံကြည်တယ်။
ဖေဖေ..
ဒေါက်တာ မောင်မောင်စန်း
Credit: Dr Mg Mg San.
သားရေ....
လူတော်တော်များများမသိပေမဲ့
အချိန်ကို အလဟဿဖြုန်းတီးပစ်နေတဲ့ လူဖျင်း လူညံ့တွေတောင် အချိန်ဟာတန်ဘိုး ရှိကြောင်း၊အချိန် ဟာ လျှင်မြန်ကြောင်းနဲ့ ပတ်သက်တဲ့ စာကြောင်းတွေ၊စကားပုံတွေကို
“အချိန် နှင့် ဒီရေ သည် လူ ကို မ စောင့်”“Time and tide waits for no man”
“မိုး ရွာတုန်းရေခံ လသာတုန်း ဗိုင်း ငင်”
“မိဘ နှင့် အချိန် သည် အစား ပြန် မရ”...စသ ဖြင့် များ စွာ ရှိပါတယ်။
ဒါပေ မဲ့ ဒီ အဆိုအမိန့် တွေ ကိုဥာဏ် အ မြော် အ မြင် ရှိ ရှိ နဲ့ မစဉ်းစားတတ်ယင်တော့ အချည်းအနှီး ပါပဲ။ မလိုက်နာဘူးဆိုယင်တော့ မ ပြောတော့နဲ့။
သားရေ...
တက္ကသိုလ် ဆိုတာ မိဘအရိပ်ကနေ တစတစ လွပ်လပ်မှု ရလာတော့ အချိန် ကို စနစ်တကျ ခန့်ခွဲ တတ်ဖို့ လိုတယ်။ အထက်တန်းမှာကတော့ မိဘက အစစအရာရာ လမ်းညွှန်ထိန်းကျောင်းမှုနဲ့ နေခဲ့ရတော့ အချိန် ရဲ့ တန် ဘိုး ကို သိပ်သိမယ် မဟုတ်ဘူး။
ဘယ်ပညာပဲ ဖြစ် ဖြစ် အသက် နှစ်ဆယ် ဝန်းကျင်မှာ ခိုင် ခိုင် မာ မာ နဲ့ အခြေ မချ ခဲ့မိယင် ဘယ်တော့ မှ မကြီးပွားဘူး မှတ်ပါ။ငယ်ရွယ်တုန်း မှာ ဒီ ပညာ ဆိုတဲ့ အပင်ကြီး မစိုက်ခဲ့ယင် အသက်ကြီးလာတဲ့ အခါကျတော့ ခိုလှုံနားနေ ဖို့ အရိပ် ဘယ်ရတော့ မလဲ။
လောကကြီး ထဲကို ဝင်ရောက် လာပြီးတဲ့နောက် စာအုပ်တွေကိုချည်း အပတ်တကုတ် လေ့လာနေရ မယ်လို့ မဆိုလိုပါဘူး။ အခြားသော ဘာသာရပ်တွေ၊အနုပညာလို.. ပန်းချီဆွဲတာလို..အားကစား နဲ့ ပေါင်းသင်းဆက် ဆံရေး ဘာသာရပ်တွေ..လူတွေ ကြား မှာ အဟောအပြောဘာသာရပ် တွေ
လည်း လေ့လာပါ။
သားရေ...
တခု သတိထားရမှာက. အတိတ်ကို ပြန် ပြီး ကြည့်တဲ့ မာန ပဲ။ ပစ္စုပ္ပန်မှာ ထူးချွန်အောင် မလုပ်ဘဲ နဲ့ ဆယ်တန်းတုန်းကတော့ ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါခဲ့ တာ၊သင်္ချာက အမှတ် ပြည့် ရ တာ.. စသဖြင့် အတိတ်က ရွှေထီးဆောင်း ခဲ့ တာတွေ ကြွား နေရ မဲ့ အချိန် မဟုတ်ဘူး။
အခုလက်ရှိ အချိန်မှာ.. ငါတော် နေသလား၊ညံ့ နေသလား..ဆန်းစစ် နေရမှာ ဖြစ် တယ်။
အခုအချိန်ဟာ မင်းအတွက် စာပေပညာ ကို အဆက်မပြတ် မပျင်းမရိ လေ့လာဖို့ နောက်ဆုံးအချိန် ပဲ။
တကယ်လို့ ဒီလိုပညာတွေ၊သင်ခန်းစာတွေ ကျက်မှတ်ရတာဟာ ပင်ပန်းခက်ခဲတဲ့ အလုပ်ကြီးတခု လို့ ထင်ခဲ့ မိယင် အဲဒီပင်ပန်းမှုဟာ ရှောင်လွှဲလို့ မရတဲ့ ခရီးရှည်ကြီးတခု သွားရတဲ့အတွက် ရလာတဲ့ ပင်ပန်းမှု လို့ ပဲ မှတ်ပါ။
ဖေဖေတို့ တုန်းကလောက် သားတို့ မခက်ခဲ ပါဘူး။ ဖေဖေတို့ တုန်းကဆိုယင် စာတွေကလည်း များ၊
လူကလည်း ဆင်း ရဲတော့  တလမှာ ရှမ်းခေါက်ဆွဲလေး သုံး/လေး ခါ စားဖို့ ချီတုန်ချတုန် ဖြစ်ရတာ အခါခါ ပဲ။ ရှမ်းခေါက်ဆွဲ သာ နေ့တိုင်းစားနိုင်ယင် ငါလည်း သူများတွေလို စာတော်အောင်လုပ်နိုင်မယ် ..လို့တောင် ထင်မိပါရဲ့ ..
သားရေ...
တနေ့နေ့ မှာ အချိန်ပိုပြီး ခရီးသွားလေ ပန်းတိုင်ကို မြန်မြန်ရောက်လေပဲ။ ထူးချွန်မှုတွေ ကြိုးစား မှု တွေဟာ မှတ်တိုင် အဖြစ် ကျန်ရစ်ခဲ့ တာ။ ဒုတိယနှစ်ရောက်မှ ပထမနှစ်ကို ဂုဏ်ထူးတွေ နဲ့ အောင်အောင် ကြိုးစားချင် လို့ မရ ဘူး။ မင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ရောက်ရေး၊မရောက်ရေး
တခုသတိပေးချင်တာက အချိန် အသုံးချတဲ့ နေရာမှာ ကွန်ပျူတာဂိမ်းတွေ နဲ့ အချိန် ဖြုန်း မိမှာကိုပဲ။ ဂိမ်းတွေ က စွဲလမ်းစေတတ်တဲ့အပြင် မင်း ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို
ငယ်စဉ်အခါ ပညာ ရှာ ဆိုတာ အလကားပြောတာမဟုတ်ဘူး။ ဥာဏ်မီးတောက်တဲ့ အချိန်မှာ သင်တာ အကောင်းဆုံးပဲ။ အသက်ကြီးသွားယင် စီးပွားရေး၊လူမှုရေးတွေ၊သောက
သားရေ...
အချိန် ကို စနစ်တကျ သုံးစွဲခဲ့ လို့ တိုးတက်ကြီးပွားသွား တဲ့ ဖေဖေ့ ရဲ့ မိတ်ဆွေ နှစ်ဦး အကြောင်း ပြောပြလို တယ်။
ဖေဖေတို့ ၁၉၈၈ ခုနှစ် မှာ အရေးအခင်းကြီး ဖြစ်တော့ ကျောင်းတွေ ပိတ်တာပေါ့။ ဖေဖေတို့လည်း ဟိုနေ့ ဖွင့် နိုး၊ ဒီနေ့ ဖွင့် နိုး နဲ့ မျှော်တော်ယောင် လုပ်နေယင်း..ဟိုသွားလိုက်ဒီ
နောက်တဦး ကလည်း သိပ်တော်တာ။ အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင် လုပ်လို့ အဖမ်းခံရ တာတောင် အချုပ်ထဲ မှာ စာဖတ်မပျက်ဘူး။ သူလည်း အချိန်ကို စနစ်တကျ အသုံးချခဲ့ တော့ အခုဆို နိုင်ငံ တကာလှည့်လည်ပြီး ဟောပြောရတဲ့ ကင်ဆာအထူးကုကြီး ဖြစ်နေပြီ။ ငွေရေး ကြေးရေးတော့ မပြော နဲ့။ အလုပ်ကလည်း လူ လူ သူသူ။ ဖေဖေတို့ နိုင်ငံမှာ လို မဟုတ်ဘူး။ သူ့ အလုပ်ချိန် နဲ့ သူ လုပ် ရ တာ။ စနစ်ကောင်းတဲ့ နိုင်ငံတွေ မှာတော့ လူအင်မတန် သက်သာတယ်။ဒါပေမဲ့ မတော်တဲ့လူတွေကို အဲဒီလိုနိုင်ငံတွေက လက်ခံလေ့မရှိဘူး။
ဒါဆိုယင် သား အချိန်ကို စနစ်တကျ အသုံးချနိုင်လိမ့် မယ် လို့ ဖေဖေ ယုံကြည်တယ်။
ဖေဖေ..
ဒေါက်တာ မောင်မောင်စန်း
Credit: Dr Mg Mg San.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။