ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
#ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်_ဘာအရေးကြီးဆုံးလဲ။
တချို့က ပြောကြမယ်။ အရင်းအနှီးရှိဖို့ လိုတယ်။ တချို့က ဈေးကွက်ရှိရမယ်။ တချို့က ဝန်ထမ်းကောင်းတွေ ရှိရမယ်။ တချို့ကလည်း ရောင်းချမယ့် ပစ္စည်းတွေဟာ အရည်အသွေးကောင်းရမယ်။ ဈေးသက်သာ ရမယ်။ ဝန်ဆောင်မှု ကောင်းရမယ် စသဖြင့် အများကြီးပြောကြတယ်။ ဒါတွေဟာ အရေးကြီးသလို တကယ်လိုလည်းလိုအပ်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးအချက် ၂ချက်ကို မေ့နေကြတယ်။ အဲဒါ ကုမ္ပဏီထောင်တာ ဘာအတွက်လဲ။ ဘယ်လောက်အထိ အောင်မြင်ဖို့ ရည်မှန်းထားသလဲဆိုတာပါ။
ဂျက်မားဟာ အင်တာနက်ကုမ္ပဏီလေး အလီဘာဘာကို တည်ထောင်ခဲ့တာ တရုတ်နိုင်ငံက
စက်ရုံအသေးလေးတွေ၊ ကုမ္ပဏီအသေးလေးတွေ (SME လို့ ခေါ်တာပေါ့) ကို
နိုင်ငံတကာနဲ့ ပစ္စည်းအရောင်း အဝယ်လုပ်ချင်တဲ့ အကြံပေါ်လာခဲ့လို့ပါ။
နောက်ပြီး အလီဘာဘာကို ဘယ်လောက်အထိ ဖြစ်လာဖို့ ရည်မှန်းထားသလဲ။ ကမ္ဘာကျော်
ကုမ္ပဏီကြီး ဖြစ်လာဖို့အထိ ရည်မှန်းထားခဲ့တယ်။ အချိန် ၁၅ နှစ်ကြာမှ
သူ့အကြံအစည်အတိုင်း တရုတ်ပြည်က ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ အင်တာနက်နဲ့
ပစ္စည်းရောင်းတာ ဖြစ်လာခဲ့တယ်။ ဒေါ်လာ ဘီလီယံပေါင်းများစွာတန်တဲ့ ကမ္ဘာကျော်
ကုမ္ပဏီကြီး ဖြစ်လာခဲ့တယ်။ သူဟာ ၁၅ နှစ်လုံးလုံး သူ့အကြံနဲ့
ရည်မှန်းချက်တွေကို မမေ့သလို သူ့ဝန်ထမ်းတွေကို အမြဲသတိပေးနေခဲ့တယ်။
ကုမ္ပဏီအကြီးကြီးတွေမှာ Mission ဆိုတဲ့ ဘာအတွက်လုပ်နေတာလဲ၊ Vision ဆိုတဲ့ ဘယ်လောက်အထိ အောင်မြင်ဖို့ ရည်မှန်းထားသလဲဆိုတဲ့ အကြောင်းအရာတွေကို ရုံးခန်းတွေမှာ ချိတ်ဆွဲကပ်ထားသလို ဝန်ထမ်းတွေကိုလည်း အမြဲတမ်း သတိပေးပြောပေးနေပါတယ်။ Mission နဲ့ Vision ကို မမေ့အောင်လို့ပါ။
ထို့နည်းတူ သင်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်မယ်ဆိုရင် အဲဒီ Mission, Vision တွေ ရှိဖို့လိုတယ်ဆိုတာကို မမေ့သင့်ပါ။ ကုမ္ပဏီ ကြီးတာ သေးတာနဲ့ မဆိုင်ပါဘူး။ ဒါတွေ မရှိထားဘူးဆိုရင် ကုမ္ပဏီကို ထောင်တုန်းက မူလရည်ရွယ်ချက်ပျောက်သွားနိုင်ပါတယ်။ ဒီလို ဖြစ်လာရင် အောင်မြင်ဖို့ အလားအလာ အတော်နည်းပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၅-၁၀-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။