Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 31, 2016

5 Types of Customers (ဖောက်သည်ပုံစံ ၅ မျိုး)

5 Types of Customers (ဖောက်သည်ပုံစံ ၅ မျိုး)
-------------------------------------------------------
ဖောက်သည်များကြောင့် လုပ်ငန်းအကျိုးအမြတ်ရရှိပြီး၊ လုပ်ငန်းများ ပိုမိုတိုးတက်မှု၊ ၀န်ထမ်းများအား ၀င်ငွေရရှိတိုးတက်စေမှုနှင့် စီးပွားရေးအောင်မြင်မှုသို့ဖြစ်လာစေတာကြောင့် ဖောက်သည်ဆိုတာ မရှိလျှင် စီးပွားရေးဆိုတာလည်း ဖြစ်မလာနိုင်စေတာမို့..... စီးပွားရေးလုပ်ငန်းများရဲ့ အဓိကသွေးကြောဟာ ဖောက်သည်များပင် ဖြစ်ပါတယ်။ လုပ်ငန်းအလိုက် ၀န်ဆောင်မှုပေးရတဲ့အခါမှာ ယေဘူယျအားဖြင့် မတူညီကြတဲ့ ဖောက်သည်ပုံစံ (၅-မျိုး) ခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ခေတ်ပြိုင်ဖြစ်လာတာနဲ့အမျှ စိတ်ကျေနပ်ဖွယ် ၀န်ဆောင်မှုနှင့်အတူ မိမိလုပ်ငန်းမှာ More Customer = More Business ဖောက်သည် များလေလေ၊ လုပ်ငန်းတိုးတက်လေလေဖြစ်လို့ Customer Base Business ဖောက်သည်ကို အခြေပြုသော စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်မှသာ လုပ်ငန်းများရေရှည်တိုးတက်နိုင်မှာဖြစ်လို့ ဖောက်သည် (၅-မျိုး) အကြောင်း မျှဝေရေးသားလိုက်ပါတယ်။

ဖောက်သည် (၁) The suspicious customer လုပ်ငန်းအပေါ် သံသယရှိတက်သော ဖောက်သည်များ
မိမိလုပ်ငန်းရဲ့ အားသာချက်ကို မသိသော ဖောက်သည်များ၊ ထိုဖောက်သည်မျိုးတွေကို ပိုမိုဂရုစိုက်ပြီး၊ မိမိလုပ်ငန်းအကြောင်း စိတ်ဝင်စားလာအောင်ရှင်းပြတာမျိုး၊ သေချာဝန်ဆောင်မှု ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ တချိန်မှာ သင့်လုပ်ငန်းကို ပိုမိုယုံကြည်သူများ ဖြစ်လာနိုင်ပါတယ်။

ဖောက်သည် (၂) The talkative customer အမေးအမြန်းထူ တောင်းဆိုမှုများသော ဖောက်သည်များ
သာမန်ထက်ပိုပြီး အမေးအမြန်းထူတာမျိုး၊ တောင်းဆိုမှုများတဲ့ ဖောက်သည်မျိုး၊ လိုချင်တာကိုပဲ ဆွဲပြီးပြောတဲ့ ဖောက်သည်မျိုးတွေလည်း ရှိတက်ပါတယ်။ စိတ်ရှည်ဖို့ လိုအပ်ပြီး ၀န်ဆောင်မှုပေးချိန်မှာ ဒါဆိုရင်… Close Question များဖြင့် ဦးဆောင်ပြီးဝန်ဆောင်မှုပေးသင့်ပါတယ်။

ဖောက်သည် (၃) The ‘know it all’ customer အကုန်သိ၊ အကုန်တက် ဖောက်သည်မျိုး
လုပ်ငန်းနဲ့ပတ်သတ်ပြီး အကုန်သိအကုန်တက် ဖောက်သည်မျိုးတွေလည်းရှိတက်ပါတယ် ဆရာစားမခံချင်တဲ့ ဖောက်သည်မျိုးပါ၊ အလိုက်သင့် ၀န်ဆောင်မှုပေးဖို့ လိုအပ်လိမ့်မယ်၊ နားထောင်နိုင်ဖို့ လိုအပ်တယ်၊ သူရဲ့ လားရာစကားဖြင့် ပြန်လည်ဝန်ဆောင်မှုပေးနိုင်ဖို့ ဟာကွက်တွေကိုရှာပြီး ၀န်ဆောင်မှုပေးနိုင်ဖို့တော့လိုအပ်ပါတယ်။

ဖောက်သည် (၄) The angry customer စိတ်တို၊ ဒေါသထွက်လွယ်တက်သော ဖောက်သည်မျိုး
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဆီရောက်လာတဲ့အခါမျိုးမှာ ဒေါသဖြစ်လာတာမျိုး၊ တခါတရံ ကိုယ့်ဝန်ဆောင်မှုကြောင့် စိတ်တိုစရာကြုံသောအခါမျိုးမှာ ယခုကဲ့သို့ဖောက်သည်များနှင့် ပြောဆိုဝန်ဆောင်မှုကြုံရတက်ပါတယ်။ ဖြစ်နိုင်ရင် Customer always Right ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြုံရခဲတဲ့ တခါတရံမို့ အပြုံးမပျက် ဖြေရှင်းဝန်ဆောင်မှုပေးနိုင်ဖို့လိုအပ်ပါတယ်။

ဖောက်သည် (၅) The indecisive customer ဆုံးဖြတ်ချက်မချ တွေဝေတက်သော ဖောက်သည်မျိုး
တချို့ဖောက်သည်များအနေဖြင့် ၀န်ဆောင်မှုယူရင် ကောင်းမလား၊ မယူရင်ကောင်းမလား စတဲ့ တွေဝေနေတက်တဲ့ အခြေအနေမျိုးဖြစ်တဲ့ ဖောက်သည်များလည်းရှိတက်ပါတယ်။ လုပ်ငန်းအတွက် လိုအပ်ချက်၊ အကျိုးကျေးဇူး၊ အားသာချက် များကို ဖော်ပြလျှက် အကြံပေးဝန်ဆောင်ပြီး ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်။

လုပ်ငန်းတိုင်း မလွဲမသွေ ကြုံရမှာတော့ ဖောက်သည် (၅-မျိုးလုံး) ဖြစ်နိုင်ပါတယ်။ မတူညီတဲ့ ဈေးကွက်မှာ မတူညီစွာ ဖောက်သည်များ ရှိနေသည်မှာ ဈေးကွက်သဘောဖြစ်ပြီး၊ ပြင်လို့မရနိုင်တဲ့ ဖောက်သည်တွေအတွက် ပြင်လို့ရနိုင်တဲ့ ၀န်ဆောင်မှုပုံစံ Flexible Service ဖြင့် လုပ်ငန်းတိုးတက်မှုသို့သာ ဦးတည်ပြီး ၀န်ဆောင်မှုပေးနိုင်ဖို့ တိုက်တွန်းပါရစေ။

ဖောက်သည် (၅မျိုး) ဟာ မတူညီပေမဲ့ တူညီတဲ့ အချက်ကတော့ သူတို့ရဲ့ စိတ်ကျေနပ်မှု မျှော်လင့်ချက်ပါ၊ Customer Satisfy = Performance > Expectation (ကိုယ့်ရဲ့ဝန်ဆောင်မှုဟာ ဖောက်သည်မျှော်လင့်ချက်ထက် ပိုကောင်းအောင် ဆောင်ရွက်ပေးနိုင်ရင်တော့ ဖောက်သည် စိတ်ကျေနပ်မှုဆိုတာ ဖြစ်လာနိုင်ပါတယ်)

ဖောက်သည် စိတ်ကျေနပ်မှုရှိလာသည်နဲ့ မိမိလုပ်ငန်းကို နောက်တကြိမ်ချိတ်ဆက်ဖို့ အခွင့်အရေးထပ်ဖြစ်နိုင်ပါတယ်။
ကောင်းမွန်တဲ့ ၀န်ဆောင်မှု၊ ဖောက်သည်စိတ်ကျေနပ်မှု၊ ဈေးကွက်ထိန်းသိမ်းမှုရဲ့နောက်မှာ မိမိရဲ့ ဖောက်သည်တွေဟာ မိမိလုပ်ငန်းအား ထပ်ခါထပ်ခါချိတ်ဆက်လျှက် ရေရှည်စီးပွားရေးဖြစ်လာနိုင်ပါတယ်။

ကမ္ဘာကျော် Word of Mouth (1:100) သီအိုရီသဘောတရားမှာ ဖော်ပြထားတဲ့ ဖောက်သည်တဦးရဲ့နောက်မှာ တခြားသော ဖောက်သည်များကို ထပ်ဆင့် ချိတ်ဆက်ပေးခြင်းဖြစ်လာနိုင်လို့ ဖောက်သည်တိုင်းကိုလည်း တန်ဖိုးထားဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ ခံယူထားပါ More Customer = More Business ဖောက်သည် များလေလေ၊ လုပ်ငန်းတိုးတက်လေလေဖြစ်လို့ ဖောက်သည်များအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးနေခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့ အကောင်းဆုံးကြိုးစားနေခြင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ၆၀၀၀ ကျော်သော သင်တန်းသားများ၊ မြန်မာ့နိုင်ငံအနှံ့ မြို့ပေါင်း (၂၀) ကျော်သို့ ၀န်ဆောင်ပေးနိုင်ခဲ့မှု အတွေ့အကြုံကောင်းများကိုလည်း Customer Service Management (CSM) ခေါင်းစဉ်ဖြင့် Free Seminar အခမဲ့ဟောပြောမှုကို ယခုတပတ် 3 Nov, 2017 (Thu-day) မှာ MESI Yangon ရုံးချုပ်တွင် စီစဉ်ပေးသွားပါမည်။

(၁) Customer Service နှင့် ဆိုင်သော ဆောင်းပါးများ
(၂) Marketing နှင့် ဆိုင်သော ဆောင်းပါးများ
(၃) Admin & HR နှင့် ဆိုင်သော ဆောင်းပါးများ
(၄) Management နှင့် ဆိုင်သော ဆောင်းပါးများ
(၅) Business နှင့် ဆိုင်သော ဆောင်းပါးများ
စတဲ့ ဆောင်းပါးပေါင်း (၂၀၀) ကျော်ကို www.eSMEmm.com ၀ဘ်ဆိုဒ်တွင် (အခမဲ့) ဖော်ပြပေးထားလို့ လုပ်ငန်းများအတွက် လိုအပ်လာတဲ့ အသိပညာမျိုးစုံကို ရှာဖွေဖတ်ရှုနိုင်ပြီး ၀န်ထမ်းများ လုပ်ငန်းများ စွမ်းရည်ပြည့်ဝမှုမှသည် အနာဂတ်စီးပွားရေး တိုးတက်မှုအခွင့်အလမ်းများစွာကို ဖန်တီးစေနိုင်ဖို့အားပေးရေးသားလျှက်…

လုပ်ငန်းများ တိုးတက်အောင်မြင်နိုင်ပါစေ :)
Zin Phyo Paing
(MESI Institute)
(EntrepreneurSME.com)
..................................................................................
မြန်မာနိုင်ငံအနှံ့တွင် သင်တန်းအများဆုံးပေးနေသော...
Myanmar Entrepreneur SME Institute (MESI)
မြန်မာ့စွန့်ဦးတီထွင် စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။