မောင်(စွယ်စုံကျမ်း) added 2 new photos.
ပဲပြုတ်ပေါင်းနည်း...
၁။စားတော်ပဲဆန်ချိန်ခွက်နဲ့(၂)ခွက်ကိုပွအောင်ရေနွေးနွေးလေးဖြင့်တည(သို့)ပွအောင်၅,၆နာရီခန့်အနည်းဆုံးစိမ်ပေးပါ။
ပဲပြုတ်ပဲအညှောက်ဖေါက်ချင်သူများပဲပွပါကဇကာ(သို့)အိုးထဲထည့်၍ပဲပင်ပေါက်လိုဖောက်နိုင်ပါသည်။ပဲစေ့ကိုရေတနေ့၃ကြိမ်လောင်းပေးပါက၂ရက်ဆိုပဲပင်အညှာက်ရှည်နေပါပြီး။အညှောက်
တိုတိုဘဲကြိုက်သူများ၁ရက်
ထားပြီးရင်ပြုတ်လို့ရပါပြီ....။
၂။ထန်းလျှက်၁ခဲ(သို့)သကြား၂ဇွန်း-လက်ဖက်ရည်ဇွန်း။
၃။ဆီ၂ဇွန်း။
၎။ဆား-၁ဇွန်း (လဖ္ဘက်ရည်ဇွန်း)
၅။ဆော်ဒါ-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
ပဲပြုတ် ပေါင်းရန်...
ပဲပြုတ်ပဲပွပြီးသား(သို့)အညှောက်ပြီးသားပဲပြုတ်ပဲကိုပြုတ်ဆင်အောင်ဆေးပြီးထမင်းပေါင်းအိုးထဲထည့်ပါ။ထန်းလျှက်၁ခဲ(သို့)သကြားအညိုလက်ဖက်ရည်ဇွန်း၂ဇွန်းထည့်ပါ။ဆီ၂ဇွန်း၊ဆော်ဒါ၁ဇွန်းရေတခွက်ထည့်ပြီးရေကိုပဲစေ့နဲ့တညီတည်းထည့်ပါ။
ဖြင့်ရေခမ်းအောင်ပြုတ်ပြီးထမင်းပေါင်းအိုးဇကာထဲကိုအဝတ်သန့်သန့်တခုခင်းပြီးပြုတ်ပြီးသားပဲကို၁၅မိနစ်ခန့်ပေါင်းပေးပါ။ပဲပြုတ်နူးရင်ဆားရည်နဲ့ဖြန်းပြီး၅မိနစ်ခန့်ထပ်ပေါင်းပေးပါကနူးအိချိုမွှေးပြီးအရသာရှိတဲ့ပဲပြုတ်ရပါပြီးရှင့်။
ကြက်သွန်နီဆီချက်နဲ့ဖြစ်စေ၊ကြက်သွန်စိမ်း
နဲ့ဖြစ်စေ၊ဆီ၊အချိုမှုန့်တို့နဲ့နှယ်ပြီးနံပြာတို့နဲ့တွဲဖက်စားနိုင်ပါသည်။ပဲပြုတ်ထမင်းဆီစမ်း၊ထမင်းကြော်ထဲ
ထည့်ကြော်စားပါကအရမ်းကောင်းပါသည်။
Credit - Sabeedar Sofee

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။