Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 12, 2016

စီယံ နဲ့ တွေ့ဆုံခြင်း


စီယံ နဲ့ တွေ့ဆုံခြင်း
===========

စကားနည်းတဲ့စီယံအတွက် ကေအေတီက စကားလုံးတွေ
ဝင်ဝင်ဖြည့်ပေးနေတော့မှ စီယံတစ်ယောက် ပိုလို့စကား
နည်းသွားတော့တယ်။ မျက်နှာမှာလည်း အနည်းငယ်
မှုန်မှိုင်းရိပ်တွေ ဝင်လာတယ်။ ကြမ်းကြမ်းရှရှနဲ့
ကျန်ခဲ့ပြီဖြစ်တဲ့ ဖြတ်သန်းမှုဖြစ်စဉ်တွေကို ပြန်မကြား
လိုတော့ဘူးထင်ပါရဲ့ ။ အခုလည်း ကြည့်ပါဦး။
ရန်ကုန်မှာနေချင်လွန်းလို့ စာမေးပွဲအကျမခံရအောင်
အသေအလဲကို ချနေရတယ်။ တစ်နှစ်တစ်တန်း မှန်မှန်
အောင်မှ ရန်ကုန်ထဲဆက်နေခွင့်ရမယ်။ ဂီတရပ်ဝန်းထဲ
လှည့်လည်ရွေ့လျားခွင့်ရမယ်။ ဟိုတုန်းကတည်းက
ရှိလာခဲ့တဲ့ ရည်မှန်းချက်တွေ စိုက်ပျိုးနိုင်မယ်။ အိမ်ကလည်း
ပိုက်ဆံမပို့နိုင်တော့ဘူး။ ရှိပစေတော့လေ။ ကိုယ့်ဘာသာ
ကိုယ်ပဲ ဒီမဟာဝိဇ္ဖာအပိုင်း(ခ)၊ သမိုင်းအဓိကကို
ဆက်သင်ကြားနေတုန်း ဒုတိယစီးရီးအတွက် အသက်
ပြင်းပြင်းရှုနေတယ်။ နို့မဟုတ်ရင်တော့ တောင်ယာပြန်ခုတ်
ရမယ့်ကိန်း ဆိုက်ရတော့မယ်။



မူပိုင်-ကိုမင်းက "ဟင်းလင်းပြင်၏တံခါးဝှက်"ကို ထုတ်လုပ်
ပေးမယ်ဆိုတော့ ရင်ထဲအရှိန်လျော့စပြုနေတဲ့ အားတွေ
တအားတိုးတက်ရပြန်တော့တယ်။ လေ့လာထားခဲ့သမျှ
ဒီလိုပဲ သိမ်းထုပ်ရတဲ့အလုပ် ဆက်မလုပ်ချင်တော့ဘူး။
တစ်ခါတစ်ရံတော့လည်း ပေးဆပ်ခဲ့ရတာတွေ နည်းနည်း
နည်းနည်းစီတော့ ပြန်ပြန်ရချင်တောပေါ့။ အချိန်ကာလရဲ့
လှည့်စားချက်တွေနဲ့ ဓားသိုင်းကစားရလည်း ကစားရပစေလေ။
Blues ဂီတတွေကို ယုံကြည်ခဲ့လို့လည်း Blues ဂီတကို
ပရိသတ်ကို ပေးချင်ခဲ့တာပါ။

သံသရာဟာ ဘယ်လောက်ရှည်လျား၊ ဝေဝါးသလဲ မတွေးတော
မိပေမယ့် တစ်ခါတုန်းက နိုင်ငံခြားသီချင်းခွေရောင်းတဲ့
ကေအေတီရဲ့ အခွေဆိုင်မှာ သီချင်းတစ်ခွေ ဝယ်ဖြစ်ခဲ့ဖူးတာ၊
အခုတော့ လူချင်းရင်းနှီးပြီး အလုပ်အတူတွဲလုပ်နေရပြီလေ။
ရင်ခုန်သံတွေ ကျယ်ကျယ်လောင်လောင် တူကြတဲ့အခါ
သံသရာမှာ တစ်ခါပြန်ဆုံရခွင့် အခွင့်တော့ ရကြရတယ်
ထင်ပါရဲ့ ။ ဘာပဲဖြစ်ဖြစ် ချိုချိုရဲရဲ လမ်းကလေးတစ်စင်းတော့
လျှောက်ခွင့်ပိုင်ဆိုင်ရဦးမှာပါ။ လျှောက်လွှာတင်ခြင်း၊
လက်မှတ်ထိုးခြင်းသဘောမျိုးနဲ့ ရယူရမယ့် အခွင့်အရေးမျိုး
မဟုတ်လေတော့ မနက်ဖြန်တိုင်းဟာ ဂရုဓမ္မပြုရမယ့်
ကိစ္စချည်းပါပဲ။

*************

ချင်းတွင်းမြစ်ကြီးထဲမှာ မက်လာခဲ့အိပ်မက်၊ ပန်းချီကားတွေ
အပုံလိုက်၊ အထပ်လိုက် တည်ရှိနေတဲ့ ချင်းတွင်းတောရိပ်
တောင်တန်းတွေရဲ့ အောက်မှာ စီယံတစ်ယောက် အလှတရား
တွေနဲ့ ပူးပေါင်းနေထိုင်ခဲ့တာ ကြာပါပြီ။ ရင်ထဲမှာ သန္ဒေစွဲ
နေတာက ပန်းချီနဲ့ဂီတ။ ချင်းတောင်တန်းတွေပေါ်က
ခုန်ချလာတဲ့ လေပြင်းတွေထဲမှာ ဂီတအနံ့အသက်တွေ
ရှုရှိုက်နေရတယ်။ ချင်းတွင်းမြစ်ရေအလျဉ်ထဲမှာ
ပန်းချီပွင့်ချပ်တွေ တသီတတန်း စီးမျောလို့။ ချင်းတွင်းရဲ့
ညကြီးမင်းကြီးထဲမှာ တောင်ဇလပ်ပန်းတွေ လှိုင်လို့။
အိပ်ပျက်ခဲ့ရတဲ့ အပျော်တမ်းတီးဝိုင်းညတွေမှာလည်း
ချင်းတွင်းလရောင်နဲ့ အနာဂတ်ကို ငေးယောင်လို့ပေါ့။

အဲဒီတုန်းကတော့ လ,က တစ်ခြမ်းပဲ သာခဲ့သေးတယ်လေ။
ဇာတိမြေရဲ့ ချင်းတောင်တန်းကြီးတွေကို မျှော်ငေးငေးရင်း
ရန်ကုန်ပုံရိပ်တွေကို ထပ်တလဲလဲ ဖော်ဖော်နေရတာပေါ့။
ကျောင်းတွေပိတ်လို့ ကိုယ့်နယ်ကိုယ်ပြန်ရတော့ နယ်က
ဝါသနာရင်းစွဲရှိတဲ့ သူငယ်ချင်းတွေနဲ့ ဝိုင်းတစ်ဝိုင်း
ထောင်ဖြစ်ခဲ့တယ်။ အဲဒီဝိုင်းနဲ့ ချင်းတွင်းရင်ခွင်ထဲ
လှည့်လည်ဖျော်ဖြေခဲ့ရတဲ့ အတွေ့အကြုံတွေက ခုလို
ကာလတွေမှာ သိပ်ကို တန်ဖိုးရှိလာခဲ့ပါတယ်။ မေ့ဖျောက်
မရနိုင်တဲ့ လေ့လာခွင့်ကာလတွေကိုပဲ ပြန်ပြောင်း ရချင်
မိသေးတော့။. အဲဒီကာလတုန်းက ဂီတနဲ့ပတ်သတ်လို့
တော်တော်အလုပ်ဖြစ်ခဲ့တယ်။ သီချင်းတွေအများကြီး
ရေးဖြစ်ခဲ့တယ်။ ချင်းတွင်းနှင်းမှုန်ပြာဝေအောက်မှာ
တီးခတ်ခဲ့ရတဲ့ သံစဉ်တွေနဲ့အတူ ယုံကြည်ချက်
ထူထူကဲကဲကြီးထဲ အနာဂတ်အတွက် ရဲဆေးတွေ
ရခဲ့တယ်။

နောက်တော့ ကျောင်းတွေပြန်ဖွင့်၊ တက္ကသိုလ်ရဲ့ 
အစဉ်အလာတွေအတိုင်း အဆောင်ညစာစားပွဲ၊
တိုင်းရင်းသားရိုးရာပွဲ၊ ဆရာကန်တော့ပွဲတွေမှာ
တစ်ခါပြန်ပြီး ဂီတကို ထုတ်ဖော်ပြသခွင့် ရခဲ့ပြန်တယ်။

ဒီလိုနဲ့ ဂုဏ်သရေရှိရှိ သက်ငြိမ်မှုတွေနဲ့ နေလာရင်းကနေ
သူငယ်ချင်း ကိုသိန်းတင်အောင်နဲ့ သူငယ်ချင်းတွေရဲ့ 
အကူအညီတွေရယူပြီး Lynn Studio မှာ ချင်းတွင်
အိပ်မက်ကို အသက်စသွင်းဖြစ်တော့တယ်လေ။ အဲဒါက
၁၉၉၄။ ဘဝရဲ့ သိမ်မွေ့ပြီး မှော်ပဉ္စလက်လို ဆန်းထွေတဲ့
အစိတ်အပိုင်းတစ်ရပ်ကို လက်ခံရရှိခဲ့တဲ့ ကာလပေါ့။
"အရိပ်၏မျိုးစေ့" လို့ အမည်ပေးထားတဲ့ ဒီဖြတ်သန်းမှု
တစ်ခုဟာ ဘာပဲဖြစ်ဖြစ် ဂီတသမားတစ်ယောက်ကို
တုန်လှုပ်သွားစေခဲ့တာတော့ အမှန်ပါ။

အချစ်နိုင်ဆုံး၊ အချစ်တတ်ခဲ့ဆုံးလို့ ကိုယ့်ကိုယ်ကို
ပြင်းပြင်းထန်ထန်မကြွေးကြော်နိုင်ခဲ့ပေမယ့် စွဲငြိဝါသနာ
အဆောက်အအုံကတော့ သစ်လွင်နေဆဲပါပဲ။ Blues
ဂီတတွေ စိုစိုရွှဲရွှဲဆွတ်ဖျန်းထားတဲ့ နှလုံးသားမှာတော့
"စီယံ" ဆိုတဲ့ နာမကို အပိုင်ရယူနိုင်ပြီလေ။

*************

အလှတရားကို ရှာဖွေမှုအတွက် ကဗျာ၊ ဂီတနဲ့ ပန်းချီ
တို့ဟာ ဆက်နွယ်ပတ်သတ်နေတယ်လို့ ကိုစီယံက
ပြောပြတော့မှ........

====================

ပထမဆုံး "စီယံ" လို့ ပေးထားတဲ့ နာမည်နဲ့
ပတ်သတ်လို့ အဲဒီရာဇဝင်လေး အရင်ဆုံး ပြောပြပေးပါလား။

••• "စီယံ" ဆိုတဲ့ နာမည်ဟာ ကျွန်တော့်နာမည်အရင်း
မဟုတ်ပါဘူး။ လူမျိုးနွယ်စုတစ်ခုရဲ့ နာမည်လေးတစ်ခု
ဖြစ်ပါတယ်။ သမိုင်းစာမျက်နှာထဲမှာတော့ "ဆီးယင်း"
(Sryin) လူမျိုးနွယ်စုလို့ အမည်ရှိခဲ့ပါတယ်။ ဒါပေမယ့်
နာမည်အမှန်ကတော့ "စီယံ" (Siyaang) ဖြစ်ပါတယ်။

"စီယံ" လူမျိုးနွယ်စုများရဲ့ ပြောက်ကျားစစ်ဆင်ရေး
ပရိယာယ်ကို စစ်ရေးကျွမ်းကျင်တဲ့ နယ်ချဲ့အင်္ဂလိပ်
စစ်ဗိုလ်ချုပ်ကြီးများတောင် လက်ဖျားခါခဲ့ကြောင်းကို
သမိုင်းစာမျက်နှာများမှာ ဖတ်၊မှတ်၊သိခဲ့၊ ဂုဏ်ယူခဲ့ရ
ပါတယ်။ ယနေ့ စီယံလူမျိုးနွယ်စုများဟာ ယခင်
နယ်ချဲ့တွေကို တော်လှန်ခဲ့တဲ့ "Fort White"
(အဖြူရောင်ခံတပ်) တည်ရှိရာ တောင်တန်းကြီးများမှာ
ယခုထက်တိုင် နေထိုင်ကြကြောင်း ရာဇဝင်လေးနည်းနည်း
ပြောပြချင်ပါတယ်။

ပြီးတော့ အခုစီးရီး "ဟင်းလင်းပြင်၏တံခါးဝှက်"
နာမည်နဲ့ပတ်သတ်လို့လည်း အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေး
ပြောပြနိုင်ရင် ပြောပြစေလိုပါတယ်။

••• ယခုစီးရီး "ဟင်းလင်းပြင်၏တံခါးဝှက်" နာမည်ကို
ကျွန်တော်ခံယူထားတဲ့အဓိပ္ပါယ်ကတော့ ဟင်းလင်းပြင်ကြိးနဲ့
တူညီတဲ့ စိတ်ရဲ့ထွက်ပေါက်တွေကို လွတ်လပ်စွာ ဖန်တီး
ခံစားနိုင်ခွင့်ပေးတဲ့ ဒီဂီတအနုပညာလောကမှာ ကျွန်တော်
ချစ်တဲ့ Blues ဂီတဟာ တံခါးဝှက်တစ်ခုအဖြစ် ကျွန်တော်
ထင်မြင်ခံစားမိလို့ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး
နာမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ (စိတ်ရဲ့လွတ်လပ်မှု
ထွက်ပေါက်တွေကို အများဆုံးဖော်ကျူးတဲ့ Rock ဂီတရဲ့
အခြေခံဟာ Blues ဂီတဖြစ်တယ်လို့ ကျွန်တော်
လေ့လာခဲ့ဖူးပါတယ်။)

ဒီစီးရိး စတင်လုပ်ဖြစ်ရပုံလေးကိုလည်း
သိချင်ပါတယ်။ ဘာကြောင့်လုပ်ဖြစ်တာလဲ။
ဘာရည်ရွယ်ချက်ကြောင့် လုပ်ရတာလဲဆိုတာ
ပြောစရာရှိမယ် ထင်ပါတယ်။

••• ဒီစီးရီးဟာ ကျွန်တော့်ရဲ့ ဒုတိယစီးရီး
ဖြစ်ပါတယ်။ ကိုကေအေတီ၊ မူပိုင်-ကိုမင်းတို့နဲ့
ခင်မင်ရင်းနှီးခဲ့ကြရာမှာ မူပိုင်ကိုမင်းရဲ့ ပံ့ပိုးမှုနဲ့
စတင်လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ "ရည်ရွယ်ချက်"
အကြောင်းပြောပြဖို့ရာ ခက်ခဲများပြား ပါလိမ့်မယ်။
တစ်ခါတလေ "ရည်ရွယ်ချက်မပါတဲ့ ရည်ရွယ်ချက်
ရှိခြင်းတွေ" ရှိနေတတ်လို့ပါပဲ။

Blues (ပင်မှည့်တေးစု) ဆိုတာနဲ့ပတ်သတ်ပြီး
တော့လည်း နည်းနည်းလောက် ရှင်းပြပေးပါလားဗျာ။

••• "ပင်မှည့်တေးစု" လို့ Magazine ကြော်ငြာများမှာ
ထည့်ရေးရခြင်းအကြောင်းရင်းကတော့ "ကိုယ်ပိုင်သံစဉ်
တေးစု" နေရာမှာ "ပင်မှည့်တေးစု" လို့ ပြောင်းလဲဆန်းသစ်
စေလိုခဲ့ခြင်းမျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာဆရာကြီး
တစ်ဦးက "ပင်မှည့်တေးစု" ဆိုတဲ့ Word ဟာ သူ့ကိုယ်ပိုင်
Word ဖြစ်တယ်ဆိုလို့ နောက်ပိုင်း Magazine ကြော်ငြာထဲမှာ
ထည့်မရေးဖြစ်ခြ့ပါဘူး။ Word တစ်ခုကို "မူပိုင်ပြုလုပ်ခွင့်"
ရှိ၊ မရှိ ဆိုတာကိုလည်း ကျွန်တော် သိချင်နေမိပါတယ်။

ဂီတအနုပညာနဲ့ ပတ်သတ်လို့ ကိုစီယံ ဘယ်လို
ခံယူထားသလဲဗျာ။ လူတစ်ယောက်ရဲ့ အဇ္ဈတ္တပိုင်းခံစားမှုနဲ့
ပတ်သတ်လို့ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲ...
စသဖြင့်ပေါ့လေ။

••• "အနုပညာ" ဟာ "ချစ်ခြင်းမေတ္တာတရား" လိုပဲ
မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုအဖြစ် ခံယူမိပါတယ်။
လူတစ်ယောက်ရဲ့ အဇ္ဈတ္တခံစားမှုနဲ့ပတ်သတ်လို့ ဘယ်လို
အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ အဲဒီလူတစ်ယောက်ရဲ့
ခံစားတတ်မှုအပေါ်မှာ မူတည်လိမ့်မယ်လို့ ယူဆမိပါတယ်။

စီးရီးတွေအထွက်များလွန်းနေတဲ့ ခုလိုကာလမှာ
လူသစ်တစ်ယောက်အနေနဲ့ အခုလို ဒီလမ်းကြောင်းပေါ်ကို
ကိုစီယံ ဝင်လျှောက်ရတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုတစ်ခု၊
တစ်စုံတစ်ရာ ရှိမှာတော့ အသေအချာပဲ။ ကျွန်တော်
ထင်တယ်လေ။ ဒီတော့...အဲဒီယုံကြည်ချက်နဲ့ပတ်သတ်လို့
ရှင်းပြနိုင်လိမ့်မယ် ထင်ပါတယ်။ အဲဒါလေး သိချင်ပါတယ်။

••• လူတိုင်းမှာ "ယုံကြည်ချက်" တစ်စုံတစ်ရာတော့
အသီးသီးရှိကြမှာပါ။ ဒါပေမယ့် အဲဒီ "ယုံကြည်ချက်" ဟာ
အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်တာမို့
ကျွန်တော့် "ယုံကြည်ချက်" ကိုတော့ ရင်ထဲမှာပဲ
သိမ်းဆည်းခွင့်ပေး၊ နားလည်ပေးစေချင်ပါတယ်။

စီးရီးတစ်ခုဖြစ်အောင် အားထုတ် တည်ဆောက်ရတဲ့
သူတစ်ယောက်အနေနဲ့ စီးရီးအတွက် ပေးဆပ်ခဲ့ရတဲ့ ဝေဒနာ
အမောတွေ ရှိမှာအမှန်ပါပဲ။ အဲဒါနဲ့ ပတ်သတ်လို့လည်း
ဒီဝေဒနာအမောတွေကို ပြန်ဖောက်သည်ချစေလိုပါတယ်ဗျာ။
ရင်ဖွင့်ချက်ကလေးတွေပေါ့။

••• စီးရီးတစ်ခုဖြစ်မြောက်လာဖို့အတွက် ပေးဆပ်ရတဲ့
အမောတွေထဲမှာ "ဝေဒနာအမော" ထက် "ဝါသနာအမော" ကို
ပိုပြီး ပေးဆပ်ခဲ့ရတယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့်
ဒီ "ဝါသနာအမော" ဟာ နောက်ဆုံးအချိန်မှာ အတိုင်းအတာ
တစ်ခုအထိ ကြည်နူးမှုတွေ ပြန်ပေးတတ်တော့လည်း
"အမော" လို့ မခံယူမိတော့ပါဘူး။ "ဝေဒနာအမော" အနေနဲ့
ပြောရရင်တော့ အောင်မြင်ကျော်ကြားမှုကို အပြည့်အဝ
ရရှိခဲ့ကြတဲ့ တချို့သောလူတွေရဲ့ မထီမဲ့မြင် ဆက်ဆံရေး
အောက်မှာ သိမ်ငယ်နေရတာကလွဲလို့ "ဝေဒနာအမော" ဆိုတာ
မရှိပါဘူး။ ဒါပေမယ့် အဲဒီ "ဝေဒနာအမော" ကပဲ
ကျွန်တော့်ကို ပြန်လည်ဖြည့်ဆည်းပေးတတ်လို့ အားလုံးကို
ကျေးဇူးတင်မိပါတယ်။

ပြီးတော့ အပေါ်ကမေးခွန်းတွေနဲ့ ဆက်နွယ်ပြီ
ဒီစီးရီးတစ်ခုလုံးကို ကိုစီယံကိုယ်တိုင် ရေးဖွဲ့ထားလေတော့
အဲဒီသီချင်း ရေးဖွဲ့ခြင်းနဲ့ပတ်သတ်တဲ့ ဖန်တီးရယူမှုအပိုင်း
ကိုလည်း သိချင်ပါသေးတယ်။

••• လိုအပ်မှုတွေ၊ မပြည့်စုံမှုတွေများစွာနဲ့ ကိုယ်နှစ်သက်တဲ့
ဂီတ Blues ကို အခြေခံပြီး အရွယ်သုံးပါးစလုံး ခံစားနိုင်မယ်လို့
ယူဆမိတဲ့ Country, Rock , Metal အမျိုးအစားတွေ
ပါဝင်အောင် ကျွန်တော် ကြိုးစားရေးဖွဲ့ထားပါတယ်။
ဖန်တီးရယူမှုအပိုင်းမှာတော့ မပြည့်စုံနိုင်သေးတဲ့ လိုအပ်ချက်
တွေနဲ့အတူ အခြေအနေအရပ်ရပ်ကြောင့် အားနည်းချက်
များစွာ ရှိနေဦးမှာ သေချာပါတယ်။

ခုဖြစ်ထွန်းတည်ရှိနေတဲ့ ခေတ်ပေါ်ဂီတရေစီးကြောင်းကို
ကိုစီယံ ဘယ်လိုမြင်မိသလဲ။ ကိုစီယံရဲ့ ထင်မြင်ချက်၊ ယူဆချက်
အသီးသီးပေါ့ဗျာ။

••• ယခုအချိန်မှာတော့ ခေတ်ပေါ်ဂီတရေစီးကြောင်းဟာ
အရှိန်အဟုန်ပြင်းထန်စွာနဲ့ စီးဆင်းတိုက်စားနေပြီဖြစ်ကြောင်း
ကိုတော့ ဘယ်လိုမှ ငြင်းဆိုလို့ မရနိုင်တော့ပါဘူး။ ဒါပေမယ့်
Copy ဂီတရဲ့ စီးဆင်းမှုဟာ အားကောင်းသလောက်
ကိုယ်ပိုင်သံစဉ်ဂီတရဲ့ စီးဆင်မှုဟာ အားနည်း၊ နှေးကွေး
နေသေးတယ်လို့ ထင်မြင်ယူဆမိပါတယ်။

ဒီကနေ့ လူငယ်တွေရဲ့ ဂီတခံစားမှုစွမ်းအားနဲ့
ဂီတအပေါ်တိမ်းညွတ်မှုကိုရော ကိုစီယံ ဘယ်လို
ခံစားရသလဲ၊ တိုးတက်မြင့်မားလာတဲ့သဘော ရှိလား။
ပေါ်ပင်ဖြစ်ရေးကိုပဲ ဦးတည်နေသလား၊ အဲဒီ သဘောပေါ့လေ။

••• ဒီကနေ့လူငယ်တွေရဲ့ ဂီတခံစားမှုစွမ်းအားနဲ့
ဂီတအပေါ်တိမ်းညွတ်မှုဟာ တိုးတက်မြင့်မားလာတာကို
တွေ့နေရပေမယ့် ယနေ့ လူငယ်တွေရဲ့ (ကျွန်တော့်အပါအဝင်)
ဂီတဖန်တီးမှုစွမ်းအားဟာ အားနည်းနေသေးတယ်လို့
ယူဆမိပါတယ်။ ဂီတကို မှန်ကန်ရိုးသားစွာ လေ့လာတဲ့
လူငယ်တွေအများကြီး ရှိနေသလိုပဲ။ ပေါ်ပင်ဖြစ်ရေးကို
ဦးတည်နေတဲ့ လူငယ်များလည်း ရှိချင်ရှိပါလိမ့်မယ်။

ကိုစီယံဘဝမှာ ဒီဂီတအနုပညာနဲ့ ဆုံဆည်း
ကျင်လည်ရပုံ အဖြစ်အပျက်ကလေးများကိုလည်း
ပြန်တသပြနိုင်မယ်ဆိုရင် ပြစေလိုတယ်ဗျာ။ သိခွင့်
ရမယ်ဆိုရင်ပေါ့လေ။

••• ပန်းချီနဲ့ဂီတကို ငယ်ရွယ်စဉ်ကတည်းက စပြီး
ဝါသနာကြီးခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဂီတကိုပဲ
လေ့လာလိုက်စားဖြစ်သွားပါတယ်။ တောင်ပေါ်မြို့ကလေး
တွေမှာ နေထိုင်ခဲ့စဉ်တုန်းက ဝါသနာတူ သူငယ်ချင်းတွေ
စုပြီး တီးလိုက်၊ ဆိုလိုက်နဲ့ ဒီဝါသနာပိုးဟာ တဖြည်းဖြည်း
ကြီးထွားလာတော့တာပါပဲ။ ၁၀ တန်းအောင်ပြီး ရန်ကုန်
ရောက်လာတော့ ယခင် Aces Band မှ Bass Guitarist
ကိုဇာလျန်းနဲ့ သူ့ရဲ့ အနွယ်အပွားတွေဆီကတစ်ဆင့်
စနစ်ကျတဲ့လေ့လာမှုများ ရယူခဲ့ပါတယ်။ ကျောင်းတွေ
ပြန်ဖွင့်တော့လည်း ကျောင်းပရိဝုဏ်အတွင်းမှာ ကျင်းပတဲ့
အဆောင်ညစာစားပွဲ၊ တိုင်းရင်းသားရိုးရာပွဲနဲ့ ဆရာ
ကန်တော့ပွဲတွေမှာ ပါဝင်တီးခတ်၊ သီဆိုခွင့်ရခဲ့ပါတယ်။
အဲဒီလိုနဲ့ ရင်ခုန်သံခြင်းတူညီတဲ့ သူငယ်ချင်း ကိုသိန်းအောင်တင်
(မသိန်း)နဲ့ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ပဲ ကျွန်တော့်
ပထမစီးရီကို Lynn Studio မှာ Iron Cross Band နဲ့
၁၉၉၄ ခုနှစ်မှာ စတင်အသံသွင်းဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
"ဝါသနာ" တစ်ခုတည်းကို အခြေခံပြီး ဝါသနာတူ
ရောင်းရင်းများနဲ့ ဂီတကို လွတ်လပ်စွာခုံမင်ခံစားခဲ့ရတဲ့
အတိတ်ခရီးစဉ်ဟာ ကျွန်တော့်အတွက် ပြန်လည်တသလို့
မဆုံးနိုင်၊ ပြန်တွေးမိတိုင်း လွမ်းဆွတ်နေရဆဲပါ။

ခေတ်ပေါ် နိုင်ငံတကာသီချင်းတွေနဲ့ ပတ်သတ်လို့
ကိုစီယံ ဘယ်လိုမြင်မိသလဲ။ ကိုစီယံရဲ့ ကိုယ်ပိုင်ခံစားမှုပေါ့လေ။
တစ်ဦးနဲ့တစ်ဦး ခံစားနားထောင် ကြိုက်နှစ်သက်တာချင်း
မတူကြလေတော့ ကိုစီယံအမြင်ကို သိချင်ပါတယ်။

••• "ခေတ်ပေါ်နိုင်ငံတကာသီချင်း" တွေဟာ နိုင်ငံတကာ
ဂီတအနုပညာကျောင်း မရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံအတွက်
အဓိကအားထားရာ၊ ပညာယူရာ သီချင်းများဖြစ်တယ်လို့
ယူဆမိပါတယ်။ ဒီသီချင်းတွေကြောင့်ပဲ ကျွန်တော်တို့မှာရှိတဲ့
ခေတ်ပေါ်ဂီတဟာ နိုင်ငံတကာအဆင့်ကို ရင်ပေါင်တန်းနိုင်ဖို့ရန်
တာစူနေပြီလို့ ကျွန်တော်ထင်မြင်မိပါတယ်။ တစ်ဦးနဲ့တစ်ဦးရဲ့ 
ခံစားနှစ်သက်တာချင်း မတူညီရခြင်းဟာ တစ်ဦးစီရဲ့ 
ဂီတလေ့လာမှု အတိုင်းအတာနက်ရှိုင်းမှုအပေါ် မူတည်လိမ့်မယ်လို့
ယူဆမိပါတယ်။ လူတိုင်းရဲ့ အကြိုက်ချင်း မတူညီအောင်
ဖန်ဆင်းတတ်တဲ့ ဘုရားသခင်ဟာလည်း အံ့သြချီးကျူးစရာ
ကောင်းလှပါတယ်။

လူငယ်တစ်ယောက်ရဲ့ ဘဝမှာ ဘဝလွတ်လပ်မှုရဖို့အတွက်
ဂီတအနုပညာက စွမ်းဆောင်ပေးနိုင်တယ်လို့ ကိုစီယံ မြင်မိသလား။
အဲဒီဒဿနပိုင်းကို ကိုစီယံ လက်ခံထားသလောက် ရှင်းပြေစေ
လိုတယ်ဗျာ။

••• လူငယ်တစ်ယောက်ရဲ့ဘဝမှာ ဘဝလွတ်လပ်မှုရဖို့အတွက်
ဂီတအနုပညာဟာ တချို့တစ်ဝက်ကိုတော့ စွမ်းဆောင်ပေး
နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ "လွတ်လပ်မှု" ဟာ
အဲဒီလူငယ်တစ်ယောက်ရဲ့ ဂီတအနုပညာခံစားတတ်မှုအပေါ်
မူတည်လိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီလွတ်လပ်မှုရဲ့ 
အကောင်းအဆိုးဟာ ဂီတအနုပညာကို စည်းစနစ်ကျစွာ
ခံစားတတ်တဲ့လူနဲ့ ဂီတအနုပညာကို အမှီပြုအပျော်ကြူးတဲ့
လူအပေါ်မှာ ပြောင်းလဲ၊ ဖြစ်တည်၊ ကွဲပြားမှုတွေ ရှိလိမ့်မယ်လို့
ထင်မြင်မိပါတယ်။

♦♦ ကိုစီယံ ကဗျာရေးလား။ ကဗျာနဲ့ပတ်သတ်လို့
ကိုစီယံရဲ့ ယုံကြည်မှု၊ ခံစားမှုနဲ့ အလှတရားရှာဖွေမှု
စတာတွေရဲ့ အမြင်ကို သိချင်ပါတယ်။

••• အလှတရားရှာဖွေမှုအတွက် ကဗျာ၊ဂီတနဲ့ပန်းချီတို့ဟာ
ဆက်နွယ်ပတ်သတ်နေတယ်လို့ ထင်မြင်မိပါတယ်။ ကဗျာရယ်
လို့သတ်မှတ်ပြီး magazine တိုက်တွေကို မပို့ဖြစ်ခဲ့ပေမယ့်
စိတ်ကူးပုံရိပ်တွေကို ကဗျာအဖြစ် ကျွန်တော်သရုပ်ဖော်
ရေးဖွဲ့ခြ့ပါတယ်။ "ကဗျာ" ကို လက်လှမ်းမီသလောက်
လေးလေးနက်နက် လေ့လာခံစားဖတ်ရှုနေဆဲ ဖြစ်ပါတယ်။

♦♦♦ နောက်ဆုံး မေးချင်တာကတော့ ကိုစီယံရဲ့
ဘဝရည်မှန်းချက်၊ ရှိလား မရှိဘူးလား။ အဲဒါကို
အလုပ်တစ်ခုလို့ သဘောထားလား။ လူတစ်ယောက်ရဲ့
ဘဝနေထိုင်မှုမှာ အဲဒါလိုသလား မလိုဘူးလား။ ကိုစီယံရဲ့ 
ဘဝခံယူချက် ဒဿနပေါ့ဗျာ။ ပြောပြနိုင်မယ် ထင်ပါတယ်။

••• လူတိုင်းမှာ ဘဝရည်မှန်းချက် အသီးသီးရှိကြပါလိမ့်မယ်။
ဒါပေမယ့် ရည်မှန်းချက်တိုင်းဟာ မျှော်မှန်းထားတဲ့အတိုင်း
ဖြစ်မလာတတ်သလို ရည်မှန်းမထားပေမယ့် ဖြစ်တည်လာတာ
တွေလည်း ရှိနေတတ်တာကိုလည်း အားလုံးသိမှာပါ။
ကိုယ်ရည်မှန်းထားသလို ဖြစ်မလာပေမယ့် လက်လျှော့
အရှုံးမပေးဘဲ ကိုယ့်ဖက်က မဆုတ်မနစ် ကြိုးစားနေသင့်တယ်လို့
ယူဆမိပါတယ်။ ဖြစ်တည်လာတဲ့ အခြေအနေအပေါ် ကျေနပ်
ရောင့်ရဲတတ်ရင် လောကကြီးမှာ နေထိုင်အသက်ရှင်ရတာ...။

လေပြည်ညင်း
သရဖူ Magazine
1995
စာအုပ်ပို့ပေးသူ - Winkoko Aung

Photo Cd# http://www.sizaangseino.org/
BLACKCHAW's

စီယံသီချင်းတွေ 👇👇👇
https://m.facebook.com/story.php?story_fbid=1638899076362687&substory_index=0&id=1406194469633150

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။