Dat Marlar added 2 new photos.
ကြပါ,,ပွဲစားများပြောသည့်စကားကို လုံးဝမယုံပါနှင့် ,မြန်မာပြည်မှ အိမ်ယာတိုက်ပေါင် မြေပေါင်ဖြင့်လာကြသူများ ဒုက္ခတွေများလိမ့်မည်,,၄င်းဒုက္ခမှာ ကိုယ်တဦးတည်းခံရမည်သာမဟုတ်ဘဲ ကျန်ရှိသူ မိဘဆွေမျိုးများပါ ဒုက္ခရောက်ကုန်ကြလိမ့်မည်,,မည်သူမှလဲကယ်နိုင်မည်မဟုတ်ပါ
မနေ့ကပင်..ဂျပန်က မိတ်ဆွေတယောက်ရဲ့ တယောက်ထဲနေရင်တောင် အလွန်ကျဉ်းတဲ့ အခန်းလေးတခန်းထဲမှာ ပွဲစားကလူ(၇)ယောက်လာပြီးထိုးထဲ့ကာ,,ပိုက်ဆန်ယူပြီး လစ်ပြေးသွားပါပြီ,,ဒီလူတွေ ဘယ်လိုစားမလဲ ,,
ဘယ်မှာသွားနေမလဲ ,ဘာဆက်လုပ်မလဲ,,မြန်မာပြည်ကနိုင်ငံရေးကို အကြောင်းပြ၍နန်းမင်းလျှောက်ရန်လဲမလွယ်,,အလုပ်လုပ်ဘို့ လဲမလွယ် အတိုးများနှင့်ဆွဲလာသူကလဲပါသေးသည်,အမျိုးသမီး၂-ယောက်ကျန်အမျိုးသား၅-ယောက် အိမ်ရှင်တယောက်ပစ္စည်းများနှင့်ဘယ်လိုနေရမည်လဲ ထိုင်စရာနေရာတောင်ရှိမည်မထင်..,ဂျပန်မှာလိပ်စာလက်ခံမည့် အိမ်တောင်မှရှားသည်,နေစရာကျောတနေရာကို ၃-သိန်းခွဲပေးရမည်,လွယ်မည်မထင်ကြပါနှင့်.ပေါ့ပေါ့မတွေးပါနှင့် ဘဝပျက်သွားလိမ့်မည်,,ဂျပန်ကလူတွေက မချမ်းသာကြပါ ,,
လှပသောဓါတ်ပုံလေးတွေမြင်ပြီး အိမ်မက်မမက်ကြပါနှင့် ဂျပန်နိုင်ငံသည်စည်းကမ်းရှိသည်..သပ်ရပ်သည် လှသည် သို့ သော် သင့်ဘဝ အတွက်လှချင်မှလှလိမ့်မည်,.အကျည်းတန်ချင်တန်ပေလိမ့်မည်,ဆွေမျိုးအရင်း မောင်နှမအရင်းအချာတောင် သိပ်အဆင်မပြေကြ,,မိဘ ခင်ပွန်း ဇနီးစသည့် တာဝန်ခံမည့်သူရှိလျှင်လာပါ ,,အစိုးရ,ရုးံဝန်ထမ်း တာဝန်အရလာပါ,,မိဘက ပိုက်ဆန်ရှိ၍တလ(၁၀)သိန်းလောက်အလုပ်မရခင် ထောက်ပံ့နိုင်ရင်လာပါ,,,ပွဲစား, အေးဂျင်း ကုမ္ပဏီအတု တို့ ကယုံလောက်အောင်ပြောတဲ့ သွေးဆောင်စကားများကို လုံးဝမယုံပါနှင့် ,,,,မြန်မာပြည်မဟုတ်သည့်အတွက် ,,ဘယ်သူမှ ကယ်ဆယ်နိုင်မည်မဟုတ်ပါ,,ဒီမှာလူတိုင်းသည်ကိုယ့်ဘဝကို မနည်းရပ်တည်နေရသူချည်းပါ,လွယ်လွယ်မတွေးပါနှင့်,,,ခေတ်အခြေအနေတွေလဲပြောင်းသွားပါပြီ,,"လွန်ခဲ့တဲ့ ၁၀နှစ် အနှစ်၂၀-ကျော်က Over stay တောင်မှ အလုပ်ပေါသည်,,အခု အခြေအနေ မတူတော့ပါ ,,ယခု အချိန်မှာ ဂျပန်ဥပဒေတွေက တင်းကြပ်လာသည်,,ဂျပန်နိုင်ငံသည် ဥပဒေစိုးမိုးသောနိုင်ငံဖြစ်၍ ဥပဒေကိုဖေါက်ဖျက်ရမှာကြောက်ကြသည်,,"ထိုင်နေအကောင်းသား ထမှကျိုးမှန်းသိ"ဆိုသလို ကိုယ့်နိုင်ငံထက် အဆင်ပြေမည် ,ချမ်းသာမည်ဟု ထင်မြင်သူများ,,,ရောက်လာပါက ဂျပန်နိုင်ငံရဲ့ ကြီးမားသော လောကဓံကြီးကို ဘယ်နည်းနှင့်မျှရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း,,သတိပေးလိုက်ရပါသည်,,
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။