Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 7, 2016

ဘူးလက်လှဆွေရယ်_ရူးချက်က ကမ်းကုန်တယ်

#ဘူးလက်လှဆွေရယ်_ရူးချက်က ကမ်းကုန်တယ်
*********************************

ကျနော့်ဖေ့ဘုတ်ခ်
သတင်းတွေဖတ်ဖြစ်တော့ ယခင်ကြံ့ဖွတ်က
ဂန့်ဂေါ အမတ် ဘူးလက်လှဆွေရဲ့ ပိုစ့်တခုက
ကျနော့်ဖေ့ဘုတ်ခ်ပေါ်ကိုတက်လာတော့ကျနော်
ဖတ်လိုက်မိပါတယ် ။
ကျနော့်အနေနဲ့ပြောရရင် ကြံ့ဖွတ်အမတ်ပြုတ်
ဦးလှဆွေရယ် ပြုတ်သွားတဲ့ပြန်/ဝန် ဦးရဲထွဋ် ရယ်ကို ချီးကျူးမိတာရှိတယ် ။
သူတို့နှစ်ယောက်ဟာလူမှု့ကွန်ယက်ဖေ့ဘုတ်ခ်
ပေါ်မှာဆဲဆဲဆိုဆိုပြောချင်သလိုပြောပါစေ...
အမှန်/ အမှားထက် သူတို့ပြောချင်တာကို ရအောင်ပြောကြတယ်.ရေးတယ် ...
အဲဒီအတွက်လည်း သူတို့နှစ်ယောက်ဟာဦးသိန်း
စိန်ဘက်တော်သားတွေထဲမှာလူသိများသူတွေ
ဖြစ်သလို ...ရစရာ မရှိအောင်အဆဲခံရသူတွေ
လည်းဖြစ်ရရှာတယ် ...
အဲဒီနှစ်ယောက်ဟာစာတိုပေစ တွေကိုဖတ်လာ
ဟန်လည်းရှိတယ်..တခါတခါ မြန်မာ့နိုင်ငံရေး
ရဲ့အဖြစ်မှန်တွေထဲ မှာ သူတို့ရဲ့ ဆိုက်ဝါး ဖီလော်
ဆိုဖီတွေကို မသိမသာထည့်ရေးလေ့ရှိတယ်
ဒီတော့ ဗမာ့နိုင်ငံရေးသမိုင်းကြောင်းစာအုပ်စာ
ပေတွေကို သေချာလေ့လာထားတာမျိုးမဟုတ်
တဲ့သူတွေအတွက်တော့ သူတို့ရေးတင်တဲ့ပိုစ့်
တွေကိုဖတ်မိရင် ဟုတ်သလိုလို ထင်ယောင်
ထင်မှားဖြစ်စရာအကြောင်းရှိတာမို့ ကျနော့်အနေ
နဲ့ ဦးလှဆွေ ..ခေါ်..ဘူးလက်လှဆွေကိုဗမာ့နိုင်
ငံရေးသမိုင်းအမှန်ကို ပြန်ရေးပြရတာပါပဲ။
လွတ်လပ်ရေးကြိုးပမ်းမှု့ကာလ မှာ ဗိုလ်ချုပ်
အောင်ဆန်းထက် စစ်တပ်ရာထူးမှာရော နိုင်ငံ
ရေးရာထူးမှာရော ကြီးတဲ့သူ တယောက်မှမရှိပါ
ဘူး ..ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းဟာနိုင်ငံရေး
လောက သခင်ဘဝမှာ စကားလုံးရိုင်းရိုင်းနဲ့မျက
လုံးထဲမြင်အောင်ရေးပြရင် တော်တော် ငတ် ခဲ့
ပါတယ်..လွတ်လပ်ရေးအတွက် နိုင်ငံရေး
သည်သာ သူ့ဘဝ..သူ့အသက်..သူ့မိသားစု လို့
ပြောလို့ရတယ်.. စားရမဲ့မဲ့သောက်ရမဲ့မဲ့အငတ်
ငတ်အပြတ်ပြတ်နဲ့ကိုလွတ်လပ်ရေးအတွက်နိုင်
ငံရေးကိုတိုင်းပြည်အတွက်လုပ်ခဲ့သူဖြစ်ပါတယ်။
ဘူးလက်လှဆွေရေးထားတာက ဗိုလ်ချုပ်အောင်
ဆန်းကို မဟာမိတ်စစ်သေနာပတိချုပ်မောင့်
ဘက်တန်က ဆွေးနွေးဖို့ ကန္ဒီမြို့ ကိုဖိတ်ခေါ်စဉ်
က ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့နဲ့အတူလိုက်ပါ
ဖို့ ဒစ်ပလိုမေစီကျွမ်းကျင်တဲ့အင်္ဂလိပ်လိုလည်း
ကျွမ်းကျင်တဲ့ဆရာကြီးတယောက်ကို သူနေတဲ့
တာဝါလိမ်းနေအိမ်မှာခေါ်ပြီးပြောတယ်လို့ဆို
တယ်..
အဲဒီဆရာကြီး မလိုက်လိုက်အောင်စည်းရုံးတဲ
အနေနဲ့သူ့အိမ်မှာနိုင်ငံခြားအရက်အကောင်းစားအမျိုးမျိုး..နိုင်ငံခြားစီးကရက်အမျိုးမျိုးရှိတဲ့အကြောင်းနဲ့ဧည့်ခံမယ်ဆိုတဲ့အကြောင်းတွေရေးတင်ပါတယ်။
ဘာမှမလေ့လာ ဘာမှမသိပဲနဲ့ ဗိုလ်ချုပ်အောင်
ဆန်းသမိုင်းကို သူ့တို့ ဂေါ့ဖားသားကြီးအာဏာ ရှင် ဗိုလ်သန်းရွှေတို့လို ထင်မှတ်ပြီး ပုံဖျက်တာ
ကို ပါးစပ်ပိတ်ပြီး ညိမ်နေရအောင်လည်းနိုင်ငံ ရေးအသိဥာဏ်အဲလောက်ကျနော်မတုံးသေးပါဘူး ။
အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောနိုင်တဲ့ဆရာကြီး
ဆိုလို့ ကျနော် ဘူးလက်လှဆွေကို မေးပါရစေ
ဥပမာ..တခုပြချင်ပါတယ် ... ပြည်သူလူထုရဲ့
အသဲနှလုံးဖြစ်တဲ့ အန်တီစု ..အမေစု ဟာ
နိုင်ငံခြားသားဧည့်သည်များနဲ့စကားပြောဆိုရန်
အင်္ဂလိပ်စကားပြောနိုင်သူကို ခေါ်ဖို့လိုအပ်ပါ
သလား...? အန်တီစု အင်္ဂလိပ်စကားကျွမ်းကျင်
သလား...? မကျွမ်းကျင်ဘူးလားဆိုတာ အန်တီစု ကမ္ဘာပတ်ပြီး ဆု တွေလက်ခံယူစဉ်က၄င်း..
ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကြီးတွေက
ဒေါက်တာဘွဲ့တွေပေးအပ်စဉ်၎င်း...
အင်္ဂလန်ရှိတော်ဝင်စစ်တက္ကသိုလ်က ဖိတ်ကြား
လို့ ပြောခဲ့သောမိန့်ခွန်းများအပါအဝင်အားလုံး
ဟာ ပညာတတ်အထက်တန်းစားသုံးအင်္ဂလိပ်
စကားများနဲ့သာ စာရွက်မကြည့်ပဲလက်တန်း
အလွတ်ပြောဆိုသွားခဲ့တာကို သိချင်ရင် ကျနော့်
ဆီမှာ ဗွီဒီဖိုင်များ အားလုံးရှိပါတယ် ။
အမေစုထက်ကို သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း
ဟာအင်္ဂလိပ်စကားကိုပိုမိုကျွမ်းကျင်တယ်လို့
တောင်ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာမိန့်ခွန်းတွေအားလုံးကို
အင်္ဂလိပ်လိုပဲအမြဲရေးပါတယ် ...
ဗိုလ်ချုပ်ရန်ကုန်မြို့တော်ခန်းမရှေ့လသာဆောင်
ကနေတိုင်းပြည်လူထုအားနောက်ဆုံးပြောခဲ့တဲ့
မိန့်ခွန်းမူရင်းဟာအင်္ဂလိပ်လိုဗိုလ်ချုပ်ကိုယ်တိုင်
ရေးတာဖြစ်ပြီး လူထုကို ပြောတဲ့အခါမှာသာ ဗမာလိုပြောတာဖြစ်ပါတယ်။
အင်္ဂလိပ်စကားကို ထုံးလိုခြေ ရေလိုနှောက်နိုင်
တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးလှဆွေပြောသလို
အင်္ဂလိပ်စကားပြန်ခေါ်ဖို့လိုမည်မထင်ပါ ။
နောက်တချက် ...ဦးလှဆွေပြောသလို ဗိုလ်ချုပ်
တာဝါလိန်းအိမ် မှာနိုင်ငံခြားအရက်လည်းမရှိပါ
နိုင်ငံခြားစီးကရက် မပြောနှင့် ဆေးပေါ့လိပ်ပင်
မရှိပါ ...ဆေးပေါ့လိပ်ကိုပင် ဗိုလ်ချုပ်ခဗျာ ဝယ်
မသောက်နိုင်ပါ ။ အဘယ်ကြောင့်ကျနော်ဤသို့
ပြောရသည်မှာ ... ဗိုလ်ချုပ်သည် လွတ်လပ်ရေး
အတွက်နိုင်ငံကိုဦးဆောင်ရန်တပ်မတော်
စစ်သေနာပတိချုပ် ရာထူးမှနှုတ်ထွက်ပြီးခါစ
နံက်စောစော တာဝါလိန်းနေအိမ်ရှေ့ထွက်၍
ထိုင်နေစဉ် အိမ်ရှေ့လမ်းမပေါ်တွင်သူ့ရဲဘော်
တယောက် ဆေးလိပ်တိုလက်ကြားညှပ်ကာ
လမ်းလျှောက်သွားသည်ကို မြင်သောအခါတွင်
လှမ်းခေါ်လိုက်ပါသည်။ ရဲဘော်သည်ဗိုလ်ချုပ်
ခေါ်သည်ကိုသိသဖြင့် ခပ်သွက်သွက်လေးလာ
က အလေးပြု ပြီးနောက် အမိန့်ရှိပါ ဗိုလ်ချုပ်ဟု ဆိုသောအခါ ...
ဗိုလ်ချုပ်မှ.. အေး အေး ..မင့်လက်ကြားကဆေး
ပေါ့လိပ်တိုလေး ငါ့ တိုက်ခဲ့ပါ ဟုဆိုသဖြင့် ရဲ
ဘော်လေးသည် လက်ကြားမှ ဆေးပေါ့လိပ်တို
အား အားနာစွာဖြင့် ပေးခဲ့ပြီး အလေးပြု ကာ ပြန်
ထွက်သွားသော ရဲဘော်လေးနောက်ကျောပြင်
ကိုကြည့်ကာ ထိုရဲဘော်လေးပေးခဲ့သော ဆေး
ပေါ့လိပ်ကို ဖွာရင်း ငေးကြည့်ကာ စဉ်းစားနေ
လေတော့သည် ။
ဦးလှဆွေပြောသလို နိုင်ငံခြားစီးကရက် ဝေးစွ ,
ဆေးပေါ့လိပ်တို ကိုပင်သူ့ရဲဘော်လေးဆီက
ပြန်တောင်းသောက်နေရသော တို့ဗိုလ်ချုပ်ပါ
တကား , ဆိုတာ
ဘူးလက်လှဆွေတယောက်သိစေချင်လွန်းလှ
သည် ။
ဘူးလက်ဦးလှဆွေကို ကျနော်ပြောလိုသည်မှာ
ဗိုလ်ချုပ်အောင်ဆန်းသည် ဘူးလက်ကြီးတို့ "အဘ" များနှင့် နှိုင်းယှဉ်မရအောင် နတ်ပြည်နှင့်
ငရဲပြည်လို ကွာခြားလွန်းလှပါတယ် ။
ဗိုလ်ချုပ် ချင်းပဲကွ ...ဆိုပြီး တန်းမညှိလိုက်ပါနှင့်
အုန်း, ဗိုလ်ချုပ်အောင်ဆန်းအား စစ်တပ်ရာထူး
အရ ပြည်သူလူထုက ဗိုလ်ချုပ် ဟု ခေါ်ခြင်းထက်
နှလုံးသားထဲကနေ ချစ်မြတ်နိုးကြည်ညို လွန်း
သဖြင့် ချစ်စနိုးဖြင့်ခေါ်ခြင်းဖြစ်ပေသည်။ဘူးလက်တို့အာဏာသိမ်းစစ်ဗိုလ်ချုပ်များကိုတော့
ဗိုလ်ချုပ် ..ဗိုလ်ချုပ်ဟု ခေါ်ရတိုင်းပြည်သူလူထု
စိတ်ထဲတွင် သံပုရာသီးဝါးလိုက်ရသလို( ချဉ် )
လွန်းလှတော့သည်။
ဤသို့သောပြည်သူလူထုရင်ထဲက အရှိတရားကို
တော့ ဘူးလက်လှဆွေတို့ သိဖို့ကောင်းသည်ဟု ကျနော်ဆိုချင်ပါသည်။ အမှန်ဆိုရသော်
ဘူးလက်တို့စစ်အာဏာရှင်များကို ပြည်သူလူထု
သည် အစိမ်းလိုက် ဝါးစားချင်နေကြသည်မှာ
အမှန်တရားပင် ........
ပြည်သူလူထုသည် အမေစု ကို ကြည်ညိုလွန်း
သဖြင့် ..ချစ်လွန်းသဖြင့်သာ အမေစုစကားကို
နားထောင်နေကြခြင်းသာဖြစ်သည်ကိုဘူးလက်
တို့ ယုံမှားသံသယ မရှိပါလေနှင့် ,

ဗိုလ်ချုပ်အောင်ဆန်းသည် ( အပေး )သမား
ဖြစ်ပြီး ဘူးလက်တို့အဘ ဗိုလ်ချုပ်များသည်
( အယူသမား ) သူခိုးကြီးများသာ ဖြစ်သည်ကို
ကမ္ဘာကလည်း သိသည် ..မြန်မာတပြည်လုံးက
လည်းအကြွင်းမဲ့သိပါသည်ဟု သာပြောချင်ပါ
တော့သည် ။ ဘူးလက်လှဆွေကို ကျနော်ပြော
လိုသည်မှာ နောက်နောင်တွင် ဤကဲ့သို့ လွတ်
လပ်ရေးဗိသုကာကြီး တပ်မတော်ကို တည်
ထောင်သူတပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်
ဆန်း၏ သမိုင်းမှန်ကို ဆိုက်ဝါး ဖီလော်တွေ
ထည့်ကာ ပုံမဖျက်ရန် ပြင်းထန်စွာသတိပေးရင်း
သိစေအပ်ပါသည်။

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ

Credit.. ko myo win

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။