လူတိုင်းဆဲတက်ပါတယ်
-------------------------- ------
လူတစ်ယောက်က
ရိုင်းပြတဲ့ ဆဲနည်းမျိုးစုံနဲ့ ဆဲနေတယ်…
အဆဲခံရသူက ပြန်မဆဲပဲ ပြုံးနေတယ်…
ဒါကို ၅ နှစ်သားကလေးက မြင်တယ်…
"ဦးဦး… ဟိုလူကြီးက ဦးဦးကို တအားဆဲနေတာ
ဘာလို့ပြန်မဆဲတာလဲ"…တဲ့။
"သူဆဲသလို ကျွန်တော်တောင် အကုန်ဆဲတတ်တယ်"
အဆဲခံရသူက
"အေးကွ ငါ့တူ… သူဆဲသလို ငါ့တူတို့လို ၅ နှစ်သား အရွယ်တောင် ဆဲတတ်လို့ ဦးဦးက ပြန်မဆဲတာပဲ"
ဒါနဲ့ ကလေးက
"အော် သိပီသိပီ ဖေဖေနဲ့မေမေက ပြောဖူးတယ် ဆဲရင်ငရဲကြီးတတ်တယ်တဲ့…"
"ဦးဦးက ငရဲကြီးမှာ ကြောက်လို့ ပြန်မဆဲတာမို့လား"
"ဒါပေါ့ ငါ့တူရ"
"ကျွန်တော်လည်း ဖေဖေနဲ့မေမေက မဆဲရဘူး ဆဲရင်ငရဲကြီးတတ်တယ်လို့ အမြဲဆုံးမတယ်ဗျ အာ့ကြောင့် ကျွန်တော်လည်း ဘယ်တော့မှ မဆဲဘူးဗျ…"
"ဟေ… ဟုတ်လား ဦးဦးလည်း ဦးဦးရဲ့ ဖေဖေနဲ့မေမေက သားတို့အရွယ်ကတည်းက အဲ့လို ဆုံးမခဲ့လို့လေ သားရဲ့"
"အင်းးးးး ဒါဆို စောစောက ဦးဦးကို ဆဲနေတဲ့ ဟိုလူကြီးရဲ့ အဖေနဲ့အမေက ဆဲရင်ငရဲကြီးတတ်တယ်လို့ သူ့ကို မဆုံးမခဲ့လို့လား မသိဘူးနော် ဦးဦး"
တိန်!!!!
ကလေးပြောတာနော်
ကလေးဆိုတော့ သူထင်ရာကို
ပြောချလိုက်တာဖြစ်မှာပါ :)
Credit to Thein Than Win ( ထိန်ကန် )
--------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။