တလိုင်းလားမား ရဲ့ သြဝါဒစကားတစ်ခု
--------------------
ခြင်ဆိုတာ သေးသေးလေး။ လက်တဖျစ်စာပဲရှိတယ်။ ဒီ လက်တဖျစ် စာ ကောင်လေးဟာ ညဘက်တွေမှာ လူ့သွေး မစုပ်ရမချင်း နံရံပေါ် နားလိုက် အိပ်နေ တဲ့လူ အနားမှာ တဝီဝီနဲ့ ဝဲလိုက်နဲ့ မရပ်မနား အား ထုတ်နေတဲ့အခါ ဒီ ဘာမဟုတ်တဲ့ ခြင်တစ်ကောင်ကြောင့် လူ တစ်ယောက် ဟာ အိပ်နေရာ က လန့်နိုးလာရတယ်။ စိတ်တိုရတယ်။ မရမက လိုက် သတ်ဖို့ အထိ အားထုတ် လာရတယ်။
ဒါ ခြင်က လူကို သိစေလိုလို့ ဆိုတဲ့ စိတ်နဲ့ လုပ်နေတာ မဟုတ်ဘူး နော်ဗျ။ ခြင်က သူ့အလုပ်သူ လုပ်နေတာကိုမှ အရာအားလုံး တိတ်ဆိတ် နေတဲ့အခါ အလုပ်တွေဟာ ကျယ်လောင် လာတာ။ အသံထွက်လာတာ။ ဟုတ်ဘူးလား။
လူတစ်ယောက်ဟာ အဖွဲ့အစည်း တစ်ခု သို့မဟုတ် ပတ်ဝန်းကျင် တစ်ခု ရဲ့ အသိအမှတ် ပြုခံလိုတဲ့အတွက် အလုပ်လုပ်တဲ့ အခါမှာ ကိုယ့် အလုပ်မပေါ်လွင်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်အလုပ် ပေါ်လွင် လာမယ့် တိတ်ဆိတ်နေတဲ့ အချိန်မှာ အားသွန်ခွန်စိုက် လုပ်ကြည့် စမ်းပါ။
ဒါ့ကြောင့် ကိုယ့်အသံဟာ အများဆီမရောက်လို့ စိတ်ဓာတ်ကျနေခဲ့ရင် တလိုင်းလားမား ရဲ့ စကားလေး တစ်ခွန်းကို အမြဲ သတိရပါ။
"သေးငယ်လို့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ကောင် လို့ သင့်ကိုယ်သင် ထင်ရင် ခြင်တစ်ကောင်နဲ့ တစ်ညလောက် တစ်ခန်း ထဲမှာ အိပ်ကြည့်ပါလေ။" တဲ့။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။