Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 26, 2016

အချစ်ဆိုတာ စက်ဘီးနင်းနေသလိုပါပဲ

အချစ်ဆိုတာ စက်ဘီးနင်းနေသလိုပါပဲ
---------------------------------------
လူနှစ်ဦးကြားမှာ တစ်ဦးကတိုးတက်မှုရှိလာပြီး
နောက်တစ်ဦးကမရှိခဲ့ဘူးဆိုရင် ဒါဟာ အချင်းချင်းကြား သံယောဇဉ်ယုတ်လျော့သွားတတ်တာမျိုး
ဒါ့အပြင် လမ်းခွဲပြတ်စဲတာမျိုးတွေ ရှိတတ်တယ်။
.
တစ်ခါက အမျိုးသမီးတစ်ဦးက ကျွန်မကိုယုံကြည်မှုရှိရှိနဲ့ ပြောဖူးတယ်။
.
“သူနဲ့ ကျွန်မချစ်ကြိုက်တာ နှစ်မနည်းတော့ဘူး။ ကျွန်မတိုးတက်မှုရှိလာတာနဲ့ သူ့ကိုစွန့်ခွာသွားတတ်သလား၊ ဟင့်အင်း… ကျွန်မ မလုပ်နိုင်ပါဘူး”
.
ဒါပေမယ့် နှစ်နှစ်အကြာမှာ သူ့ကို သူမစွန့်ခွာခဲ့ပါတယ်။ စွန့်ခွာချိန် နာကျင်ရတယ်ဆိုပေမယ့် တိုးတက်မှုမရှိတဲ့ဆက်ဆံရေးတစ်ခုမှာ အကြာကြီးနစ်ဝင်နေဖို့မသင့်ဘူးဆိုတာကို သူမနားလည်လိုက်တယ်။
.
သူက သူမကို ရက်စက်တယ်လို့ မကျေမနပ်ဆိုတယ်။ သူ့မှာလည်း တိုးတက်မှုရှိတယ်လို့ သူပြောတယ်။ ပြီးတော့ “ငါ့ရဲ့ထောက်ခံအားပေးမှုမရှိရင် မင်းဒီလိုတိုးတက်မှုရှိမလား”လို့ သူကပြောသေးတယ်။
.
“ငါ့ကိုယ်ငါလည်း တိုးတက်မှုမရှိဖို့ မျှော်လင့်ခဲ့တာပဲ။ နင်နဲ့ငါ စသိစတုန်းကလိုပဲဖြစ်ဖို့ ငါလည်း မျှော်လင့်ခဲ့တာပါပဲ။ ဒီလိုဆိုရင် ငါတို့အချစ်တွေ အခုလိုရင်နာစရာဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် နင့်ကိုလက်လွှတ်ဆုံးရှုံးမယ့်အန္တရာယ်ကိုရင်ဆိုင်ပြီး ငါ့ကိုယ်ငါတိုးတက်ဖို့တော့
ကြိုးစားရမှာပဲ။ ဒါဟာ ငါ့လူ့ဘဝလေ…” လို့ သူမကဆိုတယ်။
.
ဆက်ပြီး “တကယ်လို့ နင်သာ ငါ့ကိုနက်နက်နဲနဲချစ်ရင် နင်လည်း ငါလိုပဲ တိုးတက်မှုရှိလာမှာပဲ။ ဒါပေမယ့် နင် တိုး
.
တက်မှုမရှိခဲ့ဘူး။ နေရာမှာတင် နင်ရပ်ကျန်ရစ်နေခဲ့တယ်” လို့ သူမထပ်ပြောတယ်။
.
သူ မျက်ရည်ကျပြီး “မဟုတ်သေးဘူး… နင်သာ ငါ့ကိုတကယ်ချစ်ရင် ဒီလောက်အတိုင်းအတာထိ တိုးတက်မှုရှိလာပြီးမှ ငါ့ကိုထုတ်ပြောတာမျိုး နင်လုပ်မှာမဟုတ်ဘူး” လို့ ပြောတယ်။
.
သူမ ကြေကြေကွဲကွဲရယ်လိုက်မိတယ် …
“ကြည့်စမ်း… ငါတိုးတက်မှုရှိမရှိဆိုတာကို နင်သတိတောင် မထားခဲ့မိဘူး”။
.
ရူးရူးသွပ်သွပ်ချစ်နေချိန်မှာ ကျွန်မတို့ဟာ အဲဒီခံစားချက်ကို ထဲထဲဝင်ဝင်ခံစားကြတယ်။ တစ်ဖက်သားအတွက် ကိုယ့်ကိုယ်ကိုယ်တိုးတက်မှုရှိချင်ခဲ့တယ်။ ကိုယ်ဘာလုပ်လုပ် သူ ကိုယ့်ကိုယ်ကြည့်နေတယ်လို့ခံစားရတယ်။ ဒါကြောင့် သူ့အတွက် ငါပိုကြိုးစားမယ်ဆိုတဲ့စိတ်မျိုးရှိခဲ့ကြတယ်။ နောက်တော့ တိုးတက်မှုရှိဖို့ ကျွန်မတို့မေ့လျော့သွားတယ်၊ ဒါမှမဟုတ် လူ့ဘဝမှာ တခြားအရေးကြီးတဲ့အရာရှိသေးတယ်လို့ထင်ပြီး တိုးတက်ဖို့ မကြိုးစားခဲ့တော့ဘူး။ ကိုယ်အထားခံခဲ့ရမှ၊ ကိုယ်စွန့်ခွာခံခဲ့ရမှ နှိုးထသတိဝင်လာတော့တယ်။
.
အချစ်ဆိုတာ စက်ဘီးနင်းနေသလိုပါပဲ…
ရှေ့ကိုပဲသွားတာပါ၊ နောက်ပြန်နင်းလို့ မရနိုင်ပါဘူး။

------
မူရင်းရေးသားသူ-- ဟောင်ကောင်စာရေးဆရာမ Amy Cheung

နိုင်းနိုင်းစနေ (June. 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။