Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 26, 2016

အလောင်းမင်းတရားကြီးဦးအောင်ဇေယျ

အလောင်းမင်းတရားကြီးဦးအောင်ဇေယျ
✿✿✿✿✿✿✿✿✿✿✿✿✿✿

ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေ၀ီ စောညိမ်းဦးတို့မှ
သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက်
သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ်
မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။
.
.
ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။
၁၁၁၃-ခုနှစ် မွန်တို့လက်ချက် ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ
ဇာတိ မုဆိုးဘိုရွာမှ နေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍
၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။
.
.
ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း
ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော
ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင် ချေဖျက်သုတ်သင်
ပစ်နိုင်ခဲ့သည်။
.
.
ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း
"..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊
သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်ဝမှုသာ ပဓာနဖြစ်သည်.."
ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
.
.
ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို
"ရွှေဘို"ဟု သမုတ်ကာ ထီးနန်းစိုက် တော်မူသည်။ "
အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက
စကားခိုင်၊ သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။
ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍ အသစ်ရှာ အောင်ပါစေ သား
သောကြာသား…." ဟူသော တဘောင်ဆန်ဆန် သီချင်းကို
ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင်
အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။
.
.
ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရာယ်လည်း လုံခြံစိတ်ချရသဖြင့်
''..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊ ပြေးစို့
နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး.."
ဟူသောသီချင်းများ ပေါ်လာသည်။
.
.
အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက်
" ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်"ဟု အမိန့်ရှိ၍
"ရန်ကုန်"ဟု သမုတ်တော်မူသည်။ မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏
ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ
အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။
.
.
၁၁၂၁-ခု၊ ၀ါဆိုလဆုတ် (၁၀)ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့
ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည် ကျောက်မြောင်း
ဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ၀ါခေါင်လဆန်း(၁၁)
ရက်နေ့၌ နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။
.
.
မိုးကြိုးကျရာဌာနများကား……….
ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.
ပေါက်ပန်းဖြူပင်. ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြ၀တီပြအိုးတို့ဖြစ်သည်။
.
.
အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြား
တင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့် မင်းတရားကြီး
သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။

စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး
ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင် ၁၁၂၂-ခုနှစ်
ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌
ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။

(ပထမမြန်မာနိုင်ငံတော် ပျက်စီးနေချိန်သည် နှစ်ပေါင်း
၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော်
ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့လေသည်
.
.
.
#အလောင်းမင်းတရားကြီး၏_စိတ်ဓာတ်
~~~~~~~~~~~~~~~~~~~~~
ငါ၏ ရင်နှစ်သည်းချာ ချစ်လှစွာသော သားတော်ပင်ဖြစ်လင့်ကစား
တိုင်းသူပြည်သားအကျိုး နိုင်ငံတော်အကျိုး သာသနာအကျိုး
မဆောင်ရွက်လျှင် ငါ၏ အမျိုးနွယ်မဟုတ်၊၊
ငါ၏ ရင်နှစ်သည်းချာ သားသမီးလည်းမဟုတ်၊၊
မြန်မာနိုင်ငံ၌ပင် မွေးဖွားနေထိုင် ကြီးပြင်းလင့်ကစား
ပြည်သူပြည်သားတို့၏ အကျိုးနှင့် မြန်မာနိုင်ငံ၏ အကျိုးအား
မဆောင်ရွက်လျှင် မြန်မာနိုင်ငံသားမဟုတ်ပါ၊၊

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စကားနည်း၍ ပြောသောအခါ ပီပြင်လေးနက်ပြီးလျှင်မှတ်သားဖွယ်ဖြစ်သည်။

၂။ခန့်ငြားသောဣနြေ္ဒရှိ၍၊မျက်နှာထားမဆိုးသော်လည်း
ဟက်ဟက်ပက်ပက် ရယ်ရွှင်ခြင်းမရှိ။

၃။အလုပ်တစ်ခုကို မလုပ်မီစဉ်းစား၍၊ လုပ်သောအခါ မအောင်မြင်သော
အလုပ်မရှိခဲ့လေ။

၎။မောဟနည်း၍ အအိပ်အနေ နည်းပြီးလျှင် အိပ်တော့မည်ဆိုသည်နှင့်
တစ်ပြိုင်နက် အိပ်ပျော်၍ မှန်းထားသည်ထက် ပိုပြီးလျှင် အိပ်ပျော်လေ့မရှိတတ်။

၅။ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ညည်းညူခြင်းမရှိ၊ ဝေဒနာအကြီးအကျယ်ကပ်ရောက်လာသောအခါ ထွက်သက်ဝင်သက်ကို
သုံးသပ်လျက် ငြိမ်းချမ်းစေပြီးလျှင် ဘဝကူးတော်မူလေ၏။

၆။ အသုံးအစွဲ အလွန်ကျစ်လစ်၏။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးသည်
ပိုးထဘီနှင့် နိုင်ငံခြားအထည်ကို ဆင်၍ အဆောင်တော်တွင်
ရံရွေတော်များနှင့် နေသည်ကို တွေ့လေရာ၊ “သြော်…ရှင်မိဖုရားအတုကို ပြည်သူပြည်သားများ တုလေလှင် ငါ့တိုင်းပြည်သည် မကြာမီ မွဲတော့မှာပဲ”
ဟု မိန့်တော်မူဖူး၏။

၇။ အပျော်အပါးနည်း၍ အလုပ်နှင့် မွေ့လျော်ခြင်းကို အလွန်နှစ်သက်၏ ။
.
.
.
တစ်နေ့သ၌ မိဖုရားခေါင်းကြီးသည် အဆောင်တော်တွင် ငြိမ်းချမ်းသက်သာ
ပျော်ရွှင်စွာ အဆိုတော်များနှင့် ရယ်မော ပြောဆိုနေသည်ကို တွေ့လေရာ
“သြော်…ရှင်မင်းပုံလည်း မိဖုရားခေါင်ကြီးဖြစ်လို့၊ ဗိုင်းဝါတို့ကိုမေ့ပြီး
အဆိုအကနှင့် အညီးပြေရှာရပေပေါ့၊ ဗိုင်းဝါကိုမုန်းတဲ့ မိန်းမဟာ
လင်ကို မုန်းခြင်းအစစ်ပဲ ရှင်မင်းပုံရေ့၊ သည်အတုတွေကိုများ
မှူးမတ်ကတော်တို့နှင့် ဆင်းရဲသူတွေ တုကြယင် ငါ့တိုင်းပြည်ဟာ
နိုင်ငံခြားကို အလွန်ဆက်သရတော့မှာပေပဲ၊ အလုပ်မရှိတော့ လူတွေဟာ ပျင်းလာတတ်တယ်၊ ပျင်းလာတဲ့အခါ အကျိုးမရှိဘဲ အညောင်းကိုသာ
ဖြစ်စေတတ်တဲ့ ကြွေအံပုဆစ်တို့ကို လေ့လာကစားတတ်ခြင်း အပျော်အပါးလိုက်စားတတ်ခြင်းတို့ ပြုလာကြလို့ လူများဟာ
ပေါ့ပျက်လာတတ်ကြတယ်။

အဲသည်လို လူပေါ့လူပျက်များ များလာလျှင် တိုင်းပြည်နိမ့်ကျတတ်ပါတယ်
ဒါကြောင့် လူများဟာ အလုပ်နှင့် လက်မပြတ်ရှိသင့်ပါတယ်” ဟု
မိန့်တော်မူဖူးလေ၏။

၈။မျက်နှာတံစိုးလိုက်လေ့မရှိ။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးက
သူ့မောင်မှာ ဘာမျှ အရာအထူးမရှိပါဟု ပူဆာလေရာ အလောင်း
မင်းတရားကြီးလည်း ကောင်းပြီဆို၍ မယ်မင်းမောင်ကို ခေါ်ပါဆိုပြီးလျှင်
နန်းတော်အောက်၌ ခွေးမွေးနေသည်၊ ခွေးဘယ်နှစ်ကောင်မွေးသလဲ
ကြည့်ချေဆို၍ မိဖုရား၏မောင်လည် သွားရောက်ကြည့်ပြီးလျှင်

ခွေး ငါးကောင်မွေးကြောင်းကို လျှောက်ထား၍၊ အထီးဘယ်နှစ်ကောင်
အမဘယ်နှစ်ကောင်လဲ မေးပြန်ရာ တစ်ဖန်သွားရောက်ကြည့်ပြန်၍
အထီးနှစ်ကောင်၊ အမသုံးကောင်းပါဟု လျှောက်တင်ကာ၊
ကြံဘယ်နှစ်ကောင် စုံသလဲ မေးပြန်သဖြင့် ....
တစ်ဖန်သွားရောက် ကြည့်ဦးမည်ပြုသောအခါ နေပါစေတော့ဟု ဆိုလျက်၊

ရွှေတိုက်စိုးကို ခေါ်တော်မူပြီးလျှင် နန်းတော်အောက်မှာ ခွေးမွေးနေတယ်
သွားကြည့်ချေပါဟု ခိုင်းလိုက်ပြန်ရာ ရွှေတိုက်စိုးလည်း ပုရပိုက်နှင့်သွားရောက်မှတ်သားပြီးသော် အထီးမည်မှ၊ အမမည်မှ၊ မည်မျှကြံစုံသည်၊
မည်မျှကြံမစုံ၊ အမွေးမည်သို့ စသည်ဖြင့် တင်လျှောက်လေ၏။

ထိုအခါမှ ရှင်မရဲ့မောင်က ခွေးငါးကောင်ကို ၅ခါ သွားကြည့်နေမည့်သူ
ဖြစ်သောကြောင့် သူနှင့်တန်ရာ နန်းတော်ထက်တွင် အေးအေးချမ်းချမ်းပဲ စားသောက်နေထိုင်ပါစေတော့ဟု အမိန့်တော်ရှိလေ၏။

ထို့ပြင် အလောင်းမင်းတရားကြီး၏ နောက်ဆုံးမှာတမ်းတွင်….
“ စကားသာများနေ၍ ငါကဲ့သို့ အလုပ်မလုပ်လှင် ငါသားတော်များပင်
ဖြစ်သော်လည်း ငါ့အဆက်အနွယ်မဟုတ်။” “တန်ခိုးကြီးသော တိုင်းပြည် အမျိုးသားဖြစ်နိုင်ရန် နိုင်ငံခြားသို့ ဆက်သွယ်ကူးလူးလမ်းပေါက်၍
တိုင်းပြည်ထွက် ကုန်စည်တို့ကို တန်ဖိုးမြှင့်စေပြီးလျှင် အမျိုးသားများ
ကြွယ်ဝကုံလုံလျက် သူဌေးသကြွယ်တို့ ပေါများစေရမည်” ဟု
မိန့်တော်မူခဲ့လေသည်။

ဤသည်တို့ကို လေ့လာကြည်ခြင်းအားဖြင့် ထိုခေတ်ထိုအချိန်အခါက အလောင်းမင်းတရားကြီးသည် မင်းကောင်းမင်းမြတ်တပါး၊ တိုင်းပြည်ကို
အေးချမ်းသာယာ ကုံလုံကြွယ်ဝအောင် အမြဲကြံဆောင်နေသော
မင်းတပါးဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Source. ; တင်မောင်လှိုင်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ- (စစ်ကိုင်း ဦးဘိုးသင်း) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။