Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 27, 2016

ဂျွန်ပေါလ်ဒေဂျိုးရီးယား (သို့မဟုတ်) ပြဿနာကို အခွင့်အလမ်း အဖြစ် ပြောင်းလဲလိုက်သူ။



Bamaw Thein Pe added 2 new photos.

ဂျွန်ပေါလ်ဒေဂျိုးရီးယား (သို့မဟုတ်) ပြဿနာကို အခွင့်အလမ်း အဖြစ် ပြောင်းလဲလိုက်သူ။
ဂျွန်ဟာ ၁၉၇၁ ခုနှစ် (သူ့ အသက် ၂၇ နှစ်)မှာ ဆံပင်အလှပြင်ပစ္စည်းတွေရောင်းတဲ့ Redken ကုမ္ပဏီမှာ အရောင်းသမား အလုပ်ရတယ်။ အဲဒီအချိန်က Redken ကုမ္ပဏီဆိုတာ ဆံပင်အလှပြင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံက ကုမ္ပဏီတွေထဲမှာ အကြီးဆုံးပါ။ သူဟာ လစာဒေါ်လာ ၆၀၀ နဲ့ ကားအသုံးစရိတ် ၁၂၅ ဒေါ်လာပဲရတယ်။ တနှစ်ခွဲအကြာမှာ အရောင်းဋ္ဌါနကြီး ၂ ခုရဲ့မန်နေဂျာ ဖြစ်လာတယ်။ သူ့လက်အောက်မှာ အတွင်းရေးမှူးအမျိုးသမီး ၂ ယောက်နဲ့ ဝန်ထမ်း ၄ ယောက်ရှိတယ်။ ၁၉၇၅ ခုနှစ်မှာ သူအလုပ်ဖြုတ်ခံလိုက်ရတယ်။ အလုပ်ဖြုတ်ခံလိုက်ရတာက သူအလုပ်မှာမကြိုးစားလို့၊ သူ့ဋ္ဌါနတွေမှာ အမြတ်နဲလို့ မဟုတ်ပါဘူး။
သူဟာ ဝန်ထမ်းနဲနဲလေးနဲ့ ကုမ္ပဏီအတွက် ဝင်ငွေအများကြီး ရအောင် ရှာပေးနိုင်ခဲ့ပါတယ်။ အဲဒါကို တခြားမန်နေဂျာတွေက မနာလိုဖြစ်ပြီး အထက်ကို မဟုတ်မမှန် လုပ်ကြံတိုင်ပြောကြလို့ အထက်လူကြီးက အထင်မှားပြီး သူ့ကို ဖြုတ်လိုက်တာပါ။
ဂျွန်ဟာ မတရားအလုပ်ဖြုတ်ခံလိုက်ရလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပေမဲ့ စိတ်ဓါတ်ကျမသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကုမ္ပဏီမှာ ၄ နှစ်ကြာအောင် လုပ်ခဲ့တာကြောင့် သူ့အတွက် အကျိုးအများကြီး ရလိုက်တယ်လို့ ခံယူမိလို့ပါ။ အဲဒီအကျိုးတွေက - ၁) သူများအခိုင်းခံဝန်ထမ်းဘဝမှာ မနေချင်တော့ပဲ ကိုယ်ပိုင်ကုမ္ပဏီတခု ထူထောင်ချင်စိတ် ဖြစ်ပေါ်လာခဲ့တယ်။ ၂) Redkenက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေရဲ့ အားနဲချက်တွေကို သိနေလို့ အဲဒီပစ္စည်းတွေထက် ပိုကောင်းတဲ့ပစ္စည်းတွေ သူလုပ်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်စိတ် ဖြစ်ပေါ်လာခဲ့တယ်။ ၃) ပစ္စည်းထုတ်လုပ်တာ၊ ရောင်းချတာ၊ ဈေးကွက်ရှာတာစတဲ့ နယ်ပယ်စုံကိုလဲ နှံ့ နှံ့ စပ်စပ်နားလည်သဘောပေါက်သွားတယ်။ ၄) ဆံပင်အလှပြင်တာကို လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ လူတိုင်းစိတ်ဝင်စားကြတာမို့ ဆံပင်နဲ့ ပါတ်သက်တဲ့ ဈေးကွက်ဟာ အကြီးကြီးပဲဆိုတာကို သိလိုက်တယ်။ ဆံပင်အလှပြင်နဲ့ ပတ်သက်တာတဲ့လုပ်ငန်း လုပ်ရင် ကြီးပွားချမ်းသာနိုင်တယ်ဆိုတာကို သိလိုက်တယ်။ ဒါကြောင့် သူဟာ ဆံပင်အလှပြင်လုပ်ငန်းလုပ်ဖို့ အခွင့်အလမ်းကို ရှာကြံပါတော့တယ်။ မိတ်ဆွေတစ်ယောက်နဲ့ စပ်ပြီး PMS ကုမ္ပဏီကို ထူထောင်လိုက်တယ်။
နောက်တော့ ဂျွန်ဟာ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ PMS ကုမ္ပဏီပိုင်ရှင်ဖြစ်နေပါပြီ။ သူနဲ့အကျိုးတူစီးပွားဖက် မစ်ချဲဟာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့လို့ PMS ကုမ္ပဏီဟာ ဂျွန်တဦးတည်းပိုင် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့PMS အလှပြင်ပစ္စည်းအမျိုးပေါင်း ၉၀ ကျော်ကို အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်း ၇၀ ကျော်က ဆံပင်အလှပြင်ဆိုင်ပေါင်း တစ်သိန်းကျော်ဟာ နှစ်စဉ်တစ်ဘီလီယံဖိုး ဝယ်ယူနေကြပါတယ်။
အခု သူ့ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ ဖြစ်နေပါတယ်။
တကယ်လို့ သူ့လို မတရား အလုပ် ဖြုတ်ခံလိုက်ရပြီဆိုရင် ဘာဖြစ်သွားမလဲ။ လူ ၁၀၀ မှာ ၉၉ ယောက်ဟာ မကျေမနပ် ဒေါသထွက်နေကြမယ်။ ဒါမှမဟုတ် မစားနိုင် မသောက်နိုင် အိပ်ယာထဲမှာ တပိန်ပိန် တလိမ်လိမ်နဲ့ ပူဆွေးနေလိမ့်မယ်။ ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းတွေကို ငိုကြွေးရင်ဖွင့်နေကြမယ်။ ဒါမှမဟုတ် ကံဆိုးလိုက်တာဆိုပြီး ကံကို ယိုးမယ်ဖွဲ့ ကျိန်ဆဲနေလိမ့်မယ်။
ဂျွန်ကတော့ အဲဒါတွေ တစ်ခုမှ မလုပ်ဘူး။ အလုပ်ဖြုတ်ခံလိုက်ရတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်လို့ ရပြီဆိုပြီး ဝမ်းသာသွားတယ်။ အဲဒီလူဟာ အခက်အခဲ ဒုက္ခ (problem) ကို အခွင့်အလမ်း (opportunity) အဖြစ် ပြောင်းလဲလိုက်တယ်။
သူ့ရဲ့ မှတ်မှတ်သားသားစကားများ
- အောင်မြင်သူနဲ့ မအောင်မြင်သူတွေမှာ ကွာခြားတာတခု ရှိပါတယ်။ အဲဒါက အောင်မြင်သူတွေဟာ မအောင်မြင်သူတွေ မလုပ်ချင်တဲ့အလုပ်တွေကို လုပ်ကြတယ်။
- သေချာပေါက် အောင်မြင်ချင်သလား။ သူများတွေ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ပါ။
- ရင်းနှီးစရာငွေ မရှိသူဟာ တခြားအရာတွေမှာ ပိုရင်းနှီးရတယ်။ အဲဒါက သူများတွေထက် အများကြီး ပိုတွေးရတယ်။ အများကြီး ပိုတီထွင်ရတယ်။ နည်းလမ်းသစ်တွေ အများကြီး ပိုရှာရတယ်။
- အောင်မြင်မှုကို အစပျိုးပေးလိုက်တာက ရှုံးနိမ့်မှုပါ။
- ရောင်းတာကို ငြင်းပယ်ခံရဖို့ ပြင်ဆင်ထားပါ။ တကြိမ်ငြင်းပယ်ခံရတိုင်း လိုချင်တဲ့ပန်းတိုင်ကို ခြေတလှမ်း ပိုနီးကပ်သွားပြီလို့ မှတ်လိုက်ပါ။
- ရောင်းတာကို ငြင်းပယ်ခံရလို့ လဲသေမသွားပါဘူး။
- လုပ်ချင်တာကို လုပ်ရင်းပျော်နေရမှ ဘဝဟာ တန်ဖိုးရှိပါတယ်။
- ထုတ်လုပ်တဲ့ပစ္စည်းဟာ အကောင်းဆုံးအရည်အသွေးရှိမှ လူတွေဟာ ထပ်ခါတလဲလဲပြန်ဝယ်ကြမယ်။
- အောင်မြင်မှုဆိုတာ ငွေကြေး အများကြီးရှိတာ၊ အာဏာပါဝါ ရှိတာ၊ ပစ္စည်းတွေ အများကြီးပိုင်ဆိုင်တာတွေ မဟုတ်ပါ။ လူသိသိ၊ မသိသိကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေခြင်းကမှ အောင်မြင်မှုပါ။
ကျနော့်ရဲ့ ဒုတိယစာအုပ် "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" စာအုပ်ထဲက ကောက်နူတ်ချက်လေးပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။