ဆီနဲ့ရေ ရှင်းတမ်း
-------------------
ကာချုပ်ထိုင်းကိုသွားတယ် အေးဆေးပဲပြန်လာတယ်။ ဘာမှမသံမကြားရဘူး။ မြန်မာပြည်သူပြည်သားတွေ ဘာမှလည်းလုပ်မပေးခဲ့ဘူး။ ဘယ်သူ့အသံမှလည်း နားမထောင်ခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းကိုသွားတယ်။ ပွက်လောရိုက်သွားတယ်။ အကျင့်ပျက်ခြစားနေတာတွေ မြန်မာပြည်သူပြည်သားတွေ မတရားခံနေရတာတွေ အများကြီးအသံထွက်လာတယ်။ အားလုံးကိုအောက်ခြေက အသံတွေအထိ တိတိကျကျနားထောင်တယ်။ သံရုံးတွေ အကျင့်ပျက်ခြစားမှု၊ လျစ်လျူရှု့မှုတွေ ဘူးပေါ်သလိုပေါ်လာတယ်။ စီမံခန့်ခွဲမှုတွေ ချက်ချင်းပြန်ညွှန်ကြားတယ်။
ထိုင်းအစိုးရ ဒေါ်စုကို ဒီလောက်မဟုတ်ပါဘူးလို့ လျှော့တွက်ခဲ့တယ်။ ပြည်သူလူထု ထောက်ခံမှု ဘယ်လောက်ရှိသလဲ ထိုင်းအစိုးရမြင်ပြီး မျက်လုံးပြူးသွားတယ်။ ထိုင်းက နိုင်ငံ Icon ယင်လတ်တို့တွေပါ မျက်လုံးပြူးကုန်တယ်။ နောက်ဆုံး ထိုင်းဘုရင်ရဲ့ အရှိန်အ၀ါတောင် ဒေါ်စုလောက်မရှိဘူးဆိုတာ ၀န်ခံလိုက်ရတယ်။ ဒေါ်စုအပေါ်လျှော့တွက်မိသမျှ ပျာပျာသလဲဖြစ်ကုန်ကြတယ်။ ထိုင်းရဲအရေးအာဏာပိုင်တွေ အကျင့်ပျက်မှု စီမံခန့်ခွဲမှုညံ့ဖျင်းတာ ကမ္ဘာကသိကုန်လို့ ချက်ချင်းရာထူးက ရပ်နားခံရတယ်။
♬ ငါတို့ရဲ့ခေါင်းဆောင် ... ♪
♬ လူထုရဲ့ခေါင်းဆောင် ...♪
♬ တစ်ယောက်ထဲ ..ရှိတယ်ဟေ့..♪
သံမဏိ(မင်းဇင်)
Min Zin ဆီမှ
ကူးယူဖော်ပြသည်။
—-------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။