Katy Perry
▬▬▬▬▬
Katy Perry ဆိုတဲ့ နာမည်ကို လူတော်တော်များများသိကြပေမယ့် လက်ရှိ Katy Perry ဆိုတာဖြစ်လာဖို့ သူဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကတော့သိတဲ့လူနည်းမယ်လို့ထင်ပါတယ်။ Katy Perry ဟာ ၁၉၉၉ ခုနှစ်မှာ အထက်တန်းကျောင်းကထွက်ခဲ့ပြီး သူမရဲ့အဆိုတော်ဘ၀ကိုစတင်ခဲ့ပါတယ်။
သီချင်းစဆိုခါစမှာတော့ သူမဟာ ဓမ္မသီချင်းတွေဆိုတဲ့ အဆိုတော်တစ်ယောက်သာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ သူမရဲ့ဓမ္မသီချင်းတွေချည်းပဲပါဝင်ခဲ့တဲ့ပထမဆုံးအယ်ဘမ်ကို Red Hill Records ကုမ္မဏီနဲ့စတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘယ်လောက်ထိမအောင်မြင်ခဲ့တာလည်းဆိုတော့အခွေ ၂၀၀ လောက်သာရောင်းချပြီးချိန်မှာကတည်းက အခွေအရောင်းတွေကိုလည်းရပ်ဆိုင်းပစ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ Island Def Jam နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး
ဘာမှတော့ဖြစ်မလာခဲ့ပါဘူး။ ၂၀၀၄ ခုနှစ်မှာတော့ သူအခွင့်အရေးတစ်ခုရရှိခဲ့ပြန်တယ်။
Columbia Records က သူတို့အသစ်ဖွဲ့စည်းမယ့် Matrix လို့အမည်ရတဲ့ band မှာ
အဓိကအဆိုတော်အနေနဲ့ ပါဝင်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ကံဆိုးစွာနဲ့ပဲ Matrix Band ဖွဲ့စည်းခြင်းကို ၈၀%လောက်ပြီးစီးနေချိန်မှာ Columbia Records က ဆက်မလုပ်တော့ပဲ ချောင်ထိုးထားလိုက်ပါတယ်။
သူမရဲ့ ၁၉၉၉ ခုနှစ်က စတင်ခဲ့တဲ့ အဆိုတော်ဘ၀မှာ ဘာမှရေရေအောင်မြင်မှုမရခဲ့ပဲ ကြိုးစားခဲ့သမျှကလည်း ကျရှုံးမှုတွေနဲ့သာ အကြိမ်ကြိမ်အဆုံးသတ်ခဲ့ရပါတယ်။
အများစုကတော့ သူမလက်လျှော့လိုက်မယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်
သူ့အဆိုတော်ဘ၀ကို ယုံကြည်ချက်အပြည့်နဲ့ ကြုံရာအလုပ်လုပ်ကိုင်ရင်း
ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အရောက်မှာတော့ သူမကို Capitol Music Group က စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ထုတ်ဝေခဲ့တဲ့I kiss a girl သီချင်းက ပေါက်သွားခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
_________
လင်းထက်မော် (Focus Youth)
▬▬▬▬▬
Katy Perry ဆိုတဲ့ နာမည်ကို လူတော်တော်များများသိကြပေမယ
သီချင်းစဆိုခါစမှာတော့ သူမဟာ ဓမ္မသီချင်းတွေဆိုတဲ့ အဆိုတော်တစ်ယောက်သာဖြစ်ပါတယ
သူမရဲ့ ၁၉၉၉ ခုနှစ်က စတင်ခဲ့တဲ့ အဆိုတော်ဘ၀မှာ ဘာမှရေရေအောင်မြင်မှုမရခဲ့ပဲ
_________
လင်းထက်မော် (Focus Youth)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။