Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 20, 2016

ငိုသံတွေရှိတဲ့အရပ်မှာ ညကမှောင်လွန်းတယ်

Ref: The Mirror Daily

ငိုသံတွေရှိတဲ့အရပ်မှာ ညကမှောင်လွန်းတယ်
========

ဇေယျတု(မကွေး)

ပြည်သူ့သဘောထားစင်မြင့်
-----------------------------

တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေး နိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။

(စာတည်းအဖွဲ့)

''ဥပဒေသာမရှိဘူးဆိုရင် သူ့ကိုသတ်ပစ်လိုက်ချင်တယ် ...''။ မျက်ရည်တွေစီးကျရင်း တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းဖျားက ထွက်လာတဲ့အသံဟာ ကွဲအက်နေတဲ့ နှလုံး အိမ်ထဲကမှန်း သိသာနေပါတယ်။ ထိတ်လန့်မှု၊ ရှက်ရွံ့မှုတို့ ရောပြွမ်းနေတဲ့ သမီးငယ်လေးရဲ့မျက်နှာကိုကြည့်ရင်း တောက်ခေါက်သံပြင်းပြင်းတစ်ချက်ထွက်လာပြီး ကို... က သတင်းထောက်တွေကို အားနာသလိုမော့ကြည့်ပါတယ်။

ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး ခြေမွှခံလိုက်ရတဲ့မိသားစု တစ်စုဟာ အသက်မပြည့်သေးတဲ့ သမီးငယ်လေးရဲ့အဖြစ် ဆိုးအတွက် သတင်းသမားတွေရဲ့ ကင်မရာတွေရှေ့မှာ စို့နင့်နေတဲ့မျက်ဝန်းကိုယ်စီနဲ့ အကူအညီတောင်းခံဖို့ ရောက်ရှိနေခဲ့တာပါ။

''သမီးက (၁၃)နှစ်ပဲရှိသေးတယ်။ တောထဲဆိတ် ကျောင်းသွားနေကျ။ မွေးဖက်ပေးကျောင်းခိုင်းတဲ့ ဆိတ် ပိုင်ရှင်က စော်ကားတာ။ ကလေးကမပြောဘူး။ ပတ်ဝန်း ကျင်ပြောမှပဲ သိရတယ်'' ဟု ဆက်ရှင်းပြဖို့ ကို...ဟာ တော်တော်လေး စိတ်ထိန်းနေရပါတယ်။ မင်းဘူး (စကု)မြို့နယ် ရွာလေးတစ်ရွာက ခုနှစ်တန်း ကျောင်းသူလေးရဲ့ ရှေ့ရေးဟာ လူမှုနယ်ပယ်မှာတော့ အရိပ်ဆိုးကြီးတစ်ခု ဖြစ်လို့ သွားခဲ့ရပါပြီ။

ရိုးသားပြီး 'အ'တဲ့ဘက်ကိုရောက်နေတဲ့ သူတို့မိသားစု ဟာ မခံမရပ်နိုင်တဲ့ ဒေသခံတွေအကူအညီနဲ့ ရဲစခန်းကို တိုင်ကြားခဲ့ပြီး အသက်(၃၈)နှစ်အရွယ်ကျူးလွန်သူဟာ ရှောင်တိမ်းသွားခဲ့ပါတယ်။ ကျူးလွန်သူရဲ့ဇနီးက မွေးဖက် ပေးထားတဲ့ ဆိတ်တွေကို ပြန်သိမ်းသွားခဲ့ပြီး ကျန်နေခဲ့တဲ့ ဆိတ်တွေကို ကို ...တို့မိသားစုက ခိုးထားပါတယ်လို့ ရဲစခန်းမှာ အမှုပြန်ဖွင့်ခဲ့ပါတယ်။ သမီးငယ်လေးအတွက် သောကမီးတွေဝိုင်းနေဆဲမှာပဲ သူတို့ဟာ ခိုးမှုနဲ့ ထောင်ထဲ ဝင်ရကိန်း ဆိုက်နေခဲ့ပါပြီ။

ဒီမှုခင်းမတိုင်ခင် စလင်းမြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ အသက်(၆ဝ)ကျော် သက်ကျားအိုက ဖျက်ဆီး လိုက်လို့ အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ယောက် ဘဝ ညစ်နွမ်းခဲ့ရပါသေးတယ်။

''အနိုင်ကျင့်ပြီး ကလေးကို ပြန်ပြောရင် သတ်ပစ်မယ် လို့ ခြိမ်းခြောက်ထားတာ။ သမီးနဲ့ရွယ်တူကလေးတစ်ယောက် ကိုလည်း စော်ကားပြီး ခြိမ်းခြောက်ထားသေးတယ်လို့ သမီးကပြောတယ်။ သိပ်မကြာခင်မှာပဲ အဲဒီကလေးမလေး ဆုံးသွားတယ်'' လို့ နစ်နာသူတွေက ဆိုပါတယ်။ သူတို့ဟာ စိတ်နှလုံးကြေကွဲပြီး သေသွားတဲ့ ကလေးမလေးလို သူတို့ သမီးကိုဖြစ်မှာ စိုးရိမ်နေဟန်ရှိပါတယ်။

စလင်းနယ်ထဲက သက်ကျားအိုကြီးကို တရားဥပဒေ အရ ထောင်ဒဏ် လေးနှစ်စီရင်နိုင်ခဲ့ပေမယ့် မင်းဘူး(စကု) နယ်ထဲက ကို ...တို့ရွာလေးမှာ တောက်ခေါက်သံတွေက ကြားနေရဦးမှာပါပဲ။ တရားခံကလည်းလွတ်နေဆဲ။ အရှက် တရားကိုအခြေခံတဲ့ နာကြည်းစိတ်နောက်မှာ အခြားမှုခင်းတွေ ထပ်ဖြစ်လာမယ်၊ မလာဘူးဆိုတာကတော့ နတ်ဒေဝါ တွေမှ သိနိုင်မယ့် ကိစ္စပါပဲ။

''ကလေးကို အခြားလူကြီးတစ်ဦးနဲ့ မျက်ကွယ်မှာ အချိန်အကြာကြီး အတူရှိနေစေတာ၊ အန္တရာယ်ရှိတဲ့၊ ဒုက္ခ ပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်စေတာတွေဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ ပါတယ်''လို့ SCVG ဒါရိုက်တာ ကိုအောင်လင်းကြည်က ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သမီးရှင်မိဘတွေအဖို့တော့ ရတက်မအေးစရာ သတင်းတွေက လူမှုကွန်ရက် တွေမှာ၊ တရားဝင်သတင်းစာမျက်နှာတွေမှာ မမြင်ချင်မှ အဆုံးလို့ ပြောရမလိုပါပဲ။ မိန်းကလေးဆိုရင် လေး၊ ငါးနှစ် အရွယ်ကစ စိတ်မချရတာတွေအပြင် ဆယ်ကျော်သက်လေး တွေဟာလည်း အယုံလွယ်ခင်မင်ရင်း ဆေးခတ်ပြီး ကာမ ရယူ ခံရတာတွေ၊ ဆင်းရဲနွမ်းပါးမှုကို အခွင့်ကောင်းယူ၊ အလုပ်အကိုင်ရမယ်အကြောင်းပြပြီး ပြည့်တန်ဆာလောက ထဲ ဇွတ်ဆွဲသွင်းတာတွေ မြန်မာပြည်မှာ ရှိနေပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ အောက်ခြေမှာ လျော်ကြေးနဲ့ဖြေရှင်းမှုတွေရှိနေသလို တရားစီရင်တဲ့အမှု တွေမှာလည်း ပြစ်ဒဏ်တွေနည်းပါးလွန်းနေတဲ့အတွက် ဝေဖန်မှုတွေက နေရာအနှံ့ထွက်ပေါ်နေခဲ့ပါတယ်။ သေဒဏ် ချမှတ်ပေးပါလို့ တောင်းဆိုမှုတွေကလည်း မနည်းလှပါဘူး။

''ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ်(၂ဝ)နှစ်ထိဖြစ်စေ၊ ၁ဝနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ အသက်(၁၆)နှစ်အောက် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို မုဒိမ်းမှု ကျူးလွန်တာနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သူကို ပြစ်ဒဏ် သီးခြားသတ်မှတ်ထားခြင်းမရှိဘူး ။ နောက်နောင် မကျူး လွန်ဝံ့အောင်၊ ကြံရွယ်နေတဲ့သူတွေလည်း မကျူးလွန်ဝံ့တဲ့ အထိ ပြင်းထန်တဲ့ သီးခြားဥပဒေတစ်ခုပြဋ္ဌာန်းသင့်ပါ တယ်''လို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

တရားရုံးတွေဆိုတာ ဥပဒေပြဋ္ဌာန်းချက်ဘောင်ကို ကျော်လွန်ပြီး အပြစ်ပေးလို့မရတဲ့အတွက် သက်ငယ်မုဒိမ်းမှု ဆိုတဲ့နေရာမှာလည်း ပုဒ်မ(၃၇၆)ပါ ပြစ်ဒဏ်ထက်ပိုတဲ့ ပြစ်ဒဏ်ပေးဖို့ဆိုရင် ဥပဒေပြဋ္ဌာန်းချက်ကို ဥပဒေပြုရေး အဖွဲ့အစည်းများက ပြင်ဆင်ပေးမှရမယ်လို့ မင်းဘူးမြို့နယ် တရားသူကြီး ဦးဇော်မင်းက ပစ္စက္ခအခြေအနေကို ရှင်းပြပါတယ်။

''မိခင်တစ်ယောက်အနေနဲ့ ကလေးတွေ ကျောင်း အပို့၊ အကြို အချိန်တိကျအောင် ဂရုစိုက်တယ်။ အိမ်နီးနားချင်း သက်ကြီးယောက်ျားတွေနဲ့ လက်ပွန်းတတီးနေတာကို လည်း ကန့်သတ်ပြီး အမြဲတမ်းသတိရှိနေရတယ်။ ခေတ်ကို က မယုံရတော့ဘူးလေ'' ဆိုပြီး မကွေးဒေသခံ ကျောင်းသူ မိခင် မဖူးပွင့်က မိခင်တစ်ယောက်ရဲ့သောကကို ရင်ဖွင့်ရှာ ပါတယ်။ အလင်းအားကောင်းတဲ့အချိန် ယာထဲ၊ တောထဲ ဆိတ်ကျောင်း၊ နွားကျောင်းသွားတဲ့ကလေးတွေ၊ အမှောင် ကြီးစိုးချိန် ကျေးရွာကပြတဲ့ ဗီဒီယိုရုံ၊ အိမ်နီးချင်းအိမ် တီဗွီ ရှေ့မှာရောက်နေတဲ့ ကလေးတွေအတွက်တော့ ကျေးလက် ဓလေ့ဆိုတာ အန္တရာယ်ရှိတဲ့အပြုအမူတစ်ခုတောင်ဖြစ် နေပြီလား တွေးစရာပါ။

ကို ...တို့ရွာကလေးမှာတော့ ပူပူနွေးနွေး ဖြစ်နေသေးတဲ့ သောကမီးတွေကြောင့် လူမှုရေးစည်းရိုးတွေမှာ ဆူးခက်တွေ အုံဖွဲ့နေတုန်းပါပဲ။

''ကလေးက ကျောင်းဆက်မတက်ချင်တော့ဘူး။ စကားပြောလည်း နည်းလာတယ်။ သူ့ဘာသာ တစ်နေရာ မှာ ငြိမ်ပြီးနေတတ်တယ်''လို့ သမီးလေး အခြေအနေကို ဆွေမျိုးသားချင်းတစ်ယောက်က ပြောပြပါတယ်။ ကလေး ရဲ့ နှလုံးသားနုနုမှာ ပြင်းထန်တဲ့ ရိုက်ချက်တွေ ထိရှပြီးတဲ့နောက် စိတ်အခြေအနေတွေကလည်း ကလေးဘဝကို အေးအေးလူလူ ဖြတ်သန်းဖို့ ခက်ခဲနေဦးမှာပါ။

''ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှု တွေဟာ သက်ငယ်တွေအပေါ်မှာသာ ကျူးလွန်လိုတဲ့စိတ် အခြေခံရှိသူတွေက ကျူးလွန်ခြင်းမျိုးမဟုတ်ဘဲ ကလေး သူငယ်တွေရဲ့ အားနည်းချက်တွေအပေါ်မှာ အခွင့်ကောင်း ယူလိုတဲ့ မကောင်းတဲ့စိတ်အခြေခံရှိသူတွေ ဖြစ်ပါတယ်'' လို့ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးအရာရှိ ဦးသစ္စာက ပြောပါတယ်။

''ကျူးလွန်ခံရတဲ့ကလေးနဲ့ သူ့မိသားစုဟာ လူမှု ဝန်ထမ်းက ဆောင်ရွက်နေတဲ့ Psycho Social Support စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုလိုအပ်ပြီး ပညာသင်ကြားဆဲ ကလေးအတွက် ဆက်လက်ပညာသင်ကြားရေးလုပ်ဆောင် ဖို့ လိုပါတယ်။ ကလေးသူငယ်တွေရဲ့ နစ်နာမှုတွေအတွက် UNICEF၊ UNFPA၊ Save the Children International၊ World Vision Myanmar၊ Marry Stop International၊ Good Neighbors Myanmar၊ SCVG၊ ရတနာ့မေတ္တာ၊ ကြက်ခြေနီအသင်းစတဲ့အဖွဲ့အစည်းတွေက လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ပူးတွဲလုပ်ဆောင်မှုတွေရှိနေတယ်'' လို့ ဦးသစ္စာ က ဆိုပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နေတဲ့ Legal Aid Project ဆိုတဲ့ အဖွဲ့ကလည်း ရှေ့နေခ၊ ခရီးစရိတ်၊ စားစရိတ်၊ စာရွက် စာတမ်းခ ပေးစရာမလိုဘဲ ဥပဒေကြောင်းအရ အခမဲ့အကူ အညီတွေ ပေးနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးထဲမှာ ၂ဝ၁၄ခုနှစ်က မုဒိမ်းမှု ၅၅ မှု ၊ ၂ဝ၁၅ ခုနှစ်မှာ ၅၆ မှု ၊ ၂ဝ၁၆ စက်တင်ဘာလ ထိ ၅၂ မှု တိုင်ကြားမှုရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားပါတယ်။

ထမင်းစားရေသောက်လောက်နီးပါးဖြစ်နေတဲ့လူငယ် တွေကြားထဲက ဖိုမဆက်ဆံရေးအရှုပ်အထွေးတွေနဲ့အတူ ဗြောင်ကျကျ သွားလာဈေးကွက်ရှာနေတဲ့ ပြည့်တန်ဆာ လောကသားတွေကလည်း မြို့ကြီးတွေမှာ နေရာတစ်ခု တော့ ရရှိနေတာကို တွေ့ရပါတယ်။ KTV မာဆတ်လို နေရာမျိုးတွေကလည်း တင်းနေတဲ့အာရုံကြောအချို့ကို ပြေလျော့စေတာကြောင့် ညစ်ညမ်းဝက်ဘ်ဆိုက်တွေရဲ့ ဘေးထွက်ဆိုးကျိုးဟာ မြို့ပြမှာတော့ စိုးရိမ်ရေမှတ် အောက်လို့ ယေဘုယျ ဆိုနိုင်ပါသေးတယ်။

''မြို့တွေမှာကတော့ လိင်စိတ်ကိုပြေလျော့စေမယ့် အခွင့်အလမ်းတွေရှိပါတယ်။ ဒါပေမယ့်လည်း ကလေးတွေ ရဲ့အနီးဆုံးမှာ အန္တရာယ်တွေရှိနေနိုင်ပါသေးတယ်။ကျေး လက်တွေမှာကတော့ ကျူးလွန်ချင်သူတွေအတွက် အခွင့် အရေးပိုရနိုင်တဲ့ ပတ်ဝန်းကျင်တွေရှိနေတယ်''လို့ သတင်း ထောက် ကိုပိုင်ဇေက ပြောပါတယ်။

နယ်မြေခံသတင်းထောက်တစ်ဦးဖြစ်သူ ကိုပိုင်ဇေ ကတော့ သူလိုက်ခဲ့ဖူးသမျှ အတွေ့အကြုံတွေအရ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိဘတွေဟာ အလွန်ဆင်းရဲကြပြီးတော့ အထောက်အပံ့ပေးနေတဲ့၊ အိမ်မှာအဝင်၊ အထွက် များတဲ့သူရဲ့ တစ်စတစ်စ ကျုံးသွင်းကျူးလွန်ခြင်းကို ခံခဲ့ရ တာလို့ ဆိုပါတယ်။ ကျူးလွန်ပြီးသွားလို့ ပေါ်ပေါက်လာခဲ့ ရင်လည်း အရှက်တရားနဲ့ သိမ်ငယ်မှုတွေနဲ့အတူ ငွေကြေး အင်အားနဲ့ ဖိအားပေးခံရတာတွေရှိနေတတ်တယ်လို့ ပြောပါတယ်။

''အရွယ်မရောက်သေးတဲ့ကလေးတွေကို မိဘတွေက ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဒီလိုစောင့်ရှောက်တတ်အောင်လည်း ပညာပေးဖို့ လိုပါတယ်။ ရုပ်မြင်သံကြားနဲ့ ရေဒီယို တွေကနေ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်တဲ့ ဆောင်ဖို့၊ ရှောင်ဖို့ ပညာပေးဇာတ်လမ်းတွေ၊ အစီအစဉ်တွေကိုပါ လုပ်ဆောင်ပေးရပါလိမ့်မယ်။ ဒါ့အပြင် သက်ငယ်မုဒိမ်းမှု တွေ ပပျောက်လျော့နည်းသွားအောင် လုပ်တဲ့နေရာမှာ အကြောက်တရား စိုးမိုးအောင်လုပ်တဲ့နည်းနဲ့ သေဒဏ် ပေးသင့်တယ်ဆိုတာကိုလည်း လက်ခံပါတယ်'' လို့ မကွေး ဒေသခံစာရေးဆရာ နန္ဒကျော်ခေါင်က သုံးသပ်ပါတယ်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်မှာ ကလေးသူငယ် မုဒိမ်းမှုကျူးလွန်သူတွေ သေဒဏ်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့ပေမယ့် အဆိုရှုံးနိမ့်သွား ခဲ့ရပါတယ်။ မင်းဘူး(စကု)မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ စော်ကားခံလိုက်ရတဲ့ သမီးငယ်အတွက် နှလုံးကြေကွဲနေရ တဲ့ ကို...ကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ မြင်ဖူးကြမယ် မထင်ပါဘူး ။ ကို ...လိုသူတွေ အများကြီး ရှိလိမ့်မယ်လို့လည်း သူတို့တွေးမိဟန် မတူပါဘူး။

ကိုယ်ချင်းစာစိတ်နဲ့တွေးကြည့်ရင် မြန်မာ့လူမှုအဖွဲ့ အစည်းကြီးတစ်ခုလုံးဟာ တရားဥပဒေစိုးမိုးဖို့၊ လုံခြုံတဲ့ ဘဝနဲ့ စိတ်အခြေအနေတွေပိုင်ဆိုင်ဖို့ စိတ်အားထက်သန် နေကြမှာပါပဲ။

ဥပဒေဘက်တော်သားတစ်ဦးရဲ့ အဆိုအရ Legislature body ဆိုတဲ့ ဥပဒေပြုအဖွဲ့အစည်းကြီးဟာ The law will be change with the changing society လူ့အဖွဲ့အစည်းပြောင်းလဲမှုနဲ့အတူ ဥပဒေတွေကိုလည်း ပြောင်းလဲဖွဲ့စည်းပေးရလိမ့်မယ်ဆိုတဲ့ တာဝန်နဲ့ဝတ္တရားတွေ ရှိနေပါတယ်။ လူ့အဖွဲ့အစည်းကြီးဟာ မုဒိမ်းသမားတွေကို လက်ခံနေပါသလား။ အထူးသဖြင့် သက်ငယ်မုဒိမ်းသမား တွေအပေါ် ဘယ်လိုသဘောထားရှိနေပါသလဲ။

ပျော်ပျော်ရွှင်ရွှင် ပြေးလွှားဆော့ကစားနေရမယ့် အချိန်မှာထိတ်လန့်နာကြည်းစရာ အဖြစ်ဆိုးတစ်ခုကို မလို ချင်ဘဲရလိုက်တဲ့ ကလေးငယ်တို့ရဲ့ဘဝတွေ၊ အဖြစ်ဆိုး လိုက်တာ သမီးလေးရယ်လို့ မချိတင်ကဲကြေကွဲနေရတဲ့ မိဘတွေ၊ ပေးဆပ်လိုက်ရတဲ့အရှက်တရားနဲ့ လူ့ဂုဏ်သိက္ခာ တွေ ...။ ဒါတွေအတွက် မုဒိမ်းမှုကျူးလွန်သူကို အပြစ် ပေးနိုင်တဲ့ ဥပဒေက ဒါပဲလားလို့ မေးစရာဖြစ်လို့ လာခဲ့ပါပြီ။

တရားစီရင်ရေးပိုင်းဟာ ရှိပြီးသားဥပဒေအပေါ်မှာ အပြစ်ပေးရတာမှန်သော်လည်းပဲ စလင်းမြို့နယ်ထဲက သက်ငယ်မုဒိမ်းမှုတစ်ခုကို ထောင်ဒဏ်လေးနှစ်ပဲ ချမှတ် လိုက်တဲ့အပေါ် သမီးရှင်မိဘတစ်ယောက်ရဲ့နေရာက ဝင်ကြည့်ရင် ဘယ်လိုမှ ကျေနပ်လောက်စရာ မရှိပါဘူး။ ငါတို့လည်း ထောင်လေးနှစ်အကျခံမယ်၊ သူတို့မိသားစုထဲ က တစ်ဦးဦးကို ပြန်ကျူးလွန်မယ်ဆိုတဲ့ ဟန်မူရာဘီရဲ့ ကိုဓဥပဒေတွေ ထွန်းကားမလာနိုင်ဘူးလို့ ဘယ်သူ တာဝန်ခံနိုင်ပါသလဲ။

ဘက်နှစ်ဖက်ပါဝင်တဲ့ ပြဿနာရဲ့နောက်မှာ လူသတ်မှုတွေ၊ အပြန်အလှန်ကလဲ့စားချေမှုတွေ ဖြစ်လာ နိုင်ပြီး ရပ်ရွာတွင်းမှာ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေး ချမ်းရေးတွေ ပျက်လာနိုင်ပါတယ်။ လက်ရှိဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ်နှစ် ၂ဝ ဆိုတာကလည်း ကျူးလွန်တဲ့အပေါ်မူတည်ပြီး တရားရေးက ဆုံးဖြတ်ရတာ ဖြစ်လို့ ဒီကျူးလွန်မှုဟာလည်း အပြင်းထန်ဆုံးနဲ့ အရက် စက်ဆုံး ကျူးလွန်တဲ့ စာရင်းထဲထည့်သွင်း စဉ်းစားရမှာပါ။

ကြားနေရတဲ့အသံတွေက သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးပါတဲ့။ ဒီအသံဟာ ပြည်သူ့အသံလို့ မယုံကြည် သေးဘူးဆိုရင်လည်း လူထုဆန္ဒကောက်ယူကြဖို့ပဲ ကျန်ပါ တော့တယ်။ ငိုကြွေးနေတဲ့ ကလေးတွေရဲ့မျက်ရည်တွေကို ဘယ်သူကူလို့ သုတ်ပေးကြမှာလဲ။ ဘယ်သူက စာနာစိတ် နဲ့ လက်ကမ်းပြီး ဆွဲထူမှာလဲ။ ကလေးတွေရဲ့ကမ္ဘာကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ ငိုသံတွေရှိတဲ့အရပ်မှာမှ ညက မှောင်လွန်းနေပါတယ်။

ပြည်သူတင်တဲ့အစိုးရအနေနဲ့ ကြေကွဲဆို့နင့်နေတဲ့ ကို ...လို ဖခင်တွေအတွက် ခြေမွှခံလိုက်ရတဲ့ ကလေး ငယ်တွေရဲ့ အနာဂတ်တွေအတွက် တစ်ခုခု လုပ်ဆောင်ကြ လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။ ။

………

Ref: The Mirror Daily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။