Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 15, 2016

Wi-Fi ကိုတီထွင်ခဲ့တဲ့ မိန်းမချော (သို့) Hedy Lamarr


Nine Nine Sanay @ နိုင်းနိုင်းစနေ added 2 new photos.

Wi-Fi ကိုတီထွင်ခဲ့တဲ့ မိန်းမချော (သို့) Hedy Lamarr
----------------------------------------------------------------
ရုပ်လှတဲ့မိန်းကလေးတွေ သိပ်မစားသာဘူး၊
ဘယ်လောက်ပဲကြိုးစား၊ ဘယ်လိုနေရာမျိုးပဲရောက်ရောက်
ရုပ်ရည်နဲ့ပြစားတယ်လို့ အများကထင်ကြတယ်။
.
သူ့ကို ဟော်လိဝုဒ်ရဲ့ “ပန်းအိုး” လို့ တင်စားကြတယ်။
သူ့မှာ လူတွေကို အံ့သြမင်တက်စေတဲ့ အလှမျိုးရှိလို့ပါပဲ။
ဒါပေမယ့် ပန်းအိုးဆိုတဲ့အဓိပ္ပာယ်က အဆံဟောင်းလောင်းနဲ့ အလှပဲပြထားလို့ရတဲ့ အရာမျိုး။ သူ့နာမည်က Hedy Lamarr လို့ခ်ါတယ်။


.
Hedy Lamarr ကို သြစတြေးယားနိုင်ငံ Viennaမြို့က ဂျုးလူမျိုးသူဌေးမိသားစုက မွေးဖွားခဲ့တယ်။ ဖခင်က ဘဏ်လုပ်ငန်းရှင်ဖြစ်ပြီး မိခင်က စန္ဒာယားပညာရှင်ဖြစ်တယ်။ Hedy Lamarr က တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် မိဘတွေရဲ့လက်ဖဝါးပေါ်က ပုလဲလုံးဖြစ်ခဲ့ပြီး ငယ်ငယ်လေးတည်းက လိုချင်တာဘာမဆိုရခဲ့တယ်။ ဒါဟာလည်း သူ့ဘဝတလျှောက် ကိုယ်ပိုင်ရွေးချယ်မှု၊ တဇွတ်ထိုးခေါင်းမာမှုတွေရှိစေခဲ့တာပါပဲ။
.
ဂီတမြို့တော် Vienna မှာ ကလေးငယ်တွေဟာ သီချင်း၊ စန္ဒယား၊ ဘဲလေးအကတွေကို ငယ်ရွယ်စဉ်ကတည်းက သင်ယူကြတယ်။ ဒါပေမယ့် Hedyက မိန်းကလေးတွေ မရွေးချယ်တတ်တဲ့ ဆက်သွယ်ရေးအင်ဂျင်နီယာကို ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ကျောင်းမပြီးခင်မှာပဲ သူဟာ ကျောင်းနားပြီး ငယ်ရွယ်စဉ်ကတည်းက စွဲလမ်းခဲ့တဲ့သရုပ်ဆောင်ပညာကို ဘာလင်မြို့မှာ လာရောက်သင်ယူခဲ့တယ်။
.
သရုပ်ဆောင်ခွင့်တစ်ခါလောက်ရဖို့ စစချင်းမှာ ရိုက်ကွင်းသတင်းထောက်အလုပ်ကနေ သူစလုပ်ခဲ့တယ်။ သိပ်မကြာပါဘူး.. သူရဲ့လှပတဲ့ရုပ်ရည်က ဒါရိုက်တာကို သတိထားစေခဲ့မိတယ်။ အဲဒီနောက် အသက် ၁၆နှစ်မှာ Gold on the Street ဆိုတဲ့ဇာတ်ကားမှာ သူပါဝင်ခွင့်ရခဲ့တယ်။ အရေးမပါတဲ့အရံသရုပ်ဆောင်နေရာမှာ သရုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် သူ့အလှက ပိတ်ကားပေါ်ကနေတဆင့် လူတွေရဲ့နှလုံးသားထဲ နေရာယူခဲ့ပါတယ်။
.
သိပ်မကြာပါဘူး… ရုပ်ရှင်ကုမ္ပဏီတစ်ခုက Ecstasy ရုပ်ရှင်ဇာတ်ကားအတွက် Hedy ကို ခေါင်းဆောင်မင်းသမီးတင်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ ဒီရုပ်ရှင်ကို နိုင်ငံတကာအထိ ဖြန့်ချိမှာဖြစ်ကြောင်းလည်း ကတိပေးတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာ Hedy က အဝတ်ဗလာနဲ့သရုပ်ဆောင်ရမှာဖြစ်တယ်။ အသက် ၁၈နှစ်ပြည့်စ Hedyဟာ အနုပညာကိုချစ်မြတ်နိုးစိတ်၊ ပြီးတော့ ဒါရိုက်တာရဲ့ချော့မော့ပြောဆိုမှုကြောင့် ဒီရုပ်ရှင်ကိုလက်ခံဖို့ သဘောတူခဲ့တယ်။ ဒါဟာ သူ့ကို ရုပ်ရှင်သမိုင်းမှာ အဝတ်ဗလာနဲ့ ပထမဦးဆုံးသရုပ်ဆောင်တဲ့ မင်းသမီးအဖြစ် ဖြစ်သွားစေခဲ့တယ်။
.
အဲဒီရုပ်ရှင်ရုံတင်တော့ ပိတ်ကားပေါ်မှာ အဝတ်ဗလာနဲ့လှုပ်ရှားနေတဲ့၊ ရေကူးနေတဲ့သမီးဖြစ်သူကိုကြည့်ပြီး သူ့မိဘနှစ်ပါး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတယ်။
.
ရှေးရိုးစွဲအစဉ်အလာရှိတဲ့ ၁၉၃၃ခုနှစ်မှာ ဥရောပတစ်ခုလုံးကို အဲဒီရုပ်ရှင်က တုန်လှုပ်ချောက်ချားသွားစေခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးကတောင် သူ့ကို “ဥရောပသမိုင်းမှာ အရုပ်ဆိုးဆုံးသတင်း”ဆိုပြီး အပြစ်ဆိုခဲ့တယ်။ နိုင်ငံတော်တော်များများက အဲဒီရုပ်ရှင်ကိုမပြရလို့ တားမြစ်ပိတ်ပင်ထားခဲ့တယ်။
.
Hedy ကတော့ “တကယ်လို့ စိတ်ကူးအစွမ်းနဲ့ပုံဖော်ကြည့်ရင် မင်းသမီးတိုင်းရဲ့ကိုယ်လုံးတီးကို ရှင်တို့တွေ့မြင်နိုင်တယ်”လို့ အေးအေးသာသာ တုန့်ပြန်ခဲ့တယ်။
.
အဝတ်ဗလာနဲ့နာမည်ကြီးလာခဲ့တဲ့ Hedy ရဲ့အလှဟာ လူတိုင်းရဲ့ဦးနှောက်အတွေးထဲ အတားအဆီးမဲ့ တိုးဝင်ခဲ့တော့တယ်။ အဲဒီထဲက သြစတြေးယားသူကြွယ်စာရင်းဝင် Fritz Mandl လည်း အပါအဝင်ဖြစ်တယ်။ Fritz Mandl ရဲ့အပြောချိုချိုဟာ Hedy ရဲ့အချစ်ကို အလဲဖြိုနိုင်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူတို့လက်ထပ်ခဲ့ကြတယ်။
.
လက်ထပ်ပြီးအတူနေကြတဲ့ လှပချိုမြိန်ခြင်းက သိပ်ကြာကြာမခံလိုက်ဘူး။ ခင်ပွန်းဖြစ်သူဟာ Hedy ရဲ့ဗလာကျင်းတဲ့ကိုယ်လုံးကို လူတွေကြည့်မရအောင်ဆိုပြီး Ecstasy ရုပ်ရှင်ကားကို နေရာအနှံ့လိုက်သိမ်းခဲ့တယ်။ Hedy ကိုလည်း ရုပ်ရှင်လောကထဲ အဝင်မခံတော့ဘူး။ နောက်ဆုံး အိမ်ထဲအိမ်ပြင်တောင် ပေးမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် Hedyကို လူတန်းစားတစ်ရပ်နဲ့တော့ ပြောဆိုဆက်ဆံခွင့်ပေးထားတယ်။ အဲဒီလူတန်းစားတွေက နာဇီတပ်ထဲက ဗိုလ်တွေပါပဲ။ ဟစ်တလာ၊ Mussolini တို့အပါအဝင်ဖြစ်တယ်။ သူ့ရဲ့လှပတဲ့ရုပ်ရည်၊ ထက်မြက်တဲ့ဆက်ဆံပေါင်းသင်းရေးက ခင်ပွန်းအတွက် အကျိုးအမြတ်ရစေနိုင်လို့ဖြစ်တယ်။
.
နောက်ပိုင်း ခင်ပွန်းအပေါ်သည်းခံစိတ်ကုန်လွန်သွားတဲ့ Hedy ဟာ ညစာစားပွဲတစ်ခုမှာ နေထိုင်မကောင်းအကြောင်းပြပြီး အိမ်ပြန်ခဲ့တယ်။ ကြိုတင်စီစဉ်ထားတဲ့ အိပ်ဆေးနဲ့ အစေခံမကို အိပ်မွေ့ချပြီး ရေချိုးခန်းပြတင်းပေါက်ကနေတဆင့် ထွက်ပြေးခဲ့တော့တယ်။ အဲဒီညမှာပဲ မီးရထားနဲ့ ပဲရစ်မြို့ကိုရောက်ရှိခဲ့ပြီး ကျွန်သဖွယ်အနိုင်ကျင့်ခံရတဲ့အိမ်ထောင်ရေးကို ပြည့်ဖုံးကားချခဲ့တော့တယ်။
.
အဲဒီနောက် လန်ဒန်မြို့ကိုပြောင်းရွေ့ခဲ့ပြီး အဲဒီမှာပဲ ဟော်လိဝုဒ်နာမည်ကြီးရုပ်ရှင်ကုမ္ပဏီဖြစ်တဲ့ Metro-Goldwyn-Mayer (ခြင်္သေ့ခေါင်းပုံနဲ့) ထဲက ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်တဲ့ Louis B. Mayer နဲ့တွေ့ခဲ့တယ်။ Louisရဲ့ လမ်းညွှန်မှုနောက်မှာ သရုပ်ဆောင်အများစုဝေးတဲ့ ဟော်လိဝုဒ်ကို သူရောက်လာခဲ့တော့တယ်။
.
Louis က Hedy ကို “ကမ္ဘာ့အချောဆုံး မိန်းမလှ”လို့ တင်စားခဲ့တယ်။ သူခေါင်းဆောင်အဖြစ် ပါဝင်ရိုက်ကူးတဲ့ ရုပ်ရှင်တိုင်းက အလှအပနဲ့မကင်းခဲ့ဘူး။ သူ့အနုပညာကိုသက်သေပြနိုင်ဖို့ သူဘယ်လို ကြိုးစားပြီး သရုပ်ဆောင်လည်း လူတွေက သူ့အနုပညာကို ဂရုမစိုက်ခဲ့ဘူး။ ရုပ်ရှင်ပိုစတာမှာ သူ့ပုံမြင်တာနဲ့ ရုံပြည့်ရုံလျံတာပါပဲ။
.
ကိုယ့်သရုပ်ဆောင်အတတ်ကို ကြိုးစားပြီး သူပြသခဲ့ပေမယ့် ပြသနိုင်မယ့်ဇာတ်ကားတွေမရှိခဲ့ဘူး။
သူရဲ့အိမ်ထောင်ရေးကလည်း ပိုရင်နာစရာကောင်းလှတယ်။ အိမ်ထောင် ၆ခါကျခဲ့ပေမယ့် အိမ်ထောင်ဆက်တွေက နှိုင်းဆလို့မရအောင် တိုတောင်းခဲ့တယ်။
.
“ကျွန်မရဲ့မျက်နှာအလှအပက ကျွန်မရဲ့ကံမကောင်းခြင်းပေါ့။ ဒီမျက်နှာက မအောင်မြင်တဲ့အိမ်ထောင်ဆက် ၆ ဆက်ကို ဆွဲဆောင်ခဲ့တယ်။ ဒီမျက်နှာက ကိုယ်နဲ့မသင့်တော်မအပ်စပ်တဲ့အိမ်ထောင်ဘက်ကို ကျွန်မဆီအရောက် ဆွဲခေါ်ခဲ့တယ်။ ပြီးတော့ နှစ်ပေါင်း ၅ဝအတွင်း ကျွန်မကို စိတ်မချမ်းမြေ့မှု၊ နာကျင်မှုတွေပေးခဲ့တယ်။ ကျွန်မရဲ့မျက်နှာက ကျွန်မဆီကနေ ဖယ်ထုတ်လို့မရနိုင်တဲ့ မျက်နှာဖုံးပါ။ သူနဲ့ ကျွန်မတစ်သက်လုံးနေရပါမယ်၊ သူ့ကို ကျွန်မကျိန်ဆဲနေဦးမှာပါပဲ”
.
----------- ဆက်ပါဦးမည်...
#NineNineSaNay @ နိုင်းနိုင်းစနေ (Oct. 12. 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။