Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 17, 2016

ရှမ်းပြည်နယ်က လာခဲ့တယ်

╔═════════════════╗
► ရှမ်းပြည်နယ်က လာခဲ့တယ် ◄
╚═════════════════╝

ကျွန်မပထမဆုံး သူ့ကိုသတိထားမိတာက ရန်ကုန်မြို့ရဲ့ 
ဆိတ်ငြိမ်ကဖေးဆိုင်ကလေး တစ်ခုမှာပါ။
ဆိတ်ငြိမ်ကဖေးဆိုင်လို့ ကျွန်မနာမည်တပ်ရတာကတော့
အဲဒီဆိုင်ကလေးက ဒီနေ့လက်ဖက်ရည်ဆိုင် အများစုလို
ပေါက်ကွဲသံစဉ်တွေနဲ့ မယဉ်ပါးဘဲ သီချင်းချိုချိုအေးအေး
လေးတွေနဲ့သာ အစဉ်လွှမ်းခြုံနေတတ်လို့ပါ။ ပြီးတော့လည်း
သီချင်းသံက ဆိုင်တွင်းမှာ ကြားရရုံလောက်တင်
ငြိမ့်ငြိမ့်ညောင်းညောင်းကလေး....။

အဲဒီနေ့ကတော့ ကျွန်မတို့သူငယ်ချင်းတစ်စု ဝိုင်းဖွဲ့ထိုင်ရင်း
စိတ်တွေအညောင်းပြေ ရောက်တတ်ရာရာ ညည်းချင်းတွေနဲ့
သောကတွေကို လေထဲလွှင့်ပစ်နေတုန်းပေါ့။ ဆိုင်ရဲ့ကက်ဆက်ထဲက
သီချင်းတစ်ပုဒ် လွင့်လာတယ်။ တစ်ယောက်က မေးတယ်။
"သူဘယ်သူလဲ...။ နင်တို့သိကြလား" တဲ့။
ကျွန်မကလည်း ဒီကောင်ဘာကြောင်တာလဲဆိုတဲ့ မျက်လုံးနဲ့
သူ့ကိုကြည့်ပစ်လိုက်ရင်း
"နင် ရူးနေလား၊ အဲဒါ စိုင်းထီးဆိုင်ပေါ့" လို့
ပြန်ပြောတော့ သူက ကျွန်မကို သနားတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့
အကြည့်နဲ့ကြည့်တယ်။ ပြီးတော့မှ..
"မသေမချင်း မှတ်ထား၊ အဲဒါ ဘိုဖြူဟ၊ ဘိုဖြူ" တဲ့။

ထိုကဲ့သို့ စတင်သိကျွမ်းခဲ့ရသော ဘိုဖြူ၊ ခေမရဌ်ညနှင့်
ကျွန်မ နှစ်ခြိုက်လက်ခံခဲ့သော ဘိုဖြူကို အကြောင်းအားလျော်စွာ
ကြုံကြိုက် ဆုံတွေ့ခွင့် ရခဲ့ပါသည်။

•••••••
Q - ဘိုဖြူနဲ့ ဂီတလောက စတင်ဆက်နွယ် ပတ်သတ်လာပုံက
စပြောပေးပါဦး။

A - ၈၆-၈၇ လောက်က စမှာပေါ့ဗျာ။ ကျွန်တော်တို့သူငယ်ချင်းတစ်စု
စုပြိးတီးကြ ဆိုကြတာ ဆယ်တန်းကျောင်းသားဘဝလောက် ...
ကတည်းကပေါ့။ မင်္ဂလာဆောင်တို့၊ ကျောင်းပွဲတို့တွေမှာပေါ့။
ဝါသနာပါတာကတော့ ငယ်ငယ်ကတည်းကပါ။ ဒါပေမယ့်
တကယ်တမ်း စလှမ်းဖြစ်တာက အဲဒီလောက်မှပေါ့။

•••••••
Q - ဇာတိက

A - ဇာတိက တောင်ကြီးကပါ။

•••••••
Q - ဒီလောက်နဲ့ စတင်ဆက်သွယ်ဖြစ်သွားတာက။

A - ဆက်သွယ်မိသွားတာက ဒီလိုဗျ။ ကျွန်တော်က ကိုဂျေညီညီတို့နဲ့
ရင်းနှီးတယ်ဗျ။ သူကနေမှတစ်ဆင့် ကိုချန်ဟိန်းတို့ ပရိုဂျူဆာတွေနဲ့
ဆက်သွယ်မိသွားတော့မှ အချစ်အတွက်တစ်ဖန်မွေးဖွားခြင်းတို့ ဘာတို့
ဖြစ်လာတာပါ။

•••••••
Q - ဝါသနာအရ လှုပ်ရှားနေတာက ၈၆-၈၇ လောက်ပေါ့နော်။
တကယ်တမ်း စီးရီးအတွက် စလုပ်ဖြစ်တာကရော။

A - ၉၄ လောက်မှာပါ။

•••••••
Q - ခုဆို ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ကြာခဲ့တာပေါ့။

A - ဟုတ်တယ်ဗျ။ ကျောင်းတက်လိုက်၊ စာမေးပွဲတွေ ကျလိုက်နဲ့ပေါ့။
ပြီးတော့ ငွေရေးကြေးရေးကတည်း မရှိဘူးဗျ။ အဲဒီတော့ ပရိုဂျူဆာကို
စောင့်ရတယ်။ ဒီလိုနဲ့ ၉၄ လောက်ထိ ဖြစ်သွားတာ။

•••••••
Q - ကျောင်းဆိုတာက။

A - ကျွန်တော် ၁၀ တန်း မအောင်လိုက်တော့ဘူးဗျ။ ဒီအလုပ် လုပ်ရင်းနဲ့
အာရုံက ဒီဘက်ပဲရောက်သွားတော့ စာမေးပွဲလည်း ကောင်းကောင်း
မဖြေနိုင်တော့ဘူး။ ပညာရေးကို စွန့်လိုက်ရတယ်။

•••••••
Q - ပထမဆုံး စီးရီးအတွက် ကြုံခဲ့ရတဲ့ အခက်အခဲတွေ ရှိလား။

A - အခက်အခဲက သိပ်ကြီးကြီးမားမားကြီးတော့ မရှိဘူးဗျ။
သူများတွေ ကြုံသလိုပါပဲ။ စတူဒီယိုမှာ မဆိုဖူးတာတို့ ဘာတို့ပေါ့။
အဲဒီလောက်ပါပဲ။

•••••••
Q - ဘိုဖြူအနေနဲ့ ဒီနေ့၊ ဒီလိုအခြေအနေ အတိုင်းအတာထိရောက်အောင်
ပံ့ပိုးခဲ့သူတွေကို ကျေးဇူးတင်ရမယ်ဆို ဘယ်သူတွေကို တကယ်တမ်း
ကျေးဇူးတင်ရမှာလဲ။

A - ကျွန်တော် ဆရာစိုင်းခမ်းလိတ်တို့။ စိုင်းထီးဆိုင်တို့ကို ကျေးဇူးတင်တယ်။
ပြီးတော့ ကိုဂျေညီညီ။ ပြီးတော့ ကိုချန်ဟိန်းပေါ့။

•••••••
Q - စိုင်းခမ်းလိတ်တို့၊ စိုင်းထီးဆိုင်တို့က ဘယ်လိုအကူအညီမျိုး ပေးခဲတာလဲ။

A - အဲ..တိုက်ရိုက်ကြီး အကူအညီပေးတာတော့ မဟုတ်ဘူးဗျ။
သူတို့သီချင်း ကျွန်တော်ဆိုလို့ ဒီလောကထဲ ရောက်လာတာလေ။
ဒီတော့ သူတို့ကို အရမ်းကျေးဇူးတင်တယ်။

•••••••
Q - ဂျေညီညီကျတော့ရော..။

A - သူကျတော့ ဦးခင်မောင်ကြည်ရယ်၊ ကိုချန်ဟိန်းရယ် ပရိုဂျူဆာ
တွေနဲ့ပေါ့ ဆက်သွယ်ပေးတာလေ။ သူလည်း ကျွန်တော့်အပေါ် တော်တော်
ကောင်းပါတယ်။

•••••••
Q - ဒါနဲ့ ဘိုဖြူ ရှိုးပွဲတွေကော ဆိုဖြစ်သေးလား

A - ဆိုဖြစ်တယ်ဗျ။ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ ပြည်၊
မော်လမြိုင်...ဆိုဖြစ်ပါတယ်

•••••••
Q - ရန်ကုန်မှာကျတော့ရော..။

A - ရန်ကုန်မှာတော့ နည်းတယ်ဗျ။ ကျွန်တော်တို့ကျတော့
Club ပွဲတွေနဲ့ မကိုက်တော့ အပြင်ပွဲတွေပဲ ဆိုဖြစ်တယ်။

•••••••
Q - Live ဆိုရတဲ့ အတွေ့အကြုံကရော။

A - အဲဒါက Sony သီချင်းပြိုင်ပွဲမှာ အဆိုတော်တွေကို
အရင်ဆိုခိုင်းတယ်လေ။ အဲဒီမှာ ကျွန်တော် ရန်ကုန်ပွဲကို
စဆိုဖြစ်တာပါ။

•••••••
Q - ပထမစီးရီးအပေါ် ပရိသတ်ရဲ့ တုံ့ပြန်ချက်ပြီးတော့
ဒုတိယ၊ တတိယ စသည်ဖြင့် ဘယ်လိုကွာခြား ပြောင်းလဲ
သွားတယ်လို့ ထင်လဲ။

A - ပထမစီးရီးက ထိုက်သင့်သလောက်တော့ ဖြစ်သွားတယ်လို့
ပြောရမှာပေါ့နော်။ ဒုတိယစီးရီးကတော့ ပထမစီးရီးထက် ပိုသွားတယ်လို့
ပြောရမှာပေါ့။ တတိယစီးရီးကျတော့ နည်းနည်းအေးသွားတယ်လို့
ပြောရမယ်။

•••••••
Q - ဘာကြောင့်လို့ထင်လဲ။

A - နားစိမ်းတာလည်း ပါမယ်။ ပြီးတော့ Own Tune ဆိုတော့
အချိန်ပေးပြီး နားထောင်ရတာလည်း ပါမယ်။ တစ်ခါတည်း
ဝင်သွားနိုင်တဲ့ သီချင်းမျိုးကိုလည်း ကျွန်တော်တို့က မလုပ်ချင်ဘူးဗျ။
သီချင်းပုံစံကောင်းကောင်းလေးနဲ့ အနှစ်သာရရှိရှိမျိုးလေးတွေပ
လုပ်ချင်တယ်။

•••••••
Q - ထွက်ပြီးတဲ့ အခွေတွေထဲက ဘိုဖြူအားအရဆုံးလို့
ဘယ်ခွေကိုပြောနိုင်လဲ။

A - အလုပ်နဲ့ပတ်သတ်ရင်တော့ ကျွန်တော်အားရတာ ခေမာရဌ်ညနဲ့
ဘဝတစ်ဆစ်ချိုးကို အားရတယ်ဗျ။ ကျွန်တော့်အတွက် အတွေ့အကြုံ
အများကြီးလဲရတယ်။ ပထမခွေကတော့ သိပ်မရှိလှဘူး။

•••••••
Q - ဘိုဖြူဆက်ဆံခဲ့ရတဲ့ အနုပညာရောင်းရင်၊ ညီအစ်ကိုတွေနဲ့
ဆက်ဆံရေးကရော။ ဥပမာ - တေးရေး၊ အတီးသမား......
အစရှိသဖြင့်။

A - ကျွန်တော့်အပေါ်မှာ သူတို့တွေရဲ့ ပံ့ပိုးမှုတွေ အများကြီး
ပါပါတယ်။ ကျွန်တော်နဲ့ ငယ်ပေါင်းတွေဆိုတော့ ကျွန်တော်
လိုချင်တဲ့ပုံစံကို သူတို့က ရေးပေးကြတယ်။ ဒါကြိုက်ပြီလား။
ဒါမကြိုက်ရင် ဘယ်ဟာကြိုက်လဲ။ အဲဒီလိုပေါ့၊ ပွင့်ပွင့်လင်းလင်း
ပြောလို့ရတယ်။ ပြီးတော့ သီချင်း ဘော်ဒီတီးတဲ့အထိကို
တစ်အုပ်လုံး အတူလုပ်တာ။

•••••••
Q - Own Tune ပဲ အမြဲလုပ်သွားမှာလား။

A - ဟုတ်ကဲ့ Own Tune ပဲ လုပ်သွားမှာပါ။

•••••••
Q - ဘိုဖြူ စပြီးဆိုတာက စိုင်းထီးဆိုင်သီချင်းတွေ ဆိုတော့
စိုင်းထီးဆိုင် Crazy လို့ ပြောလို့ရလား။

A - ဟာ..ပြောလို့ရတယ်ဗျ၊ ရတယ်။ ဘာလို့လဲဆိုတော့
သူ့သီချင်းတွေနဲ့ ကြီးလာရတာဆိုတော့ ကျွန်တော့်ရဲ့ 
ကြားဆရာလို့ ပြောရင်လည်းရတယ်။

•••••••
Q - အဲဒါ တစ်မြို့ တည်းသားတွေမို့လား၊ တစ်ပြည်နယ်တည်း
သားတွေမို့ Crazy ဖြစ်တာရော မပါဘူးလား။

A - အဲဒါ ကျွန်တော် ပြည်နယ်ချစ်တဲ့စိတ်လည်း နည်းနည်းပါတယ်ဗျ။
အဟဲ..ဒါပေမယ့် သူ ရန်ကုန်သားဖြစ်နေရင်လည်း ကျွန်တော်ကြိုက်ရင်
ကြိုက်မှာပါ။

•••••••
Q - ဘိုဖြူက စိုင်းထီးဆိုင်လည်းကြိုက်တယ်။ ဆိုတဲ့သီချင်းတွေကလည်း
ရှမ်းပြည်နယ်အကြောင်းတွေ တော်တော်များများပါတယ်နော်။ ဒါနဲ့
တေးရေးတွေကရော ရှမ်းပြည်နယ်သားတွေပဲလား။

A - ဟုတ်တယ်ဗျ။ မောင်မောင်ဇော်လတ်တို့၊ အယ်ဖြူတို့၊ အယ်နောင်းတို့
စသဖြင့်ပေါ့။ ရှမ်းပြည်နယ်သားတွေချည်းပါပဲ။

•••••••
Q - Group လေးတစ်ခု ဖြစ်နေတာပေါ့။

A - ဟုတ်တယ်ဗျ။ ဒီမှာ ကျွန်တော်တို့ တစ်အိမ်တည်း နေကြတာလေ။

•••••••
Q - ဒါဆိုရင်တော့ ကျွန်မ ရှမ်းပြည်နယ်ကိုချစ်တဲ့ဘိုဖြူလို့ပဲ ခေါင်းစဉ်
တပ်လိုက်တော့မယ်။

A - ရပါတယ်။ အဆင်ပြေသလိုသာ လုပ်ပါဗျာ။

====================================
သူရဲ့ တတိယမြောက်အခွေ(ခေမာရဌ်ည)ထဲက
"တို့တောင်ပေါ်သားက ရိုးပါတယ်" ဆိုတဲ့ စာသားလေးကို
သူနဲ့စကားပြောနေရင်းပင် ကျွန်မသတိရလာပါတယ်။
တကယ်လည်း သူ့ရဲ့ ပရိယာယ်ကင်းစင်သူပေပဲ။
ရိုးစင်းဖြူစင်မှုကို သူ့စကားတွေမှာ တွေ့ရပါတယ်။
သူ့စကားတွေမှာ ဝင်္ကဝုတ္တိတွေ မပါ။
ကိုယ်ရည်သွေးတီးလုံးတွေ မပါ။

ပထမစီးရီးတစ်ခွေတည်းနဲ့ ပရိသတ်ရဲ့လက်ခံမှုကိုရခဲ့ပြီ
တတိယစီးရီးမှာတော့ သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို ရှာဖွေ
တွေ့ရှိသွားခဲ့သော ဘိုဖြူ "မိုး" ဟု (ယာယီ) နာမည်ပေးထားသော
စီးရီးတစ်ခွေကိုလည်း စီစဉ်နေပြီတဲ့။ သင်္ကြန်အပြီးလောက်မှ
ဘိုဖြူရဲ့ မိုးက ပရိသတ်ရင်ခွင်ထဲ ရွာချလိမ့်မယ်လို့လည်း
ဆိုပြန်ပါတယ်။

ရိုစီတာ
မဟေသီ Magazine
အမှတ်(၁၇၃)၊ မေလ
၁၉၉၉
#KoNaing

အပေးအယူ
http://www.mediafire.com/?98pjeik4kgga1zy

ခေမရဋ္ဌ်ည
http://www.mediafire.com/?p90ya644e9yizo9

အချစ်အတွက်တဖန်မွေးဖွားခြင်
http://www.mediafire.com/?nmed6r84349sw6z

ဆန်ရေ
http://www.mediafire.com/?txnxd4k8hf05yoe

တောင်တန်းမြေမှတေးမှတ်တမ်း ၂
http://www.mediafire.com/?ek5x9f18ee58c5x

ပြည့်စုံပါစေ
http://www.mediafire.com/?l26287wxxr4tnqy

ချစ်ထုံးဖြေပါ
http://www.mediafire.com/?cs46qmo9q5vvmco

ဘ၀တစ်ဆစ်ချိုး
http://www.mediafire.com/?cqtbr97cv71iv13

အကောင်းဆုံးတေးများ
http://www.mediafire.com/?13cu5mob89dm75l

`ပီကလောက်နဲ့ပေးပါ
တစ်ပုဒ်ချင်းပေးပါ ´လို့ တောင်းဆိုလာမယ့်သူများ မူရင်းဘလော့ ဖြူနီဝါပြာဆီ အောက်ပါလင့်ခ်မှ သွားကြပါ
http://phyuniwarpyar.blogspot.com/search/label/ဘိုဖြူ%20%20တေးစုများ?m=0
— with Bo Phyu.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။