Min Yar added 4 new photos.
လူဦးရေ သိပ်သည်းဆ မြင့်မားလှတဲ့ တိုကျိုမြို့လို နေရာမှာ ရထားကို အားပြုပြီး သွားလာရပါတယ်။လက်ရှိ တိုကျို မှာ နေထိုင်တဲ့ လူဦးရေ (13.62 )သန်း ရှိပါသတဲ့။ရန်ကုန်မြို့ လူဦးရေ(2014 စာရင်းအရ) (5.21 သန်း)နဲ့ နှိုင်းယှဉ်ရင် အများကြီးကွာခြားလှပါတယ်။
မြို့ပတ်ရထားလိုင်း ယမနိုတယ် ဆိုရင် ဘူတာတိုင်းမှာ (3 )မိနစ်တစ်စီး စီ ဝင်ထွက်ပေးပါတယ်...။ ရထားရပ်လိုက်တိုင်းမှာလဲ ဘူတာထဲမှာ လူတွေ သွန်ထုတ်လိုက်သလို ပြည့်ကျပ်သွားတတ်ပါတယ်။ နယ်ဘက်က လာတဲ့ရထားတွေ နဲ့ ဝင်ချိန်တူနေရင် ဘူတာထဲမှာ တိုးလို့မပေါက်အောင် ပြည့်သွားတတ်ပါတယ်။
မြို့ပတ်ရထား တစ်စီး မှာ တွဲ 10 တွဲပါဝင်ပြီး
ရုံးတက် ရုံးဆင်းချိန်တွေမှာ ရထားထဲကို လူသိပ်ထည့်ရလောက်ထိ လူဦးရေ များပြားလှပါတယ်။အဲဒီလို ရထားတွေက မြို့ပတ်ရထား ယမနိုတယ် တစ်လိုင်းထဲမှာပဲ အစုန်ဆန် အစီးရေ (58) စီးနဲ့ ပြေးဆွဲပေးနေပါသတဲ့ ဗျာ...။
ဒါပေသိ အံ့ဩ ဖို့ကောင်းတာက ဘူတာအပြင်ထွက်တဲ့အခါ လူတွေကြိတ်ကြိတ်တိုး တွန်းတိုက်နေတာမျိုး မတွေ့ရပါဘူး...လူတိုင်းက စည်းကမ်းရှိစွာနဲ့ တန်းစီပြီး ထွက်ကြပါတယ်။
လှေကား အဆင်း၊ အတက်တွေမှာလည်း တဘက်မှာ လူအရမ်းများနေပေမယ့် အခြားတဘက်ခြမ်း မျက်နှာချင်းဆိုင် လာမဲ့သူများအတွက် လမ်းသီးသန့်ဖွင့်ပေးထားပါတယ်...။
စက်လှေကားစီးကြတဲ့ အခါမှာလည်း တန်းစီစနစ်နဲ့ လက်ဝဲဘက်ခြမ်းမှာ ကပ် ပြီး လက်ယာဘက်ခြမ်းကို ဖွင့်ပေးထားပါတယ်။
သဘောကတော့ အလျှင်စလို အရေးကြီးသူက ကျော်တက် သွားနိုင်ဖို့ပါ။
(အိုဆာကာ မြို့ဘက်မှာတော့ လက်ယာ ဘက်ခြမ်းမှာ ရပ်ကြပြီး လက်ဝဲဘက်ခြမ်းကို ဖွင့်ပေးထားပါသတဲ့ ဗျာ...ဒေသကွဲ အလေ့အထ လွဲတဲ့ ပုံပါပဲ)
ဒီလို လမ်းလေးဖွင့်ပေးထားရုံနဲ့ ဘာဖြစ်မှာလဲ မေးစရာရှိပါတယ်..။ အကျိုးကျေးဇူးက အများကြီးပါ...။
တစ်ဦးနဲ့တစ်ဦး တွန်းတိုက်စရာ မလိုတော့ ဒေါသထွက်စရာ မလိုတော့ပါ ဘူး။အဲဒီတော့ စိတ်ကြည်လင်စွာနဲ့ အလုပ်လုပ်နိုင်ကြပါတယ်။
အချိန်ကုန် သက်သာတော့ လုပ်ငန်းအတွက် အချိန်လေလွင့်မှု မရှိတော့ပါဘူး။
'ကိုယ် အရေးကြီး သလို တပါးသူလည်း အရေးကြီးနေမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာ စိတ်'
အဲ့ဒီစိတ်လေးရှိရုံနဲ့ ကောင်းကျိုးတွေအများကြီးထွက်လာပါတယ်။
ကျွန်တော်တို့ လေ့လာသင်ယူရမဲ့ အလေ့ကျင့်ကောင်း လေးတွေပါပဲ ....။
သူတို့လိုပဲ ကျွန်တော်တို့လည်း
'ကိုယ့်ကြောင့် သူတပါး အနှောက်ယှက်မဖြစ်စေရ' ...ဆိုတဲ့ စိတ်လေးတွေ မွေးမြူနိုင်ကြရင်
ဘယ်လောက်များ ကောင်းလိမ့်မလဲ...။
မင်းယျာ
2016.10.20
Maung Shin,Tin Aung Moe,Kyawthu Soe, Thu Kha Bsc,Mioka Ei Ei Chaw,ဂျပန်ရောက်မြန်မာ များ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။