Khant Naing added 3 new photos.
ဖိုးလပြည့်ကိုင်တဲ့ ကီးပတ်ဖုန်း ဆိုသည်မှာ.....
_________ ________
သည်ကနေ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ ဆုံတဲ့ ပွဲမှာ ဦးသန်းရွှေ ရဲ့မြေး ဖိုးလပြည့် ဆိုသူကိုင်ဆောင်တဲ့ ကီးပတ် ဖုန်း ဆိုတာVERTU ပါ။
သူ့ဖုန်းက 2011ခုနှစ်မှာ VERTUကုမ္ပဏီ ရဲ့
သင်္ကေတအဖြစ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဖုန်းရဲ့ခလုတ်တွေမှာ ငါးကာရက်
နီးပါးရှိတဲ့ ပတ္တမြားတွေ တပ်ဆင်ထားတာပါ။
သူကိုင်ထားတဲ့ ဖုန်းတန်ဖိုးဘယ်လောက်ဆိုတာ အတိအကျမသိရပေမယ့်အနည်းဆုံးတော့ မြန်မာကျပ်ငွေသိန်း၉၀ပေးနိုင်မှ VERTUက ထုတ်ကုန်တစ်ခု ရယူနိုင်မှာပါ။
VERTUဆိုတာ1988ခုနှစ်က Nokia ကုမ္ပဏီက စတင် ထူထောင်ပေးခဲ့တာဖြစ်ပြီး 2012ခုနှစ်မှာတော့ သီးခြားရပ်တည်နိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံလုပ်ဇိမ်ခံဖုန်းအမျိုးအစားထုတ်ကုမ္ပဏီဖြစ်ပါတယ်။
Handmadeဖြစ်ပြီး သူ့ဆီကထုတ်တဲ့ ဖုန်းတွေရှိသလိုအခြားဖုန်းအမျိုးအစားတွေကိုလည်း ကိုယ်ပေးနိုင်ရင်ပေးနိုင်သလောက်တန်ဖိုး နဲ့ တစ်လုံးချင်းတပ်ဆင်ပေးတာပါ။
ဥပမာတစ်ခုအနေနဲ့ Vertuဟာ 2013ခုနှစ်မှာ Android Os နဲ့ ဖုန်းတစ်မျိုးထုတ်ခဲ့ပြီး အနိမ့်ဆုံးမော်ဒယ်ကို မြန်မာကျပ်ငွေ သိန်း၁ဝဝကျော်က နေ အမြင့်ဆုံးမော်ဒယ်က သိန်း၂၀၀အထက်ထိ တန်ကြေးရှိတဲ့ဖုန်းပါ။
သူ့ဖုန်းကိုယ်ထည်တော်တော်များများကို တိုက်တေနီယမ် အဆင့် ၅ဆိုတာ ကိုအသုံးပြုထားပြီး အဲ့သည်ဟာက Stainless Steelထက် ၂ ဆ သန်မာပြီး အလေးချိန် တစ်ဝက်လျော့ကျသွားတဲ့အမျိုးအစားပါ။
ဖုန်းတိုင်းမှာပါတဲ့ခလုတ်တွေကို နီလာကျောက်အသုံးပြုတပ်ဆင်ထားတာပါ။ဖုန်းရဲ့မျက်နှာပြင်လုံးဝမကွဲဖို့အာမခံထားသလို ခြစ်ရာထင်ဖို့တောင် စိန်အစစ်ကိုအသုံးပြုရမှာပါ။
ဖုန်းမှာပါတဲ့ Ram တွေ Rom တွေဆိုတာ ကိုလည်းကို့စိတ်ကြိုက်သတ်မှတ်နိုင်သလို သူ့ဖုန်းတွေမှာတော့ အနည်းဆုံးInternal memory 64Gb က စတင်ထားပြီး Wireless Charging စနစ်ဆိုတာကိုတောင် 2014ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တဲ့ဖုန်းပါ။
ကမ္ဘာ့ ထိပ်တန်းဝင် သူဌေးအများစု မှာယူကိုင်ဆောင်လေ့ရှိတာဖြစ်ပြီးစိန်၊နီလာ၊ပတ္တမြား၊ရွှေ၊ရွှေဖြူစတဲ့ရတနာတွေကိုအဓိကထားပြီးသူ့ဖုန်းတွေမှာ ထည့်သွင်းတပ်ဆင်တာပါ။
လေ့လာမိသလောက်လေးနဲ့ ပြန်လည်မျှဝေခြင်းပါ။
ဖေသက်ထက်ခင်(22.10.2016)
Photo- News Watch and Vertu
Source-Wikipedia and Technological Journals

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။