Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 18, 2016

ဂီတလောကရဲ့အရွေ့ကြားက ကြံ့ကြံ့ခံလူသား (သို့မဟုတ်) စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်အကြောင်း သူများရေးထားတာ ပြည့်ပြည့်စုံစုံနဲ့မို့ သီချင်းလင့်ခ်တွေ ထပ်ဖြည့်ပြီး တင်ပေးလိုက်ပါတယ်။

ဂီတလောကရဲ့အရွေ့ကြားက ကြံ့ကြံ့ခံလူသား (သို့မဟုတ်) စိုင်းစိုင်းခမ်းလှိုင်

တကယ်တမ်းပြောရရင် ဂီတရေစီးကြောင်းထဲမှာ အောင်အောင်မြင်မြင်ကူးခတ်နိုင်ဖို့ဆိုတာလွယ်ကူတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းအပြင် ပြင်းထန်လှတဲ့ ဝေဖန်မှုများစွာကို ကြံ့ကြံ့ခံနိုင်မှသာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည် ဂီတလောကမှာ ယောကျာ်းလေးများက အမြင်ကတ်ရလောက်အောင် သူ့ပွဲတွေမှာဆို စော်တွေ သဲသဲလှုပ်နေတတ်တဲ့ အဆိုတော်တစ်ယောက်ရှိပါတယ်။

ဂီတလောကကို Rapper တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ကိုဘယ်ဂီတအောက်မှာ ရှိနေတယ်လို့ ခေါင်းစဉ်တပ်လို့ မရတော့ပါဘူး။ သူကလည်း ခေတ်နဲ့ မျက်ခြေမပျက်အောင် အမြဲတစေ လေ့လာမှုအားကောင်းပြီး တချို့သီချင်းများကို မြန်မာမှုပြန်ပြုတဲ့အခါ ပရိသတ်ရင်ထဲကို အရောက်ပို့နိုင်တဲ့ သီချင်းတွေအဖြစ် အသက်သွင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်သီချင်းများကလည်း ပရိသတ်များရဲ့ရင်ထဲကို လှုပ်ကိုင်စေနိုင်ခဲ့ပါတယ်။

သူဟာ အများအမြင်မှာ Commercial နောက်ကိုအရမ်းလိုက်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပေမယ့်လည်း မကြာသေးမှီက ရန်ကုန် MCC ခန်းမမှာလုပ်သွားတဲ့ Frenzo Tour မှာကတော့ သူ့ပရိသတ်တွေဟာ မြန်မာပြည်က အခြားသော အဆိုတော်ကြီးများရဲ့ ပရိသတ်ကို ယှဉ်လို့ရသေးတယ်ဆိုတာ ပြသသွားပါတယ်။

သူ့နာမည်ကတော့ စိုင်းစိုင်းခမ်းလှိုင်ပါ. . .

စိုင်းစိုင်းခမ်းလှိုင်ကို ၁၉၇၉ ခုနှစ်မှာ တောင်ကြီးမြို့မှာမွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄ ယောက်ရှိခဲ့ပြီး အကြီးဆုံးသား ဖြစ်ကာ ညီမငယ် ၂ ယောက်နဲ့ ညီတစ်ယောက်ရှိပါတယ်။ ဂီတနဲ့ပတ်သတ်ပြီး သူ့အပေါ်လွှမ်းမိုးစေတဲ့အချက်တစ်ချက်ထဲမှာ အဖေဖြစ်သူရဲ့ “Freedom” လို့ခေါ်တဲ့ အသေးစား အသံဖမ်းစတူဒီယိုကလည်း သူ့ငယ်ဘ၀ကို တစ်စိတ်တစ်ပိုင်း ပံ့ပိုးစေခဲ့ပါတယ်။

၁၉၈၄ - ၁၉၉၆ အထိ အ.ထ.က (၁) တောင်ကြီးမှာတက်ရောက်ခဲ့ပြီး ၁၉၉၆ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။ အသက် ၁၀ နှစ်မှာ အဆိုတော် ဇော်ဝင်းထွဋ် ရဲ့ အယ်လ်ဘမ်ကို စတင်နားထောင်ပြီး သူ့ဘ၀ရဲ့ ၀ါသနာပါရာ ဂီတကိုစတင်တွေ့ရှိခဲ့တယ်လို့လဲဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ရန်ကုန်ကို စိုင်းစိုင်းတစ်ယောက် မျက်စိသူငယ် နားသူငယ် နဲ့ ရောက်ရှိလာပါတော့တယ်။ သူ့မှာခိုင်ခိုင်မာမာ ပါလာတာဆိုလို့ အဆိုတော်ဖြစ်ချင်စိတ်ဆိုတဲ့ ရည်မှန်းချက်လေးတစ်ခုပဲ ရှိခဲ့တာပါ။ နယ်မှာမွေး နယ်မှာကြီးလာခဲ့သူတစ်ယောက်အတွက်ကတော့ ရန်ကုန်မြို့ကို ခုလိုတက်လာရတယ်ဆိုတာကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဆိုရင် မမှားခဲ့ပါဘူး။ (အဲ့အချိန်တုန်းက တောင်ကြီးက ယခုလောက်မဖွံဖြိုးသေးလို့ နယ်လို့ပြောလို့ရပါသေးတယ်)

အမှန်အတိုင်းပြောရရင် သူ့မှာ ဘယ်ဂီတကို ရူးရူးမူးမူးစွဲလမ်းတယ်ဆိုတဲ့ စိတ်လဲ မရှိခဲ့ပါဘူး။ သူသိတာ တစ်ခုက သူဂီတ ကိုချစ်တယ်။ ဒါသူသိတဲ့ဟာ အကုန်ပါပဲ။ ဒါပေမယ့် တစ်နေ့မှာ သူ့ကို သူငယ်ချင်းတစ်ယောက်က Hip Hop Collection ဆိုတဲ့ ၂ ခွေတွဲလေးကို လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီသူငယ်ချင်းကိုလည်း သူအမြဲကျေးဇူးတင်နေဆဲပါပဲတဲ့။

အဲ့ဒီကနေစပြီး ဂီတလောကကိုဝင်ရောက်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာပဲ သူ့ရဲ့ပထမဆုံး အခွေဖြစ်တဲ့ ချောကလတ်ရောင်ရေခဲအိမ်မက် အခွေကို ဖြန့်ချိခဲ့ပါတယ်။
ဒါပေမယ့် အရာရာဟာ သူ့ဘက်မှာရှိမနေခဲ့ပါဘူး။
ထိုအခွေက သောက်သောက်လဲရှုံးခဲ့ပါတယ်။ သို့ပေမယ့် စိုင်းစိုင်းဟာ အရှုံးထဲမှာ ရပ်တန့်မနေခဲ့ပါဘူး။ နောက်တစ်နှစ်အကြာမှာ သူငယ်ချင်းများစွာဆိုတဲ့ အခွေနဲ့ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာခဲ့ပြီး ထိုအခွေဟာ ယနေ့ဒီအချိန်ထိ ဂီတ လမ်းကြောင်းပေါ်ကို လျှောက်လမ်းစေနိုင်ခြင်းရဲ့ အစဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဖေဖော်ဝါရီမှတ်တမ်း ဆိုတဲ့ အခွေကိုဖြန့်ချိခဲ့ပြီး ထိုအခွေထဲမှ ၀မ်းနည်းမှတ်တမ်းဆိုတဲ့ သီချင်းဟာ မြန်မာပြည်မှာ ကလေးက အစ ခွေးအဆုံးသိခဲ့တဲ့ ထိအောင်ကိုပေါက်ရောက်ခဲ့ပါတယ်။ တခြားသီချင်းတွေဟာလည်း လူကြိုက်များစေခဲ့တယ်လို့ ဆိုလို့ရပါတယ်။

နောက်ထပ် စိုင်းစိုင်းခမ်းလှိုင်လို့ လူသိအများဆုံးဖြစ်စေခဲ့တဲ့ သီချင်းကတော့ တောဂေါ်လီ ဆိုတဲ့ သီချင်းဖြစ်ခဲ့ပြီး ဒီသီချင်းဟာ Eminem ရဲ့ သီချင်းတချို့ကို မှီငြမ်းထားတဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း လူကြိုက်တော်တော်များတဲ့ သီချင်းအဖြစ်ကတော့ ရပ်တည်ခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာပြည်ဂီတလောက မှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ပြီးသား အဆိုတော်တစ်ယောက် အဖြစ်ရပ်တည်နေနိုင်ပါပြီ။ များစွာသောဆုများကိုလည်း ပိုင်ဆိုင်ထားပြီးပါပြီ။ ၂၀၀၆ ခုနှစ်မှာ ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး မင်္ဂလာပါ ဆိုတဲ့ ဇာတ်ကားမှာ အခြားသော သရုပ်ဆောင် ၃ ယောက်နဲ့အတူ စတင် သရုပ်ဆောင်ခဲ့ပါတယ်။ စတင်သရုပ်ဆောင်ခါစမှာ သရုပ်ဆောင်ပုံအတော်ညံ့ဖျင်းခဲ့ပြီး ယခုနောက်ပိုင်း ယခင်ကထက် အခြေအနေကောင်းလာသော်ငြား ကြိုးစားဖို့ကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။ များစွာသော ဗီဒီယိုကားများကိုလည်း ရိုက်ကူးခဲ့ပြီးဖြစ်သလို သူ့ရဲ့ Sai Sai Birthday show ဟာ ဆိုရင်ဖြင့် ၂၀၀၄ ခုနှစ်ကနေစတင်ပြီး ယနေ့အထိ တစ်နှစ်တစ်ကြိမ်ကျင်းပနေဆဲဖြစ်ရာ လက်မှတ်ရောင်းအားကောင်းသော ပွဲတစ်ခုအဖြစ်ရပ်တည်နေဆဲပါ။

သူ့ရဲ့ Frenzo Production ဟာလည်း ယနေ့အချိန်မှာ ပါရမီရှင်အနုပညာသမားများကို မွေးထုတ်ပေးနေဆဲဖြစ်ပါတယ်။

SAI SAI BIOGRAPHY
Sai Sai Kham Leng
DOB – 10th April 1979, Tuesday
Height – 5’ 10’’
Weight – 64kg
Race – Shan
Religion – Theravada Buddhist

1979 : မွေးဖွား
1980-1982 : အောင်ပန်း
1982 တောင်ကြီးသို့ပြောင်းရွှေ့
1982-1984 : အစိုးရမူကြိုကျောင်း တောင်ကြီး၊ မြို့မရပ်ကွက်
1984-1996 : အ.ထ.က (၁) တောင်ကြီးတွင် ပညာသင်ယူခဲ့ပြီး ကလေးဘ၀တွင် ဘတ်စ်ကတ်ဘော၊ ဂျူဒို နဲ့ သီချင်းဆိုခြင်းတို့ဟာသူ့ဝါသနာများဖြစ်ခဲ့ပါတယ်။ ကျောင်းကပွဲများနဲ့ဂျူဒိုပွဲများတွင်လည်း ပါဝင်ခဲ့ပါတယ်။
1996 : တက္ကသိုလ်ဝင်တန်းအောင်မြင်
1997 : အဆိုတော်ဖြစ်ရန်စိတ်ကူးအတွက် ရန်ကုန်သို့ပြောင်ရွှေ့
John Lwin’s John International Modeling Agencyတွင်စတင်တက်ရောက်
EDUCATIONAL BACKGROUND
1982-1984 : အစိုးရမူကြိုကျောင်း တောင်ကြီး၊ မြို့မရပ်ကွက်
1984-1996 : အ.ထ.က (၁) တောင်ကြီးတွင် ပညာသင်ယူခ
1996 : တက္ကသိုလ်ဝင်တန်းအောင်မြင်
2003 : ဒဂုံတက္ကသိုလ်မှ English (B.A) ဖြင့်ဘွဲ့ရ
2004 : YUFL တွင်တက်ရောက်ပြီး ဘွဲ့ရ
PROFESSIONAL CAREER
1998 – 2002 : များစွာသော VCD များတွင် သရုပ်ဆောင်ခဲ့
2000 : ချောကလတ်ရောင်ရေခဲအိမ်မက်များအခွေကိုဖြန့်ချိခဲ့သော်လည်းလူသိမများခဲ့
2000 onwards : တီဗီကြော်ငြာများတွင်စတင်သရုပ်ဆောင်ခဲ့ပြီး ဂီတလောကသို့စတင်ဝင်ရောက်
2001 : သူငယ်ချင်းများစွာအတွက် အခွေကို စတင်ဖြန့်ချိပြီး ပရိသတ်လက်ခံနိုင်သော အဆိုတော်တစ်ယောက်ဖြစ်လာခဲ့

DISCOGRAPHY
SOLO ALBUMS
2000 : ချောကလတ်ရောင်ရေခဲအိမ်မက်
http://www.mediafire.com/?65rnejyhda8a6dx

2001 : သူငယ်ချင်းများစွာ
http://www.mediafire.com/?trb8yvvtvmm

2003 : ဖေဖော်ဝါရီမှတ်တမ်း
http://kyawmyothu-mp3.blogspot.com/2008/12/sai-sai.html?m=1

2004 : စိုင်းစိုင်း Live in Yangon
http://kyawmyothu-mp3.blogspot.com/2008/12/sai-sai.html?m=1

2005 : စိုင်းစိုင်းဟုခေါ်သည်
http://kyawmyothu-mp3.blogspot.com/2008/12/sai-sai.html?m=1

2007 : Happy Sai Sai Birthday
http://kyawmyothu-mp3.blogspot.com/2008/12/sai-sai.html?m=1

2009 : အဲဗားဂေါ်လီ
http://kyawmyothu-mp3.blogspot.com/2008/12/sai-sai.html?m=1

2012 : ဒိတ်ဒိတ်ကြဲ
https://www.dropbox.com/sh/056birs8tvlsfw7/2nIwp9Jjjb

Music Video Albums
2002 : သူငယ်ချင်းများစွာ
2003 : ဖေဖော်ဝါရီမှတ်တမ်း
2004 : စိုင်းစိုင်း Live in Yangon
2006 : စိုင်းစိုင်းဟုခေါ်သည်
2007 : Happy Sai Sai Birthday
2010 : အဲဗားဂေါ်လီ
2014 : ဒိတ်ဒိတ်ကြဲ
COLLABORATIVE ALBUMS
2002: ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်
2002: မိန်းမ
2002: အချစ်များစွာအတွက်
2003: ဘ၀ ဘဝ
2003: City FM 2nd Anniversary
2004: နတ်သမီးပုံပြင်
2006: Rock & Rap Live Show
MORE COLLABORATIVE ALBUMS
2006: အလွမ်းရဲ့ည
2006: အရင်လိုစိတ်မချလို့ပါရှင်
2006: Angel
2007: 10 Seconds
2007: City FM 6th Anniversary
2008: City FM 7th Anniversary
2011: City FM 10th Anniversary
AWARDS & NOMINATIONS
City FM-Best selling album of the year 2006
City FM-Best selling album of the year 2007
City FM-Best selling album of the year 2013
Shwe FM-Male artist single 2010
Shwe FM-Artist of the year 2013
Shwe FM-People’s choice 2014
Myanmar Music Award-People’s choice 2014 (Monsoon)
World Music Award Nominee as Myanmar Artist 2014
Myanmar Music Award - People’s Choice 2014 (Winter)
Myanmar Music Award – Long Lastly Award 2014 (Winter)

SOLO CONCERTS
2004 : First Sai Sai Solo Concert (Strand Hotel)
2004 to 2014 : Concerts held every year on 10th April for Sai Sai Birthday.
10th Concert in 2014

Other Activities
2012 : MTV exit live Myanmar တွင်ပါဝင်ဖျော်ဖြေခဲ့ (Historic grand concert promotes anti-human trafficking in Myanmar)
2013 : Presenter – Myanmar’s first Miss Universe Pageant after 64 years.
2013 : မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပသော ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ဖျော်ဖြေခဲ့
FILMS
- မင်္ဂလာပါ 2006
- ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းမေတ္တာ 2007
- ရင်ခုန်နှင်းဆီ 2008
- အာဒံ ရယ် ဧ၀ရယ် ဒဿရယ် 2011
- ဧဒင်ရဲ့နတ်သမီး (post production)
- ဂျုံးဂျုံးဂျက်ဂျက်2016 (post production)
- Filmmakers 2016 (filming)

DIRECT-TO-VIDEOS
Estimated number: 50+
NOVELS PUBLISHED
2006 : စက္ကူငှက်
2008 : ကံကိုဆွဲ၍မှုန်သီခြယ်၊ မင်ရည်ကြဲ၏၊ မကြဲ၏

CURRENT AFFILIATED COMPANIES AS BRAND AMBASSADOR
2013 to Present : Coca Cola Myanmar
2014 to Present : DFM Motors
2014 to Present : Honda Motor Cycle
2014 to Present : Samsung Mobile

Reference: wikipedia & saisaionline.com

Professional တစ်ယောက်မဟုတ်တဲ့အတွက် အရေးအသားညံ့ဖျင်းလျှင်ခွင့်လွှတ်ကြပါကုန်
#credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။