Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 29, 2016

Tom_Hanks ( ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့Oscar ဆုအများရ ဇကာတင်ကားများရဲ့သရုပ်ဆောင် (သို့) သုညဘဝရဲ့နောက်ကွယ်က တန်ဖိုးမဖြတ် နိုင်တဲ့လူတယောက်ရဲ့အတ္ထုပ္ပတ္တိ )


Htet Wa Na added 24 new photos — with Thaw Zin and 49 others.

#Tom_Hanks ( ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့Oscar
ဆုအများရ ဇကာတင်ကားများရဲ့သရုပ်ဆောင်
(သို့) သုညဘဝရဲ့နောက်ကွယ်က တန်ဖိုးမဖြတ်
နိုင်တဲ့လူတယောက်ရဲ့အတ္ထုပ္ပတ္တိ )
…………………………………………………………
.
.
.
.
.


" ကျတော်ယုံကြည်တဲ့အရာတခုက
တခြားလူတွေအတွက်ရယ်စရာဖြစ်
ချင်ဖြစ်မယ် အထင်သေးစရာဖြစ်ချင်
ဖြစ်မယ်။ ဒါပေမယ့်ကျတော့်အတွက်
အရေးမကြီးဘူး။ ဒီယုံကြည်မူကမချမ်း
သာချင်လဲမချမ်းသာဘူး။ ဒါလဲကျတော့်
အတွက်အတွက်အရေးမကြီးဘူး။
ကျတော်ယုံကြည်တဲ့အရာကိုကျတော်
သိနေသ၍ ကြိုးစားခွင့်ရနေသ၍
ဘယ်အရာမှကျတော့်အတွက်သိမ်ငယ်
စရာမရှိဘူး။ "

Tom Hanks
ကျတော်တို့လူမှန်းသိတတ်စထဲကရုပ်ရှင်
ကားအများအပြားကိုကြည့်ဖူးကြတယ်။မင်းသား
အများအပြားကိုလဲကြိုက်ခဲ့ကြတယ်။ အထူးသဖြင့်
ကျတော်တို့အသက်အရွယ်အလိုက် ကြိုက်နှစ်
သက်ကြတဲ့ကားတွေနဲ့မင်းသားတွေကမတူနိုင်
ကြဘူး။ ဒီဖက်ခေတ်လူငယ်တွေအဖို့ စတားလုံး
ဘန်ဒိန်း လိုမင်းသားတွေကထိပ်ဆုံးကကြိုက်နေ
မယ့်မင်းသားတွေမဟုတ်ကြပေမယ့် လီယိုနာဒို
လိုမင်းသားကိုတို့သူတို့အသည်းစွဲတတ်ကြတယ်။
ဒီလိုပဲ ဂီတဖက်မှာAerosmithကဒီဖက်ခေတ်
ဆယ်ကျော်သက်တွေအသည်းမစွဲကြတော့ပေ
မယ့် ကျတော်တို့ဦးလေး အဖေအရွယ်တွေအများ
စုကတော့Aerosmithဟာယနေ့ချိန်ထိထိပ်ဆုံး
ကရပ်တည်နေဆဲပါပဲ။ ဒါပေမယ့်ကျတော်တို့ဘဝ
မှာဆယ်စုနှစ် ၄စုစာအသက်အရွယ်အပိုင်းခြားအ
လိုက်ကြိုက်နှစ်သက်နေသေးတဲ့မင်းသားကြီးတွေ
ရှိနေသေးတယ်။ သူတို့ထဲက မကြာသေးခင်ကမှ
Honors Medallion ဂုဏ်ထူးဆောင်ဆုကြီး
ကိုပေးအပ်ခြင်းခံရတဲ့ လူသားအကျိုးပြုမင်းသား
ကြီးတယောက်အကြောင်းကိုဒီတခါဖော်ပြချင်ပါ
တယ်။
" ကျတော်တို့ ရှုံးနိမ့်ရမှာကို
ကြောက်ကြတယ်။
အောင်မြင်အောင်ကြိုးစားရမှာကို
လဲကြောက်ကြတယ်။
ဒါက လောကကြီးမှာ
အောင်မြင်တဲ့လူ နဲ့ ရှုံးနိမ့်တဲ့လူ
တွေကိုခွဲခြားပစ်လိုက်တဲ့အချက်ပဲ "
Tom Hanks

ဒုတိယကမ္ဘာ့စစ်အပြီးနောက်ဆက်
တွဲပြသနာထဲ ဂျာမာန်ကအလေအလွင့်နိုင်ငံသား
မဟုတ်သူတချို့ ပြည်ပြေးရတာပါခဲ့တယ်။ဒုတိယ
ကမ္ဘာစစ်အတွင်း တောမီးလောင်တောကြောင်
လက်ခမောင်းခတ်ဆိုသလို ဥရောပအမေရိကအ
နှံ့မူးယစ်ဆေးနယ်ပယ်ကထိန်းမရတော့တာပါပဲ။
ဒီပြသနာကိုစစ်ကြီးအပြီးအစိုးရတိုင်းကလိုက်လံ
သုတ်သင်မူမှာ Amos Mefford Hanksတ
ယောက်အမေရိကကိုပြေးလာခဲ့ရတာပဲ။ ငွေရရင်
ဘာမဆိုလုပ်မယ်ဆိုတဲ့သူ့ဘဝနေထိုင်မူကနောက်
ဆုံးတော့အမေရိကန်ကိုရောက်လာခဲ့တယ်။သူ
ဘာတတ်လဲ? ဟင်းချက်တတ်တယ်။ ပွဲစား
လုပ်တတ်တယ်။ ပွဲစားဆိုတာကလဲ ခိုးရာပါကား
ဈေးကွက်ကကားပစ္စည်းအပိုတွေကိုမှောင်ခိုလုပ်
တာပါ။ နာဗားနားကစားသောက်ဆိုင်တခုမှာစား
ဖိုမှူးလုပ်ရင်းသူ့ဘဝကိုအသစ်ကပြန်စတင်ခဲ့
တယ်။ ဒီအချိန်မှာ ညပိုင်းသူအမြဲအစားအစာသွား
ပို့ရတဲ့နယ်ဆေးရုံလေးတခုက ဆေးရုံသန့်ရှင်းသ
မလေးတဦးနဲ့ ကံအကြောင်းပါလာခဲ့တယ်။၂ဦး
သားနှုတ်ခမ်းပဲ့ချင်းမီးမှုတ်တယ်ပဲပြောရမယ်
လက်ထပ်ခဲ့ကြပြီး ကယ်လီဖိုးနီးယားကိုပြောင်း
ရွေ့ခဲ့ကြပါတယ်။ Janet Marylynကလဲဇနီး
ကောင်းတယောက်ပါပဲ။ သူ့ဘဝမှာယောကျာ်းဖြစ်
သူကလွဲရင်ဆွေမျိုးသားချင်းမရှိခဲ့ဘူး။
" ကိုယ့်မိသားစုကိုသိမ်ငယ်ခြင်းက
လောကမှာ အောက်တန်းအကျဆုံး
စိတ်ထားပဲ။ "
Tom Hanks

အချိန်အားဖြင့် ၁၉၅၆ခုနှစ် ဇူလိုင်လ
၉ရက်နေ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား
ပြည်နယ်မှာသူ့ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်အင်္ဂလန်
နဲ့ မိခင်ပေါ်တူဂီတို့ကမွေးဖွားခဲ့တဲ့ အမေရိကန်ဇာ
တိဖွားလေးပေါ့။ အမတဦး အကိုတဦး မွေးဖွားပြီး
ချိန်သူနဲ့ သူ့ညီJim ပါမွေးဖွားပြီးခဲ့တာတောင်ဖ
ခင်ဖြစ်သူရဲ့ဆေးစွဲမူပြသနာကအတော်မသတ်နိုင်
ခဲ့ပါဘူး။ နောက်ဆုံးတော့လင်မယား၂ယောက်
ဟာ သူ့ အသက်၎နှစ်သားမှာကွဲခဲ့ကြပါတော့
တယ်။ ဖခင်ဖြစ်သူကလဲသားသမီးထဲသူ့ကိုသာ
ခေါ်ခဲ့ပြီးကွာရှင်းပေးခဲ့ပါတယ်။ အမ အကိုဖြစ်သူ
တွေကဖခင်ကိုမုန်းပေမယ့် သူကတော့ဖခင်ကို
အတော်ချစ်ရှာတယ်။ ဒီလိုနဲ့ရံဖန်ရံခါမှမိခင်ဖြစ်
သူနဲ့တွေ့ရပြီး သူဟာဖခင်နဲ့ပဲအနေများခဲ့ပါတယ်။
ကျောင်းစနေတဲ့အရွယ် - ကျောင်းမှာဆင်းရဲသား
ကျောင်းသားလေးတွေရဲ့ထုံးစံအတိုင်းသူကလဲအ
ပယ်ခံဖြစ်ခဲ့ပါတယ်။လုပ်ချင်တာလုပ်နေတတ်
တယ်။ ကဗျာရေးတယ် သီချင်းတွေအော်ဆိုနေ
တတ်တယ် သူငယ်ချင်းမရှိဘူး။ စာလဲမတော်ဘူး။
ကျောင်းပြန်ရင် Rodan လိုလမ်းဘေးတင်ဆက်
မူတွေရှိတဲ့လမ်းကြားတွေမှာအိမ်ကိုတန်းမပြန်ပဲ
ငန်းနေတတ်တယ်။ တခါတလေဆေးလိပ်ခိုး
သောက်တယ်။ ဆုံးမမဲ့မိဘကလဲမရှိဘူး။ကျောင်း
မှာအကောင်သေးလို့ဆိုပြီးအနိုင်ကျင့်ခံရတယ်။
ကြောက်လို့ ကျောင်းပြေးပြီးလမ်းမပေါ်မှာလေနေ
တတ်တယ်။ ငယ်ဘဝကတော့အစုံပါပဲ။ သူ့အ
သက်၉နှစ်မှာဖခင်နောက်မိန်းမယူခြင်းကသူ့ကို
ဒီထက်ပိုဆိုးသွားစေခဲ့တာပါပဲ။နောက်မိန်းမနဲ့ပါ
လာတဲ့သားသမီးတွေအပေါ်ပဲမိထွေးနဲ့ဖခင်ဟာ
ချီးမွန်းတတ်ပြီးသူကတော့လူညံ့တယောက်အဖြစ်
မိသားစုရဲ့အပယ်ခံထပ်ဖြစ်ခဲ့ရတယ်။
" အဖေက ကျတော့်ကိုတခါမှဂုဏ်ယူရတဲ့
သားတယောက်အဖြစ်မထင်ခဲ့ဘူး။ဒါပေ
မယ့်အဖေက ချစ်ကြောင်းမပြတတ်တဲ့
ဖခင်ကောင်းတယောက်လို့ပဲကျတော်အ
မြဲလေးစားခဲ့တယ်။ အထက်တန်းကျောင်း
သားဘဝကတော့အဖေ့နဲ့တလနေလို့တ
ခါမျက်နှာချင်းမဆိုင်ရတဲ့ဝမ်းနည်းစရာ
အချိန်ပေါ့ဗျာ။ "
အုခ်လန်းမှာ အထက်တန်းကျောင်းသား
ဘဝစတက်ရတဲ့အချိန်မှာ သူဟာဘဝကိုအရှုံး
ပေးပြီးအားငယ်တတ်သွားပြီ။ တခါတလေညီဖြစ်
သူနဲ့တွေ့ပြီးအရက်ပါခိုးသောက်တတ်ခဲ့တယ်။ဒါ
ကိုသူ့ဘဝကိုရေစုန်မျောစေခဲ့တဲ့အခိုက်အတန့်ပါ
ပဲ။ တရက် - သူသွားနေကျ လမ်းဘေးတင်ဆက်
မူလမ်းကိုရုပ်ရှင်ပိုစတာတခုလာဝေတယ်။လူလို
လို့ လက်ကမ်းစာစောင်ဝေဖို့ခေါ်တော့သူကလုပ်
မယ်ပြောခဲ့တယ်။ အဲ့ဒီမှာပဲ ပိုစတာဝေခိုင်းတဲ့လူ
ကြီးကသူ့ကိုခင်မင်တဲ့အနေနဲ့ရုပ်ရှင်လက်မှတ်တ
ခုအလကားပေးခဲ့ပါတယ်။ သူအဲ့နေ့ကသွားကြည့်
ခဲ့တဲ့ရုပ်ရှင်ကတော့ Stand Easy ပါပဲ။၃နာရီ
ကြာဒီကားကိုကြည့်ပြီးရုံထဲကထွက်လာချိန်တော့
သူ ဘာဖြစ်ချင်လဲဆိုတာကိုသိရှိသွားပုံရတယ်။
နောက်ပိုင်းကျောင်းမှာသူငြိမ်ချက်သားကောင်းခဲ့
တယ်။ ပီဇာပို့လို့ရတဲ့ငွေနဲ့သူ့ကိုယ်ပိုင်TVတလုံး
ကိုအိမ်နောက်ကပစ္စည်းဟောင်းဂိုထောင်ထဲထား
ပြီးအားလပ်ချိန်အများစုကိုသူဒီအခန်းထဲကုန်စေ
ခဲ့တယ်။ကျောင်းစာကြည့်တိုက်ကရုပ်ရှင်နဲ့ပတ်
သက်တဲ့စာအုပ်တွေကိုငှားလာပြီးဖတ်နေတာကို
ဖခင်ဖြစ်သူကမြင်ပြီး အံ့သြသွားခဲ့တယ်။ဟုတ်ပါ
တယ် သူကတော့ ကျတော်တို့ ခဗျားတို့ ကိုရုပ်
ရှင်ကားတကားကြည့်ပြီးဘဝကြိုးစားမူ လူသားဝါ
ဒ ဒဿန သရုပ်ဆောင်တယောက်သရုပ်ဆောင်
ပြီးကမ္ဘာကြီးကလူအများအပြားကိုငိုစေနိုင်တဲ့သူ
ရုပ်ရှင်ဆိုတာ ဖျော်ဖြေမူတခုသာမဟုတ်ပဲပညာ
များစွာ အသိဥာဏ်များစွာကိုရရှိစေတဲ့အရာဖြစ်
ကြောင်းပြသလာမယ့် ကမ္ဘာ့ရုပ်ရှင်လောကရဲ့
အချမ်းသာဆုံးမင်းသားကြီး၅ယောက်ထဲပါဝင်
လာမယ့် Oscar ဆုတွေ တင်မကပဲဂုဏ်
ထူးဆောင်ဆုကြီးတွေကိုပါချီးမြင့်ခြင်းခံလာရမယ့်
မင်းသားကြီး Tom Hanks ပါပဲ။
အထက်တန်းအောင်ပြီးချိန်မှာတော့ဒီအ
ပေအတေလေးဟာChabot College
Hayward ကောလိပ်ကြီးကိုတက်ခွင့်ရခဲ့ပြီး
Tom ဟာCalifornia State Universitကို
ပါထပ်မံပြောင်းရွေ့တက်ခွင့်ရခဲ့ပါတယ်။ဒီအချိန်
မှာသူဝါသနာပါခဲ့တဲ့ သရုပ်ဆောင်သင်တန်းကို
အချိန်ပိုင်းလုပ်အားခနဲ့တက်ခဲ့ပြီး ပြဇာတ်ပညာ
ကိုလဲသင်ယူခဲ့ပါတယ်။ ရံဖန်ရံခါပြဇာတ်အသေး
လေးတွေပါသွားပါခဲ့တယ်။ဒါကပဲသူ့ကို့မင်းသား
ကြီး ဒါရိုက်တာကြီး Vincent Dowlingနဲ့တွေ့
ဆုံစေခဲ့ပါတယ်။ Vincent Dowlingကလဲထို
အချိန် Great Lakes Theater Festivalကို
ပါဝင်လုပ်ကိုင်နေချိန်ပေါ့။ ဒီပွဲတော်မှာ Tomက
အရမ်းပါချင်တယ်။ မင်းသားကြီး Vincentကလဲ
ထည့်ခဲ့ပါတယ်။ Tom ဟာဒီပွဲတော်မှာBest
Actor ရခဲ့သလို ကောလိပ်ကနေထွက်ခဲ့ပြီး
The Two Gentlemen of Veronaပြဇာတ်
ဇာတ်လမ်းမှာသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ဒီအချိန်
မှာTom ဟာသရုပ်ဆောင်တဦးဘဝကိုအရမ်းရူး
သွပ်ခဲ့ပါပြီ။ အိမ်ကနေဆင်းပြီးLAမှာအခန်းငှား
နေခဲ့တယ်။ အချိန်ပြည့်သရုပ်ဆောင်ပညာကိုလေ့
လာခဲ့ပါတယ်။
" ချို့တဲ့တာ မပြည့်စုံတာကအပြစ်မ
ဟုတ်ဘူး။ ကျတော်တို့ဘဝကို
ကျတော်တို့စိတ်ပျက်နေတာကသာ
အပြစ်တခုပါ။ လုပ်နိုင်မှာမဟုတ်ဘူး
ဆိုတဲ့အရိပ်က အောင်မြင်မူဆိုတဲ့အ
လင်းထဲဘယ်တော့မှမရောက်စေတဲ့
လောင်းရိပ်တခုပဲ။ "
Tom Hanks

၃နှစ်လောက်Tomဟာဘာမှရေရေရာရာ
မရှိခဲ့ဘူး။ သူရုပ်ရှင်လောကကိုတိုးနိုင်ဖို့လဲရုပ်ရည်
ကသာမာန် ခန္တာကိုယ်ကပိန်သေး နောက်ခံအင်
အားကzero ။ ဒီတော့သူရုပ်ရှင်လောကကိုတိုး
ဖို့သူများထက်ပိုကြိုးစားရမယ်ဆိုတဲ့အချက်ကိုသိ
ရှိခဲ့တယ်။ သူကြိုးစားမူကအရာထင်တယ်ပြောရ
မယ်။ ၃နှစ်ကျော်လောက်ကြာမှ He Knows
You're Alone ဆိုတဲ့ကားမှာအရံအဖြစ်နဲ့
မထင်မရှားဇာတ်ကောင် Elliot နေရာကနေပါဝင်
ခွင့်ရခဲ့တယ်။ ဘားဂျက်မရှိလို့ရိုက်မရဘူးဆိုတဲ့အ
ချက်ကိုဒီကားကဆန့်ကျင်ပြထားတယ်။ဒေါ်လာ
၂သိန်းခွဲလောက်ပဲထုတ်လုပ်ရေးကပေးခဲ့ပေမယ့်
ဒီကားဟာ ၁၉၈၀ခုနှစ်မှာပြသလာချိန်မှာတော့
ဒေါ်လာ၅သန်းနီးအမြတ်ငွေရရှိခဲ့ပါတယ်။ဒီကား
မှာ Tomကထင်သလောက်နာမည်ကြီးခဲ့တာ
တော့မဟုတ်ဘူး။နောက်ပိုင်းTV ကလွှင့်တဲ့ဇာတ်
ကားလေးတွေမှာပါခွင့်ရရုံပဲရှိတယ်။ TV series Bosom Buddies မှာပါဝင်ခွင့်ရခဲ့တယ်။ဒီလို
၎နှစ်တာထပ်မံရုန်းကန်ရပြန်တယ်။ ဘာမင်းသား
ဘာရုပ်ရှင်Starမှမဖြစ်သေးဘူး။ ၁၉၈၄ခုနှစ်မှာ
တော့ ဒါရိုက်တာ Ron Howardရိုက်ကူးတဲ့
ဟာသအချစ်ဇာတ်ကားဖြစ်တဲ့ Splashကားမှာ
Tom ဟာအဓိကမင်းသားနေရာကနေပွဲထွက်
လာခဲ့ပါတော့တယ်။ ဒီကားဟာ ၈သန်းရင်းပြီး
သန်း၇၀ရယူနိုင်ခဲ့တဲ့ကားဖြစ်သလို ၁၉၈၄ခုနှစ်
ရဲ့ ဝေငွေအမြင့်ဆုံးရုပ်ရှင်ကား၁၀ကားစာရင်းမှာ
ပါခဲ့ပါတယ်။ မင်းသမီးဖြစ်သူ Hannah ကတော့
အကောင်းဆုံးမင်းသမီးဆုကိုရခဲ့ပေမယ့် Tom
ကတော့ဘာဆုမှမရခဲ့ပါဘူး။ Splash ဟာအ
ကောင်းဆုံးသရုပ်ဆောင်ဆု ဇာတ်ကားတွေအ
ပြင် ဆုပေါင်း၁၄ဆုကိုရရှိခဲ့သလို အကယ်ဒမီရော
ရွှေကမ္ဘာလုံးဆုတွေကိုပါရရှိခဲ့ပါတယ်။ Tomဟာ
လဲ Hollywood ရဲ့နာမည်ရမင်းသားတဦးအဖြစ်
အသက်၃၀ပြည့်ခါနီးမှ စတင်ခဲ့ပါတော့တယ်။
" ဆုနဲ့ငွေ တွေရဖို့ 
အောင်မြင်မူကိုဘယ်လိုကြိုးစားရမလဲ
ထက် ကျတော်ကတော့ကော်ဖီ
သောက်ရတာကိုပိုကြိုက်တယ်။ "
Tom.Hanks

*Big
………
စာရေးဆရာ Gary Ross ကဒီဇာတ်လမ်း
ကိုဘာစိတ်ကူးနဲ့တွေးလဲတော့မသိဘူး။Anne
Spielbergလိုနာမည်ကြီးစာရေးဆရာ ဇာတ်
ညွှန်းရေးဆရာနဲ့ပေါင်းရေးပြီး ဒါရိုက်တာPenny
Marshallကိုကမ်းလှမ်းခဲ့တယ်။ ဒီဇာတ်လမ်းရဲ့
ဇာတ်ကောင် Josh Baskinနေရာမှာအံ့ဝင်ဖို့
ကြောင်တောင်တောင်မင်းသားတယောက်ကိုသူ
တို့ရှာခဲ့ကြတယ်။ ထုတ်လုပ်သူJamesBrooks
ကသိပ်တော့စိတ်အားမသန်လှဘူး။ ဒေါ်လာ၁၀
သန်းပဲပေးမယ်။ရိုက်လို့မရရင်တခြားကိုရောင်း
လိုက်ပါလို့ပြောခဲ့တယ်။ "ကျတော်နောင်တ
အရဆုံး ပြောခဲ့တဲ့စကားပါပဲ "လို့နောင်တချိန်သူ
မပြောခင်ပေါ့။ မင်းသားနေရာရှာတော့ ၄နှစ်ကြာ
လောက်ဘာကားမှမရိုက်ရတဲ့ငကြောင်မင်းသား
တယောက်ကိုသူတို့သွားတွေ့တယ်။ အသက်က
လဲ၃၀ကျော်နေပြီ ရုပ်ကလဲသာမာန် လူတွေ့လာ
တွေ့တော့စကားပြောတာကလဲတောသားအထှာ
ဖြစ်နေတဲ့ Tomပေါ့။ ဒါပေမယ့်ဒါရိုက်တာနဲ့
နောက်ထပ်ပိုက်ဆံထုတ်ပေးမယ့် Greenhut
တို့က Tom ကိုပဲရွေးခဲ့ပါတယ်။ကားနာမည်က
Big ။ ၁၉၈၈ခုနှစ် ဇွန်လမှာဒီကားကိုဒေါ်လာ
၁၈သန်းပဲအကုန်ကျခံပြီးပြသလာခဲ့တယ်။
ကျတော့်မူလတန်းငယ်ဘဝမှာရုပ်ရှင်
တကားကိုတပတ်လုံးလောက်ခဏခဏပြန်ကြည့်
ဖြစ်စေခဲ့တဲ့ကားပေါ့ဗျာ။ဘာကောင်းလို့လဲ? Big
က ကျတော်တို့ကလေးဘဝမှာတွေးတောတတ်
တဲ့စိတ်ကူးလေးတခုကိုရိုက်ပြသွားတဲ့ကားပါပဲ။
အသက်၁၂နှစ်အရွယ်အသိဥာဏ်သာရှိသေးတဲ့
ကလေးတယောက်ကချက်ချင်းလူကြီးဖြစ်သွား
ရင်ဘာတွေဖြစ်လာမလဲ ဆိုတဲ့အချက်ကိုဒီကား
ကဇာတ်အိမ်စထားတယ်။ တွေးကြည့်ဖူးတယ်။
လူကြီးအရမ်းဖြစ်ချင်တယ်ပေါ့။ ဒါပေမယ့်ဒီကား
မှာချက်ချင်းလူကြီးတယောက်ဖြစ်သွားပေမယ့်
အသက်၁၂နှစ်အရွယ်အသိဥာဏ်နဲ့ကြုံတွေ့ဖြတ်
သန်းရပုံတွေကိုပြသထားတဲ့ကားပါ။ ဒီကားဟာ
၁၈သန်းရင်းပြီး ၁၅၁သန်းကျော်ရုံတင်ဝင်ငွေရခဲ့
သလို Tomရဲ့သရုပ်ဆောင်ချက်က အကယ်ဒမီ
ဆုကြီးပါရရှိခဲ့ပါတယ်။ဒါတင်မကဘူး Big က
ဆယ်စုနှစ်၃စုအတွင်း မိသားစုတွေကရွေးချယ်တဲ့
အကောင်းဆုံးကားအဖြစ်ပါVotingရခဲ့ပါတယ်။

* Turner & Hooch
……………………………
ဒီကားကဟာသကားပေမယ့် အတွေး
အခေါ်များစွာကိုထည့်သွင်းထားတယ်။Bigနဲ့
အောင်မြင်လာတဲ့ Tom ကပေါကြောင်ကြောင်မ
အူမလည်ဇာတ်ကောင်အနေနဲ့ပဲဒီ Turner &
Hoochမှာပါဝင်လာခဲ့ပြန်တယ်။ ဒေါ်လာ၇၁
သန်းထိအမြတ်ငွေရခဲ့သလို Tom ဟာလဲဒီကား
မှာ သရုပ်ဆောင်က တသန်းနဲ့၁သိန်းထိရရှိခဲ့ပါ
တယ်။
*Philadelphia
………………………
Turner & Hooch ကားပြီးချိန်မှာ
တော့ Tomဟာပြသနာတချို့နဲ့ရင်ဆိုင်လာရပါ
တယ်။ဒါကတော့သူ့မိခင်ကျန်းမာရေးပါပဲ။မိခင်
ဖြစ်သူကျန်းမာရေးမကောင်းချိန် သူဟာချက်ချင်း
ပဲမိခင်ဆီကိုလိုက်ပါသွားခဲ့သလို ညီဖြစ်သူကလဲ
ဒီအချိန်မှာ ရုပ်ရှင်နယ်ပယ်နဲ့ထဲတိုးနေချိန်ပေါ့။
ဒီပြသနာက သူ့ကိုရုပ်ရှင်ကားကြီးတကားကို
လက်လွှတ်ခဲ့ရဖို့အထိ ဖြစ်သွားခဲ့ပါတယ်။
" ပြင်လို့မရတဲ့အတိတ်တွေထဲ
ကိုယ်ချစ်ခင်မြတ်နိုးသူတွေကို
ဂရုမစိုက်မိခဲ့တဲ့အတိတ်က
အဆိုးဆုံးပဲ။ ဒါကြောင့် မိသားစု
ချစ်ခင်တန်ဖိုးထားသူတွေနဲ့ပတ်
သက်ရင် ကျတော်ဘယ်တော့မှ
နောင်တမရအောင်နေတယ်။ "
Tom Hanks
မိသားစုဟာ ငွေကြေး အောင်မြင်မူ
ထက်အရေးမပါကြောင်းကို ကျတော်ရေးဖူးသမျှ
ထဲ Tom နဲ့ Toma(အာဖရိကမော့စ်)၂ယောက်
ပဲကြုံဖူးသေးတယ်။ "မင်းကိုသန်းတရာပေးမယ်
မင်းဒီကားကိုရိုက် မင်းအကယ်ဒမီရမယ် "လို့ပြော
ရင်တောင် မိသားစုအခက်အခဲဖြစ်နေရင်Tom
ကရိုက်မယ့်မင်းသားထဲတော့မပါဘူး။ ဒါကတခြား
လူအတွက်မိုက်မဲတယ်လို့ ထင်ရပေမယ့်ကိုယ်
တိုင်မိသားစုသေရေးရှင်ရေးကြုံလာတဲ့အခါTom
လိုစိတ်ထားတတ်သူကသာ လူပီသတဲ့လူပါ။ငွေ
ကြေး အောင်မြင်မူက အရေးပါပေမယ့် မိသားစု
ချစ်သူခင်သူတွေနဲ့ယှဉ်ရင်တော့အသေးအဖွဲ့ပါပဲ။
သူ့ဗီဇကိုယုံကြည်တဲ့ ဒါရိုက်တာကြီး
Jonathan Demme က Tom ကိုရုပ်ရှင်
လောကထဲနောက်တဖန်ပြန်ဝင်လာစေတဲ့ကား
တကားကိုရိုက်ခဲ့ပါတယ်။ ဒါကတော့ ၁၉၉၃ခုနှစ်
နှစ်ကုန်ပိုင်းလောက်မှာမှရုံတင်လာတဲ့ဇတ်ကား
ကြီး Philadelphia ပါပဲ။Denzelလိုသရုပ်
ဆောင်မျိုးလဲဒါကားမှာပါခဲ့ပြီး Drama ကားတ
ကားပါ။ ရုံတင်ပြီးမကြာဘူး Action တွေဟာသ
တွေသိပ္ပံတွေမှာဝင်ငွေမြိုင်နေတဲ့ 90- 95လို
ခေတ်မှာ ဒီDrama အငိုအယိုကားကြီးကဒေါ်
လာ ၂၀၆သန်းအထိဝင်ငွေရခဲ့ပါတယ်။ ဘယ်
ပြောကောင်းမလဲ အကယ်ဒမီဆုကို Tomက
သိမ်းသွားခဲ့တယ်။ တခြားအကယ်ဒမီဆုတွေလဲ
ဒီကားကရရှိခဲ့တယ်။ ဆုပေါင်း၂၂ဆုအပြင်ဒီကား
ကို ကမ္ဘာ့Gayလူထုရဲ့ဝေဖန်မူတွေအထိရှိခဲ့ပါ
တယ်။ ဒီကားအောင်မြင်မူကTomကိုရုပ်ရှင်
လောကထဲတကားရိုက်တခါပေါက် တကားထွက်
လာဟာခနဲဟင်ခနဲဖြစ်စေတဲ့ ၃ကားထဲနဲ့ကမ္ဘာ
ကျော်လာတဲ့မင်းသားဖြစ်ပါတယ်။ ဒါ့အပြင်ဒီကား
ကဂီတလောကမှာပါ Grammy ဆုတွေအထိရ
ခဲ့တဲ့ ဇာတ်ဝင်တေးတွေပါပါဝင်ခဲ့ပါတယ်။ ဒါပေ
မယ့်ဒီကားရုံမတင်မှီထဲက ရိုက်နေခဲ့တဲ့ကားတ
ကားရှိတယ်။ ဒါရိုက်တာ Robert Zemeckis
က ၁၉၉၃ခုနှစ်လိုအချိန်မှာတောင် ဒီကားကိုပြင်
ဆင်မူများစွာနဲ့ယနေ့ထိတအံ့တသြကြည့်စေရ
မယ့်ကားတကားအဖြစ်ရိုက်ကူးခဲ့ပါတယ်။အဲ့
ကားကတော့…………
.
.
.
.
.
.
.
.
.
.
. " ကျတော့်အမေကပြောတယ်
လူတွေအကြောင်းသိချင်ရင်
သူတို့စီးထားတဲ့ဖိနပ်ကိုကြည့်တဲ့
သူတို့ဘယ်လိုဘဝတွေမှာရုန်းကန်
နေကြသူတွေလဲဆိုတာကိုသိနိုင်
တယ်တဲ့ "
" ကျတော့်အမေကအမြဲပြောတယ်
ချောကလက်တွေရှိဖူးတဲ့ဗူးလိုပဲ
တဲ့အထဲမှာဘာထပ်ရှိလဲဆိုတာ
ဘယ်သူမှမသိနိုင်ဘူးတဲ့ "

ဒီလောက်ဆိုရင်ဒီကားကိုသိကြပြီပေါ့။
ကျတော်တို့ငယ်ဘဝမှာစိတ်ဓာတ်ခွန်အားများစွာ
ပေးစေခဲ့တဲ့ကားဖြစ်ပြီး အသက်ကြီးလာလို့အ
ခက်အခဲကြုံလာလေဒီကားကိုပြန်ကြည့်ပြီးစိတ်
ဓာတ်ခွန်အားပြန်ရစေတဲ့ယနေ့ထိ မအိုမလွှင့်ပစ်
လိုက်ရတဲ့ ထာဝရသစ်နေဦးမယ့်ရုပ်ရှင်ကား
Forrest Gump ပါပဲ။ ရုပ်ရှင်ကားတကားက
ဒီလောက်အရေးပါလို့လားလို့အများစုကပြောကြ
မယ်။
*စာရေးသူလျှာရှည်မူ
…………………………
* ကျတော်တို့ငယ်ငယ်ကပါဝါရိန်းဂျားကြည့်ပြီး
ပါဝါရိန်းဂျားဖြစ်ချင်ဖူးတယ်။ ဒီလိုပဲနင်ဂျာကား
ကြည့်ပြီး အဖေ့ပုဆိုးကိုမျက်နှာမှာစီး ပါးစပ်က
ရှီရှောင်နဲ့အော်ရင်းသိုင်းချခဲ့ဖူးတယ်။ ဒါကရုပ်ရှင်
ကနေလူငယ်တွေကိုပေးစွမ်းခဲ့တဲ့ မသိစိတ်အတု
ယူပါပဲ။ ကျတော်တို့ကလေးဘဝကသာအပြာ
ကားတွေချည်းကြည့်ခဲ့ရမယ်ဆို ကျတော်တို့လူပျို
ပေါက်အရွယ်မှာ မုဒိန်းမူတွေမကျုးလွန်နိုင်ဘူးလို့
ဘယ်သူမှမပြောနိုင်ဘူး။ အခုလက်ရှိမြန်မာနိုင်ငံ
အနေအထားတချက်ကြည့်။ မနက် နေ့လည် ည
ကိုရီးယားဇာတ်လမ်းတွဲတွေချည်းလွှင့်ခဲ့တာနှစ်
မနည်းတော့ဘူး။ ဒီ၁၀စုနှစ်အတွင်းမှာဆယ်ကျော်
သက်လူငယ်တွေနဲ့မိဘတွေရဲ့အထိတွေ့ဆုံးကား
ကဂျိုလီပညာပေးကားလား စတားလုံးRocky
လား ဝေးသွားပါပြီ။ ပညာဥာက်အမြော်အမြင်ရှိ
တဲ့မိဘအနည်းစုသာကိုယ့်သားသမီးကိုTVဖက်
ကနေ Educateနိုင်တဲ့Channel / Filmကို
သာပြကြပြီး သာမာန်မိဘနဲ့သာမာန်မိသားစုတွေ
အဖို့တနေ့တာပင်ပန်းမူဟာ ဒီဇာတ်လမ်းတွဲလာ
ချိန်မှာသာဆုံဆုံညီညီနဲ့ကြည့်ရတာပါ။ ကိုရီးယား
ကားကိုအပြစ်ပြောတယ်မထင်နဲ့နော်။Educate
ဖက်အားနည်းတဲ့ ကြော်ငြာ အချစ် ဖန်စီကားတွေ
သာအလွှင့်များတဲ့နိုင်ငံရဲ့မယောင်ရာဆီလူးထား
မူစီးပွားရေးmediaတွေကိုအပြစ်ပြောခြင်းပါ။ဒီ
တော့ဘာဖြစ်လာသလဲဆို Stageကျောင်းသား
ဘဝမှာတင်အချစ်ဆိုတာကြီးကရေပန်းစားရင်
ခုန်စရာဖြစ်လာခဲ့တယ်။ ကျတော့်တို့အမေတွေ
ခေတ် ၉တန်း ၁၀တန်းထိ ကြိုးခုန် ထုံစည်းထိုး
ကောင်းတုန်း ကျတော်တို့၉တန်း၁၀တန်းအရွယ်
ကျ မျက်လုံးကစား ရင်ခုန်တတ်တာနဲ့ဘာနဲ့
ဒါပေမယ့် ရည်းစားဆိုတာ၉တန်းဘဝမှာထားဖို့က
လူမူနယ်ပယ်မှာသိပ်မတွင်ကျယ်သေးဘူး။ဟော
အခု ၉တန်း၁၀တန်းဘာတွေဖြစ်လာကြလဲ။ဒီသ
ဘောပါပဲ။ ဒါကခေတ်တိုးတက်လာတာထက်
ခေတ်နဲ့အမှီ လူငယ်တွေရဲ့Learningပိုင်းနိမ့်ကျ
လာစေတဲ့ Entertainment / Social
Network / Government incomplete
တွေကြောင့်ပါပဲ။ ပြောချင်တာကမိဘနဲ့အစိုးရက
သာလူငယ်တွေကိုမြှင့်တင်ပေးချင်ရင်အမိန့်တွေ
တုတ်တွေကိုင်ပြီး ငွေအများကြီးအကုန်ခံပြီးပြု
ပြင်ပေးစရာမလိုပါဘူး။ Entertainmentနဲ့တင်
စတင်ပြောင်းလဲပေးလို့ရပါတယ်။ တနေ့လုံးထိုင်
ကြည့်လို့လူငယ်တွေဘဝအသိဥာဏ်တခုမရတဲ့
အစီအစဉ်တွေကိုလွှင့်နေမယ့်အစား ဆွဲဆောင်
ပြောင်းလဲပေးနိုင်မယ့်ပညာပေးအစီအစဉ်တွေကို
ကျယ်ပြန့်ပေးသင့်တယ်။ ဒါက Forrest Gump
နဲ့ဘာဆိုင်လဲဆို ………
* ဘ နဲ့ ဝ ၂လုံးထဲပါတဲ့ ဘဝက
စာသားအရသာတိုတာ တကယ်တမ်းကြိုးစားရုန်း
ကန်မူတွေအပြည့်နဲ့ လမ်းမကြီးတခုပါပဲ။ဒီကားကို
တခါကြည့်ပြီး နောက်တခါထပ်ကြည့်လေမရိုးလေ
အမြင်တခုရလေ ဘာကြောင့်ဖြစ်နေရလဲ,,.
ရှင်းပါတယ် ဒီကားမှာလူတယောက်ဘယ်ဒေသ
ဘယ်လိုအခြေအနေ ဘယ်နေရာရောက်ရောက်
အရိုးသားဆုံးကြိုးစားရုန်းကန်ရမယ် လောကမှာ
ကြိုက်တာလာ ကြိုက်သလိုလာ ကြိုက်တဲ့ဒုက္ခလာ
ကြိုမမသိနိုင်တဲ့အတွက် ကြုံတာနဲ့ကြိုးစားရမယ်
ဒီလိုကြိုးစားမူမှာ ခဗျားကမျက်မမြင်ဖြစ်နေပါစေ
ခြေမသန်ပါစေ အရေးမကြီးဘူး။ ဘဝ= life
life = ရှင်သန်နေတဲ့အရာ ။ ကိုယ်အရှုံးပေး
ကိုယ်ရပ်လိုက်မှ life ကနေ die ဖြစ်သွားမှာဆို
တဲ့အချက်ကို ဒီကားကတခမ်းတနားထောက်ပြ
ထားခဲ့တယ်။ ရိုးသားပါ မယုတ်မာပါနဲ့ ဘယ်သူမှ
မလိုမုန်းမထားပါနဲ့ မနာလိုမဖြစ်နဲ့ မဝေဖန်နဲ့
ဒါဆိုခဗျားဟာ Forrest Gump ကိုကြည့်ပြီး
ဘဝဆိုတာဘာလဲအသေးစိတ်သိသွားလိမ့်မယ်။
ဒါပညာပေးထက် တဘဝစာအသိအမြင်အစကို
ပေးထားတဲ့ကားပါ။ မျက်လုံးနဲ့ကြည့် ဦးနှောက်
ထဲထည့် ရင်ဘတ်ထဲသိမ်းထားလို့ရတဲ့ရုပ်ရှင်
ကားမျိုးပါပဲ။ ဒီလောက်ဘာလို့ညွှန်းလဲဆို ဒီကား
ကိုကြည့်ဖို့ ကျတော်၃တန်းအရွယ်မှာအိမ်ကလ
ဖက်ခြောက်ဝယ်ခိုင်းတာတောင်မေ့ပြီးဗီဒီယိုရုံထဲ
ဝင်ကြည့်ဖူးခဲ့တယ်။ မေ့ပြီးလဖက်ခြောက်ဝယ်
မယ့်ပိုက်ဆံကိုဗီဒီယိုရုံခပေးတယ်။ ဗီဒီယိရုံထဲထိ
အမေလိုက်ရိုက်တယ်။ ထွက်ပြေးရင်းချော်လဲ
တယ်။လက်အဆစ်လွဲတယ်။ ကျောက်ပတ်တီး
နဲ့ဖြစ်သွားတယ်။TV တလုံးတောင်ဝယ်ဖို့ခက်ခဲ
တဲ့ကျတော်တို့ငယ်ဘဝရဲ့တကယ့်အမှတ်တရပါပဲ။
အခုချိန်တော့ ကြည့်ချင်ရင်တခွေ၄၀၀ ဒါမှမဟုတ်
fb ကဖြတ်စေ downပြီးphနဲ့ဖြစ်စေကြည့်လို့ရ
နေပြီဖြစ်တဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့IT
ခေတ်ပေါ့ဗျာ။ ( ဒီလိုပြောလို့ ၃၀မထင်နဲ့ကိုယ်လဲ
၂၀ကျော်ပဲရှိသေးတာ :P )
……………………………
#Forrest_Gump
ဒါရိုက်တာ Robert Zemeckis
ထုတ်လုပ်သူ Wendy Finerman /Steve
Tisch နဲ့ Steve Starkey တို့ကဒီကားကို
အမေရိကန်စာရေးဆရာကြီး Winston
Francis Groom ရဲ့ဝတ္ထုဖြစ်တဲ့ Gump ကို
ပြန်ရိုက်ဖို့  ၁၉၈၉ခုနှစ်ထဲကပြင်ဆင်ခဲ့ကြပေမယ့်
နိုင်ငံရေး လူမျိုးရေးပြသနာတွေဖြစ်လာမှာကိုသိ
ရှိခဲ့တာကြောင့်ရယ် ပထမကမ္ဘာစစ်အတွင်းကနိုင်
ငံရေးပြသနာတချို့ရဲ့သမိုင်းကိုအခြေခံမူတွေပါဝင်
နေတာကြောင့် ရိုက်ကူးဖို့ideaကိုဖျက်ခဲ့ကြ
တယ်။ ဒါပေမယ့် ၁၉၉၁ခုနှစ်မှာဒီအကြောင်းကို
ထပ်မံကြိုးစားလာခဲ့ပြန်တယ်။ ဒါပေမယ့် စာရေး
ဆရာကြီး Winston Groomရဲ့ Gumpအ
ကြောင်းအစအဆုံးမဟုတ်ပဲ ရုပ်ရှင်နဲ့အစိုးရကို
တပတ်ရိုက်ပြသဖို့အတွက် Forrest Gump
ဆိုတဲ့နာမည်နာ Gumpရဲ့တကယ့်စစ်တပ်
ထဲကနာမည်ကိုဇာတ်ကောင်အဖြစ်သုံးခဲ့ကြပါ
တယ်။ ဒီကားဟာGumpဆိုတဲ့စစ်သားတဦး
ရဲ့တကယ့်ဖြစ်ရပ်မှန်ဘဝဖြတ်သန်းခဲ့မူဖြစ်ပြီးသူ့
နေရာမှာသရုပ်ဆောင်ဖို့ မင်းသားဟာ Tomလုံး
ဝမဟုတ်ခဲ့ပါဘူး။ ပထမဆုံးထုတ်လုပ်သူတွေ
အဆင့်ဆင့်ကမ်းလှမ်းခဲ့ကြတာကတော့ Rowan
( Mr.Bean )/ John Travolta / Chevy
Chase / Bill Murray စတဲ့မင်းသားကြီးတွေ
ပဲဖြစ်ပါတယ်။သူတို့ ၎ယောက်လုံးငြင်းခဲ့ကြတယ်။
အကြောင်းက ကားကဇာတ်လမ်းဖတ်ရုံနဲ့ပျင်းစ
ရာကောင်းမူ ဇာတ်ကောင်ဟာကြောင်တောင်
တောင်နိုင်မူ ရိုက်လဲသာမာန်ကားတကားပဲဖြစ်
လာမယ်ထင်မူတွေကြောင့်ပါပဲ။ ရိုက်မယ့်မင်းသား
ရှာမရဘူး။ ဒါရိုက်တာက ဒီForrest Gump
နေရာမှာငကြောင်တကောင်လိုနေတယ်။ဒါပေ
မယ့်ဒီငကြောင်ကသူလိုချင်တဲ့သရုပ်ဆောင်မူအ
ချက်တွေကို90% လုပ်ပြနိုင်ရမယ်။ နောက်ဆုံး
သူအစမ်းရွေးခဲ့တာက Tom Hanks ပါပဲ။
ဒီကားမရိုက်ခင် ၅လလောက်Tom
ဟာပြင်ဆင်ခဲ့ရသလိုရှေ့ကကားPhiladelphia
နဲ့ Sleepless In Seattle ရိုက်ပြီးထဲကမနား
ခဲ့ရပါဘူး။ ဒီForrest Gumpကားကအိမ်က
တကယ်ဆောက်ခဲ့ကြသလို ပထမကမ္ဘာစစ်နဲ့
အမေရိကန်ပြည်တွင်းစစ်ကာလက ဘဝကိုရိုး
သားမူတခုထဲနဲ့အရှုံးမပေးရုံးကန်ခဲ့တဲ့ချူချာတဲ့
ကလေးတဦး နုံချာတဲ့လူငယ်တဦး ဘဝရဲ့ရုန်းကန်
မူတွေကိုလွန်မြောက်ပြီးစစ်မှန်တဲ့နေထိုင်မူကိုသိ
ရှိသွားတဲ့လူလတ်ပိုင်းတဦးရဲ့ဘဝကိုရိုက်ကူး
ထားခဲ့တဲ့စစ်သားတဦး လူရိုးတဦး နိုဗယ်ဆုရှင်
ကြီးတဦးဖြစ်လာမယ့်လူတယောက်ရဲ့အကြောင်း
ပါ။ Forrest Gump ကဘာလဲ?

" ကျတော်တို့ဘဝတွေမှာ
ကိုယ်ပိုင်ကံတရားများရှိနေသလား?
ဒါမှမဟုတ်ရင် လေတိုက်ရာလျှောက်
လွှင့်နေတတ်တဲ့ ဒီလိုငှက်မွှေးများ
လား "
( Forrest Gump အစမှTomရဲ့စကား)

Forrest Gumpဟာမွေးရာပါ
ဦးနှောက်အာရုံကြောနဲ့ ဥာဏ်ရည်မကောင်းခဲ့သူ
ပါ။ ဒါ့အပြင်ဒီအာရုံကြောကပဲသူတနှစ်သားမှာ
ခြေလက်တွေကိုအလုပ်မလုပ်ဖို့အထိဖြစ်သွားခဲ့
တယ်။ ၅နှစ်သားထိလမ်းမလျှောက်တတ်ဘူး။
Braces တွေတပ်ပြီးလမ်းလျှောက်ဖို့သင်ပေးခဲ့
ရတဲ့အထိပါပဲ။ အမေဖြစ်သူကသားကိုတခြားက
လေးတွေလို ကျောင်းတက်စေချင်တယ် ကစား
စေချင်တယ် အရမ်းချစ်တယ်။Forrest Gump
ကလဲကျောင်းမရရအောင်တက်ခဲ့တယ်။ အဲ့မှာသူ
ငယ်စဉ်ထဲကသူ့ကိုခင်မင်သူတယောက်ပဲရှိတယ်။
အဲ့ဒါကတော့ Jenny ဆိုတဲ့မိန်းကလေးပါပဲ။
မသန်မစွမ်း ခြောက်သလိုလိုပေါသလိုလို Gump
ကတခြားကျောင်းသားတွေအမြဲအနိုင်ကျင့်တာခံရ
တယ်။ အဲ့လိုအနိုင်ကျင့်ခံရတိုင်း သူငယ်ချင်းဖြစ်
သူ Jennyရဲ့ " run run Forrest run " ဆိုတဲ့
စိုးရိမ်တကြီးအားပေးသံကပဲ Gump ကိုသာမာန်
လူထက်အပြေးသန်တဲ့လူတယောက်ဖြစ်စေခဲ့ပါ
တယ်။ အထက်တန်းကျာင်းသားဘဝ တက္ကသိုလ်
ကျောင်းသားဘဝအထိ Gumpရဲ့ဘဝမှာအပူအ
ပင်သိပ်မရှိလှပါဘူး။ ဒါပေမယ့် လောကကြီးရဲ့
အပြောင်းအလဲကြောင့် Forrest Gumpဆို
တဲ့မသန်မစွမ်းလေး ပညာတတ်လေးဟာအဆိုး
ဆုံးဆိုတဲ့ဘဝအချိုးအကွေ့တွေနဲ့အတူ ကြေကွဲစ
ရာတွေချည်းစတင်ခဲ့ပါတော့တယ်။ ကျတော်တို့
ဘဝတွေကရှေ့မှာဘာဆက်ဖြစ်မလဲမသိနိုင်ဘူး။
ဖြစ်လာရင်ဘယ်လိုကြေကွဲမလဲပဲသိကြပြီးဘယ်
လိုရုန်းကန်ရမယ် ရိုးသားရမယ် ကြိုးစားရမယ်ကို
ကြိုမစဉ်းစားတတ်ကြဘူး။ ဒီForrest Gump
ကားက ရုပ်ရှင်ကားတကားကိုအပျင်းပြေကြည့်ရုံ
အချိန်ဖြုန်းရုံ မျက်လုံးနဲ့သာကြည့်ရုံအတွက်လုံးဝ
မဟုတ်ပါဘူး။ #ဘဝ# ဘဝ ဆိုတာ လူမှန်ရင်အ
ကုန်သိကြပါတယ်။ ဒီForrest Gump ကားက
ဘဝတခုစာမှာဘယ်လိုပြုမူနေထိုင်ရမယ် ကြိုးစား
ရမယ် မရှူံးမပေးရဘူးဆိုတာကိုပြသထားတဲ့ကား
ပါပဲ။
အဲ့ခေတ်ကတောင် အမေရိကန်ဒေါ်လာ
၆၇၈သန်းရခဲ့တယ်။ ၂၀ရာစုရဲ့ကမ္ဘာ့အကောင်းဆုံး
visual effects ကားပါပဲ။ Best Actor /
Best Director / Best Film / Best
Visual Effect ပြောနေကုန်မယ်တောင်မထင်
ပါဘူး။ ရှိသမျှဆုကြီးတွေအကုန်နီးပါးရခဲ့ပါတယ်။
ဒါ့အပြင် Forrest Gump ဟာ ကမ္ဘာ့စာကြည့်
တိုက်ပေါင်း၃၀၀၀ကျော်မှာလူငယ်စိတ်ဓာတ်မြှင့်
တင်ရေးကားအပြစ် ပြသငှားရမ်းဖို့အထိကမ္ဘာ့
ရုပ်ရှင်အစည်းအရုံးများစွာကသတ်မှတ်ခဲ့ကြပါ
တယ်။ ဒီForrest Gump က Tom ကို၂နှစ်
ဆက်တိုက် အော်စကာဆုကိုရစေခဲ့တဲ့ကားပါပဲ။
ရှေ့က Philadelphia ကားတောင်အောင်မြင်မူ
အရှိန်မသေသေးဘူး Forrest Gump ကထပ်
ပြီး အော်စကာထပ်ရခဲ့တယ်။ဒီForrest Gump
က ဒါရိုက်တာခတင် သန်း၄၀အထိရခဲ့ပါတယ်။
ဒါကဒါရိုက်တာတယောက်တောင်ထိုခေတ်အခါ
ကကြိုးစားရင်ကြိုးစားသလောက်ငွေပုံပေးတယ်ဆို
တာပါပဲ။ ဒီကားကခေါင်းဆောင်သရုပ်ဆောင်တွေ
အားလုံးအော်စကာရခဲ့ပါတယ်။ ဒီလိုရဖို့လဲဒီကား
မှာ Tom ရဲ့သရုပ်ဆောင်မူကအံ့အားသင့်စေခဲ့
တာကြောင့်ပါပဲ။

Forrest Gump ကရုပ်ရှင်အနေနဲ့
သာပြသခဲ့တာမဟုတ်ဘူး။ ရုပ်ရှင်ကအရင်းခံပြီး
နိုင်ငံတခုရဲ့အထင်ကရစစ်သမိုင်းအငွေ့အသက်ကို
ပါထည့်သွင်းခဲ့တာပါ။ Gumpဟာ ဒုတိယကမ္ဘာ
စစ်ကြီးပြီးချိန်အထိအသက်ရှင်ခဲ့သူဖြစ်ပြီးနောက်
ပိုင်းမှာ The Beatles တို့ သမ္မတကြီး ကနေဒီ
တို့လိုအဖွဲ့တွေခေါင်းဆောင်တွေနဲ့ပါတွေ့ခဲ့သူပါ။
ဒါကိုလဲ ဒီကားရဲ့virsual effectsနဲ့Tomကို
ရိုက်ကူးပြသခဲ့မူက တအံ့တသြပါပဲ။ ဒီကားမှာတ
ခြားထူးခြားချက်က 3D Annimationတွေမှာ
သာအသုံးပြုလာမယ့် Xio နည်းပညာလိုပညာတ
ချို့ ကိုသာမာန်ကွန်ပျုတာတွေနဲ့လုပ်ပြီးသုံးခဲ့မူ
တွေကလက်ရှိ 3D ရုပ်ရှင်ခေတ်အကူရဲ့သမိုင်းအ
စလို့တောင်ပြောရမလိုပါပဲ။ ဒီForrest Gump
ကိုရိုက်ကူးနေစဉ် Tom ရဲ့အမနဲ့အမေဟာလာ
ရောက်အားပေးခဲ့သလို ညီဖြစ်သူကလဲလိုအပ်တဲ့
အခန်းတချို့မှာအစားဝင်ကူခဲ့ပါတယ်။ ကူရအောင်
လဲ Tom နဲ့ Jim ဟာရုပ်ရှင်အရမ်းဆင်လို့ပါပဲ။
ဒီမှာပဲအမေနဲ့အမလာကြည့်ခြင်းကသူ့ကိုစိတ်
ကျဉ်းကျပ်စေခဲ့တယ်။ အမေနဲ့အမကTomကိုမာ
နကြီးသွားတယ်ထင်တယ်။စိတ်ဆိုးပြီးနောက်လာ
မကြည့်တော့ Tomကဝမ်းနည်း။ ဒီmoodကပဲ
Forrest Gump ဆိုတဲ့ဇာတ်ကောင်ဟာအမေ
နဲ့ Jennyဆိုတဲ့ကောင်ကလေးကလွဲရင်ဘာမှမ
သိတဲ့ကောင်လေးတယောက်အဖြစ်ကိုပိုပီပြင်
သွားစေခဲ့တာပါပဲ။
Forrest Gump ကိုဘာကြောင့်
အရူးအမူး၁၀ကြိမ်ထက်မနည်းကြည့်ခဲ့ရလဲ?
ရှင်းပါတယ်။ ရုပ်ရှင်တကားကို၁၀ကြိမ်ထက်မ
နည်းကြည့်ရုံမက တသက်စာသိမ်းထားလို့ရတဲ့
ဘဝအတွက်လိုအပ်တဲ့ဇာတ်ကားမျိုးတနှစ်နေလို့
တကားမထွက်ပါဘူး။ က်ေတာ္တို့ငယ္ဘဝရမ္ဘို
စူပါမန်း ဂျက်ကီချမ်းကားတွေကြည့်ရင်ပျော်ရ
တယ် စိတ်ဓာတ်တက်ကြွတယ်။ ဒါပေမယ့်Tom
ရဲ့Forrest Gumpကတော့ငါလဲသူ့လိုသာမာန်
လူပါလား ငါဘယ်လိုကြိုးစားရမလဲ ဘယ်လိုစိတ်
ထားရမလဲဆိုတဲ့သင်ကြားမူအသိဥာဏ်ကိုရစေ
တဲ့ဇာတ်ကားမျိုးပါ။ ဘဝကိုမသန်မစွမ်းနဲ့စတင်
တယ် လူ၂ယောက်ကလွဲရင်သူ့မှာချစ်ရမယ့်သူမ
ရှိဘူး ရိုးသားတယ် အေးချမ်းနေရာကနေဘဝဟာ
အခက်အခဲများစွာ ဘဝပေါင်းစုံနဲ့ကြုံခဲ့ရတယ်။
နောက်ဆုံး သူဖြတ်သန်းလာခဲ့ပြီးတာတောင်
သားဖြစ်သူရှိလို့ရှိမှန်းမသိတဲ့ ငယ်ချစ်ဦးJenny
နဲ့ပြန်တွေ့ခဲ့တယ်။ ပထမသူကြေကွဲတယ် နောက်
မှထိုကလေးကသူနဲ့ရတဲ့သားမှန်းသိတယ်။ဒါပေ
မယ့် ထိုကလေးက လူတော်လားသူ့လိုငပေါပဲ
လားလို့မိန်းမဖြစ်သူကိုကြောင်တောင်တောင်နဲ့
မေးတတ်သေးတဲ့သူ တသက်လုံးမှာလူမှန်းသိထဲ
ကချစ်ခဲ့တဲ့Jenny သေဆုံးသွားခဲ့ချိန်ဟာဒီဇာတ်
လမ်းတခုလုံးရဲ့ကြိုးစားရုန်းကန်ခဲ့ရတဲ့Forrest
Gump ဆိုတဲ့လူတယောက်အကြီးအကျယ်ကြေ
ကွဲငိုကြွေးခဲ့တဲ့ အသိမ်းMassage တခုနဲ့အတူ
ကြိုက်တဲ့အကြမ်းကောင်ကြီးလာ ယောကျာ်းကြီး
လာခံစားသွားရမယ့်အခန်းပါပဲ။ဒါ့အပြင်လက်တွေ့
လောကမှာလဲ Jenny Curran ဟာ Gump
ရဲ့ဇနီးအဖြစ်ခုလိုပဲသေဆုံးခဲ့ပါတယ်ဒါ။Forrest
Gump ဆိုတဲ့ရုပ်ရှင်ကားတဖြစ်လဲ ဘဝအတွက်
လိုအပ်တဲ့ကားတကားပါပဲ။ဒီကားကိုကျတော့်ဘ
ဝမှာ ၁၅နှစ်တာမျှမရိုးသွားစေတဲ့ကားပါ။ ရုပ်ရှင်
လောကသမိုင်းမှာလဲ အထင်ကရအကောင်းဆုံး
ဖြစ်နေဆဲကားကြီးတကားပါပဲ။
" အကြိမ်၁၀၀ကျရှုံးလို့ဘာမှမ
ဖြစ်ဘူး။ အကြိမ်ကြိမ်ပြန်ထဖို့
ကြောက်နေရင်တော့ ထာဝရ
ရှုံးနိမ့်သွားလိမ့်မယ်။ "
Tom Hanks

" အလုပ်တခုက မခက်ခဲဘူးဆိုရင်
လူတိုင်းလိုက်လုပ်နေမှာပေါ့။
အခက်အခဲက လူတွေကို
အဆင့်မြင့်သွားစေတာပါပဲ။ "
Tom Hanks
တကားလုံးမှာ ကျတော်ပြုံးမိ ဒီစကားကို
သူပြောလာရင်အရင်ကကောင်မလေးကိုရယ်မိ
စေတဲ့ဒိုင်ယာလော့တခုရှိတယ်။ :P အဲ့ဒါက
"Its funny how people say they miss
you. But don't even make an effort
to even see you. "
" လူတွေက ခဗျားကိုတွေ့ ဖြစ်ဖို့  ကြိုးတောင်မကြိုး
စားပဲ သတိရတယ် လွမ်းတယ်လို့ ပြောတတ်ကြ
တယ်။ တော်တော်တော့ရယ်စရာကောင်းတဲ့စ
ကားပဲဗျ "

တကယ်တမ်း Forrest Gump ဟာ
Part 5 ထိရိုက်ဖို့ ထုတ်လုပ်သူကစီစဉ်ခဲ့ပါတယ်။
ငွေအပုံလိုက်ထပ်ရမှာသူသိသွားပြီလေ။ ဒါပေ
မယ့် Tom ကငြင်းခဲ့တယ်။
" ရုပ်ရှင်တကားကို ငွေရလို့ ၂ကား၃ကားထပ်
ရိုက် ထပ်သရုပ်ဆောင်မယ့်မင်းသားထဲကျတော်
မပါဘူး Finerman " ဆိုတဲ့စကားက Forrest
Gump ကိုတကားထဲတွေ့ရဖို့ဖြစ်ခဲ့တာပါပဲ။တ
ခြားမင်းသားနဲ့ဒီကားကိုရိုက်လို့ဘယ်လိုမှအံ့ဝင်
မယ်မထင်ဘူး။ ဥပမာ ဂျက်ကီချမ်းကားကိုစတား
လုံးရိုက်ရင်သူ့လောက်မကောင်းနိုင်သလိုTom
ရဲ့Forrest GumpကလဲHollywoodမင်းသား
ထဲဘယ်မငိးသားနဲ့မှအံ့မဝင်တဲ့ဇာတ်ကောင်ပါ။
ထူးခြားမူကတော့ Tom Hanks ရဲ့ရုပ်ရှင်ကား
တိုင်းဟာ အဆက်မရှိပါဘူး တကားထဲအပြီးပဲသူ
ရိုက်ပါတယ်။ Toy Story ကာတွန်းကားလေး
တွေကလွဲရင်ပေါ့။

Philadelphia ဘာကြောင့်အော်စကာဆု
ရလဲ Forrest Gump ဘာလို့အော်စကာဆုရ
လဲ ရှင်းပါတယ်။ ရုပ်ရှင်ပေမယ့် ရင်ကိုမရှုပ်စေပဲ
ငွေနောက်မလိုက်ပဲ ခွဲထွက်ပြသလာတဲ့တသက်
အကြည့်ခံတဲ့ကားတွေဖြစ်နေလို့ပါပဲ။ လီယိုနာဒို
ကျုပ်အခုနောက်ပိုင်း ဒီဘဲကိုသိပ်ခိုက်စေတဲ့အ
ချက်ရှိတယ် ။ ဒါကအကြမ်းဖက်မူကိုသူဆန့်ကျင်
တဲ့ကားတွေရိုက်လာတယ်။ လူသားဒဿနဆန်
တဲ့ကားတွေရိုက်လာတယ်။ ရှာရွတ်ခန်း Aamir
Khan ကျတော်Bollywoodမှာအကြိုက်ဆုံး
တွေပဲ။ ဘာလို့ကြိုက်လဲဆိုပညာပေးကားတွေ
massageတခုစီကားတိုင်းထည့်ပေးလို့။တွန်ခ
ရု ကျတော်အကြိုက်ဆုံးမင်းသား၃ယောက်ထဲ
No.3 ပါပဲ။ Tom Hanks - သူကတကားကို
massageတခုမဟုတ်ပဲ တကားလုံးက masg
ဖြစ်နေလို့ No.1 ကြိုက်ရမင်းသားဖြစ်နေပါပဲ။
ခဗျားဟာသူ့ကားတွေမကြည့်ဖူးဘူးဆိုရင် ၆ကား
ပဲထိုင်ကြည့် ခဗျားအသိအမြင်တွေသိသိသာသာ
ပြောင်းလဲသွားလိမ့်မယ်။ Forrest Gump /
Saving Private Ryan / Cast Away /
Catch me if you can / The Terminal/
Big ။ကျတော် ဒီ၆ကားကိုသင်္ကြန်တွင်းရက်တွေ
မှာနှစ်စဉ်ကြည့်ဖြစ်တယ်။ တကားကိုတမျိုးဖြစ်
နေတဲ့ဇာတ်ကောင်စရိုက်နဲ့ massage ပေး
ထားမူက ဒီTom Hanks ဆိုတဲ့ဘဲကြီးကသရုပ်
ဆောင်မဟုတ်ပဲ ပညာပေးဆရာကြီးများလားလို့
ထင်မိတဲ့အထိပါပဲ။
" ဦးနှောက်ထက် နှလုံးသားနဲ့
အလုပ်လုပ်ပါ။ ဦးနှောက်ရှိတဲ့လူ
ကဥာဏ်ပဲကောင်းမှာ
နှလုံးသားရှိတဲ့လူကမှ
ပျော်ရွှင်ဖို့ကောင်းတာပါ။
ကျတော်ကတော့ဥာဏ်မကောင်းချင်ဘူး
ကိုယ်ဝါသနာပါရာကိုပျော်ပျော်ရွှင်ရွှင်
လုပ်နေရရင်တော်ပီ။ "
Tom Hanks
Apollo 13 - ကျတော်အများကြီးပြော
စရာမလိုပါဘူး။ ဒေါ်လာသန်း ၃၅၅သန်းကျော်ရ
ရှိခဲ့ပြီး အကယ်ဒမီ ၉ဆုကြီးတောင်ရခဲ့တဲ့ ၁၉၉၅
ခုနှစ်ရဲ့ထိပ်တန်းကားတကားဖြစ်နေပြန်တဲ့ Tom
ရဲ့ကားပါပဲ။ သိပ္ပံ drama ကားတကားဖြစ်ပြီး
ဆုပေါင်း ၃၆ဆုထိရခဲ့တဲ့နည်းပညာမြင့်ကားတ
ကားပါ။ mobile launch platform အသုံး
ပြုမူတွေနဲ့ရိုက်ကူးခဲ့သလို Editingအကောင်း
ဆုံးဇာတ်ကားကြီးတကားပါ။Tom ရဲ့ကားက၇၀
နီးပါးရှိတယ်ဆိုတော့ တကားချင်းစီပြောနေရင်
၂ညအိပ်၃ရက်ဖတ်ရမယ့်postဖြစ်သွားလိမ့်မယ်။
ဒီတော့Tom ရဲ့ ဇာတ်ကားတွေထဲက ၅ကားကို
ပဲရွေးချယ်ဖော်ပြပါရစေ။ ဒီထဲမှာဟိုကားဘာလို့
မပါတာလဲဒီကားဘာလို့မပါတာလဲလို့တော့မထင်
ပါနဲ့။ ကားတိုင်းကမကောင်းတဲ့ကားတကားမှမရှိ
လို့ခုလိုရွေးလိုက်ရခြင်းပါ။ ဒီတော့အခုပြောမယ့်
ကားက Saving Private Ryan ။

* Saving Private Ryan
……………………………………
Big /Forrest Gump/Philadelphia
/ Apollo 13 လိုကားတွေပြီးနောက်Tomဟာ
ရုပ်ရှင်လောကမှာ Characterပေါင်းစုံရမင်းသား
တဦးအဖြစ် Hollywood ရဲ့ထိပ်တန်းမင်းသား
တဦးဖြစ်လာခဲ့ပါပြီ။ဒီလိုအချိန်မှာသူ့ရဲ့ဇကမကျ
သွားတဲ့အပြင် နောက်ထပ်ရုပ်ရှင်လောကကိုတ
ကားပြီးတကားပစ်သွင်းလာမယ့် ပညာပေးသြချ
တာစရာကားကြီးတွေများစွာထပ်ထွက်လာခဲ့ပါ
တော့တယ်။ ဒီထဲက Saving Private Ryan။
Saving Private Ryan ဟာdrama စစ်ကား
တကားဖြစ်ပါတယ်။ Forrest Gump ထဲက
Tom ကိုသဘောကျနေခဲ့တဲ့ ဒါရိုက်တာကြီး
Steven Spielberg ကSaving Private
Ryan ကိုTom နဲ့အတူရိုက်ကူးပြီး ၁၉၉၈ခုနှစ်
မှာရုံတင်ပြသခဲ့ပါတယ်။ Tom Hanks ဆိုတာ
အကယ်ဒမီရရုပ်ရှင်ကားတွေရဲ့ဘုရင်ပါ။ ဒီလိုပြော
တာကျတော်မဟုတ်ဘူးနော်။ Times သတင်း
စာကြီးက သတင်းထောင်ကြီး Gray Marco
ပါပဲ။ ဘာလို့ခုလိုပြောရလဲ။ ရှေ့မှာတင်မကြာသေး
ဘူး အကယ်ဒမီ ၈ဆု ၁၁ဆုရကားတွေထွက်ခဲ့
သေးတယ်အခု Saving Private Ryanကလဲ
၁၁ဆု ထပ်ရတဲ့ကားကြီးဖြစ်နေပြန်တယ်။ဒေါ်လာ
သန်း ၄၈၁သန်းထိရခဲ့သလို ဒီကားဟာရွှေကမ္ဘာ
လုံးဆုကြီးအပြင် ဆုပေါင်း ၁၁၀ကျော်အထိရခဲ့တဲ့
တကားထဲဆုအများဆုံးရကားကြီး၃ကားထဲက
တကားအဖြစ် ယနေ့ထိစံချိန်တင်ထားဆဲပါ။

Saving Private Ryanဟာ ဒုတိယ
ကမ္ဘာစစ် နော်မန်ဒီကမ်းခြေကိုအမေရိကန်တွေ
ဝင်သိမ်းပိုက်ခဲ့ရတဲ့သမိုင်းကိုအခြေခံထားတာပါ။
ဒါပေမယ့်စစ်ကားချည်းမဟုတ်ပါဘူး။ ညီကို၎
ယောက်မှာ၃ယောင်ထိတိုက်ပွဲမှာကျသွားတဲ့
Ryan ဆိုတဲ့စစ်ဗိုလ်အကြောင်းကိုရိုက်ကူးထား
တဲ့dramaကားတကားပါ။ဗိုလ်ကြီးဖြစ်သူကသား
၃ယောက်ဆုံးရှုံးသွားတဲ့မိခင်ကိုကိုယ်ချင်းစာပြီး
ကျန်သားတယောက်ကိုထပ်ဆုံးရှုံးရင်ဒီမိခင်နေ
ရာကမခံစားနိုင်လို့ ကျန်သားတယောက်ဖြစ်သူ
လေထီးစစ်သားဗိုလ်ကိုအသက်ရှင်လျက်နဲ့
မိခင်စီပြန်လာနိုင်အောင်ကယ်ခိုင်းခဲ့ပါတယ်။မိခင်
ကိုချစ်တဲ့သားတယောက်ဖြစ်သလို တိုင်းပြည်အ
တွက်လဲအသက်စွန့်တာဝန်ထမ်းဆောင်ချင်တဲ့
စစ်သားတဦးအဖို့ ညီကိုတွေဆုံးရှံးပြီးအမေကရူး
မတတ်ခံစားနေရ တဖက်မှာလဲကိုယ့်နိုင်ငံတပ်
သားတွေသေကြေနေရ ဒါကြောင့်Tom Hanks
ကားတွေကိုကြည့်ရင်တရာဖိုး၃ကားရုပ်ရှင်ကား
တွေကိုသာကြိုက်တဲ့သူတွေရူးလောက်မယ်ပြော
တာ။ ခဗျားသာဆိုဘယ်ဖက်ကိုရွေးမလဲ အမေကို
လား တိုင်းပြည်ကိုလား။ အမေကိုရွေးလဲစစ်ဗိုလ်
ကသေမှာပဲ ဘာလို့လဲဆို ဒီစာကိုရချိန်သူဟာ
ရန်သူ့နယ်မြေထဲရောက်နေချိန် ကယ်ဆယ်ရေးအ
ဖွဲ့ကလဲမဖြစ်နိုင်တဲ့ကယ်ဆယ်ရေးဖြစ်လို့ပြသနာ
တက်နေချိန်။ ထူးခြားမူကတော့ကယ်ဆယ်ရေးအ
ဖွဲ့ဟာ Ryan ကိုဘယ်လိုကယ်တင်ခဲ့လဲပါပဲ။ဒီ
ကားမှာကြက်သီးထစရာ ဇာတ်ဝင်ခန်း၃နေရာပါ
တယ်။ ကြည့်ဖူးသူတွေသိကြလိမ့်မယ်။ဘာလို့ဆု
ပေါင်း ၁၁၀ကျော် အကယ်ဒမီတသီကြီး အော်စ
ကာတွေဘာလို့ရလဲ။ တော်ရုံဇာတ်ကားကဘယ်
လိုလုပ်အကယ်ဒမီ၁၁ဆုရပါ့မလဲ။Tom Hanks
ဆိုတာ ဘာလဲမမေးနဲ့ ရုပ်ရှင်လောကရဲ့အကယ်
ဒမီကားကြီးများရဲ့ဘုရင်တဆူပါ။ ရုပ်မချောဘူး
ဗလမရှိဘူး သူ့ကားတွေသန်းရာရှိမသုံးဘူး။ဘာ
အကြောင်းပြချက်မှမပေးဘူး။ ဒါပေမယ့်ထွက်လာ
ရင်ကားတိုင်းထိပ်တန်းကားဖြစ်နေတာပါပဲ။
Saving Private Ryan ကားကဘာအသိပ
ညာတွေပေးထားလဲဆို ခေါင်းဆောင်ဆိုတဲ့လူတ
ယောက်မှာရှိရမယ့် လက်အောက်ငယ်သားတွေ
အပေါ်တန်ဖိုးထားစိုးရိမ်မူ စစ်သားတဦးရဲ့စစ်မှန်
တဲ့စိတ်ဓာတ် ပြည်သူသည်သာစစ်သားတွေရဲ့
အလေးထားရမယ့်သူ အစိုးရကနိုင်ငံသားတဦး
ချင်းအပေါ်အလေးထားတန်ဖိုးထားမူ စစ်သား
ချင်းရိုင်းပင်းကူညီမူ တိုင်းပြည်နဲ့လူမျိုးအပေါ်စစ်
သားတဦးကသစ္စာထားမူ တွေကိုပြသသွားပါ
တယ်။ သြော် အစိုးရကိုဖားတဲ့ကားလို့မထင်နဲ့
နော် အစိုးရကိုသောက်မြင်အကတ်ဆုံးမင်းသား
ထဲ Tomကထိပ်ဆုံးကပါ ။ နောက်တခုကဒီကား
မှာနောက်တချိန်မှာ မင်းသားကြီးတယောက်ဖြစ်
လာမယ့် F&F တို့ XxX တို့ရဲ့မင်းသားကြီး Van
Diesel က စစ်သားပေါက်စအနေနဲ့ပါနေခဲတာ
ပါပဲ။ လူ၁၅၀၀အထိဒီကားမှာအသုံးပြုရိုက်ကူးခဲ့
ပြီး ကျတော်တို့ Gameတွေခေတ်စားလာချိန်မှာ
Call Of Duty ဆိုတဲ့ ကမ္ဘာ့အအောင်မြင်ဆုံး
Game တွေထဲကတခုဟာလဲ ဒီကားကိုအခြေခံ
ပြီး Programm ရေးဆွဲလာမှာဖြစ်ပါတယ်။
နောက်တကားက Tom Hanksဆိုတဲ့လူကို
ကမ္ဘာ့ရုပ်ရှင်လောကသမိုင်းရဲ့ ဂုဏ်ထူးဆောင်အ
နုပညာရှင်ဆုကြီးကိုပေးအပ်ခြင်းခံရဖို့အထိနောင်
တချိန်မှာဖြစ်လာမယ့် Cast Away ပါပဲ။
" ငါအခုဘာဆက်လုပ်ရမလဲ ငါသိတယ်။
ငါဆက်ပြီးအသက်ရှင်နေအောင်ကြိုးစား
ရမယ်။ မနက်ဖြန် နေထွက်လာဦးမယ်။
လှိုင်းတွေ ငါ့ကိုဘာသယ်လာပေးဦးမလဲ
ဆိုတာ ဘယ်သူသိနိုင်မှာလဲ "
( Cast away ထဲမှTomစကား)
* Cast Away
……………………
ဒါရိုက်တာထဲ Survival ပိုင်းကို
ရိုက်ရာမှာတကွက်ကျော်မထင်ထားတာတွေလုပ်
တတ်တဲ့သူတယောက်ရှိတယ်။ သူကတော့
Cast Away ကိုရိုက်ကူးလာမယ့် ဒါရိုက်တာကြီး
Robert Zemeckisပါပဲ။ Cast Away ရဲ့အဓိ
ကမင်းသားရွေးချယ်မူမှာလဲ Tom ကိုရွေးခဲ့ခြင်း
ကတော့သိပ်တော့မထူးဆန်းဘူး။ ဒီကားကိုအစ
ကတခြားထုတ်လုပ်သူနဲ့စီစဉ်နေစဉ် အရှုံးပေါ်
မယ့်ကားလို့ထင်ကြေးတွေကြောင့် Tomကိုယ်
တိုင်ထုတ်လုပ်သူလုပ် မင်းသားလုပ်ရိုက်ခဲ့တဲ့ကား
ပါ။ လူမရှိတဲ့ကျွန်းပေါ်မှာ တယောက်ထဲသောင်
တင်ခဲ့တဲ့Chuck Noland တယောက်နှစ်ပေါင်း
များစွာဒီကျွန်းလေးမှာတယောက်ထဲဘယ်လိုအ
သက်ရှင်ဖို့ရုန်းကန်ခဲ့သလဲ သူအသက်ရှင်ဖို့
မျော်လင့်ချက်ကဘာလဲ လောကမှာနေတတ်ရင်
ကျေနပ်စရာတွေချည်းပဲလို့သတ်မှတ်ထားတဲ့သူ့ 
အဖို့ ဒီကားကိုကြည့်ရတဲ့လူတိုင်းကတကယ်သ
နားမိမှာဖြစ်သလို ပညာပေးစာသားအုံနဲ့ကျင်းနဲ့ပါ
ဝင်လာခဲ့ပါတယ်။ နှစ်ရှည်လများမသေအောင်
ကြိုးစားရုန်းကန်ပြီး ဇနီးဖြစ်သူဆီပြန်ရောက်သွား
ချိန်မှာတော့ တကားလုံးရဲ့အဓိကအခန်းပါပဲ။ဇနီး
ဖြစ်သူကနောက်အိမ်ထောင်နဲ့သာယာနေပြီဖြစ်
သလို သူ့ကိုလဲသေပြီဆိုပြီးအသုဘလုပ်ပြီးမေ့
ထားခဲ့ပါပြီ။ ကမ္ဘာပေါ်မှာသူအယုံကြည်ဆုံး အချစ်
ဆုံးမိန်းမတယောက်ပဲရှိတယ်။ ဒီအတွက်သူမသေ
အောင်နှစ်တွေအများကြီးကိုးစားရုန်းကန်ခဲ့တယ်။
ဒါပေမယ့်ပြန်တွေ့ချိန်ဟာ သူထင်ထားသလိုမ
ဟုတ်ခဲ့တော့ဘူး။
" ကမ္ဘာပေါ်မှာအလှဆုံးက ?
ကမ္ဘာကြီးကိုယ်တိုင်ပဲလေ ."
Cast Away

" တခါတလေ လူတွေက
ကိုယ်ခံစားရ ကြိုးစားရ
အောင်မြင်ရ ဝမ်းနည်းရ
တာတွေကိုသူများတွေကို
သိစေချင်ကြတယ်။
ခဗျားအသက်ရှင်ရုန်းကန်နေတာ
ခဗျားလား သူတို့သိစေချင်တဲ့အတွက်
ကြောင့်လား ? "
Tom Hanks
" အမေကပြောတယ်။
အသက်ဆက်ရှင်မယ်ဆိုရင်
ဖြစ်ပြီးခဲ့တဲ့အတိတ်တွေကို
ထားခဲ့နိုင်ရမယ်တဲ့ "
Tom Hanks

Cast Away ဟာ ဒေါ်လာသန်း၄၂၉
သန်းရရှိခဲ့ပြီး လူအင်အားများမှ ဇာတ်ပို့ဇာတ်ရံ
ကောင်းမှ ဘာမှညာမှနဲ့တောင်စဉ်ရေမရပြောနေ
တဲ့ သူတွေအတွက်တော့ တကားထဲတယောက်
ထဲ တကျွန်းထဲ ဘာအဝတ်အစားဖိုးမှမကုန်ပဲ
Cast Away ကရိုက်ပြသွားခဲ့ပါတယ်။ ထုံးစံအ
တိုင်းအကယ်ဒမီတွေရခဲ့သလို ဆုကြီး၁၀ဆုကိုလဲ
ဒီကားကရရှိခဲ့ပါတယ်။ ဒီကားထဲက Wilson
ကိုထည့်သွင်းထားတာနဲ့တင်ရူးချင်စရာပါပဲ။
" အောင်မြင်မူကိုရဖို့ကလွယ်တယ်
အရိုးသားဆုံးကြိုးစားနိုင်မူကသာ
ခက်တာ။ အခုခေတ်ရုပ်ရှင်လောက
ကမှာ အောင်မြင်မူနောက်ပဲနည်း
ပေါင်းစုံနဲ့လိုက်ကြတော့တယ်။
ဒါဝမ်းနည်းစရာပါပဲ "
Tom Hanks

* Catch Me If You Can
………………………………………
ဂျူနီယာမင်းသား လီယိုနာဒိုကိုတင်
ပေးတဲ့ကားလို့ပဲပြောရမယ်။ မင်းသားထဲသာမာန်
ရိုက်နေကျဇာတ်အိမ်တွေကိုမရိုက်တတ်တဲ့ဒီအဘ
၂ယောက်ပေါင်းရိုက်တယ်ဆိုထဲက ဒီကားကလဲ
အထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ထုံးစံအ
တိုင်း Tom ရိုက်နေကျ ဖြစ်ရပ်မှန်ဇာတ်လမ်းတခု
ကိုအခြေခံထားတာပါ။သန်း ၃၅၀ကျော်ရရှိခဲ့သလို
ဆုတွေလဲရရှိခဲ့ပါတယ်။လူလိမ်ပေါက်စနဲ့FBI
စုံထောက်ရဲ့ သာမာန်ကားလေးပေမယ့်ဒီကားရဲ့
ပညာပေးမူကလဲပေါ့သေးသေးမဟုတ်လှပါဘူး။
Leo လဲဒီကားထဲ Tomကိုမှီအောင်တော်တော်
သရုပ်ဆောင်လိုက်ရတယ်။ နောက်တကားက
* The Terminal
…………………………
Tom နဲ့ လက်တွဲနေကျဒါရိုက်တာ
ကြီး Steven Spielberg ရဲ့ နောက်တကြိမ်ပစ်
လွှတ်လိုက်တဲ့ ၂၁ရာစုထဲအထင်ကရကားကြီးတ
ကားပါပဲ။ ခဗျားဟာTom Hanksကဘာအရည်
အချင်းတွေရှိလို့လဲဆိုပြီး တခြားမင်းသားတဦးနဲ့
ယှဉ်ပြောမယ်ဆိုရင်တော့ဒါရူးသွပ်မူတခုပါပဲ။ဒီ
Terminal မှာ Tom ကအင်္ဂလိပ်စကားကိုဥ
ရောပလေသံနဲ့ပြောသွားတယ်။ နောက်တချက်က
သူသရုပ်ဆောင်ချက်က လုံးဝအသစ်တခုဖြစ်ခဲ့
တယ်။ ပိုထူးခြားတာကဒီကားကိုရိုက်ကူးရာမှာ
ဒီအဘက တရက်၁၈နာရီသူပါမနားပဲ သူမပါတဲ့
အခန်းတွေလဲပါဝင်ကူညီပေးပြီးဒါရိုက်တာနဲ့အတူ
ကြိုးစားခဲ့တယ်။ Cast Away လိုပဲဒီကားရဲ့ပညာ
ပေးမူတွေကမြင့်လွန်းပြန်တယ်။ လေဆိပ်ထဲမအူ
မလည်လူကြီးတယောက်Englishစာလိုက်သင်
နေရတဲ့လူကြီးတယောက်အဖြစ် Tomကပါဝင်
ထားတယ်။ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ဒီမအူမလည်
ှီုဦးလေးကြီးက ဘယ်တော့မှသူ့ကိုယ်သူဒုက္ခသည်
လို့ဝင်မခံပဲ မြေပုံထဲတောင်မရှိတဲ့နိုင်ငံသားတဦး
အဖြစ် ဒီ THE TerminalကလဲTom Hanks
ဆိုတဲ့မင်းသားကိုထပ်ပြီးအံ့သြရမယ့်ကားတကား
ပါပဲ။ အဖေကိုချစ်လို့အမေရိကန်ကိုလာတယ်
နိုင်ငံကိုချစ်လို့ ဒုက္ခသည်လို့မခံယူဘူး။ ကဲTom
ရဲ့ကားတွေကပေါ့ပျက်ပျက်ကြည့်ဖို့ကားတွေတ
ကားမှမရှိတာအံ့သြစရာပါပဲ။ Navorski ဆိုတဲ့
Tom ရဲ့ဇာတ်ကောင်ကပေးတဲ့ပညာပေးတွေက
တအံ့တသြပါပဲ။ နောက်တကားက
* Captain Phillips
………………………………
ဘာမှထူးထူးခြားဇာတ်လမ်းမဟုတ်ဘူး။
ဆိုမာလီဓားမြတွေဖမ်းတာခံရတယ် ဓားစာခံလုပ်
ခံရတယ်။ ဒါလေးပဲ။ ဒါပေမယ့် ဒီCaptain
Phillipsဟာ ရုပ်ရှင်လောကအတွက်တော့မင်း
သားတယောက်ကိုအံ့သြစရာဖြစ်သွားစေခဲ့တာပါ
ပဲ။Tom နဲ့ Barkhad Abdi ပါဝင်သရုပ်ဆောင်
ထားတဲ့ဒီကားဟာ သင်္ဘောသားတွေရဲ့ဘဝ ဓား
စာခံတွေရဲ့ဘဝကို ဒဲ့ချပြလိုက်တာပါပဲ။သင်္ဘော
ရဲ့ Captain ဖြစ်တဲ့ Tom က Captainတဦး
ပီသတယ်။ ထူးခြားမူကတော့ သင်္ဘောသားတွေ
သာအသုံးပြုကြသိကြတဲ့ လုပ်ကွက်တွေကိုဒီ
ကားမှာ သရုပ်ဆောင်တွေကလုပ်ခဲ့မူပါပဲ။ဒါမျိုးက
ရုပ်ရှင်လောကမှာခပ်ရှားရှားရယ်။ သင်္ဘောမောင်း
တယ်။ Evasive-Maneuver တွေကိုTom
ကအမိန့်ပေးတာမျိုးတွေ သင်္ဘောကို Croma
ဖောက်ရာမှာတကယ့်သင်္ဘောဆောက်လုပ်တဲ့
Engineer တွေပါလာတာမျိုးတွေ Layer ခွဲရာ
မှာ သင်္ဘောရဲ့ Structure ကိုပထမဆုံးအသေး
စိတ်သိရှိအောင်လေ့လာထားတဲ့ ဒါရိုက်တာရဲ့အံ့
သြစရာပညာတွေစသဖြင့် လုံးဝလက်တွေ့ဘဝ
လက်တွေ့အဖြစ်တွေကိုရိုက်ပြနိုင်ခဲ့ပါတယ်။
Titanic ရိုက်ပြတယ်တကမ္ဘာလုံးသာကျော်သွား
တယ်။ သင်္ဘောStructure / Layer ခွဲမူရဲ့
ဟာကွက်တင် ၂၀၀ကျော်ရှိခဲ့တယ်။ Battle
Ship လဲဒီလိုပဲ ။ Tom ကအဲ့လိုမင်းသားပါ။
ရုပ်ရှင်ကားထက် လက်တွေဘဝဖြစ်ရပ်မှန်တွေကို
ချည်း တကယ်အတိုင်းသရုပ်ဆောင်ပြတတ်တဲ့
CaptainPhillipsကြီးလဲဖြစ်Forrest Gump
လဲဖြစ်တဲ့သူပါ။ အော်စကာစာရင်းမှာ ၆နေရာထိ
စာရင်းဝင်ခဲ့သလို ဒေါ်လာသန်း ၂၁၈သန်းထိရခဲ့
တဲ့ကားပါ။
" ကျတော့်မှာမွေးရာပါအရည်အချင်း
ရုပ်ရည် အသံ ဥာဏ်ပညာ ဘာမှ
မပါလာခဲ့ဘူး။ ဒီအတွက်ကျတော်ပို
ပျော်ခဲ့တယ်။ အရာအားလုံးဟာကျ
တော်ကြိုးစားမှရမယ်ဆိုတာသိစေလို့
ပဲ "
Tom Hanks

"စိတ်ကူးယဉ်မူတွေကိုပုံဖော်ပါ
အတ္တတွေကို အရှုံးပေးလိုက်ပါ။
အပြစ်တင်မူတွေကိုကျေးဇူးတင်ပါ။
အရာရာဟာ သင့်အပေါ်မှာပဲမူတည်
သွားလိမ့်မယ်။ "
Tom Hanks
" အရွယ်ရောက်ပြီးသားလူတိုင်းမှာ
အရွယ်ရောက်ပြီးသားအသိဥာဏ်
မရှိဘူး။ ဒါကိုခဗျားဒုက္ခရောက်နေချိန်
နဲ့ ကျရှုံးလာချိန်ပိုသိလာလိမ့်မယ်။ "
Tom Hanks
* Sully
……………
မကြာသေးခင်ကမှထွက်ထားတဲ့Tom
ရဲ့ ကားသစ်။ ၂၀၀၉ခုနှစ် ဟဒ်ဆန်မြစ်ထဲဆင်းခဲ့
ရတဲ့ A320-214 လေယာဉ်ကြီးရဲ့အကြောင်း
ကိုရိုက်ထားခဲ့ဖြစ်ရပ်မှန်ဇာတ်ကားပါ။ သင်္ဘော
လေယာဉ် တွေပေါ်ကနေအသက်၆၀ရှိနေတာ
တောင်မဆင်းသေးတဲ့ Tom ရဲ့ထုံးစံအတိုင်းပါပဲ
Captain Chesley "Sully" Sullenberger
နေရာကနေ Tomကသရုပ်ဆောင်ခဲ့တယ်။လူ့
အသက်ပေါင်းများစွာကိုကယ်တင်ခဲ့တဲ့ Sully
ဟာ Heroမဟုတ်ပါဘူး သာမာန်လေယာဉ်မှူး
တယောက်ပါပဲ။ US Airways Flight 1549
ရဲ့ Captain ဖြစ်တဲ့ Sully ဟာသေဘေးကြုံလာ
ချိန်မှာ သူ့တာဝန် နဲ့ သူ့အသက်ဘေးလွတ်မူတခု
ကိုမလဲခဲ့ပါဘူး။ အသက်အရွယ်အားဖြင့်လဲမတိမ်း
မယိမ်းဖြစ်တဲ့ Tom ကဒီကားမှာလေယာဉ်မှူးတ
ယောက်ရဲ့ရှိသင့်တဲ့တာဝန် ပညာရပ် စေတနာ
တွေကိုချပြသွားခဲ့တယ်။ ၂၀၁၆ခုနှစ်စက်တင်ဘာ
လမှာဒီကားကိုရုံတင်ခဲ့ပြီးလက်ရှိမှာတင်သန်း
၁၈၀ကျော်ရရှိနေပါပြီ။ Sully ဟာလဲလက်တွေ့
လောကမှာ Top 100 Most Influential
Heroes and Icons ထဲဒီဖြစ်ရပ်ကြောင့်ပါဝင်
သွားခဲ့သူပါ။

" ကျတော်က ခဗျားကြိုက်တဲ့တချို့
ကားတွေရဲ့မင်းသားပါ။ ခဗျားမကြိုက် လက်မခံတဲ့
တချို့ကားတွေမှာလဲ မင်းသားပါပဲ။ ကားတိုင်း
ကျုပ်က ခဗျားအတွက်ကောင်းချင်မှကောင်းလိမ့်
မယ်။ ဒါပေမယ့် ဘာအရေးကြီးလဲဗျာ။ ဒီအလုပ်
မှာဆက်ရှင်သန်ရဦးမှာ ကျုပ်အလုပ်ပဲလေ။ "
"ကိုယ့်အလုပ်အတွက်ပဲ ကိုယ်အသက်ရှင်ကြပါ"
Tom Hanks
သူကသာအဲ့လိုပြောတာ သူ့ကားဆို
ဘာကားလာလာကြိုက်ရစောင့်ရတဲ့ကျုပ်လိုလူ
တွေကမ္ဘာမှာအများကြီးဆိုတာ သူ့ကိုသိစေချင်
တယ်။ ရုပ်ရှင်ကားတကားထွက်လာရင်ကျတော်
တို့အများကြီးကြိုးစားထားပါတယ် အားပေးကြပါ
ကားကအရမ်းကောင်းပါတယ်လို့ ဖောပြီးကြေငြာ
တဲ့မင်းသားထဲ Tom မပါဘူး။ Forrest Gump
ထွက်တုန်းက Times က interviewခွင့်ကိုသူ
ရသွားတယ်။ " ကျတော်ဒီကားကိုရိုက်နေချိန်မှာ
ပဲ လုပ်နိုင်သလောက်လုပ်ခဲ့ရုံပါ။ ကျတော်မလုပ်
နိုင်တာဘာမှမလုပ်ခဲ့ပါဘူး။ ဒါကျတော်အလုပ်ပြ
နိုင်ဆုံးပမာဏလေးပါပဲ " လို့ဖြေသွားမူကကားကို
စောင့်ကြည့်နေသူတွေအဖို့ ဒီကားကောင်းပါ့မ
လားလို့စိတ်ထဲဖြစ်သွားမှာအမှန်ပဲ။ ဒါပေမယ့်
ထွက်လာချိန်မှာတော့ဝက်ဝက်ကွဲ ဒိတ်ဒိတ်ကြဲ
ပါပဲ။
" လူတိုင်းကိုချစ်ကြည့်ပါ
ဖော်ရွေပေးပါ
ဒါဆိုကမ္ဘာပေါ်မှာကံအကောင်းဆုံး
အပျော်ဆုံးလူသားကသင်ဖြစ်လာ
ပါလိမ့်မယ်။ "
Tom Hanks
" ရုပ်ရှင်ဆိုတာ လူတဦးချင်းရဲ့
ဘာသာတရားကိုစော်ကားဖို့
ပညာရပ်မဟုတ်ဘူး။ ဒါပေမယ့်
အကြမ်းဖက်မူကိုတော့ဆန့်ကျင်ပြ
ရဲရမယ့် ပညာရပ်ပဲ "
Tom Hanks

Tom Hanks ဟာကမ္ဘာ့ရုပ်ရှင်လော
ကမှာအရင်းနည်းနည်းနဲ့ အမြတ်အများဆုံးရရှိ
စေတဲ့မင်းသားအဖြစ် သူရိုက်ခဲ့တဲ့ကားတွေရဲ့အ
မြတ် သန်း၈ထောင်၇သိန်းနဲ့ No.1နေရာကိုရပ်
တည်ထားသလို အမေရိကတိုက်မင်းသားတွေထဲ
No.4 အချမ်းသာဆုံးပါ။ ဒါ့အပြင်ကမ္ဘာ့Voting
အများဆုံးမင်းသားအဖြစ် Johnny Deppပြီး
ရင် ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဒါ့အပြင်
Keanu Reeves ဟာ ၂၀၀၃ခုနှစ်ကThe
Matrix ကားနဲ့ အနုပညာကြေးသန်း၃၀ရခဲ့သလို
Bruce Willis က The Sixth Sense နဲ့
၁၄သန်း Tom ကတော့၁၉၉၄ခုနှစ်က Forrest
Gump နဲ့ သန်း၂၀ ရရှိခဲ့ပြီး တကယ်တမ်းတရား
ဝင်ငွေကြေးအရ ၂၅သန်းပါ။ ဒီပမာဏကခေတ်အ
လိုက်ငွေကြေးတန်ဖိုးအရ Tom ကိုကမ္ဘာ့အနုပ
ညာကြေးတကားထဲနဲ့အများဆုံးရမင်းသားအဖြစ်
သမိုင်းဝင်သွားစေခဲ့ပါတယ်။ သူ့အအောက်မှာ
Tom Cruise နဲ့ Will Smith တို့ကရပ်တည်
နေပါတယ်။
Tom.ရိုက်ခဲ့တဲ့ဇာတ်ကားတွေနဲ့နောက်
ထွက်လာဦးမယ့်ဇာတကားတွေကတော့
He Knows You're Alone -1980
Splash - 1984
Bachelor Party - 1984
The Man with One Red Shoe- 1985
Volunteers -1985
The Money Pit -1986
Nothing in Common - 1986
Every Time We Say Goodbye -1986
Dragnet -1987
Big -1988
Punchline -1988
The 'Burbs -1989
Turner & Hooch -1989
Joe Versus the Volcano -1990
The Bonfire of the Vanities -1990
Radio Flyer -1992
A League of Their Own -1992
Sleepless in Seattle -1993
Philadelphia -1993
Forrest Gump -1994
Apollo 13 - 1995
Toy Story -1995
That Thing You Do!
Saving Private Ryan -1998
You've Got Mail -1998
Toy Story 2 -1999
The Green Mile -1999
Cast Away :-2000
My Big Fat Greek Wedding -2002
Road to Perdition -2002
Catch Me If You Can -2002
The Ladykillers - 2004
Connie and Carla -2004
The Terminal -2004
Elvis Has Left the Building -2004
The Polar Express -2004
Magnificent Desolation: Walking on the Moon 3D :-2005
The Da Vinci Code -2006
Cars -2006
The Ant Bully -2006
Starter for 10 -2006
Evan Almighty -2007
Charlie Wilson's War -2007
The Simpsons Movie -2007
Mamma Mia! -2008
City of Ember - 2008
The Great Buck Howard - 2009
My Life in Ruins -2009
Angels & Demons - 2009
Where the Wild Things Are -2009
Beyond All Boundaries - 2009
Toy Story 3 - 2010
Hawaiian Vacation - 2011
Larry Crowne - 2011
Small Fry - 2011
Extremely Loud and Incredibly Close -2011
Cloud Atlas -2012
Partysaurus Rex - 2012
Parkland - 2013
Captain Phillips -2013
Saving Mr. Banks -2013
Bridge of Spies -2015
Ithaca -2015
My Big Fat Greek Wedding - 2016
A Hologram for the King - 2016
Sully - 2016
Inferno - 2016
The Circle - 2017
Felt - 2017
Toy Story 4 -2019 တွေပါပဲဖြစ်ပါတယ်။
HIV ဖြစ်နေတဲ့ Gay တယောက်အဖြစ်
Philadelphia ကားနဲ့လိင်တူချစ်သူဇာတ်ရုပ်
နဲ့ Tom / ပေါကြောင်ကြောင်ဇာတ်ရုပ်နဲ့ BIG/
Forrest Gump အထူးပြောစရာမလိုတော့ဘူး။
( Forrest Gump ရဲ့အဆက်စာအုပ် Gump
. Co ထဲလဲ Tom ပါဝင်ရေးသားခဲ့သေးတယ်)
Captain Phillips ကြီး Captain Sullyကြီး
ဗိုလ်ကြီး Ryan / Cast Away ရဲ့ အချစ်ကြီးသူ
ကြီး / ဗီလိန် လူဆိုး လူလိမ် စုံထောက် အစုံပါပဲ
Tom ရဲ့ ဇာတ်ရုပ်ပေါင်းအစုံရမင်းသားကြီးပါ။
" မင်းက ဂျာမာန် ငါက အိုင်းရစ်
ဘယ်အရာက ငါတို့၂ယောက်လုံးကို
အမေရိကန်လုပ်ပေးလဲသိလား
အေး စည်းကမ်း ဆိုတဲ့အရာကပဲ "

( Bridge Of Spies ထဲက Tom ရဲ့စကား)

" အောင်မြင်မူဆိုတာ ကိုယ်နဲ့မကွာ
ဆောင်ထားလို့ရတဲ့အရာမဟုတ်ဘူး
ကိုယ်နဲ့မကွာဆောင်ထားလို့ရတာ
ကျတော်တို့ရဲ့ ယုံကြည်မူ နဲ့ ရိုးသားမူပဲ"
Tom Hanks
၂၀၁၄ ခုနှစ်မှာတော့ ဒီမင်းသားကြီးဟာ
Honors Medallion ဂုဏ်ထူးဆောင်ဘွဲ့ကြီး
ကိုချီးမြင့်ခြင်းခံရပြီး ကမ္ဘာ့ရုပ်ရှင်လောကရဲ့
အော်စကာဆုအများဆုံးရရှိတဲ့ ဇကာတင်ခံရမူ
အများဆုံးကားတွေရဲ့မင်းသားအဖြစ်သမိုင်းဝင်
သွားခဲ့ပါပြီ။ ဒါတင်မကပါဘူး ၂၀၁၆ခုနှစ်စစ်တမ်း
များအရ Tom Hanksဟာရုပ်ရှင်တခုထဲက
အနုပညာကြေး သန်း၄၀၀ကျော်ရရှိပိုင်ဆိုင်ထား
တဲ့မင်းသားလဲဖြစ်သွားခဲ့ပါပြီ။ ဘယ်ကားကျန်
သေးတယ် ဘယ်ကားကတော့၂၀၁၇မှာပြဦးမှာ
တွေမပြောကြေးပေါ့ဗျာ။ Tomရဲ့တကားချင်းက
တယောက်အကြ်ုက်တမျိုး အကုန်ကောင်းတဲ့
ကားချည်းပဲဆိုတော့ ဒီကား၇၀ကျော်သာပြောရ
ရင်ပြီးမယ်တောင်မထင်ပါဘူး။
* စာရေးသူသုံးသပ်ချက်
………………………………
* Tom ဟာသာမာန်ဆင်းရဲသားမိသားစုက
မွေးဖွားခဲ့သူပါ။
* Tomဟာ တတိယသား မိကွဲဖကွဲအနှိမ်ခံဖြစ်
ပေမယ့်တမျိုးလုံးမှာ အထူးချွန်ဆုံးပါ။
* Tom ဟာအသက်ကြီးမှမင်းသားဖြစ်လာသူပါ။
* ၄ ၅ နှစ်လောက်နေမှတကားရိုက်ခွင့်ရလိုက်
၃ ၄နှစ်လောက်ပြန်ပျောက်လိုက်ဖြစ်ခဲ့ပေမယ့်
ရုပ်ရှင်လောကကိုမစွန့်လွှတ်ခဲ့သူပါ။
* Tom ဟာ အော်စကာ၂နှစ်ဆက်တိုက်ရတဲ့
ရုပ်ရှင်လောကသမိုင်းရဲ့ ဒုတိယမင်းသားပါ။
* Tom ဟာရုပ်ရှင်တကားရိုက်တိုင်းသူဝတ်တဲ့
အဝတ်စားကအစသူကိုယ်တိုင်ဆုံးဖြတ်သူပါ။
( Forrest Gump မှာတကားလုံးအစနဲ့အဆုံး
သတ်ထိ ရှယ်အကျီ င်္ဖြူပြာကွာလေးကိုထည့်သွင်း
ထားမူကိုသတိထားမိရဲ့လား )
( Captain Phillips မှာ တကယ့်Captainလို
ညာဖက်မျက်လုံးအကြောလိုက်တတ်တဲ့အကျင့်
ကိုလုပ်ယူခဲ့တာရောသတိထားမိလား )
( Cast Away မှာတကားလုံးအကျီ င်္ဖိုးဟာ
$500 တောင်မကုန်ခဲ့ပါဘူး )
* Tom ဟာအော်စကာဆုအများဆုံးရ ဇကာ
တင်ခံရတဲ့ဇာတ်ကားတွေရဲ့ No.1မင်းသားပါ။
* Tom ဟာပြင်ပလောကမှာလဲForrest
Gump ထဲကလိုမိခင်ကိုအရမ်းချစ်တဲ့သားပါ။
(မကြာသေးခင်က သူမကွယ်လွန်သွားခဲ့ပါပြီ)
* Tomဟာ သူရရှိတဲ့အနုပညာကြေးသန်း၄၀၀
နီးပါးမှား သန်း၇၀ထိ ကမ္ဘာ့ပညာမသင်ရတဲ့က
လေးသူငယ်တွေအဖို့ နှစ်၃၀အတွင်းလှူတန်း
ထားခဲ့ပြီးပါပြီ။
* Tom ဟာရုပ်ရှင်တကားကိုဘယ်တော့မှ၂ပိုင်း
ခွဲမရိုက်တဲ့မင်းသားပါ။
(Toy Story ကာတွန်းကားကလွဲရင်ပေါ့ )
* Tom ရဲ့ ရုပ်ရှင်ကား 85% ဟာဖြစ်ရပ်မှန်များ
ကိုအခြေခံထားရိုက်ကူးခဲ့တာပါ။
* Tom ဟာ အမေရိကတိုက်ရဲ့ပထမဆုံးတသက်
တာလူသားအကျိုးပြုသရုပ်ဆောင်အဖြစ်ပေးအပ်
ခြင်းခံထားရတဲ့မင်းသားပါ။
* Tom ဟာForrest Gumpထဲကလိုပဲငယ်
ငယ်က TVပိုးကြောင့်ခြေထောက်အကြောထိခဲ့
သူပါ။
* Tom ဟာသင်္ဘောသားပညာရပ် လေယာဉ်မှူး
ပညာရပ်တွေကို အင်္ဂလန်မှာသင်ယူခဲ့ပြီးမှ
Captain Philips / Sully လိုကားတွေကို
ရိုက်ကူးခဲ့သူပါ။
* Tom ဟာလီယိုနာဒို ဘရက်ပစ် တွန်ခရုတို့
အားအကျဆုံးမင်းသားပါ။
* Will Smith ဟာသူသာဒါရိုက်တာတယောက်
အဖြစ်လုပ်ကိုင်တော့ရင် Tom နဲ့ပထမဆုံးရိုက်
ချင်ပါတယ်လို့ ပြောကြားထားပါတယ်။
* Tom ဟာအက်ရှင် စတန့်လုံးဝမရကြောင်း
ဝန်ခံထားသူပါ။ ဒါပေမယ့်သူ့ကားတွေကသိတဲ့
အတိုင်းပါပဲ။
* Tom ဟာသာမာန်ကလေးတယောက်နေ
သုညကစပြီး ကမ္ဘာ့အအောင်မြင်ဆုံးမင်းသားထဲ
မှတဦးဖြစ်လာသူပါ။
Ref : Inc Magazine
Twitter
Tom Hanks's Tom Hanks
The Richest Actors in the
World Are Not Who You Expect
[ Music Review ပဲရေးတတ်တဲ့သူဖြစ်လို့
ခုလို ကိုယ့်အဖိုးအဖေလက်ထက် ကနေယနေ့ထိ
အထင်ကရဖြစ်နေတဲ့မင်းသားကြီးတယောက်အ
ကြောင်းကိုရေးသားရာမှာ ကျတော့်တထွာတမိုက်
ဥာဏ်လေးနဲ့ဘယ်လိုမှမပြည့်စုံနိုင်ပါဘူး။ဒါကိုအ
ထူးနားလည်ပေးနိုင်မယ်လို့မျော်လင့်ပါတယ်။ ]
My Fav: Actor : Forever Respect.
ထက်ဝန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။