ဒီစစ်ပွဲပြီးရင် ......ကျောင်း....တက်....ချ င်....တယ်
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေကနတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်းမြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာေ ခြထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့… ။credit-မင်းခိုက်စိုးစံ
“ငါ့အိမ် ငါ ပြန်လာတာလေ”ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလားမျက်ရည်အ၀ဲသား နဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ် ၀န်းဒေသမှာသားပျောက်တဲ့
အမေတွေနဲ့အမေပျောက်တဲ့သားတွေအားလုံးဟာ
လူအဖြစ်ကနေ လျှောကျတိရစ္ဆာန်တွေလို အမဲလိုက်
ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံမြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေကနတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်းမြေလွှာအေ
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာေ
ပြုတ်ထွက်လွင့်စင်သွားပေါ့…
“ငါ့အိမ် ငါ ပြန်လာတာလေ”ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလားမျက်ရည်အ၀ဲသား
ငါ့ဘ၀ကတော့ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်
အမေတွေနဲ့အမေပျောက်တဲ့သားတေ
လူအဖြစ်ကနေ လျှောကျတိရစ္ဆာန်တွေလို အမဲလိုက်
ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံမြစ်သောင်ယံမှာစီ
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။