ပညာရေး …
-----
ဒီနေ့ ကျနော့်ညီမ အငယ်ဆုံးမကိုကြည့်ရင်းတွေးမိတယ်…။
အတန်းအားဖြင့်တော့ ၈တန်းပေါ့…။
ကျောပိုးအိတ်ကြီးတစ်လုံးနဲ့ …။
ကျောပိုးအိတ်က လူထက်ကြီးနေလားပဲ…။
"နင် စစ်တိုက်ထွက်တာလား…စာသင်သွားမှာလား…"လို့တောင် စမိသေးတယ်…။
မနက်ဆိုရင်လည်း ၅နာရီခွဲလောက်ထ…။ပြင်ဆင်ပြီးကျောင်းကြီးသွား…။၁၂ခွဲလော က်ပြန်ရောက်…။၁နာရီခွဲလောက် ဆို ကျူရှင်သွား…။၎ခွဲ၅နာရီလောက်ပြန်ရောက်…။ဟော…၇နာရီဆို ဂိုက်ဆိုတာလား ထပ်သွားရပြန်တယ်…။ဒါတောင် ၈တန်းကလေးလေးနော်…။ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်တော့လည်း ၅တန်းလောက်ဆို ကျနော့်ညီမလိုပါပဲ…စာကိစ္စနဲ့ ပြေးလွှားနေရတာ…။
ကျနော့်မျက်လုံးထဲ ကလေးဘဝ ပျောက်ရှနေတယ်…။စုပေါင်းကစားတာတို့ ကာယအကျိုးကစားတာတို့ ခုနောက်ပိုင်း ကလေးတွေမှာ သိပ်မတွေ့ရတော့ဘူး…။နောက်ဆုံး ထုတ်စည်းတိုးတာတောင် ကြည့်ချင်ရင် လွတ်လပ်ရေးနေ့မှ လိုက်ရှာရမလိုဖြစ်နေတယ်…။ဒါ ကြောင့် တစ်ခါတစ်ခါ အသင်းစိတ်ဓတ် အများပိုင်စိတ်ဓတ်ပျောက်ရှေ နတာလားတွေးမိတယ်…။
ဒါပေမယ့်…ကျနော်ငယ်ငယ်ကမရှိ တဲ့ စိတ်ဓတ်မျိုး ကျနော့်ညီမနဲ့ညီတွေမှာတွေ့ရ တယ်…။စာပြိုင်တာမျိုး…။ကျူရှင်မတတ်တော့ရင် သူတို့ကျန်ခဲ့လိမ့်မယ်ဆိုတာမျိုး…အမှတ်တွေလျော့ကုန်မယ်ဆိုတာမျိုးပေါ့…။ဒါကို လူကြီးတွေက ကောင်းတဲ့ စိတ်ဓတ်လို့မြင်တယ်…။ကျနော့် တောင် မင်းလိုပေးတိုးမဟုတ်ဘူးဆိုတဲ့ ပုံစံပြောသေးတယ်…။ကျနော့်အေ တွးထဲမှာတော့
"ကလေးတွေ ကလေးနဲ့မတူတော့ပဲ…
စက်ရုံထုတ် ကုန်ပစ္စည်းတစ်ခုလို
ပုံသွင်းခံနေရတယ်ပဲ…မြင်မိေ တာ့တယ်…
စက်ရုံပိုင်ရှင် အလိုတော်တိုင်း တံဆိပ်ကပ်ခံရဖို့တောင် တော်တော်ကြိုးစားနေရပါလားပေါ့လေ…"
ကျောင်းပညာရေး…
စာကျက်တာ…စာလုပ်တာ မကောင်းဘူးလို့တော့ ကျနော်မဆိုလိုပါဘူး…။
ဒါပေမယ့် ကျနော်တို့ သက်တန်းတချို့နဲ့ စိတ်ဖိစီးမှုများစွာ ပေးခဲ့တဲ့ ကျနော်တို့ ကျောင်းပညာရေးက ဘာတွေရခဲ့လည် ပြန်ကြည့်ရင်တော့…
ဝမ်းနည်းစရာပဲ …
စိတ်ကူးတွေ ဘောင်ခတ်ပစ်လိုက်တယ်…
အတွေးအခေါ်ဖန်တီးမှုတွေ လက်စတုံးပစ်လိုက်တယ်…
အမှတ်တွေ အခန်းတွေနဲ့ လူတန်းစားခွဲခြားပစ်လိုက်တယ်…
သိမ်ငယ်မှုတွေ မွေးဖွားပေးခဲ့တယ်…
သင်ကြားရေးစနစ်ကို ပြန်ကြည့်ကြည့်ပါ…
အထက်က ချပေးတဲ့ စာကိုသင်တယ်…
နူတ်တိုက်အာဂုံဆောင်စေတယ်…
အလွတ်ကျက်ရိုက်သွင်းခိုင်းတ ယ်…
ပွင့်ပွင့်လင်းလင်းပြောရရင်
လူအဖြစ်မှ နိမ့်ကျစေတဲ့ သင်ကြားရေးမျိုးပါ…ကျနော်တို့ကို SDကဒ်တစ်ကဒ်ပုံစံမျိုးပဲ သဘောထားကြတာ…သူတို့ထည့်ချင် တာထည့်မယ်…ရအောင်လက်ခံ…ဒါပဲ လိုချင်တယ်ဆိုတာမျိုးပေါ့…။ သူတို့ ပြန်မေးတဲ့အခါ ထုတ်ပြနိုင်ရင် ခင်ဗျားကို လူတော်လို့ အမှတ်ပေးလိုက်မယ်…။
လူသားဆိုတာ စဉ်းစားတွေးခေါ်မှုရှိတယ်…ဖန် တီးမှုရှိတယ်…ဝါသနာရှိတယ်…။ဒါတွေအကုန်လုံး သူတို့ ထည့်မတွက်ထားပါဘူး…။ရိုက်သွ င်းတာလက်ခံ ဒါလောက်ပါပဲ…။SDကဒ်တစ်ကဒ်လောက်ပါပဲ…။ဝမ်းနည်းစွာပြောရရ င်…သင်ကြားရေးက ကျနော်တို့ကို လူတစ်ဦးလို မဆက်ဆံခဲ့ပါဘူး…။
ငယ်ငယ်က
ဆရာ/ ဆရာမကို ထပြောမိရင် ရိုက်ခံရမယ်ဆိုတာနဲ့ ကျနော့်ဦးနှောက် ထိပ်တုံးခတ်ပစ်လိုက်တယ်လေ…။ဒါကြောင့် ကျောင်းပညာရေးဆိုတာကို ကျနော်မနှစ်သက်ခဲ့ပါဘူး…။သို့သော် ဆရာ/ ဆရာမတွေကိုလည်း ကျနော်မစော်ကားခဲ့ပါဘူး…။ဒီဘောင် ဒီစနစ်နဲ့အသားကျနေတာပဲလေ…။သူတို့လဲ ဘယ်တတ်နိုင်ပါ့မလဲ…။
ဆရာတစ်ယောက်ရဲ့ တွေ့ဆုံမေးမြန်းခန်းကို ကျနော်နားထောင်ခဲ့ဘူးတယ်…။သူပြောတဲ့ ပညာရေးစနစ်ပုံစံကို ကျနော်သဘောကျခဲ့ဘူးတယ်…။
ဘုရင့်နောင်ဖောင်ဖျက် နောင်ရိုးတိုက်ပွဲလေးလား…သူ ဥပမာပေးသွားတာ…။သမိုင်းအကြောင်းသင်တယ်ပေါ့…။ဆရာက သင်တယ်…တပည့်က ကျက်တယ်…အလွတ်ရအောင်ကျက်တယ် နော်…။ဘုရင့်နောင် ဘာညာ ဘာညာပေါ့…။
အဲဒီ့မှာ ဘုရင်နောင်နေရာက စဉ်းစားတွေးခေါ်ဖို့ ဘယ်ဆရာမှ သင်တာ ကျနော်မမြင်ဘူးခဲ့ဘူး…။သားသာဘုရင်နောင်နေရာမှာဆို ဘာလုပ်မလဲ…။တစ်ခါမှ မေးသံမကြားဘူး…။
ကလေးကတော့ သူ့အသိဥာဏ်အလျှောက်ဖြေချင်တာဖြေမှာပဲ…။
သူအဖြေဘာဖြစ်နေပါစေ…။အဲ့လို အမေးအခြေနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု ကို ဖွင့်ပေးတဲ့အခါ…အဲ့ကလေးဦးေ နှာက်က အလုပ်လုပ်ဖူးသွားတယ်…။
သားသာဆို အဲ့လိုမတိုက်ဘူး…
တိုက်ချင်လဲတိုက်မယ်…
စစ်အင်းအားကြီးအောင်ပြန်စြု ပီးမှ တိုက်မယ်…အဖြေတွေ အများကြီးဖြစ်နိုင်ပါတယ်…။အ ဖြေဘာဖြစ်ဖြစ်ပါ…အဓိကတော့ လူတစ်ယောက်ဦးနှောက်ကို အလုပ်လုပ်ခွင့်ပေးလိုက်တာပါ ပဲ…။
သမိုင်းတွေ မသင်ရဘူး မဟုတ်ဘူးနော်…။သမိုင်းတွေကိုလေ့လာပြီး ဘာလုပ်သင့်လဲ…?။အဲ့ဒါမျိုးထွက်လာရမှာ…။
အဲ့လို အလုပ်လုပ်ခွင့်ပေးတဲ့ ပညာရေးစနစ်မျိုး ကျနော်တို့မှာမရှိပါဘူး…။ဒါ ကြောင့် ပျင်းဖို့ကောင်းတယ်…။ကျနော့် အတွက်တော့ တကယ်ပျင်းဖို့ကောင်းတယ်…။ခင်ဗျားတို့တော့မသိဘူးပေါ့…။ သူတို့ ရိုက်ထည့်ချင်တာပဲ လက်ခံဖို့ သွားနေရသလိုပဲ…။ကျနော်တို့ ဘာလုပ်တတ်တယ်…ဘာလုပ်ချင်တယ် ဆိုတာလေးကို တစ်ခါမှ မမြင်ရခဲ့ဘူးလေ…။
ကလေးတစ်ယောက် ကျောင်းသားတစ်ယောက်ဘက်က ကျနော်တို့ ပညာရေးစနစ်က ဘယ်တော့မှ မကြည့်ပေးခဲ့ဘူးလေ…။အကုန်လုံးတုံးတိပုံသွင်းခံဖို့ကျော င်းတတ်သလိုပါပဲ…။ဒီတော့ကျော င်းလဲမပျော်ပါဘူး…။
တစ်ချက်ပြန်ကြည့်ကြည့်…
အဲ့လို အလွတ်ကျက်ခဲ့တာတွေရော…တစ်သက်လုံး မှတ်မိနေခဲ့လို့လား…။မှတ်သားရမယ့်…လူဘောင်အဖွဲ့အစည်း အခြေခံပညတ်…အတွက်အချက်တွေတော့ အလွတ်ရအောင် လုပ်ရမှာပေါ့လေ…။ဒါပေမယ့်…ဘာမှ မသင်ပေးပဲ…SDကဒ်တစ်ကဒ်လို လာsaveထားတာတွေ အကုန်ပြန်ထုတ်ပြနိုင်လား…။အ လကားပဲနော်…။အချိန်တွေကုန် လူပင်ပန်းသွားတယ်…လူလိုမဆက် ခံရတာလွဲရင် ဘာမှမရခဲ့ပါဘူး…။အခြေခံပညတ် လေးတွေရတာတော့ ကြံဖန်ကျေးဇူးတင်ရမှာပေါ့…။
ရလဒ်ကို ပြန်ကြည့်ဦး…
အဲဒီ့ပညာရေးက ကြာနေပါပြီ…ဘွဲ့ရတွေ မနည်းဘူးထွက်ခဲ့တယ်…ဂုဏ်ထူး ရှင်တွေ မနည်းဘူးထွက်ခဲ့တယ်…။ဒါပေမယ့် ကျနော်တို့ဆီ ဘာတွေပိုကောင်းမွန်သွားပါသလဲ…။ပိုပြီးဆူပွက်လာတယ်…။
ကိုယ်ချင်းစာတရား…စိတ်ပိုင်းဆိုင်ရာ
ကာယ ရုပ်ပိုင်းဆိုင်ရာ…အားကစား စသဖြင့်…
ဥာဏ်ရည်ပိုင်းဆိုင်ရာ…ကျောင်းပညာရေးက ဘာတွေများ ကျနော်တို့ရခဲ့ပါသလဲ…။
ကျနော်ငယ်ငယ်က အားကစားချိန် ဘောလုံးကန်လို့ ဒဏ်တောင်ပေးခံရဘူးတယ်…။ကလေး တစ်ယောက် အားကစားချိန်မှာ ဘောလုံးကန်တာ ရန်ဖြစ်တာလား…ဆေးချတာလား…အြ ပစ်ဘယ်မှာလဲဗျာ…။အာကစား ကာယ အချိန် စာအပိုသင်တယ်…။ကျနော်ကတော့ ရှင်းရှင်းပဲ…ဘာတစ်ခုမှသင်ေ နတာ မတွေ့ခဲ့ဘူး…။လူလို သဘောမထားတာပဲ တွေ့ခဲ့တယ်…။
အာကစားလဲ မလုပ်ရဆိုတော့ …ကလေးတွေမှာ သူတို့ ကိုယ်ရည်ကိုယ်သွေးထုတ်ပြစရာ ဘာကျန်လဲ…။စာစီစာကုံးရေးခို င်းတော့ရော…တန်းတူညီမျှပေးထားခဲ့လား…။ကျောင်းစာ
အတော်ဆုံး နှစ်ယောက်လောက်ကို ဝိုင်းပြီးထပ်သင်ပေးပြီး
ရေးခိုင်းခဲ့တာပဲလေ…။ဆရာမ ကျနော်ရေးတတ်တယ်ထပြောရင် နင့်အဆင့်က
အခန်းထဲမှာတောင် ဘယ်လောက်လဲဆိုပြီး နှိမ်ခံရဦးမယ်…။
ဒီတော့…လူငယ်သဘာဝ ပေါ်ပင်ဖြစ်ချင်တဲ့စိတ်နဲ့…အဲ့ကောင် လူဆိုးလေးဆိုတဲ့ဆီ ရောက်သွားရော…။
ကျနော့်ထူးချွန်မှုက လူဆိုးလုပ်တာပဲ…။
ဘာကြောင့်လဲဆိုတော့ ကျနော်ထူးချွန်ချင်တာကို ခင်ဗျားတို့ လစ်လျူရှု့ခဲ့လို့…။ဒီလိုတွေ များလာခဲ့တယ်လေ…။
ဒီတော့ ဆွေးနွေးပွဲကဆရာပြောသလိုပဲ
ကျနော်တို့ ဦးနှောက်က အသစ်ကြီးတွေပါ…။ဘွဲ့သာရတယ်… ဘာမှ ကိုယ့်ဦးနှောက်ကို အသုံးမပြုခဲ့ဘူး…။သူများအသုံးပြုထားတွေပဲ လက်ခံခဲ့ကြတာ…။
ဒါဟာ ကျွန်ပညာရေးစနစ်ပါပဲ…။
ကျွန်မွေးမြူရေး စီမံကိန်းကြီးတစ်ခုလိုပါပဲ… ။ဒါလုပ်ဒါစား ထားရာနေစေရာသွား…ပါပဲ…။အဲ့ေ တာ့ ဘာမှမတိုးတက်တာမဆန်းပါဘူး…။
Aခလုပ်ကို နှိပ်ရင်မီးပွင့်သည်…။ကျက်ထား၏…။အလုပ်ရသည်…။Aခလုပ်ပျက် သွား၏…။ဘာလုပ်ရမှန်းမသိပါ…။ တစ်သက်လုံး
Aခလုပ်နှိပ်ရင် မီးပွင့်သည်ဆိုတာပဲ သင်ဖူးခဲ့၏…။Aခလုပ်ကို
ဘယ်လိုထွင်ရမယ်လို့လို့လဲ ဖန်တီးတွေးခေါ်မှု လမ်းမဖွင့်ပေးခဲ့ပါ…။တွေးခေါ်မိရင်တောင် ရိုက်ခံရပါ၏…။
ထို့ကြောင့် Aခလုပ်အတွက် သခင်ရှာထားရပါသည်…။သခင်များ သည် တိုင်းတပါးကလာ၏…။အထက်တန်းစား လူတန်းစားကလာ၏…။ငွေရှင်ကြေး ရှင်တို့ကလာ၏…။သူတို့ ပြင်ကြသည်…။ဒါမှမဟုတ် Aခလုပ်အသစ်တစ်ခုကို ထပ်ပေးသည်…။
ကျနော်တို့သည် Aခလုပ်ကိုနှိပ်ရင် မီးပွင့်သည်ဟုသာ သိသော …ကျွန်စီမံကိန်းကြီးမှ လာသည့် လူများသာဖြစ်သည်…။
ထိုစီမံကိန်းက ထပ်မံထွက်ပေါ်လာသည့်
ကျနော်တို့ မျိုးဆက်များမှာလည်း…
သိမ်ငယ်မှု …
အတွေးထိပ်တုံးခတ်ခံရမှု …
ကိုယ်ရည်ကိုယ်သွေး မပြနိုင်မှု …
လူတန်းစားခွဲခြားခံရမှု …
စသည်တို့နှင်သာ ကျွန်ဟုနာမည်မတတ်ခံရပဲ…ကျွန်ဖြစ်မှန်းတောင် မသိရတဲ့ ဦးနှောက်မျိုးနှင့်သာ ဆက်လက်ရှင်သန်နေကြဦးမည်လား …။
ဤအကြောင်းအရာများသည် ပညာရေး သင်ကြားရေးစနစ်များကို ကျနော်မြင်နိုင်သလောက် မြင်ခဲ့ခြင်းသာ ဖြစ်သည်…။
ထို့နောက်…
ကျနော်ဆုတောင်းတတ်ခဲ့ပါသည်… ။
ဘုရင်နောင် ဖောင်ဖျက်တာကို
အလွတ်ရအောင် သင်နိုင်သော…
ဆရာ/ဆရာမများ နာမည်ကြီးတာထက်…
ဘုရင့်နောင်နေရာမှာ ဘာလုပ်မလဲဆိုပြီး
သင်ကြားတတ်တဲ့…
ဆရာ/ဆရာမများ နာမည်ကြီးပါစေ…။
----Credit>>>
#zeroneo
-----
ဒီနေ့ ကျနော့်ညီမ အငယ်ဆုံးမကိုကြည့်ရင်းတွေးမ
အတန်းအားဖြင့်တော့ ၈တန်းပေါ့…။
ကျောပိုးအိတ်ကြီးတစ်လုံးနဲ့
ကျောပိုးအိတ်က လူထက်ကြီးနေလားပဲ…။
"နင် စစ်တိုက်ထွက်တာလား…စာသင်သွာ
မနက်ဆိုရင်လည်း ၅နာရီခွဲလောက်ထ…။ပြင်ဆင်ပြီ
ကျနော့်မျက်လုံးထဲ ကလေးဘဝ ပျောက်ရှနေတယ်…။စုပေါင်းကစာ
ဒါပေမယ့်…ကျနော်ငယ်ငယ်ကမရှိ
"ကလေးတွေ ကလေးနဲ့မတူတော့ပဲ…
စက်ရုံထုတ် ကုန်ပစ္စည်းတစ်ခုလို
ပုံသွင်းခံနေရတယ်ပဲ…မြင်မိေ
စက်ရုံပိုင်ရှင် အလိုတော်တိုင်း တံဆိပ်ကပ်ခံရဖို့တောင် တော်တော်ကြိုးစားနေရပါလားပေ
ကျောင်းပညာရေး…
စာကျက်တာ…စာလုပ်တာ မကောင်းဘူးလို့တော့ ကျနော်မဆိုလိုပါဘူး…။
ဒါပေမယ့် ကျနော်တို့ သက်တန်းတချို့နဲ့ စိတ်ဖိစီးမှုများစွာ ပေးခဲ့တဲ့ ကျနော်တို့ ကျောင်းပညာရေးက ဘာတွေရခဲ့လည် ပြန်ကြည့်ရင်တော့…
ဝမ်းနည်းစရာပဲ …
စိတ်ကူးတွေ ဘောင်ခတ်ပစ်လိုက်တယ်…
အတွေးအခေါ်ဖန်တီးမှုတွေ လက်စတုံးပစ်လိုက်တယ်…
အမှတ်တွေ အခန်းတွေနဲ့ လူတန်းစားခွဲခြားပစ်လိုက်တယ
သိမ်ငယ်မှုတွေ မွေးဖွားပေးခဲ့တယ်…
သင်ကြားရေးစနစ်ကို ပြန်ကြည့်ကြည့်ပါ…
အထက်က ချပေးတဲ့ စာကိုသင်တယ်…
နူတ်တိုက်အာဂုံဆောင်စေတယ်…
အလွတ်ကျက်ရိုက်သွင်းခိုင်းတ
ပွင့်ပွင့်လင်းလင်းပြောရရင်
လူအဖြစ်မှ နိမ့်ကျစေတဲ့ သင်ကြားရေးမျိုးပါ…ကျနော်တု
လူသားဆိုတာ စဉ်းစားတွေးခေါ်မှုရှိတယ်…ဖန်
ငယ်ငယ်က
ဆရာ/
ဆရာတစ်ယောက်ရဲ့ တွေ့ဆုံမေးမြန်းခန်းကို ကျနော်နားထောင်ခဲ့ဘူးတယ်…။သ
ဘုရင့်နောင်ဖောင်ဖျက် နောင်ရိုးတိုက်ပွဲလေးလား…သူ
အဲဒီ့မှာ ဘုရင်နောင်နေရာက စဉ်းစားတွေးခေါ်ဖို့ ဘယ်ဆရာမှ သင်တာ ကျနော်မမြင်ဘူးခဲ့ဘူး…။သားသ
ကလေးကတော့ သူ့အသိဥာဏ်အလျှောက်ဖြေချင်တ
သူအဖြေဘာဖြစ်နေပါစေ…။အဲ့လို
သားသာဆို အဲ့လိုမတိုက်ဘူး…
တိုက်ချင်လဲတိုက်မယ်…
စစ်အင်းအားကြီးအောင်ပြန်စြု
သမိုင်းတွေ မသင်ရဘူး မဟုတ်ဘူးနော်…။သမိုင်းတွေကု
အဲ့လို အလုပ်လုပ်ခွင့်ပေးတဲ့ ပညာရေးစနစ်မျိုး ကျနော်တို့မှာမရှိပါဘူး…။ဒါ
ကလေးတစ်ယောက် ကျောင်းသားတစ်ယောက်ဘက်က ကျနော်တို့ ပညာရေးစနစ်က ဘယ်တော့မှ မကြည့်ပေးခဲ့ဘူးလေ…။အကုန်လု
တစ်ချက်ပြန်ကြည့်ကြည့်…
အဲ့လို အလွတ်ကျက်ခဲ့တာတွေရော…တစ်သက
ရလဒ်ကို ပြန်ကြည့်ဦး…
အဲဒီ့ပညာရေးက ကြာနေပါပြီ…ဘွဲ့ရတွေ မနည်းဘူးထွက်ခဲ့တယ်…ဂုဏ်ထူး
ကိုယ်ချင်းစာတရား…စိတ်ပိုင်
ကာယ ရုပ်ပိုင်းဆိုင်ရာ…အားကစား စသဖြင့်…
ဥာဏ်ရည်ပိုင်းဆိုင်ရာ…ကျောင
ကျနော်ငယ်ငယ်က အားကစားချိန် ဘောလုံးကန်လို့ ဒဏ်တောင်ပေးခံရဘူးတယ်…။ကလေး
အာကစားလဲ မလုပ်ရဆိုတော့ …ကလေးတွေမှာ သူတို့ ကိုယ်ရည်ကိုယ်သွေးထုတ်ပြစရာ
ဒီတော့…လူငယ်သဘာဝ ပေါ်ပင်ဖြစ်ချင်တဲ့စိတ်နဲ့…အ
ကျနော့်ထူးချွန်မှုက လူဆိုးလုပ်တာပဲ…။
ဘာကြောင့်လဲဆိုတော့ ကျနော်ထူးချွန်ချင်တာကို ခင်ဗျားတို့ လစ်လျူရှု့ခဲ့လို့…။ဒီလိုတွေ
ဒီတော့ ဆွေးနွေးပွဲကဆရာပြောသလိုပဲ
ကျနော်တို့ ဦးနှောက်က အသစ်ကြီးတွေပါ…။ဘွဲ့သာရတယ်…
ဒါဟာ ကျွန်ပညာရေးစနစ်ပါပဲ…။
ကျွန်မွေးမြူရေး စီမံကိန်းကြီးတစ်ခုလိုပါပဲ…
Aခလုပ်ကို နှိပ်ရင်မီးပွင့်သည်…။ကျက်ထ
ထို့ကြောင့် Aခလုပ်အတွက် သခင်ရှာထားရပါသည်…။သခင်များ
ကျနော်တို့သည် Aခလုပ်ကိုနှိပ်ရင် မီးပွင့်သည်ဟုသာ သိသော …ကျွန်စီမံကိန်းကြီးမှ လာသည့် လူများသာဖြစ်သည်…။
ထိုစီမံကိန်းက ထပ်မံထွက်ပေါ်လာသည့်
ကျနော်တို့ မျိုးဆက်များမှာလည်း…
သိမ်ငယ်မှု …
အတွေးထိပ်တုံးခတ်ခံရမှု …
ကိုယ်ရည်ကိုယ်သွေး မပြနိုင်မှု …
လူတန်းစားခွဲခြားခံရမှု …
စသည်တို့နှင်သာ ကျွန်ဟုနာမည်မတတ်ခံရပဲ…ကျွန
ဤအကြောင်းအရာများသည် ပညာရေး သင်ကြားရေးစနစ်များကို ကျနော်မြင်နိုင်သလောက် မြင်ခဲ့ခြင်းသာ ဖြစ်သည်…။
ထို့နောက်…
ကျနော်ဆုတောင်းတတ်ခဲ့ပါသည်…
ဘုရင်နောင် ဖောင်ဖျက်တာကို
အလွတ်ရအောင် သင်နိုင်သော…
ဆရာ/ဆရာမများ နာမည်ကြီးတာထက်…
ဘုရင့်နောင်နေရာမှာ ဘာလုပ်မလဲဆိုပြီး
သင်ကြားတတ်တဲ့…
ဆရာ/ဆရာမများ နာမည်ကြီးပါစေ…။
----Credit>>>
#zeroneo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။