မွေးရပ်မြေမှ မရှိဆင်းရဲသားများအတွက် လက်ဝှေ့ကျော်
ပက်ကွီအို နေအိမ် ၁၀၀၀ ဆောက်လုပ်ပေးခဲ့
=======================
.
ကမ္ဘာ့ လက်ဝှေ့အကျော်အမော် ပက်ကွီအိုဟာ သူ့ရဲ့မွေးရပ်မြေမှာ မရှိဆင်းရဲသားတွေအတွက် နေအိမ် ၁၀၀၀ ဆောက်လုပ်ပေးခဲ့တယ်လို့ သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
.
အသက် (၃၇) နှစ်အရွယ်ရှိတဲ့ ပက်ကွီအိုဟာ အမေရိကန် လက်ဝှေ့သမား မေဝယ်သာကို အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့ပေမယ့် အာရှတိုက်က လက်ဝှေ့သမားတွေထဲမှာ အကြီးကျယ်ဆုံး လက်ဝှေ့သမားအဖြစ် ဂုဏ်ပြုခံခဲ့ရသလို ကမ္ဘာ့အကောင်းဆုံး အလွတ်တန်း လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ လက်ရှိအချိန်မှာတော့ ပက်ကွီအိုဟာ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
.
''ဆာရန်ဂါနီ ခရိုင်ထဲက ကျွန်တော့် မဲဆန္ဒနယ်မှာ နေထိုင်တဲ့သူတွေအတွက် ကိုယ့်ပိုက်ဆံ စိုက်ထုတ်ပြီး အိမ်တွေ အလကားဆောက်လုပ်ပေးနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွင်ပါတယ်။ ဒီအတွက် မိသားစု ၁၀၀၀ ကျော် အကျိုးကျေးဇူး ခံစားခွင့်ရခဲ့တယ်''လို့ သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
.
ပက်ကွီအိုဟာ အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်ရမယ့် (၆) နှစ်သက်တမ်း ပြည့်သွားရင် သူ့ရဲ့မွေးရပ်မြေမှာ အိမ်တွေ ပိုဆောက်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ''ကျွန်တော့်နေရာဟောင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
.
အခြားသူတွေကို ကူညီနိုင်ဖို့ အခွင့်အရေးပေးတဲ့အတွက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။