Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 20, 2016

မြန်မာ ပါတ်စပို့အကြောင်း သိကောင်းစရာ

မြန်မာ ပါတ်စပို့အကြောင်း သိကောင်းစရာ
Credit - Snow Snow Lay

အခုတလော ရန်ကုန်က ပြန်လာကြတဲ့ သူငယ်ချင်းတွေဆီက မြန်မာပြည် လဝက အကြောင်း ဆူဆူညံညံ ကြားရပါတယ်။ အကုန်လုံးက လဝက ကောင်တာမှာ အထွက်တုံး ထုတဲ့အခါတိုင်း လေဘာကဒ်တောင်းတယ် မပြနိုင်ရင် ရစ်တယ် လေယာဉ်ပေါ်က ဆွဲချမယ်ပြောတယ် လေဘာကဒ်မပြနိုင်လို့ လေယာဉ်ပေါ်က ဆွဲချခံရသူတွေ လေယာဉ်လက်မှတ်ဆုံးသူတွေရှိကြောင်း သတင်းတွေကြားရပါတယ်။ လောလောလတ်လတ်မှာ လေဘာကဒ်မပြနိုင်လို့ ညီမလေးတစ်ယောက် ဒဏ်ကြေးငွေ တစ်သိန်းဆောင်လိုက်ရတယ်ဆိုတဲ့သတင်းကို မနေ့က ထပ်ကြားရပါတယ်။

ဒီလို လဝကမှာ အခက်ကြုံရသူတွေဟာ စင်္ကာပူ ဒူဘိုင်း မလေးရှားလို နိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေပါ။

မနေ့က တွေ့လိုက်တဲ့ သတင်းတခုကတော့ လေဘာကဒ်နဲ့ အနည်းငယ် ဆက်စပ်နေတဲ့ ပါတ်စ်ပို့သတင်းလေးပါပဲ။ ကျွန်မတို့ကိုယ်တိုင်လည်း ပါတ်ပို့ကိုင်လာတဲ့ ဆယ်နှစ်ကျော် သက်တမ်းတလျှောက် အခုမှ သတိထားမိတာပါ။
အခုပုံမှာ ပြထားတဲ့ ပါတ်စပို့အမျိုးအစား နှစ်မျိုးဟာ အလည်သက်သက် ပါတ်စပို့နဲ့ အလုပ်အကိုင်ပါတ်စ်ပို့ရယ်လို့ မတူတာတွေ့ရပါတယ်။

ဒီတော့ PJ လို့ခေါ်တဲ့ Job Passport ရရှိ ကိုင်ဆောင်ထားသူတွေအနေနဲ့ လေဘာကဒ်အကြောင်း အငြင်းပွားစရာမလိုပဲ လဝကကို အလွယ်တကူဖြတ်သန်းလို့ရတယ်လို့ ယူဆရပါတယ်။

တလောတုန်းက လဝက မှာ အရစ်ခံရတယ်ဆိုတဲ့ ညီမလေးရဲ့ ပါတ်စပို့ အမျိုးအစားက PV ပါ။ Visit passport ဖြစ်နေတော့ အဲဒီပါတ်စပို့နဲ့ ပြည်ပမှာ အလုပ်လုပ်နေတာ တရားမဝင်ဘူး နိုင်ငံခြားအလုပ်သမားဖြစ်ကြောင်း လေဘာရုံးက ထုတ်ပေးတဲ့ လေဘာကဒ်ပြရမယ်လို့ ဖြစ်လာပါတယ်။

တနေ့က ပြန်လာသူတစ်ယောက်ကလည်း အလားတူ ပြဿနာဖြစ်လာတော့ လေဘာရုံးမှာ လေဘာကဒ်ရဖို့ သွားလျှောက်ပါတယ်။ သူသွားလျှောက်တော့ လေဘာကဒ် အလွယ်တကူမရပါဘူး။ သူအလုပ်ရဖို့ ကြားထဲက အလုပ်ရှာပေးတဲ့ အေးဂျင့်ရဲ့ ထောက်ခံစာပါမှရမယ်ပြောလာပါတယ်။ ဖြစ်ချင်တော့ သူ့အေးဂျင့်ဟာ လွန်ခဲ့တဲ့ လေးငါးနှစ်ကာလက အလုပ်ရှာပေးခဲ့တာမို့ သူ့ကို မမှတ်မိတော့ စာရွက်စာတမ်း မထုတ်ပေးဘူးဆိုတာမျိုးတွေ ဖြစ်လာပါတယ်။

ဒီတော့ကာ လေဆိပ်လဝကမှာ အရစ်ခံရတယ်။ လေဘာရုံးမှာ နောက်တကြိမ်အရစ်ခံရတယ်။ သက်ဆိုင်ရာ အေးဂျင့်က တာဝန်မယူတဲ့ အခက်အခဲတွေ မလိုလားအပ်ပဲ ကြုံရပါတယ်။ နောက်ဆုံးမှာ ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေကိုဆိုက်ရပါတော့တယ်။

ဒီလို နည်းစနစ်တွေ ပြောင်းတယ်ဆိုတာ ပြည်ပကိုရောက်နေတဲ့ အလုပ်သမားတွေကို တရားဝင် အသိပေးခဲ့သလားဆိုတာ သံသယဝင်မိပါတယ်။ အလုပ်သမားဥပဒေ အပြောင်းအလဲရှိခဲ့ရင် တရားဝင် တနိုင်ငံလုံး သိအောင် အသိပေးသင့်ပါတယ်။

နောက်တချက်က ပါတ်စပို့ ထုတ်ပေးတဲ့ကိစ္စပါ။ အခုအချိန်ရောက်မှ သတိထားမိလို့ ပါတ်စပို့ကို ပြန်ကြည့်တော့ ကျွန်မပါတ်စပို့က ကံကောင်းထောက်မစွာ PJ ဖြစ်နေပါတယ်။ ကျွန်မထက်စောပြီး ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမတစ်ယောက်ရဲ့ ပါတ်စပို့စတော့ PV အရစ်ခံရတဲ့ ညီမလေးရဲ့ ပါတ်စပို့ကလည်း PV ဖြစ်နေပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ အမှားတွေလို့ ဆိုလို့ရပါတယ်။ ဘာကိုကြည့်ပြီး ဘယ်လိုစိစစ်သလဲဆိုတာ အဖြေရှာရမလိုဖြစ်နေပါတယ်။

အခွန်ရှောင်လို့ အခွန်မပေးလို့ ဒီလို တလွဲတွေဖြစ်ရတယ်လို့ ပြောလို့မရတဲ့အတွက် ဒီအမှားတွေဟာ စိတ်မချမ်းသာစရာ မလိုလားအပ်တဲ့ အမှားတွေလို့ မြင်ပါတယ်။

ကျွန်မတို့လို သာမာန်လူတန်းစားတွေအနေနဲ့ စာအုပ်သက်တမ်းကုန်လို့ သက်တမ်းတိုးရင် လိုအပ်သည်များကို လိုအပ်သလို ဆောင်၇ွက်ရုံကလွဲလို့ ပါတ်စပို့အမျိုးအစားတွေကို ဘယ်သူမှ စစ်ကြမှာ မဟုတ်ပါဘူး သေချာပါတယ်။

ဆယ်နှစ်ဆယ်မိုး ဆယ်နှစ်ကျော် နိုင်ငံခြားမှာအလုပ်လုပ်ကြတယ် အခွန်ထမ်းဖို့ လိုအပ်စဉ်က အခွန်ထမ်းခဲ့ကြတယ် ။ ဒီလို တရားဝင် နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေသူတွေကို ပါတ်စပို့ရုံးက စာအုပ်သက်တမ်းတိုးချိန်မှာ သေသေချာချာ စိစစ်သင့်လှပါတယ်။ တကယ်လို့ လိုအပ်ရင် လျှောက်လွှာတွေမှာ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ခိုင်းပြီး သင့်တော်တဲ့ ပါတ်စပို့စာအုပ်တွေ မှန်မှန်ကန်ကန် ထုတ်ပေးသင့်ပါတယ်။

သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်လူထုတွေကို အသိပေးဖို့ ပျက်ကွက်တဲ့အတွက် ခွင့်နဲ့ အလည်ပြန်သူတွေ မလိုအပ်ပဲ ခရီးစဉ် နှောင့်နှေးရတယ် မလိုအပ်ပဲ အချင်းများရတယ် စကားအပိုတွေပြောရတယ် ဒဏ်ငွေဆောင်ရတယ် စိတ်မသက်မသာဖြစ်ရတယ်။ ဘေးထွက်ဆိုးကျိုးက လဝက ဝန်ထမ်းတွေကို မလိုအပ်ပဲ အမုန်းပွားကြပါတော့တယ်။

တကယ်တော့ လဝကဟာလည်း သူ့တာဝန် ဝတ္တရားနဲ့အညီ စိစစ်တယ် လိုအပ်ချက်တွေကို ပြောတယ် သူတို့အလုပ်ကို သူတို့ လုပ်ကြတယ်လို့ပဲ ပြောရပါလိမ့်မယ်။

တကယ်ဖြစ်နေတဲ့ ပြသဿနာစစ်စစ်က လဝကရဲ့ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေသိရှိအောင် သတင်းအချက်အလက် ဖြန့်ဝေမှု အားနည်းနေတယ်လို့ ပေါ့ပေါ့ပါးပါး သုံးသပ်ပါရစေ။

နိုင်ငံရပ်ခြားမှာ တရားဝင် အလုပ်လုပ်နေသူတွေ ဘယ်လောက်ရှိနေလဲ ဘယ်သူမှမသိနိုင်ပါ။ ဒီလူတွေအားလုံး အသစ်ပြင်ဆင်ထားတဲ့ ဥပဒေတွေ သိဖို့ ဘယ်သူမှ အာမမခံနိုင်ပါ။ အခက်အခဲကြုံသူတွေ လက်တို့မှ နီးစပ်ရာက သိကြတာမို့ ကျွန်မတို့ဘက်က တတ်နိုင်သလောက်သာ သတင်းမျှဝေခြင်းနဲ့ သူငယ်ချင်းတွေကို ကူညီနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး မေးခွန်းကို မေးလာမယ့်သူတွေကို အကောင်းဆုံးအကြံပေးချင်တာ တခုပဲ ရှိပါတယ်။
PV ပါတ်စပို့ဖြစ်နေတယ် အေးဂျင့်က လေဘာကဒ်လျှောက်ဖို့ တာဝန်မယူဘူး လေဘာကဒ် မရနိုင်ဘူးဆိုတဲ့ အနေအထားရှိနေခဲ့ရင် ပါတ်စပို့ရုံးကို သွားပြီး စာအုပ်ပြန်လဲဖို့သာ အကြံပြုလိုပါတယ်။

ပါတ်စပို့ရုံးမှာ တာဝန်ရှိသူ အကြီးဆုံးပုဂ္ဂိုလ်ကို ဝင်တွေ့ပြီး အခက်အခဲတွေကို ပြောပြရပါမယ်။ PV စာအုပ်ကို PJ နဲ့ လဲပေးဖို့တောင်းဆိုရပါမယ်။ စာအုပ်သက်တမ်းမကုန်ခင် အနည်းဆုံးခြောက်လသက်တမ်းကျန်မှ စာအုပ်အသစ်လဲလှယ်ခွင့်ရှိတယ်ဆိုပေမယ့် လိုအပ်ချက်အရ လဲလှယ်မယ်ဆိုရင် မြန်မာ့ထုံးစံ အရ ဒဏ်ကြေးလို့ခေါ်တဲ့ ငွေအသပြာ ခုနစ်သောင်းနီးပါးပေးဆောင်ပြီး စာအုပ်အသစ်လဲလို့ရပါတယ်။
ဒါကတော့ လောလောလတ်လတ် ဒဏ်ေကြးငွေ ခုနစ်သောင်းနီးပါး ပေးဆောင်ပြီး စာအုပ်အသစ်လဲထားသူတစ်ဦးဆီက သိရတဲ့ သတင်းအချက်အလက်ပါပဲ။

ကျွန်မ အခုပြောပြခဲ့တာ အရပ်သားကိုင်ဆောင်တဲ့ သာမာန်ပါတ်စပို့ အမျိုးအစား နှစ်မျိုးပါ နောက်ထပ် PT ဆိုတဲ့ ပါတ်စပို့တစ်ခုထပ်တွေ့မိပါတယ်။ PT ကတော့ ပညာသင် ဒါမှမဟုတ် မှီခို ပါတ်စပို့ပါ.. အစိုးရဝန်ထမ်းတွေ အတွက် ထုတ်ပေးတဲ့ ပါတ်စပို့ သံတမန်တွေကိုင်ဆောင်တဲ့ ပါတ်စပို့ ရယ် သဘောင်္သား ပါတ်စပို့ရယ် လို့ မတူညီတဲ့ စာအုပ်တွေလည်း ရှိပါသေးတယ်။
နိုင်ငံရပ်ခြားမှာ ပါတ်စပို့ပျောက်ဆုံးရင် PE ဆိုပြီး emergency passport ထုတ်ပေးတတ်ပါတယ်။

သတင်းအချက်အလက်တွေနဲ့ အခက်အခဲတွေ မျှဝေတဲ့ ညီမလေးကို ကျေးဇူးပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။