Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 29, 2014

ဒေါ်လာဈေးတက်လို့ အကျိုးဆက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ


ဒေါ်လာဈေးတက်လို့ အကျိုးဆက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
================================================

- မောင်သန်းနိုင်၊ အာကာ

လေးနှစ်တာကာလအတွင်း ကျပ် ၈၃ဝ မှ ကျပ် ၉ဝဝ ကျော်ဝန်းကျင်အ တွင်းရှိ ပြည်တွင်းနိုင်ငံခြားသုံးငွေ(အမေရိကန်ဒေါ်လာ)ဈေးကွက်တွင် ယခုအောက်တို ဘာနောက်ဆုံးပတ်မှစတင်ကာ ကျပ်၁ဝဝ၅ ကျပ်ဝန်းကျင်ခန့်သို့ မြင့်တက်လာသည်။

ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားများကို တရားဝင် ခြောက်ကျပ်နှုန်းဖြင့်သာ ဆောင် ရွက်ခဲ့ရသည်။ သို့သော် အစိုးရသစ်လက်ထက် တွင် နိုင်ငံခြားသုံးငွေ လဲလှယ်ရေးကောင်တာ များကို တရားဝင်ဖွင့်လှစ်ခွင့်ပေးပြီးနောက်ပိုင်းတွင် သမ္မတရုံးဝန်ကြီးတစ်ဦးက ပြည်တွင်း ဒေါ်လာဈေးနှုန်းများကို ယခင်ခြောက်ကျပ် အဖြစ်သုံးစွဲရာမှ ကျပ်တစ်ထောင်ဝန်းကျင် သို့ ပြောင်းလဲသုံးစွဲမည်ဟု ဆိုခဲ့သည်။ 

လက် တွေ့အခြေအနေတွင် ဒေါ်လာဈေးနှုန်းများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်ပုဂ္ဂလိကဘဏ် များ ပူးပေါင်းကာ ဝိုင်းဝန်းထိန်းကျောင်းခြင်း နှင့် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေး အကူအညီများ ပေးနေသည့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့၏ အကြံပေးချက်များအရ ပြည် တွင်းနိုင်ငံခြားသုံးငွေ လဲလှယ်ရေးနှုန်းထား များကို ကျပ် ၈၃ဝဖြင့် စတင်ခဲ့သည်။

မည်သည့်နှုန်းထားဖြင့်စတင်ခဲ့သည် ဖြစ်စေ လက်ရှိအချိန်တွင် ဒေါ်လာဈေးနှုန်း များမှာကျပ်တစ်ထောင်ကျော်တွင် ရုတ်တရက် စတင်ရပ်တည်နေပြီဖြစ်သည်။ ယင်းအချက် သည် မြန်မာ့စီးပွားရေးအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သနည်း ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။

ငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ရှား ပါးခြင်းများကြောင့် ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်သွားခြင်းဖြစ်ကြောင်း ငွေကြေးဆိုင် ရာကျွမ်းကျင်သူများက သုံးသပ်သည်။

စီးပွားရေးပညာရှင်ဒေါက်တာမောင်မောင် စိုးက''ငွေလဲနှုန်းက ဈေးကွက်ထဲမှာ ဒေါ်လာ ရှားသွားတဲ့အတွက် ဈေးတက် လာတာပေါ့၊ တက်မယ်ဆိုတာတော့ ကြိုခန့်မှန်းလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်လာနဲ့ ဝယ်ရမယ့် ကုန်ပစ္စည်းတွေကို လမ်းဖွင့်ပေးထားတယ်။ ဥပမာမော်တော်ကားပေါ့၊ အဲဒါတွေ ဝယ်ဖို့ ဒေါ်လာလိုတဲ့အတွက် ဒေါ်လာဈေးတက်လာ တယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ မြန်မာ ငွေတန်ဖိုး ကျသွားတယ်'' ဟုဆိုသည်။

ရွှေဈေးကွက်ဘာဖြစ်လာမလဲ
*********************************
ဒေါ်လာဈေးနှုန်း အပြောင်းအလဲသည် ပြည်တွင်းရွှေဈေးကွက်အတွင်း အနည်းငယ် လှုပ်ခတ်မှုများဖြစ်လာနိုင်သည်။

ယင်းအပြင် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းအ နည်းငယ်ပြောင်းလဲနိုင်သည်ဟု ရွှေလုပ်ငန်း ရှင်အသိုင်းအဝိုင်းက မှတ်ချက်ပေးသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ''ဒေါ်လာဈေးကအခု ၁ဝဝ၅ကျပ် လောက် ရောက်နေတော့ ကမ္ဘာ့ရွှေဈေးကတော့ ကျ သွားတယ်။ ဒါပေမဲ့ လက်ရှိပြည်တွင်း ရွှေ ဈေးကတော့ မကျဘူး။ ၆၅၉ဝဝဝ ကျပ်လောက် ရောက်နေတယ်။ ၂ဝဝဝ လောက် ဈေးတက်လာ တယ်ပေါ့။ ဒီအတိုင်း ဒေါ်လာဈေးက ဆက် တက်နေဦးမယ်ဆိုရင်တော့ လာမယ့် လပိုင်း အတွင်းမှာ ရွှေဈေးက ခြောက်သိန်းခြောက် သောင်း၊ ခြောက်သိန်းခုနစ်သောင်းဝန်းကျင် အထိ ဈေးဆက်တက်သွားနိုင်တယ်'' ဟု မှတ် ချက်ပေးသည်။

ဆက်လက်၍ ဒေါ်လာဈေးနှုန်းများအ မြင့်ဈေးဖြင့်သာ ဆက်လက်တည်ရှိနေဦးမည် ဆိုပါက ပြည်တွင်းရွှေဈေးနှုန်းများ မြင့်တက် လာဖွယ်ရှိသည်ဟု ရွှေလုပ်ငန်းရှင်များက ယူဆကြသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ''လက်ရှိငွေ လဲနှုန်းနဲ့စာရင် ပြည်တွင်းရွှေဈေးနှုန်းက အ များကြီးလိုက်မပြောင်းလဲပါဘူး။ နှစ်ထောင်၊ သုံးထောင်လောက်ပဲ တက်လာတယ်။ ကမ္ဘာ့ ရွှေဈေးနှုန်းက ဒေါ်လာနဲ့သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမပြောင်းဘဲ ဒေါ်လာဈေးဆက်တက်လာရင်တော့ ပြည် တွင်းရွှေဈေးနှုန်း ဆက်တက်လာဦးမှာပါ။ ဒေါ်လာဈေးဆက်တက်နေပေမယ့် ကမ္ဘာ့ရွှေ ဈေးနှုန်းကျရင်တော့ ပြည်တွင်းရွှေဈေးနှုန်း က အပြောင်းအလဲသိပ်ရှိမှာ မဟုတ်ပါဘူး'' ဟု သုံးသပ်သည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်း အခြေအနေ
*****************************************
ဒေါ်လာဈေးမြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများအတွက် အကျိုးကျေးဇူးရရှိသည်ဆိုသော်လည်း စားသုံး သူများနှင့်သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိခိုက်မှုရှိသည်။

လက်ရှိတွင်မြန်မာနိုင်ငံ သည် ပို့ကုန်ထက် သွင်းကုန်လုပ်ငန်းများကို အဓိကလုပ်ကိုင် နေခြင်းကြောင့် ဒေါ်လာဈေး မြင့်တက်မှုသည် သွင်းကုန်လုပ်ငန်းရှင်များ အတွက် တိုက်ရိုက်ရိုက်ခတ်လာနိုင်သည်ဟု ယင်းလုပ် ငန်းရှင်အသိုင်းအဝိုင်းကဆိုသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဒေါ် လာဈေးမြင့်တက်ခြင်းကြောင့် ယင်းတို့လုပ်ငန်း များ ထိခိုက်ခြင်းကို ကာကွယ်ရန်အတွက် သွင်း ကုန်ပစ္စည်းများအပေါ် ဈေးတင်ခြင်းများဖြစ် လာနိုင်မည်။

ယင်းအတွက်ကြောင့်ဒေါ်လာဈေးမြင့်တက်ခြင်းသည်ပြည်တွင်းကုန်ဈေးနှုန်း ကို မြင့်တက်စေနိုင်သည်ဟု ဆိုသည်။

ငါးလုပ်ငန်းရှင်ဦးဝင်းကြိုင်က''ရေထွက် ပစ္စည်းပို့ကုန်လုပ်တဲ့ သူတွေအတွက်ကြောင့် ဒေါ်လာဈေး များများတက်လာတော့ အိတ်စ်ပို့ များများလုပ်နိုင်တာပေါ့။ ပြည်တွင်းမှာလဲ သူတို့က ငါးဈေးကို ဈေးပိုပေးနိုင်တာပေါ့။အရင်တုန်းက ပြည်တွင်းမှာ မွေးနေတဲ့ငါးတွေ ကို ပြည်တွင်းဈေးကွက်ကစားတာနဲ့ အိတ်စ်ပို့ သွားတာနဲ့ဆိုတော့ ပြိုင်ပြီးတော့ဝယ်နေရတယ်။ အခု ပြိုင်ဝယ်တဲ့အခါမှာအရင်တုန်းက ဒေါ် လာ ဈေးနိမ့်နေရင် တစ်ဒေါ်လာကို၂ဝ၊ ၃ဝ၊ ၄ဝ စသည်ဖြင့် ၉၅ဝလောက်ပဲရှိတယ် ဆိုရင် လက်ရှိ ပေါက်ဈေးနဲ့ ၅ဝလောက်ကွာတာပေါ့။ အဲလောက်ကျတော့ ဈေးကွက်ထဲမှာ ပြည် တွင်းစားဖို့နဲ့ ပြိုင်ဝယ်ဖို့က အခက်အခဲရှိတာ ပေါ့။ အခုကျတော့သူတို့ ဈေးပေးနိုင်တာပေါ့။ ဒေါ်လာဈေးတက်တယ်။ အိတ်စ်ပို့ကောင်းလာ မယ်။ ငါးဈေးပိုပေးနိုင်မယ်။ ဒါပေမဲ့ အဓိ ကအရေးကြီးတဲ့အချက်က ဒေါ်လာဈေး တက်တယ်ဆိုတာ တက်လိုက်ကျလိုက်မကောင်း ဘူး။ ငြိမ်နေတာပဲကောင်းတယ်။ အခုတက် မယ်၊ ဒေါ်လာဈေး ၁ဝဝဝ တက်မယ်ဆိုရင် အဲဒီဈေးဟာငြိမ်ငြိမ်လေးနေ၊ တက်လဲမတက်နဲ့ ကျလဲမကျနဲ့ ချိန်ပြီးတော့ အိတ်စ်ပို့လုပ်တဲ့ အခါမှာ အဲဒါကောင်းတယ်။ အဲဒါအဓိကအ ချက်ပဲ။ ငွေဈေးဆိုတာ အိတ်စ်ပို့လုပ်ဖို့အတွက် သားဈေးငါးဈေးတွေတည်ငြိမ်ဖို့အတွက် အဲဒါ အရေးကြီးတယ်။ အဲဒီဈေးဟာ အတက်အကျ တွေအရမ်းမဖြစ်ဘဲနဲ့ ငြိမ်ငြိမ်လေးနေလို့ရှိရင် အဲဒီအပေါ်မှာ ရောင်းလို့လဲကောင်းတယ်။ ဝယ်လို့လဲအဆင်ပြေတယ်''ဟုပြောသည်။

ဒေါ်လာဈေးမြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်များအတွက် ကောင်းမွန်သည့် အချက်ဟုပြောဆိုနိုင်သော်လည်း ဈေးနှုန်း တည်ငြိမ်မှုရှိရေးသည် အရေးကြီးကြောင်း၊ ဒေါ်လာဈေးနှုန်း တည်ငြိမ်မှသာလျှင်ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ထိရောက် သည့်အကျိုးရလဒ်များဖြစ်ပေါ်စေနိုင်မည်ဖြစ် သည်။ လက်ရှိအနေအထားအရ ဒေါ်လာဈေး နှုန်းများမြင့်တက်သည်ဆိုသော်လည်း ဈေးနှုန်း တည်ငြိမ်ရေးသည် အရေးကြီးသည်ဟု ဦးဝင်း ကြိုင်က ရှုမြင်သည်။

ဦးဝင်းကြိုင်က''ဈေးနှုန်းတွေငြိမ်ဖို့အရေး ကြီးတယ်။ အတက်အကျကြမ်းသွားတာနဲ့ အလုပ်ကိုချိန်ပြီးလုပ်တဲ့နေရာမှာ အရမ်းခက် သွားပြီ။ ဈေးနှုန်းတွေမတည်မငြိမ်ဖြစ်ကုန် ရော။ အဲဒါကြောင့်မို့ ထုတ်လုပ်တဲ့သူတွေ အ ဝယ်၊ အရောင်းလုပ်တဲ့သူတွေရှုံးရင် ရှုံးသွား နိုင်တယ်။ မြတ်ရင်မြတ်သွားနိုင်တယ်။ ဒီဟာ ကမတည်မငြိမ်ဖြစ်နေတဲ့အခြေအနေကြောင့် ဖြစ်လာတဲ့ဟာဆိုတော့မြတ်နေရင် ကောင်းတာ ပေါ့။ ရှုံးနေရင်မကောင်းဘူး။ မမြတ်လဲမမြတ် ဘူး၊ အရှုံးလဲမရှိဖို့ဆိုရင် ငွေဈေးငြိမ်မှရမယ်။ငွေဈေးငြိမ်ရင် ငွေဈေးနဲ့ဆက်စပ်နေတဲ့ ထုတ် လုပ်မှုဆိုင်ရာဈေးနှုန်းတွေငြိမ်မယ်။ ငြိမ်မှသူ က အလုပ်လုပ်ဖို့ကောင်းမယ်။ အရောင်းအ ဝယ်လုပ်ဖို့ကောင်းမယ်။ ပြည်သူလူထုရဲ့ စား သုံးတဲ့အသားဈေး၊ ငါးဈေးတွေလဲ ငွေဈေး ငြိမ်မှလိုက်ငြိမ်မယ်။ အဲဒါ အဓိကပဲ။ အခု တက်သွားတယ်။ အရမ်းကြီးတက်လိုက်အရမ်း ကြီးကျလိုက်ဆိုရင် တိုင်းပြည်ရဲ့ထုတ်လုပ်မှု အပေါ်မှာရော အိတ်စ်ပို့၊ အင်ပို့မှာရောအများ ကြီးထိခိုက်မှုတွေရှိတယ်'' ဟုမှတ်ချက်ပေး သည်။

ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် အ များဆုံးခံစားရမည့်သူများမှာ အောက်ခြေရှိ ပြည်သူများသာဖြစ်သည်ဟု ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင် ဦးနှင်းဦးက ယူဆသည်။

ဦးနှင်းဦးက''ဒေါ်လာဈေးတက်လာတယ် ဆိုရင် ပို့ကုန်သမားတွေ သိပ်မထိခိုက်ဘူးပေါ့။ သွင်းကုန်သမားတွေအတွက်ကျတော့ နည်း နည်း Shake ဖြစ်တာပေါ့။ ဒေါ်လာဈေးတက် လာရင် သိပ်ပြဿနာမရှိဘူး။ မြန်မာပြည်ရဲ့ trade ကိုပြန်ကြည့်ရင် trade ကမညီမျှဘူး။ Import ကများတယ်။ Export ကနည်းတယ်။ Import ကဒေါ်လာကိုမှီရတာကို။ နိုင်ငံခြား ကသွင်းတဲ့ပစ္စည်းတွေက ဒေါ်လာနဲ့ဝယ်ရတာ ဆိုတော့ ဒေါ်လာဈေးတက်သွားတာနဲ့ပြည်ပကသွင်းတဲ့ ပစ္စည်းဈေးနှုန်းတွေအားလုံးတက် သွားစရာရှိတယ်။ စားသုံးသူမှာ နည်းနည်းအ ခက်အခဲရှိတယ်။

အသုံးအဆောင်ပစ္စည်းတွေ ကို ပြည်တွင်းမှာမရှိရင် နိုင်ငံခြားကဝယ်ရမယ်။ ဝယ်ရင် ဒေါ်လာနဲ့ပေးရမယ်။ ဒေါ်လာကအရင် တုန်းက ၉ဝဝနဲ့ဝယ်ရတာကို ၁ဝဝဝတက်သွား မယ်ဆိုရင် ၁ဝဝ တက်မယ်။ ဒါကိုဘယ်သူက ခံစားရမလဲဆိုရင် စားသုံးသူကခံစားရမယ်။ နိုင်ငံခြားကသွင်းတဲ့ပစ္စည်းမှန်သမျှ ဈေးတက် မှာပဲ။ အဲဒီအပေါ်မှာသွားပြီးတော့ နိစ္စဓူဝ စားသုံးတဲ့ဈေးတွေ တက်လာမှာပေါ့။ ဒေါ်လာ ဈေးတက်ရင် မြန်မာပြည်သည် ပို့ကုန်များ နေတာကြောင့်ဖြစ်တယ်။ ဒါက Import များပြီး Export နည်းနေတာကြောင့်ပြော တာ။ Import များပြီး Export နည်းတဲ့သူတွေ က ဒေါ်လာဈေးတက်လို့ရှိရင်နာတယ်''ဟုသုံး သပ်ပြောသည်။

ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် မည်သည့် အကျိုးကျေးဇူးများသက်ရောက်နိုင်ကြောင်းကို စီးပွားရေးပညာရှင် ဦးလှမောင်က''ပြည်တွင်း မှာ ၂ဝ၁၁ ပတ်ဝန်းကျင်ကဆိုရင် ဒေါ်လာဈေး က ၈ဝဝ ကျော်ပဲရှိတဲ့အတွက် အိတ်စ်ပို့လုပ် တာတွေက ဒေါ်လာဈေးထပ်ပြီး ကျဆင်းသွား ရင် နိုင်ငံခြားဝင်ငွေလျော့နည်းပြီး လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တဲ့အတွက် လူတွေအများကြီး ထိခိုက်နစ်နာနိုင်တယ်လို့ပြောတဲ့အတွက် အဲဒီ နှစ် စက်တင်ဘာလ ပတ်ဝန်းကျင်မှာ လူကြီးတွေ က ဒေါ်လာ ၉ဝဝ ပတ်ဝန်းကျင်အထိ ဆွဲတင် ထားဖို့လိုတယ်ပြောဖူးတယ်။ တကယ်တမ်း ဆိုရင် အိတ်စ်ပို့ကရတဲ့ ဒေါ်လာငွေကို ဒေါ်လာ အတိုင်း ပြန်ရောင်းတယ်ဆိုရင်တော့ဟုတ်တာ ပေါ့။ လုပ်ငန်းရှင်တွေက ဒေါ်လာကိုသူတို့ အတွက် အကိုက်ဆုံး၊ အကျိုးအမြတ်အဖြစ်ဆုံး ကုန်ပစ္စည်းတွေကို ဝယ်ပြီးပြန်သွင်းတာဖြစ်တဲ့ အတွက် လုပ်ငန်းရှင်တွေကို ထိခိုက်တယ်ဆို တာတော့ မဖြစ်နိုင်ပါဘူး။ အဲဒါတွေကို ပြည် တွင်းမှာ ပြန်ရောင်းပြီးရတဲ့အကျိုးအမြတ် တွေနဲ့ ရေလုပ်ငန်းတို့၊ ပဲလုပ်ငန်းတို့တွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် အကျိုး အမြတ်လျော့သွားတာလောက်ပဲ ဖြစ်နိုင်ပါ တယ်''ဟု ဆိုသည်။

ကားဈေးကွက်ဘာဖြစ်လဲ
***************************
လက်ရှိကားဈေးကွက်အတွင်း နိုင်ငံ တကာမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ဒေါ်လာဖြင့် တင်သွင်းရခြင်းများကြောင့် ပြည် တွင်းဒေါ်လာဈေးကွက် အပြောင်းအလဲဖြစ် ပေါ်ခြင်းသည် ကားဈေးကွက် အတွင်း ဈေး နှုန်းများ အပြောင်းအလဲဖြစ်လာနိုင်ဖွယ်ရှိ ကြောင်း ကားတင်သွင်းရောင်းချသူ အသိုင်း အဝိုင်းက ဆိုသည်။

မော်ယာဉ်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦး က''ဂျပန်နိုင်ငံကနေ လေလံဆွဲတယ်။ အရင် တုန်းက ဂျပန်ယန်းနဲ့ပဲ လုပ်တယ်။ အခုဒေါ်လာကိုလဲ ကားဈေးကွက်ထဲဆွဲထည့်လိုက်တဲ့ အတွက် ဒေါ်လာဈေးအပြောင်းအလဲက ကား ဈေးနှုန်းအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင် တယ်''ဟု မှတ်ချက်ပေးသည်။

ဒေါ်လာကို ကားဈေးကွက်အတွင်းထည့် သွင်းခြင်းကြောင့် ပြည်ပမှလေလံဆွဲရာတွင် ဒေါ်လာကို အဓိကအသုံးပြုရသည်။ ယင်း အတွက်ကြောင့် ပြည်တွင်းမှ ဒေါ်လာများ ပြည်ပသို့ အထွက်သာရှိနေခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာရှားပါး လာကာ ဈေးနှုန်းများမြင့်တက်ခြင်းဖြစ်ကြောင်း ကားဝယ်ရောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ''ဈေးကွက်အတွင်းကို တစ်နေ့ကားအစီးရေ က ထောင်ကျော်ဝင်နေတယ်။ အဲဒီကားတွေ ကို ဒေါ်လာနဲ့ဆွဲရတယ်။ တစ်စီးကို ဒေါ်လာ ၂ဝဝဝပဲထားဦး။ အဲဒါကြောင့် ဒေါ်လာတန် ဖိုးမြင့်တက်ခြင်းက ကားလောကတစ်ခုတည်း မဟုတ်ဘူး။ အားလုံးကိုထိခိုက်တယ်လို့မြင် တယ်''ဟုဆိုသည်။

ရွှေဖြိုးဖြိုးကားအရောင်းစင်တာမှ ဦး သိန်းနိုင်က ''ငွေလဲနှုန်းမြင့်နေတဲ့အတွက် ဘာဖြစ်လဲဆိုတော့ လက်ရှိ CIF ဈေးနှုန်းက ဒေါ်လာနဲ့ပဲ သတ်မှတ်ထားတာဖြစ်တဲ့အတွက် ငွေလဲနှုန်းမြင့်လာတာနဲ့အမျှ လက်ရှိပေးနေရ တဲ့အခွန်နှုန်းက မြင့်သွားမယ်။ ကားဈေးနှုန်း မှာ တစ်အားကြီးသိသိသာသာတော့ တက် သွားတာမျိုးတော့မဟုတ်သေးဘူး။ CIF နိမ့် ကျတဲ့ကားမျိုးတွေအတွက်တော့ မသိသာ ဘူး။ CIF မြင့်တဲ့ ကားတွေအပေါ်မှာတော့ ပိုပြီးသက်ရောက်နိုင်တယ်။ ဒီထက်ပိုပြီးတက် လာဦးမယ်ဆိုရင်တော့ ဈေးနှုန်းအပေါ် အ များကြီး အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကညနနဲ့ ကာစတန်မှာဆောင်ရတဲ့ အခွန် နှုန်းက ဒေါ်လာနဲ့သတ်မှတ်ထားပြီး လက်ရှိ ငွေလဲနှုန်းနဲ့ပေးသွင်းရတဲ့အတွက် ဃှုင်္ မြင့် လေသက်ရောက်မှုကပိုကြီးလေပဲ''ဟုဆိုသည်။

ပြည်တွင်းစီးပွားရေးဘာတွေဖြစ်လာမလဲ
*********************************************
ပို့ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပိုမိုတင်ပို့နိုင်ရေးအတွက် ဒေါ်လာဈေးများ မြှင့်တင်ခြင်းသည် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး မှုအတွက် ကောင်းမွန်သည့် လက္ခဏာတစ် ရပ်မဟုတ်ပေ။ ဒေါ်လာဈေးနှုန်းများအမှန် တကယ်တက်မည်ဆိုပါက ဈေးကွက်၏ သဘောတရားအတိုင်း ရောင်းလိုအားနှင့် ဝယ်လိုအားပြဋ္ဌာန်းချက်များအတိုင်းသာတက် သင့်သည်ဟု စီးပွားရေးပညာရှင်အသိုင်းအဝိုင်း ကဆိုသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''ဒေါ်လာဈေးအတက်အကျဆိုတာကတော့ ဈေးကွက်သဘောတရားအရပဲ သွားတာ ကောင်းတယ်။ အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ လုပ် ငန်းရှင်အသိုင်းအဝိုင်းက သူတို့လုပ်ငန်းတွေ သက်သောင့် သက်သာဖြစ်စေဖို့ ဒေါ်လာဈေး ကို ဆွဲတင်တာမျိုးတော့ မဖြစ်သင့်ဘူး။ အားလုံး ဈေးကွက်သဘောအရပဲ သွားတာက ပြည်တွင်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ် စေနိုင်မယ်''ဟု ဆိုသည်။

ဒေါ်လာဈေးနှုန်းများမြင့်တက်လာခြင်း သည် တစ်နည်းအားဖြင့် ပြည်တွင်းသုံးကျပ်ငွေ တန်ဖိုး လျော့နည်းသွားခြင်းပင်ဖြစ်သည်။

ယင်း၏အကျိုးဆက်သည် ပြည်တွင်းရှိကုန် ဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်သည်။ အလားတူ ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆင်းရဲနွမ်းပါးမှု လုပ်ငန်း စဉ်များကို ထိခိုက်မှုများရှိလာနိုင်သည်ဟု စီးပွားရေး ပညာရှင်ဦးလှမောင်က ယူဆသည်။

ဦးလှမောင်က''တကယ်တမ်းဒေါ်လာ ဈေးတက်လာတဲ့အတွက် မြန်မာငွေကြေး တန်ဖိုးကျဆင်းသွားတယ်။ မြန်မာငွေတန်ဖိုး ကျဆင်းသွားတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့် တက်လာပြီး လက်ရှိနိုင်ငံတော်အစိုးရကအ ကောင်အထည်ဖော်နေတဲ့ဆင်းရဲမွဲတေမှုလျှော့ ချရေးလုပ်ငန်းတွေမှာ အများကြီးထိခိုက်စေ နိုင်ပါတယ်''ဟု ဆိုသည်။

ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးရန်အတွက် ငွေကြေးဈေးကွက်ဖြစ်ပေါ်လာရေးသည် အ ရေးကြီးသည်။ ယင်းကဲ့သို့ ငွေကြေးဈေးကွက် ဖြစ်ပေါ်ရန်ဆောင်ရွက်နေချိန်တွင် လက် တစ်ဆုပ်စာလူတန်းစားများ၏ ဒေါ်လာဈေး ကွက်ကို ဆွဲတင်ခြင်း၊ ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းထားများကို ကစားခြင်းမျိုးသည် ပြည်တွင်းစီးပွားရေးတစ်ရပ်လုံးကို အခက် အခဲများဖြစ်ပေါ်စေမည်ဟု ဒီမိုကရေစီတူ ဒေးသတင်းစာမှ မေးမြန်းသည့် စီးပွားရေးပညာရှင်အသိုင်းအဝိုင်းနှင့် လုပ်ငန်းရှင်အ သိုင်းအဝိုင်းက တညီတညွတ်တည်းသုံးသပ် ပြောသည်။

ယင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက Import ရှိနေ ပြီး Export မတိုးနိုင်ရင်တော့ တိုင်းပြည်အတွက် မကောင်းတဲ့ အလားအလာပေါ့။ ကိုယ့်မှာ ရောင်းစရာမရှိဘူးဆိုပေမယ့် နိုင်ငံခြားက ဝယ်ရမယ့် အင်ပို့က ရှိနေတဲ့အတွက် နိုင်ငံခြား ငွေလိုအပ်တယ်။ လက်ရှိ ပြည်တွင်းက တင် ပို့တဲ့ အနေအထားမှာလဲ အောက်စည်းက ဖြစ် နေတယ်။ အလားအလာကောင်းတဲ့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့လို လုပ်ငန်းတွေကလဲ အစိုးရရဲ့ လက်အောက်မှာပဲရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် သိပ်တော့မကောင်း ဘူး''ဟုသုံးသပ်ပြောသည်။

စီးပွားရေးပညာရှင်များ၏ အမြင်အရ ကမ္ဘာပေါ်တွင် အမေရိကန်၏အခန်းကဏ္ဍ မြင့်တက်လာခြင်းကြောင့် အမေရိကန်ငွေကြေး ခိုင်မာမှုက ပိုမိုအားကောင်းလာခြင်းဖြစ်သည် ဟုဆိုသည်။

မည်သို့ဆိုစေလက်ရှိစီးပွားရေး မူဝါဒဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်အလျင် အမြန်ဖြစ်ထွန်းဖို့လိုသည်။ ယင်းမှသာ ဈေး ကွက်၏ သဘောတရားအတိုင်းသာ ဆက်လက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

သို့ မဟုတ်ပါက ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတားတစ်ခုဖြစ်လာ နိုင်ဖွယ်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။