ထိုင်းနိုင်ငံမှာ စစ်အစိုးရလက်ထက်ကစလို့ ဒီနေ့အထိ မြန်မာတွေ မတရားဖမ်းဆီး၊ လုပ်ကြံ၊သတ်ဖြတ်၊ကျွန်ပြု၊
အဓမ္မကျင့်၊ နှိပ်စက်ညှင်းပမ်းတဲ့ ဥပဒေမဲ့ မတရားအမှု..ထောင်နဲ့ချီ ရှိနေပါပြီ..။
မြန်မာအစိုးရကိုယ်တိုင်က လူမိုက်မွေး၊ ဥပဒေမဲ့ မတရားကျူးလွန်တဲ့ မာဖီးယားလူမိုက်တွေဆန်ဆန်ကျင့်သုံးနေတာမို့..ထိုင်းအပါအ၀င် အာစီယံနိုင်ငံတွေ မြန်မာကို လူရာမသွင်းခဲ့ဘူး။ မလေး၊ ထိုင်း၊ စင်္ကပူမှာ မြန်မာတွေကို ဘယ်အဆင့်မှာထားသလဲ..။
မြန်မာဟာ လူရမ်းကားလက်နက်ကိုင်တွေ အုပ်ချုပ်တဲ့ နိုင်ငံလို့တောင် တကမ္ဘာလုံးကမြင်နေ ပြောနေကြတာ..။
ဒီနေ့ ဒီမိုကရေစီလို့ အော်နေတဲ့ အစိုးရကိုယ်တိုင်က လယ်ယာတွေ အဓမ္မသိမ်း၊ အိမ်မြေ၊ ဘုရားကျောင်းကန်တွေဖျက်ဆီးရွှေ့ေ ပြာင်း၊ ဟောပြောပွဲတွေကို လူမိုက်ငှားရိုက်နှက်၊ ဘုန်းကြီးတွေနဲ့ လူထုအကြားသွေးခွဲ စတဲ့ အလုပ်တွေ လုပ်နေတုန်းပဲ..။
မြန်မာတွေကိုလည်း လူရိုင်း လူမိုက် လူရမ်းကားတွေကြီးစိုးတဲ့ တိုင်းပြည်လို့ အများက မြင်နေကြပြီ။
ထိုင်းရဲတွေလိုပဲ မြန်မာရဲနဲ့ အစိုးရကလည်း တရားဥပဒေနည်းလမ်းကျကျ မှန်မှန်ကန်ကန် မျှမျှတတတရားမစီရင်ခဲ့တာတွေ..ရှိနေတာပဲ။ လူသတ်သမားစစ်စစ်ကို ငွေယူ၊ရှောင်ခိုင်းပြီး အပြစ်မရှိသူတွေကို မတရားအမှုဆင် ထောင်ချနေတာ မြန်မာပြည်က ပိုတောင်ဆိုးသေးတယ်။
အခုမှ သမတဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ခရီးစဉ်မှာ တရားဥပဒေနည်းလမ်းကျကျ မှန်မှန်ကန်ကန်ဖြေရှင်းပေးဘို့ တိုက်တွန်းနေတာ..ကိုယ့်မျက်ချေး ကိုယ်မမြင်တာပဲ။။ ထိုင်းကိုအခုလို တိုက်တွန်းတာလဲ ကောင်းပါတယ်။ လုပ်ရမယ့် အလုပ်ပါ။ ပိုပြီးလုပ်ပြရမှာက ကိုယ့်ပြည်တွင်းက တရားဥပဒေမဏ္ဍိုင်တည့်မတ်အောင်ပါ။ မတရားလုပ်ရပ်တွေ ဖိဖိစီးစီး မျက်နှာမလိုက် ငွေမမက်၊ လဂ်မစားပဲ ထိထိရောက်ရောက် အရေးယူပါ။
ပထမဆုံး ပြည်သူလူထုသဘောမတူတဲ့၊ မတရားရေးဆွဲထားတဲ့ အခြေခံဥပဒေ စာအုပ်စိမ်းကြီးကိုသာ အမြန်ဆုံးပြင်ဆင်ပါ။ ကိုယ့်ဆီက အများပြည်သူလည်းသဘောမတူပဲ လွဲမှားပြီး ယိုင်ရွှဲ့ ကောက်ကွေးနေတဲ့ မတရားအခြေခံဥပဒေကြီးကိုတော့ မပြောင်းမလဲ၊ ဒီအတိုင်းဆက်ထားဖို့အားထုတ်နေပြီး သူများမတရားတာကိုသွားပြောနေတာကလ ည်း ရီစရာချည်း..။
ထိုင်းက ဖြစ်ရပ်ဟာ မြန်မာအစိုးရမကောင်းတဲ့ဒါဏ် ပြည်သူခံနေရတာဖြစ်တယ်.။ ကိုယ့်အ၀တ်ကြီး ဟောင်းလောင်းဖြစ်နေတာ အရင်ပြုပြင်ပါ။
ကိုယ့်ပုဆိုးပဲအရင်ပြင်ဝတ်ပါ။ သူများပုဆိုးပေါက်ချည်းလိုက်ပြမ နေပါနဲ့.။
ကိုညို( အော်စလို)
မြန်မာဟာ လူရမ်းကားလက်နက်ကိုင်တွေ အုပ်ချုပ်တဲ့ နိုင်ငံလို့တောင် တကမ္ဘာလုံးကမြင်နေ ပြောနေကြတာ..။
ဒီနေ့ ဒီမိုကရေစီလို့ အော်နေတဲ့ အစိုးရကိုယ်တိုင်က လယ်ယာတွေ အဓမ္မသိမ်း၊ အိမ်မြေ၊ ဘုရားကျောင်းကန်တွေဖျက်ဆီးရွှေ့ေ
မြန်မာတွေကိုလည်း လူရိုင်း လူမိုက် လူရမ်းကားတွေကြီးစိုးတဲ့ တိုင်းပြည်လို့ အများက မြင်နေကြပြီ။
ထိုင်းရဲတွေလိုပဲ မြန်မာရဲနဲ့ အစိုးရကလည်း တရားဥပဒေနည်းလမ်းကျကျ မှန်မှန်ကန်ကန် မျှမျှတတတရားမစီရင်ခဲ့တာတွေ..ရိ
အခုမှ သမတဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ခရီးစဉ်မှာ တရားဥပဒေနည်းလမ်းကျကျ မှန်မှန်ကန်ကန်ဖြေရှင်းပေးဘို့ တိုက်တွန်းနေတာ..ကိုယ့်မျက်ချေး
ပထမဆုံး ပြည်သူလူထုသဘောမတူတဲ့၊ မတရားရေးဆွဲထားတဲ့ အခြေခံဥပဒေ စာအုပ်စိမ်းကြီးကိုသာ အမြန်ဆုံးပြင်ဆင်ပါ။ ကိုယ့်ဆီက အများပြည်သူလည်းသဘောမတူပဲ လွဲမှားပြီး ယိုင်ရွှဲ့ ကောက်ကွေးနေတဲ့ မတရားအခြေခံဥပဒေကြီးကိုတော့ မပြောင်းမလဲ၊ ဒီအတိုင်းဆက်ထားဖို့အားထုတ်နေပြ
ထိုင်းက ဖြစ်ရပ်ဟာ မြန်မာအစိုးရမကောင်းတဲ့ဒါဏ် ပြည်သူခံနေရတာဖြစ်တယ်.။ ကိုယ့်အ၀တ်ကြီး ဟောင်းလောင်းဖြစ်နေတာ အရင်ပြုပြင်ပါ။
ကိုယ့်ပုဆိုးပဲအရင်ပြင်ဝတ်ပါ။ သူများပုဆိုးပေါက်ချည်းလိုက်ပြမ
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။