ဟေ့ကောင်မလေး ဒလိုင်းလား
--------
လူသားသမိုင်းမှာ ဟော်လိုဂစ်တာတလုံးနဲ့ ချစ်ခြင်းတရားပေါင်းစပ်မှြုေ ကာင့်ဖြစ်ပေါ်လာတဲ့ အင်အားပြင်းထန်တဲ့အချစ်သီချ င်းတွေ များပြားလှတယ်။ ဒီအထဲက သီချင်းအမိုက်စားလေးတပုဒ်အေ ကြာင်း ပြောပြချင်တယ်။ သြော်...တီးဝိုင်းအကြောင်းေ တာ့အေးဆေးမှပြောတာပေါ့။ အရေးကြီးတာက ကောင်မလေးနာမည်က Delilah (ဒလိုင်းလား) တဲ့။
သီချင်းကလေးက ဒီမေဂျာနဲ့ရေးဖွဲ့ထားတယ်။ အကြောင်းအရာကလဲရှင်းတယ်။ နယူးယောက်ခ်ကို ကျောင်းသွားတက်တဲ့သူ့ချစ်သူ ကောင်မလေးကို သတိရတဲ့အကြောင်း၊ အားပေးစကားပြောရင်း အနာဂါတ်အတွက် စိတ်ကူးယဉ်ထားတဲ့ အချစ်သီချင်းကလေးဖြစ်ပါတယ်။
သီချင်းရဲ့နောက်ခံဇာတ်လမ်းက နည်းနည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ တချိန်ချိန်မှာ Plain White T's ရဲ့ အဆိုတော်ဖြစ်လာမယ့် Tom က ဒလိုင်းလားဆိုတဲ့ ကောင်မလေးကို ချဉ်းကပ်တယ်။ မင်းမျက်လုံးကလေးတွေက တအားလှတာပဲ။ မင်းအကြောင်းသီချင်းတပုဒ် ငါရေးမယ်။ တကယ့်ကို နာမည်ကျော်သွားအောင်ရေးမယ်။ အဲ...တွမ်ပြောတဲ့စကားတွေကို ဒလိုင်းလားက တကယ်ကြွေတယ်။ ပြသနာက သူ့မှာရည်းစားရှိနေပြီ။ ဒီလိုနဲ့ တွမ်က အောင်မြင်စွာ တပ်ခေါက်လာခဲ့တယ်။ နောက်တော့ ဒလိုင်းလားရဲ့နာမည်ရင်းကိုသုံးပြီး တကယ်သီချင်းရေးခဲ့တယ်။ အဲဒီမှာ ဟေ့ကောင်မလေး ဒလိုင်းလား (Hey There Delilah) ဆိုပြီးဖြစ်လာခဲ့တယ်။
တကယ်တမ်းသီချင်းထွက်လာတော့ ၂၀၀၇ ခုနှစ်ပေါ့။ အုပ်အော်သောင်းနင်းနဲ့ နာမည်ကြီးသွားပါလေရော။ လူမသိသူမသိဘဝကနေပြီးPlain White T's တို့ရဲ့ဒီသီချင်းဟာ ကောင်လေးတွေက ကောင်မလေးတွေကို ဖုန်းထဲကနေပြီး ဆိုပြလေ့ရှိတဲ့ သီချင်းဖြစ်မှန်းမသိဖြစ်ကုန်တယ်။ မဖြစ်ပဲနေမလား။ ဒီသီချင်းက တနယ်စီခြားနေတဲ့ ချစ်သူတွေအတွက် နိုင်ငံတော်သီချင်းဖြစ်နေတာ ကိုး။ သီချင်းထဲမှာ ကောင်လေးက ပေးတဲ့ကတိတွေရှိတယ်။ အနာဂါတ်အတွက် အားမာန်တွေပါတယ်။ စိတ်ကူးစိတ်သန်းတွေကို ကောင်မလေးကို ဖွင့်ဟထားတယ်။
အဲ...စကားက တောင်ရောက်မြောက်ရောက်ဖြစ်ေ တာ့မယ်။ ပြောလက်စပြန်ဆက်ရရင် ဒီသီချင်းက ၂၀၀၇ မှာ ဂရမ်မီဆုပေးပွဲအတွက် လျာထားခြင်းခံရတယ်။ ၂ ဆုပေါ့။ (ရတော့မရလိုက်ဘူး)။ အဲဒီမှာ တွမ်က ဟိုးးးးတုန်းကတည်းက ဒီသီချင်းရေးမယ်လို့ ကတိပေးဖူးတဲ့ ဒလိုင်းလားကို ဂ၇မ်မီဆုပေးပွဲကို အတူတကို အတူတက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့အားလုံး ဒလိုင်းလား အစစ်ကို မြင်တွေ့ခွင့်ရတယ်။ အဲ....အပြေးချန်ပီယံဖြစ်တဲ့ ဒလိုင်းလားမှာ ရည်းစားရှိပြီးဖြစ်လို့ သူတို့က သူငယ်ချင်းအဖြစ်နဲ့ပဲ ဂ၇မ်မီဆုပေးပွဲကို အတူတက်ကြခြင်းဖြစ်ပါတယ်။
ဒီသီချင်းထဲက ကာယကံရှင်တွေသာ မပေါင်းဖက်ရပေမယ့် ဒီသီချင်းကလေးဟာ တနယ်စီကွာဝေးနေရတဲ့ချစ်သူတွေ ညတိုင်းဖုန်းထဲမှာ ဆိုးညည်းကြတဲ့သီချင်းတပုဒ်ြ ဖစ်ခဲ့တယ်။ ဒါဟာ အနုပညာအောင်မြင်မှုဖြစ်ပါတယ် ။ ဒလိုင်းလားနဲ့ တွမ်တို့လဲ ဂုဏ်ယူကြမယ်ထင်ပါတယ်။
ခင်တဲ့
ကိုဝီ
To download:
https://www.sendspace.com/ file/er9m25
--------
လူသားသမိုင်းမှာ ဟော်လိုဂစ်တာတလုံးနဲ့ ချစ်ခြင်းတရားပေါင်းစပ်မှြုေ
သီချင်းကလေးက ဒီမေဂျာနဲ့ရေးဖွဲ့ထားတယ်။ အကြောင်းအရာကလဲရှင်းတယ်။ နယူးယောက်ခ်ကို ကျောင်းသွားတက်တဲ့သူ့ချစ်သူ
သီချင်းရဲ့နောက်ခံဇာတ်လမ်းက
တကယ်တမ်းသီချင်းထွက်လာတော့ ၂၀၀၇ ခုနှစ်ပေါ့။ အုပ်အော်သောင်းနင်းနဲ့ နာမည်ကြီးသွားပါလေရော။ လူမသိသူမသိဘဝကနေပြီးPlain White T's တို့ရဲ့ဒီသီချင်းဟာ ကောင်လေးတွေက ကောင်မလေးတွေကို ဖုန်းထဲကနေပြီး ဆိုပြလေ့ရှိတဲ့ သီချင်းဖြစ်မှန်းမသိဖြစ်ကုန
အဲ...စကားက တောင်ရောက်မြောက်ရောက်ဖြစ်ေ
ဒီသီချင်းထဲက ကာယကံရှင်တွေသာ မပေါင်းဖက်ရပေမယ့် ဒီသီချင်းကလေးဟာ တနယ်စီကွာဝေးနေရတဲ့ချစ်သူတေ
ခင်တဲ့
ကိုဝီ
To download:
https://www.sendspace.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။