++ စလုံး + +
တစ်နေ့ နှစ်နာရီ MRTပေါ်မှာ
ပေးရတဲ့နေရာ
နေရာတကာ တန်းမစီတတ်ရင်
နေ့လည်စာပါ ငတ်တတ်တဲ့အရပ်
ရထား၊ကား လူဘယ်လောက်ကြပ်ကြပ်
နားကြပ်ကို နားမှာခပ်တည်တည်တပ်
Smart Phoneပေါ်က Dataဖတ်ပြီး
စည်းစိမ်ယူတတ်တဲ့ Country
အရှေ့ဖျားက ပြည်ကြီးစကားပြောပြီး
အနောက်က အရေခြုံထားတဲ့မြို့
တောင်မြောက်တစ်လွှား နာရီဝက်ကုန်အောင်
မသွားရတဲ့ ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းနိုင်ငံ
အီကွေတိုရီရယ်ဒေသက နေအပူချိန်ကို
စိတ်ကြိုက်ပြင်ဆင်ပြီးမှ အိမ်ထဲသွင်းတဲ့မြို့ပြ
ဟိုးတုန်းကတော့
မြန်မာပြည် အမှီလိုက်ဖို့ပြော
ခုများတော့
ဧရာဝတီ ရန်ကုန်နဲ့ပဲခူး
မော်လမြိုင်နဲ့မန္တလေး
လမ်းနာမည်ပေးလိုက်တဲ့ တိုင်းပြည်
သူတို့ နာမည်ကျော်တဲ့အတိုင်း
မိုးရွာပြီး ကားလမ်းပေါ် ရေမရှိသလို
ကိုယ်ချင်းစာတရား ရှားပါးတဲ့ဒေသ
ရုပ်ဝတ္ထုတွေ ထွန်းကားသလောက်
စိတ်ဓာတ်က ကျပ်မပြည့်တဲ့နိုင်ငံ
နိုင်ငံရှိပြီး လူမျိုးမရှိလို့
သူများဦးနှောက် ခိုးစားထားတဲ့တိုင်းပြည်
အတ္တကြီးငယ်ကြားမှာ
လူသားဆန်မှုဟာ မျက်နှာငယ်ရတဲ့
ဗြဟ္မစိုရ်တရား ခေါင်းပါးရပ်ဝန်း
အသိစိတ်ကို FINE တပ်ပြီးထိန်းကျောင်း
တစ်လမ်းမောင်းသမားတွေ များတဲ့မြို့တော်
မလေးကနေ ရေ၀ယ် မီးဝယ်
မြန်မာကနေ သဲဝယ် ကျောက်ဝယ်
ပင်လယ်ထဲကို နယ်ချဲ့တဲ့မြို့ငယ်
ဘကုန်းနဲ့ ယပက်လက်
ဖဦးထုပ် ဂငယ်နဲ့ ပြည်ကြီးကပေါက်ဖော်
ပျော်အောင်သာနေကြရ
အဆီအသွေးထုတ်ယူခံရတဲ့ရွြှေ မန်မာတွေရဲ့ဘဝ
အရိုးသီချင်းထဲကလိုပဲ
ရွှေတိဂုံကို အဝေးကနေဦးချ
ပြီးရင် မနက်စောစောထဖို့
ဘောပင်ခဏ ဘေးချလို့
နာရီ alarm ပေးလိုက်ဦးမှ ။ ။
သားဖြိုး
(18/03/2014)
တစ်နေ့ နှစ်နာရီ MRTပေါ်မှာ
ပေးရတဲ့နေရာ
နေရာတကာ တန်းမစီတတ်ရင်
နေ့လည်စာပါ ငတ်တတ်တဲ့အရပ်
ရထား၊ကား လူဘယ်လောက်ကြပ်ကြပ်
နားကြပ်ကို နားမှာခပ်တည်တည်တပ်
Smart Phoneပေါ်က Dataဖတ်ပြီး
စည်းစိမ်ယူတတ်တဲ့ Country
အရှေ့ဖျားက ပြည်ကြီးစကားပြောပြီး
အနောက်က အရေခြုံထားတဲ့မြို့
တောင်မြောက်တစ်လွှား နာရီဝက်ကုန်အောင်
မသွားရတဲ့ ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းနိုင်ငံ
အီကွေတိုရီရယ်ဒေသက နေအပူချိန်ကို
စိတ်ကြိုက်ပြင်ဆင်ပြီးမ
ဟိုးတုန်းကတော့
မြန်မာပြည် အမှီလိုက်ဖို့ပြော
ခုများတော့
ဧရာဝတီ ရန်ကုန်နဲ့ပဲခူး
မော်လမြိုင်နဲ့မန္တလေး
လမ်းနာမည်ပေးလိုက်တဲ့ တိုင်းပြည်
သူတို့ နာမည်ကျော်တဲ့အတိုင်း
မိုးရွာပြီး ကားလမ်းပေါ် ရေမရှိသလို
ကိုယ်ချင်းစာတရား ရှားပါးတဲ့ဒေသ
ရုပ်ဝတ္ထုတွေ ထွန်းကားသလောက်
စိတ်ဓာတ်က ကျပ်မပြည့်တဲ့နိုင်ငံ
နိုင်ငံရှိပြီး လူမျိုးမရှိလို့
သူများဦးနှောက် ခိုးစားထားတဲ့တိုင်းပြည်
အတ္တကြီးငယ်ကြားမှာ
လူသားဆန်မှုဟာ မျက်နှာငယ်ရတဲ့
ဗြဟ္မစိုရ်တရား ခေါင်းပါးရပ်ဝန်း
အသိစိတ်ကို FINE တပ်ပြီးထိန်းကျောင်း
တစ်လမ်းမောင်းသမားတွေ
မလေးကနေ ရေ၀ယ် မီးဝယ်
မြန်မာကနေ သဲဝယ် ကျောက်ဝယ်
ပင်လယ်ထဲကို နယ်ချဲ့တဲ့မြို့ငယ်
ဘကုန်းနဲ့ ယပက်လက်
ဖဦးထုပ် ဂငယ်နဲ့ ပြည်ကြီးကပေါက်ဖော်
ပျော်အောင်သာနေကြရ
အဆီအသွေးထုတ်ယူခံရတဲ့ရွြှေ
အရိုးသီချင်းထဲကလိုပဲ
ရွှေတိဂုံကို အဝေးကနေဦးချ
ပြီးရင် မနက်စောစောထဖို့
ဘောပင်ခဏ ဘေးချလို့
နာရီ alarm ပေးလိုက်ဦးမှ ။ ။
သားဖြိုး
(18/03/2014)
ဒိဖက်နိုင်ငံတွေလဲ ဒီလိုပါပဲကွယ်
ReplyDeleteမျက်စိထဲမြင်လာအောင်ရေးတတ်လိုက်တာ