Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 26, 2014

နော်ဝေးနိုင်ငံဘုရင်ကြီးကို နော်ဝေးရောက်မြန်မာများ အိပ်ဖွင့်ပေးစာပေးပို့.


လက်ရှိမြန်မာအစိုးရလူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် သတိပြုမိစေဖို့
နော်ဝေးနိုင်ငံဘုရင်ကြီးကို နော်ဝေးရောက်မြန်မာများ အိပ်ဖွင့်ပေးစာပေးပို့.


ဒီဇင်ဘာပထမအပတ်အတွင်း မြန်မာပြည်ကိုသွားရောက်လည်ပတ်မဲ့ နော်ဝေးဘုရင်ကို
 နော်ဝေးနိုင်ငံမှာနေထိုင်နေတဲ့ မြန်မာစုစုပေါင်း ၁၀၀ကျော်ရဲ့ အမည်စာရင်းများနဲ့တကွ
 ဒီကနေ့ နိုဝင်ဘာလ၂၅ရက် နေ့မှာ အိပ်ဖွင့်ပေးစာတစောင်ပေးပို့ထားပါတယ်။


အိပ်ဖွင့်ပေးစာထဲမှာနော်ဝေးအခြေစိုက်မြန်မာတွေက  နော်ဝေးဘုရင်ရဲ့ မြန်မာပြည်ခရီးစဉ်အပေါ်ကြိုဆိုလိုက်ပြီး
 မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ လက်ရှိ ဒီမိုကရေစီစနစ်ဆီဦးတည်မယ့်အပြောင်းအလဲကာလမှာ
 နော်ဝေးနိုင်ငံရဲ့အခန်းကဏ္ဍကလည်း အထူးအရေးပါနေတဲ့အကြောင်းလည်း
ဖော်ပြထားပါတယ်။

တဖန် ၁၉၈၈နှောင်းပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ မြန်မာပြည်သူများနဲ့ 
နယ်စပ်ဒေသ ဒုက္ခသည်များအပေါ် နော်ဝေးအစိုးရရဲ့ထောက်ပံ့ကူညီမှုတွေကိုလည်း သတိတရဖော်ပြထားပြီး
 လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ
 စိုးရိမ်ဘွယ်အခြေအနေရှိနေကြောင်းကိုလည်း အချက်ပေါင်း(၁၀)ချက်နဲ့ အဆိုပါ အိပ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ 


အဲဒီထဲမှာ နော်ဝေးနိုင်ငံအထောက်အပံ့နဲ့ တိုက်ရိုက်အကြုံးဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ
့ ငြိမ်းချမ်းရေးတည်ဆောက်မှုအခြေအနေများ နှောင့်နှေးကြန့်ကြာမှု၊
အနာဂတ်မှာ တင်းမာမှုပဋိပက္ခများပိုမိုကြီးမားစေနိုင်ပြီး ရေရှည်အာမခံချက်နည်းပါးမှုများကိုထောက်ပြထားပြီး
လတ်တလောကချင်ပြည်နယ်အတွင်း လက်နက်ကြီးဒါဏ်ကြောင့် 
အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့်အခြေအနေများကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် လယ်သမားများ မြေယာသိမ်းပိုက်ခံရမှုအခြေအနေ၊ ဘာသာရေးအရဖိနှိပ်မှု၊ ကျောင်းသားများနဲ့နိမ့်ကျနေတဲ့ပညာရေးစနစ်အခြေအနေ၊ မီဒီယာလွတ်လပ်မှုအမှန်တကယ်မရှိပုံများလည်းဖော်ပြရေးသားထားပါတယ်။

နော်ဝေးရောက်မြန်မာများက နော်ဝေးဘုရင်အား
ဦးသိန်းစိန်အစိုးရနှင့်မြန်မာ့တပ်မတော်မှ ကျူးလွန်နေသောလူအခွင့်အရေးချိုးဖောက်မှုများကို အထူးစိုးရိမ်ပူပန်မှုရှိကြောင်းထုတ်ဖော်ပြောကြားပေးပါရန်

 နော်ဝေနိုင်ငံမှ လူသားခြင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပြည်သူ့လက်ဝယ်သို့အမှန်အကန်ရောက်ရှိစေရန်
တိုက်တွန်းပေးဘို့လည်း မေတ္တာရပ်ခံထားပါတယ်။
မြန်မာဘာသာပြန် အိပ်ဖွင့်ပေးစာကို ပူးတွဲဖော်ပြလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


နော်ဝေဘုရင်မင်းမြတ်နှင့်ကြင်ယာတော်တို့၏ မြန်မာပြည်ကိုသွားရောက်လည်ပါတ်မည့်ခရီးစဉ်အားကျွနှ်ပ်တို့ နော်ဝေနိုင်ငံရောက် မြန်မာတိုင်းရင်းသားအသီးသီးမှ ကြိုဆိုပါကြောင်းဦးစွာဖော်ပြအပ်ပါသည်။
            မြန်မာ့ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွင် နော်ဝေနိုင်ငံသည်အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ ပါဝင်နေဆဲဖြစ်သည်ကိုကျွနှ်ပ်တို့မှ အလေးအနက် အသိမှတ်ပြု ဖော်ပြလိုပါသည်။ မြန်မာကျောင်းသားများဦးဆောင်ခဲ့သော၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသည့်နောက် ဒီမိုကရေစီရေးတော်ပုံကြီးမှထွက်ပေါ်လာသော အမျိုးသားခေါင်းဆောင် တွင်ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်ငြိမ်းချမ်းးရေးဆုပေးခြင်းဖြင့်ကမ္ဘာပြည်သူများ၏ အားပေးထောက်ခံမှုကို မြှင့်တင်ပေးခဲ့ခြင်း၊  Democratic Voice of Burma (DVB) ရေဒီယိုအသံလွှင့်ဌာနထူထောင်ပေးပြီး မြန်မာ့ဒီမိုကရေစီရေးကို အားပေးကူညီခဲ့ခြင်းတို့အား  မြန်မာပြည်သူများအနေဖြင့် ထာဝရ အမှတ်ရနေကြပါသည်။သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးအပါအ၀င်နယ်စပ်ဒေသမှ မြန်မာဒုက္ခသည်များအား ကူညီပေးခဲ့မှုများမှာလည်း  တန်ဘိုးထား လေးစားအပ်သော လူသားဆန်သည့်အကူအညီများပင်ဖြစ်ပါတယ်။
            ယနေ့မြန်မာပြည်မှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင်လည်း ငွေအားလူအား စိုက်ထုတ်ပြီးအရေးပါသောအခန်းမှ ပါဝင်နေသည်ကို ကျွနှ်ပ်တို့ ကောင်းစွာ သတိပြုမိပါသည်။  ဦးသိန်းစိန်ဦးဆောင်သော အမည်ခံအရပ်သားအစိုးရအားအမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍  ပြည်သူနှင့်ကမ္ဘာကယုံကြည်လေးစားမှု ရှိသော ဒေါ်အောင်ဆန်းစုကြည်မှ ပုးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာနိုင်ငံများမှတစုံတရာ အသိအမှတ်ပြု ခဲ့ကြပါသည်။ အထူးသဖြင့်နော်ဝေနှင့် အခြားနိုင်ငံများမှ ဒေါ်လာဘီလျံနှင့်ချီသောအကြွေးများကို လျော်ပစ်ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပေါ်လာစေရန် ကျိုးပမ်းခြင်းများသည်မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူပြုခဲ့ပါသည်။
            သို့သော်လည်းဦးသိန်းစိန်အစိုးရသည် ဒီမိုကရက်တစ် အမည်ခံထားသော်လည်း သက်တမ်း(၄) နှစ်အတွင်း ပြည်သူအများယုံကြည်နိုင်လောက်သောပြုပြင်ပြောင်းလဲရေး ပြုလုပ်ခဲ့ခြင်းမရှိပါ။
            မိမိတို့အနေဖြင့်အောက်ပါအကြောင်းအချက်များကြောင့်မြန်မာနိုင်ငံ၏ အနာဂါတ်အားအထူးစိုးရိမ်ပူပန်မိကြောင်းဖော်ပြလိုပါသည်
            (၁)တရားဥဒေစိုးမိုးမှု လုံးဝမရှိဖြင်း
            (၂)နော်ဝေနိုင်ငံ၏ အဓိက ထောက်ပံ့မှုဖြင့် လက်ရှိသမတရုံးဝန်ကြီးဦးအောင်မင်း ဦးဆောင်ဆောင်ရွက်လျက်ရှိသောတိုင်းရင်းသားများနှင့်အပစ်အခတ်ရပ်စဲရေးမှာ ဖယ်ဒရယ်စနစ်အပေါ်  စစ်တပ်၏ မယုံကြည်မှုကြောင့် ရေရှည်အာမခံချက်မရှိပဲပြည်တွင်းစစ်အရှိန်အဟုန်ပြင်းစွာ ထပ်မံဖြစ်ပေါ်လာမည့်အရိပ် အယောင်များတွေ့မြင်နေရခြင်း( ကချင်နှင့်အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်အတွင်း ကချင်ဌာချုပ်လိုင်ဇာအားလက်နက်ကြီးဖြင့်(၁၉.၁၁.၂၀၁၄)တွင် ပစ်ခတ်ခဲ့မှုကြောင့် ကချင်လူငယ် (၂၂)ဦးသေဆုံးပြီး အများအပြားဒါဏ်ရာရရှိခဲ့ခြင်း)
            (၃)စစ်ပြေးရှောင်ဒုက္ခသည်များတိုးပွားလာနေခြင်းနှင့် စစ်ပွဲဖြစ်နေသောဒေသများတွင်စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေခြင်း
            (၄)ဘာသာရေးပဠိပက္ခများကို ဖြစ်ပေါ်စေရန်လှုံဆော်နေသူများနှင့် ကျူးလွန်နေသူများကို အစိုးရမှထိရောက်စွာအရေးမယူပဲ အားပေးအားမြှောက်ပြုနေခြင်း
           
            (၅)နိုင်ငံအ၀ှမ်း  စစ်တပ်နှင့် ခရိုနီများမှ လယ်သမားတို့၏မြေဧက သန်းနှင့်ချီ၍မတရားသိမ်းယူနေခြင်း
            (၆)မြေယာသိမ်းခံလယ်သမားများ လယ်ယာမြေပြန်လည်ရလိုမှုအတွက် ဆန္ဒပြတောင်းဆိုနေမှုများကိုဥပဒေနှင့်အညီဖြေရှင်းခြင်းမပြုပဲ လယ်သမားများကို ထောင်သွင်းအကျဉ်းချနေခြင်း
            (၇)အလုပ်သမားများလုပ်အားခ နည်းပါးမှုနှင့်လုပ်ငန်းခွင်အတွင်းလုံခြုံမှုမရှိခြင်းကြောင့်ဆန္ဒပြနေကြခြင်း
            (၈)ဒီမိုကရေစီစနစ်နှင့် မလျော်ညီသော  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်ပေးရန်         ပြည်သူ ၅ သန်းမှ လက်မှတ်ထိုးတောင်းဆိုထားသော်လည်းလုံးဝပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း (၁၈.၁၁.၂၀၁၄) တွင် လွှတ်တော်ဥက္ကဌမှ အသိပေးပြောဆိုခဲ့ခြင်း
            (၉) မီဒီယာ လွတ်လပ်ခွင့်များကို အကြောင်းအမျိုးမျိုးပြ၍ အကြမ်းဖက်ဖိနှိပ်နေခြင်း        (၁၀) ကျောင်းသားတို့၏မူလအခြေခံရပိုင်ခွင့်ဖြစ်သော လွတ်လပ်သည့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းဖွင့်မပေးခြင်းအပါအ၀င် ဖိနှိပ်ချုပ်ချယ်သောပညာရေးဥပဒေသစ်ကြောင့် သပိတ်မှောက်ဆန္ဒပြနေကြခြင်း
            စသောအခြေနေအရပ်ရပ်တို့ဖြစ်ပေါ်နေပါသည်။
            မိမိတို့အနေဖြင့်နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှပ်နှံမည်ကို နိုင်ငံတကာကျင့်ဝတ်နှင့်အညီပြုလုပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့သော် စီးပွားရေးတခုလုံးကို စစ်တပ်နှင့်ခရိုနီများလက်ဝါးကြီးအုပ်ထားပြီး အထက်ပါအခြေနေများကို တစုံတရာတိုးတက်အောင် ဆောင်ရွက်ခြင်းမရှိသောမြန်မာနိုင်ငံတွင်နော်ဝေ၏ ရင်းနှီးမြှပ်နှံမှုမှာ ပြည်သူများအားပိုမို ဖိနှိပ်သည့်အစိုးရတရပ် ဆက်လက်တည်မြဲအောင်အားပေးရာရောက်မည်ကို အသိပေးလိုပါသည်။
            သို့ဖြစ်ပါ၍   စီးပွားရေးရင်းနှီးမြှပ်နှံမှုနှင့်အတူ အထက်ဖော်ပြပါအခြေနေများတိုးတက်ကောင်းမွန်လာရန် အတွက်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအားတန်ဘိုးထားလေးစားသည့်  နော်ဝေနိုင်ငံအနေဖြင့်
(၁) ဦးသိန်းစိန်အစိုးရနှင့်မြန်မာ့တပ်မတော်မှ ကျူးလွန်နေသောလူအခွင့်အရေးချိုးဖောက်မှုများကို အထူးစိုးရိမ်ပူပန်မှုရှိကြောင်းထုတ်ဖော်ပြောကြားပေးပါရန်
(၂) နော်ဝေနိုင်ငံမှ လူသားခြင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပြည်သူ့လက်ဝယ်သို့အမှန်အကန်ရောက်ရှိစေရန်
(၃) ၂၀၁၅ တွင်ကျင်းပမည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအားလွတ်လပ်ပြီးတရားမျှတမှုရှိစေရန်နှင့်  ရွေးကာက်ပွဲတွင်အနိုင်ရခဲ့သောပါတီအား ရွေးကောက်ပွဲရလဒ်များကြေညာပြီးရက်ပေါင်း(၆၀) အတွင်း ရိုးသားစွာအာဏာလွှဲပြောင်းပေးရန်
            တို့ကိုအထူးအလေးထားတိုက်တွန်းပေးပါရန် တောင်းဆိုအပ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။