Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 10, 2014

ပြည်သူ့လွှတ်တော်သည် အာဏာရူးသူခိုးဓားပြကြီးများကို ကာကွယ်အားပေးထောက်ခံတော့မည်လော။ (ပေါက်ကွဲမှုဆောင်းပါး)



 

ပြည်သူ့လွှတ်တော်သည် အာဏာရူးသူခိုးဓားပြကြီးများကို ကာကွယ်အားပေးထောက်ခံတော့မည်လော။ (ပေါက်ကွဲမှုဆောင်းပါး)

လွှတ်တော်အသံ၊ ပြည်သူ့အသံဆိုတဲ့ ဆောင်ပုဒ်ကို လွှတ်တော်အသံ၊ ပြည်သူမခံ။ လွှတ်တော်ပါးစပ် ပြည်သူ့ချဉ်ဖတ် လို့ နာမည်ပြောင်းဖို့သင့်ပြီ။
အမေရိကန်အစိုးရက ဦးအောင်သောင်းကို နာမည်ပျက်စာရင်းထဲထည့်လိုက်တာကို ပြည်သူ့လွှတ်တော်က တညီတညွတ်တည်း ကန့်ကွက်ရှုံ့ချတဲ့သတင်း ဆဲဗင်းဒေးကဖော်ပြတော့ စာဖတ်သူတွေအားလုံး တအံ့တသြဖြစ်ကုန်တယ်။ နာရီပိုင်းအတွင်း ဆဲဗင်းဒေးသတင်းအွန်လိုင်းကွန်မင့်တွေမှာ လွှတ်တော်ဆုံးဖြတ်ချက်အပေါ် ကဲ့ရဲ့ရှုံချ ဝေဖန်မှုတွေ အမြောက်အများပေါ်ထွက်လာတယ်။ အဲဒါ ပြည်သူ့အသံ အမှန်အကန်ပါ။

တကယ်ဆို ဦးအောင်သောင်း ဘယ်လိုသဘောထားရှိပြီး ဘာစီးပွားရေးတွေလက်ဝါးကြီးအုပ်ထားတယ်၊ ဒီမိုကရေစီလိုလားသူတွေနဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော၊ ပြည်သူတွေအပေါ်ရော၊ နိုင်ငံအပေါ်ရော ကောင်းကျိုးပေးခဲ့လား၊ ဆိုးကျိုးတွေဖန်တီးခဲ့လား..သုံးသပ်ဖို့လိုတယ်။

သတင်းထဲမှာ (အဆိုကို တနိုင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးဆွေက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များ အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်) လို့ ဖော်ပြထားပြန်တော့ အန်န်အယ်လ်ဒီပါ အမေရိကန်ဆုံးဖြတ်ချက်ကို မကြေမနပ်ကန့်ကွက်ရာရောက်နေတယ်။
တချိန်က တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ်အပေါ် အမေရိကားရဲ့ အရေးယူပိတ်ဆို့မှုကို ရေငုံနှုတ်ပိတ်ခဲ့တဲ့ လူထုဦးဆောင်ပါတီကြီးက ဒီအချိန်ကျမှ အမေရိကန်ရဲ့ ထိရောက်တဲ့ အရေးယူမှုကိုနာမည်ပျက်သူခိုးပါတီကြီးတွေရောနှောပြီး ကန့်ကွက်လိုက်တာဟာ အမေရိကန်ဆုံးဖြတ်ချက်ကို မလိုလားတဲ့သဘော၊ ဆန့်ကျင်တဲ့သဘောရောက်နေတယ်။
အမေရိကန်က ဦးအောင်သောင်းကို နာမည်ပျက်စာရင်းထဲ ဘာကြောင့်ထည့်တာလဲဆိုတာ ပြန်လေ့လာကြည့်ဖို့ကောင်းတယ်။ အမှန်တော့ မြန်မာ့ဒီမိုကရေစီခရီးလမ်းက ခလုတ်ကန်သင်း၊ အမှိုက်သရိုက်လိုဖြစ်နေတာမို့ ပညာပြ သင်ခန်းစာပေးတာဖြစ်တယ်။

ဦးအောင်သောင်းကို(BLACK LIST) နာမည်ပျက်စာရင်းထည့်လိုက်တာဟာ အဓိပ္ပါယ်အများကြီးရှိတယ်။ ဒီမိုကရေစီစိတ်ဓာတ်နဲ့ မလျှော်မကန်တဲ့ အကျင့်စရိုက်၊ ပြစ်မှုကျူးလွန်ချက်တွေ၊ မင်းမဲ့စရိုက် အာဏာရှင် အလေ့အထ၊လုပ်ထုံးလုပ်နည်းတွေကို ပြန်ဆင်ခြင်သုံးသပ်ဖို့သတိပေးနေတာဖြစ်တယ်။ ဒါ့အပြင်ဦးအောင်သောင်းလို တိုင်းပြည်ဘဏ္ဍာအလွဲသုံးစားနေတဲ့ အလီဘာဘာဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ ခေတ်ပျက်သူဌေးခရိုနီတွေကိုပါ သတိပေးလိုက်တာဖြစ်တယ်။ ဦးအောင်သောင်းကို အကြောင်းပြုပြီး ကျန်တဲ့ မတော်မတရားကြီးပွားနေသူတွေ၊ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် အားထုတ်လုံးပမ်းနေသူတွေကိုလည်း အကြောက်တရားတွေ လွှမ်းစေခဲ့တယ်။ ဒီတခါငါတို့အလှည့်များလားဆိုပြီး ဥစ္စာခြောက်ပြီး ကြံရာမရ ဖြစ်နေတယ်။

ဦးအောင်သောင်းနာမည်ပျက်စာရင်းဝင်သွားတော့ သူ့တပည့်အပေါင်းအပါတွေနဲ့ အကျိုးစီးပွားတူတွေကပါ သူတို့ရဲ့ လက်ကိုင်တုတ် စွမ်းအားရှင်တွေ၊ မဘသအဖွဲ့တွေ၊ စစ်ထွက် ရာဇ၀တ်ကောင်တွေ၊ ဥပဒေအပြင်ဘက်က လူမိုက်တွေကို ဆွဲစေ့ပြီး အမေရိကန်သမတ အိုဘာမားရဲ့ မြန်မာပြည်ခရီးစဉ်ကိုတောင် ကန့်ကွက်ဆန္ဒပြဘို့ ကြံစည်နေတဲ့သတင်းတောင်ကြားရသေး..။ အဲဒါ တိုင်းပြည်မှာ မတရားလူစုပြီး သူပုန်ထဖို့ကြံစည်တာ။ သူခိုးအားပေးစရိုက်တွေပြသတာဖြစ်တယ်။

အခုတခါ နာမည်ပျက် သူခိုးအကြီးစားကို နေပြည်တော် လွှတ်တော်ကြီးက တခဲနက် ထောက်ခံပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုက်တာဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အမှန်တကယ် အကျိုးရှိရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်တယ်။ စင်စစ် မြင်းကိုဂျိုတပ်၊ ကျားကိုတောင်ပံတပ်၊ သူခိုးကို ဓားရိုးကန်းမှုသက်သက်ဖြစ်တယ်။ တနည်းပြောရရင် သူခိုးအချင်းချင်းထပ်ပြီးခိုးဖို့ ညှိတဲ့သဘော၊ အကျိုးစီးပွားတူချင်း အကာအကွယ်ပေးတဲ့သဘောသာဖြစ်တယ်။ ငါတို့ပြည်တွင်းရေး၊ သူခိုးအရေး မင်းတို့ထပ်ပြီး ၀င်မရှုပ်နဲ့လို့ မီးနီပြတားလိုက်တာပါ။

အမေရိကန်က ဦးအောင်သောင်းပြီးရင် နောက်ထပ် နာမည်ပျက်စာရင်းထုတ်ပြန်မယ့်၊ နိုင်ငံရေး အမှောင့်ပရောဂသမားတွေ၊ သူခိုးအကြီးစားတွေရှိနေပါသေးတယ်။ နိုင်ငံရေးညစ်ပေါက်ကပ်ကျယ်တွေ၊ သူခိုးကျင့်သူခိုးကြံ တွေကို နာမည်ပျက်စာရင်းထည့်တာမကြေနပ်ရင်လည်း သူခိုးဓာပြ လူဆိုးလူမိုက်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်ကြီးအဖြစ် ကမ္ဘာ့အလည် သိမ်ငယ် မျက်နှာပမ်းမလှစွာ ဆက်နေဘို့ပဲ ကျန်တော့တယ်။
ပြည်သူ့လွှတ်တော် ကြီးလဲ အမည်ခံသာရှိနေပြီး အာဏာရူးတွေနဲ့ သူခိုးဓားပြအချင်းချင်း သေဖော်ညှိတဲ့ လွှတ်တော်ကြီးအနေနဲ့သာ ထင်ရှားကျော်စောနေလိမ့်မယ်။

ပြည်သူ့ အကျိုးဆောင်ပေးမယ့် အန်လယ်လ်ဒီပါတီကိုတော့ ငြုပ်သီးနဲ့ပေါင်းလို့ အထောင်းခံနေရသလို လွှတ်တော်က အာဏာရူးသူခိုးဓားပြတွေကို မလွန်ဆန်နိုင် ပေါင်းဖက်မိလို့ ကြံရာပါ လူမိုက်ဖြစ်သွားမှာကို အများပြည်သူက စိုးရိမ်နေတဲ့အကြောင်း အားနာနာနဲ့ သတိပေးချင်ပါတယ်။

ကိုညို( အော်စလို)

ဓာတ်ပုံ- စိုးကျော်လွင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။