ဟာသလေးတစ်ခုပါ။
မြို့ကြီးသား ၂ ယောက်ဟာတစ်နယ်တစ်ကျေးသွားရင်းနဲ့ လမ်းမှာ
ကားက ဓာတ်ဆီကုန်သွားပါ
တယ်။အဲဒါနဲ့ လမ်းမှာတွေ့တဲ့ တောသားလေးတစ်ယောက်ကို
ီဒီကနေ အနီးဆုံးဓာတ်ဆီဆိုင်ကို
လမ်းလျှောက်ရင် ဘယ်လောက်
ကြာမလဲလို့ မေးကြတယ်။
၂ ခါ ၃ ခါမေးပေမဲ့ တောသားလေးက ဘာမှပြန်မပြောတာနဲ့
စကားမပြောတတ်တဲ့သူထင်ပါတယ်ကွာဆိုပြီး ဆီဆိုင်ရှိရာ
ခပ်သွက်သွက်လျှောက်ထွက်သွားကြတယ်။

ခပ်လှမ်းလှမ်းရောက်မှ တောသား
လေးက ဟေ့လူတွေ မိနစ်၃၀ ကြာမယ်ဗျလို့ အော်ပြောလိုက်ပါတယ်။မြို့ကြီးသား ၂
ယောက်က အဲဒါဆိုဘာဖြစ်လို့
စောစောက မပြောဘဲနေခဲ့တာ
လည်းလို့ ဒေါသတကြီးမေးတော့...
တောသားလေးက....
ခင်ဗျားတို့ ဘယ်လောက်မြန်မြန်
လျှောက်မယ်ဆိုတာ မမြင်ရသေး
ဘဲနဲ့ ဘယ်လိုပြောနိုင်မှာလဲလို့
ဖြေလိုက်တော့မှ မြို့သား ၂ ယောက်က ဟုတ်ပေသားပဲ ဆိုပြီး
လက်ခံသွားကြတယ်။
ကျွန်တော်ဖတ်ခဲ့ဘူးတဲ့
Laughter the Best Medicine
ဆိုတဲ့ ဟာသပုံတိုပတ်စထဲက
တစ်ပုဒ်ပါ။ဂေါင်းစဉ်က
Intelligent Countryman
ထင်တာပဲ မမှတ်မိတော့ဘူး။
ဂစ်တာကျွမ်းကျွမ်းကျင်ကျင်တီး
တတ်ဖို့ အချိန်ဘယ်လောက်ဆို
ရလဲဆိုပြီး ကျွန်တော်အမေးခံရ
တိုင်း အဲဒီ ဟာသလေးကို ပြေးပြေးသတိရမိပါတယ်။
တတ်ဖို့ အချိန်ဘယ်လောက်ဆို
ရလဲဆိုပြီး ကျွန်တော်အမေးခံရ
တိုင်း အဲဒီ ဟာသလေးကို ပြေးပြေးသတိရမိပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။