ကြိုက်ရာလမ်းကိုရွေးချယ်ပါ။
အနှစ် ၂၀ကျော်ဒီမိုကရေစီလည်းမသိ၊ လူ့အခွင့်အရေးလည်းနားမလည်၊ တိုင်းပြည်နဲ့ ပြည်သူအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဘာမှ မလုပ်နိုင်ပဲ မျက်နှာမပူ အရေထူပြီး ကျောခိုင်းခဲ့သူတွေကို ဒီအချိန်မှာလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ၊ ဖွံ့ဖြိုးရေးတွေ ၊ တရားမျှတမှု၊ အမှန်တရားတွေ ပြောနေလို့လည်း ဘာမှမထူး။ အစိုးရသက်တမ်း ၄နှစ် အတွင်း၊ သမတရော၊ လွှတ်တော်ဥက္ကဌနဲ့ ကာချုပ်ကပါ ဘာတွေကို ဘယ်သူ့အတွက် ဘယ်လိုစီမံ စည်းဝါးကိုက် လုပ်ခဲ့သလဲ သိပ်သိသာသွားပြီ။ဒီအချိန်က အဖြူအမဲ ရွေးကွဲပြားစေတဲ့ ကာလပဲ။
အတိုက်အခံအားလုံး အတိုက်အခံနဲ့ပီပြင်အောင် ကျင့်ကြံလုပ်ကိုင်ဖို့သာရှိ တယ်။ ဒီအတိုင်းနေလည်း များမကြာမှီ အတိုက်အခိုက်တွေနဲ့ ရင်ဆိုင်ရတော့မှာမို့ပါ။ မိမိတို့ဘက်က ဘာတွေများ တိုးတက်လာပြီး ဘာတွေ ပေးဆပ်လိုက်ရသလဲ၊ ကိုယ်ရတာနဲ့ ပေးလိုက်ရတာ ဘယ်လောက်တန်ဘိုးချင်း ခြားနားကွာဟသွားသလဲ ပြန်သုံးသပ်ကြည့်ရင် မြင်ရမယ်။
၁၉၆၂ ကနေ ၂၆နှစ်ကြာမှ တိုင်းပြည်နိုးထခဲ့တာတွေ၊ အခု ၁၉၈၈ကနေ ၂၆နှစ်ကြာမှ အခြေအနေမဟန်တော့ဘူးလို့ သိပြီးလူထုက ပြန်ထကြွဖို့ရှိနေပြီ။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဒုတိယအကြိမ် မြန်မာ့သမိုင်းကို အကြီးအကျယ်လိမ်ညာနေတာဖြစ်တယ်။အခုတောင်ဘီလူးဇာတ်ကပြီး ကိုယ်ထင်ပြနေပြီ။ ဒါမမြင်တဲ့ နိုင်ငံရေးသမားမောဟ လွှမ်းပြီး အ နေလို့ပဲ..။
ဒီတကြိမ်မှ ခေါင်းငုံ့ခံပြီး ထုံပေပေလုပ်နေရင် နောက်ထပ် ၂၆နှစ်ဆိုတာ မြန်မာပြည်မှာ မရှိတော့ဘူး။ စစ်ဗျူရိုကရက်တွေရဲ့ ကျွန်ဘ၀မှာ အတိုက်အခံဆိုတာ အရှင်မထွက်ဘူး။
စစ်အာဏာရှင်ဆိုတာလည်း အသေမထွက်ပဲ အာဏာကိုလက်လွှတ်ရိုးထုံးစံမရှိဘူး။
သူတို့ နိုင်ငံရေးလမ်းပြမြေပုံအတို င်းဆက်သွားမလား၊ ကိုယ့်လမ်းကိုယ်ဆက်ဖောက်မလားဆိုတာပဲ ဆုံးဖြတ်ချက်ချဘို့လိုတာပါ။
ကိုညို( အော်စလို)
အနှစ် ၂၀ကျော်ဒီမိုကရေစီလည်းမသိ၊ လူ့အခွင့်အရေးလည်းနားမလည်၊ တိုင်းပြည်နဲ့ ပြည်သူအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဘာမှ မလုပ်နိုင်ပဲ မျက်နှာမပူ အရေထူပြီး ကျောခိုင်းခဲ့သူတွေကို ဒီအချိန်မှာလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ၊ ဖွံ့ဖြိုးရေးတွေ ၊ တရားမျှတမှု၊ အမှန်တရားတွေ ပြောနေလို့လည်း ဘာမှမထူး။ အစိုးရသက်တမ်း ၄နှစ် အတွင်း၊ သမတရော၊ လွှတ်တော်ဥက္ကဌနဲ့ ကာချုပ်ကပါ ဘာတွေကို ဘယ်သူ့အတွက် ဘယ်လိုစီမံ စည်းဝါးကိုက် လုပ်ခဲ့သလဲ သိပ်သိသာသွားပြီ။ဒီအချိန်က အဖြူအမဲ ရွေးကွဲပြားစေတဲ့ ကာလပဲ။
အတိုက်အခံအားလုံး အတိုက်အခံနဲ့ပီပြင်အောင် ကျင့်ကြံလုပ်ကိုင်ဖို့သာရှိ
၁၉၆၂ ကနေ ၂၆နှစ်ကြာမှ တိုင်းပြည်နိုးထခဲ့တာတွေ၊ အခု ၁၉၈၈ကနေ ၂၆နှစ်ကြာမှ အခြေအနေမဟန်တော့ဘူးလို့ သိပြီးလူထုက ပြန်ထကြွဖို့ရှိနေပြီ။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဒုတိယအကြိမ် မြန်မာ့သမိုင်းကို အကြီးအကျယ်လိမ်ညာနေတာဖြစ်တယ
ဒီတကြိမ်မှ ခေါင်းငုံ့ခံပြီး ထုံပေပေလုပ်နေရင် နောက်ထပ် ၂၆နှစ်ဆိုတာ မြန်မာပြည်မှာ မရှိတော့ဘူး။ စစ်ဗျူရိုကရက်တွေရဲ့ ကျွန်ဘ၀မှာ အတိုက်အခံဆိုတာ အရှင်မထွက်ဘူး။
စစ်အာဏာရှင်ဆိုတာလည်း အသေမထွက်ပဲ အာဏာကိုလက်လွှတ်ရိုးထုံးစံမရ
သူတို့ နိုင်ငံရေးလမ်းပြမြေပုံအတို
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။