အော်စလိုက သူခိုး..။
ဒီနေ့ ကျနော်အလုပ်လုပ်တဲ့ ဆိုင်မှာ သူခိုးတယောက်မိတယ်။ ဈေးဝယ်တယောက်က သတင်းပေးလိုက်လို့ ဆိုင်တာဝန်ခံက ခဏမေးစရာရှိတယ်ဆိုပြီးသူခိုးကိုရုံးခန်းထဲခေါ်လာတယ်။ သူခိုးက ထွားထွားကျိုင်းကျိုင်း၊ အရှေ့ဥရောပ( ရိုမေးနီးယား)နိုင်ငံသား၊ အရက်နံ့ရတယ်။
အပေါ်အနွေးထည်အထူကိုချွတ်ခို င်းတယ်။ မချွတ်ဘူး၊ ဂျစ်ကန်ကန်ပြန်ဟောက်တယ်။ ငါ့ဘာကြောင့်ခေါ်တာလဲ ဘာညာနဲ့ ဆဲတယ်။ ကိုယ့်ဆိုင်တာဝန်ခံကလည်း သူခိုးကို ဇွတ်မချွတ်ခိုင်းဘူး။စီစီတီဗွီမှတ် တမ်းကိုပြန်ကြည့်တယ်။ ချောကလက်တောင့်ပတ်ကင်တွေထား တဲ့နေရာမှာ သူခိုးကအပီအပြင် ထည့်နေတာ..။ခိုးနေတဲ့ သူ့ပုံကြီးမြင်ပေမဲ့ သူခိုးကငြင်းနေတယ်။
အက်ီၤေအာက္မွာဖြက္ထားတဲ့ဟာေ တြ ထုတ်ခိုင်းလည်းမထုတ်ပေးဘူး။ ( ဗမာပြည်ဆို ရေရေလည်လည်ကျွေးခံရပြီ) ကိုယ်တောင်ဘေးကနေ ဒေါသထွက်နေပြီ။ ကိုယ့်လူက အဓမ္မမချွတ်ခိုင်းဘူး။ မကြာခင် ဆိုင်လုံခြုံရေးအစောင့်ရောက်လာတယ်။ သူခိုးကို အကျီင်္ချွတ်ခိုင်းတယ်။ သူခိုးက ပွစိပွစိလုပ်ပြီး နောက်ကျော်က ချောကလက်ပတ်ကင် ၃ထုပ် ထုတ်ပေးတယ်။ နောက်ထပ်ရောလို့မေးတော့ မရှိဘူး။ ဒါငါဘိုက်ဆာလို့ယူတာလို့ပြောတယ်။ မင်းပိုက်ဆံမပေးဘဲ အဲလိုယူခွင့်မရှိဘူးပြောတော့  လုံခြုံရေးကို ပြန်ဟောက်တယ်။
ကိုယ်မသိတဲ့စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေတယ်။
လုံခြုံရေးက ကိုယ်ထဲက ကျန်တာတွေ ထပ်ထုတ်ခိုင်းတယ်။ မထုတ်ပေးဘူး၊ မရှိဘူးတဲ့။ လုံခြုံရေးက နောက်ကျောကို လက်နဲ့စမ်းကြည့်ပြီးဒါတွေထု တ်လို့ပြောတယ်။ နောက်ထပ် ၃ထုတ်ထွက်လာတယ်။ ကျန်သေးတယ်ထပ်ထုတ်အုံးပြောေ တာ့ နောက်ထပ် ၃ထုတ်ထပ်ထွက်လာတယ်။ဆူအောင့် ဆဲဆိုပြီး ဒါအကုန်ပဲတဲ့။ လုံခြုံရေးရေးလူငယ်က စမ်းကြည့်ပြီး အကုန်ထုတ်ပေးလို့ ပြောတယ်။ ဂျစ်ကန်ကန်ကြည့်ပြီး ထုတ်ပေးလိုက်တယ်။ တထုပ်ပြီးတထုပ်ထွက်လာတယ်။ ချောကလက်တောင့် အားလုံးပေါင်း ၂၇ထုတ်တိတိ။ခရိုနာ ၁၆၀၀ဘိုးတဲ့..။
မကြာခင်မှာ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့် ယူနီဖောင်းဝတ်၊ ရဲ၂ယောက်ရောက်လာတယ်။ သူခိုးမှတ်ပုံတင်စစ်တယ်။ ၀ိုင်ယာလက်စ်တွေနဲ့ဖုံးဆက်တ ယ်။သူခိုးက ဂျစ်ကန်ကန်နဲ့ ရဲကိုတောင်ပြန်ဟောက်နေတယ်။ ငါပြန်မယ်၊ ဘိုက်ဆာတယ်ဆိုပြီး ချောကလက်တထုတ်ဖြီဘို့လုပ်တယ်။ ရဲက ပြန်လုယူပြီး ဘိုက်ဆာရင် နောက်မှကျွေးမယ်၊ အခုစာရင်းမှတ်ရမယ် မစားရသေးဘူးလို့ ပြောတယ်။သူခိုးကဆူအောင့်အော င့်နဲ့ ပူညံပူညံလုပ်နေတယ်။ သူ့ဘာသာစကားနဲ့ တဗြစ်တောက်တောက်ဆဲနေတယ်။ ရဲတွေက ဘာမှ မသိသလိုပဲ။ မဆူနဲ့ ငြိမ်ငြိမ်နေလို့ပဲ အေးအေးဆေးဆေးပြောတယ်။ နောက်တော့ သူခိုးလက်မောင်းကဆွဲပြီးခေါ် သွားတယ်။ သူခိုးက ဂျစ်ကန်ကန်နဲ့ကြည့်ပြီး ယက်ကန်ကန်နဲ့ပါသွားတယ်။ ပါးစပ်ကလည်း ပွစိပွစိဆဲဆိုနေတာမိုးမွှန်လို့..။
ရဲက လက်ပူးလက်ကြပ်နဲ့သူခိုးကို မိတာတောင် လက်ဖျားလေးနဲ့တောင်မတို့ဘူး ။ မဆူဘူး၊ မငေါက်ဖူး။ သူ့တာဝန်က မိထားတဲ့ သူခိုးကို သက်သေမှတ်တမ်းမှတ်ရာ ယူပြီး စခန်းဆီခေါ်သွားဘို့ပဲဖြစ်တယ်။ သူခိုးက ဆဲဆို အော်ဟစ်နေတာတောင် အေးဆေးပဲ..။တဖက်သား နာကျင်ထိခိုက်အောင် ကိုယ်ထိလက်ရောက်လုပ်ဖို့ မဆိုထားနဲ့ နှုတ်ကတောင် မာထန်ထန် မပြောဘူး..။ ကျနော်ကတော့ ဖြစ်ပျက်စုံကို ငေးကြည့်ပြီး အံ့သြလို့..။
သြော်..မေတ္တာတရားနဲ့ တရားဥပဒေစိုးမိုးတဲ့အရပ်မှာ ဥပဒေချိုးဖောက်တဲ့လူတွေတောင် လူလိုတန်ဘိုးထားဆက်ဆံခံရတတ် ပါလား..။
ပူပူနွေးနွေး ဖြစ်သွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဖြစ်ရပ်လေးခေါင်းထဲဝင်လာပြီး စိတ်ထဲ အတော်လေးနာနာကျင်ကျင် ခံစားလိုက်ရတယ်..။
ဒီနေ့ ကျနော်အလုပ်လုပ်တဲ့ ဆိုင်မှာ သူခိုးတယောက်မိတယ်။ ဈေးဝယ်တယောက်က သတင်းပေးလိုက်လို့ ဆိုင်တာဝန်ခံက ခဏမေးစရာရှိတယ်ဆိုပြီးသူခို
အပေါ်အနွေးထည်အထူကိုချွတ်ခို
အက်ီၤေအာက္မွာဖြက္ထားတဲ့ဟာေ
ကိုယ်မသိတဲ့စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေတယ်။
လုံခြုံရေးက ကိုယ်ထဲက ကျန်တာတွေ ထပ်ထုတ်ခိုင်းတယ်။ မထုတ်ပေးဘူး၊ မရှိဘူးတဲ့။ လုံခြုံရေးက နောက်ကျောကို လက်နဲ့စမ်းကြည့်ပြီးဒါတွေထု
မကြာခင်မှာ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့် ယူနီဖောင်းဝတ်၊ ရဲ၂ယောက်ရောက်လာတယ်။ သူခိုးမှတ်ပုံတင်စစ်တယ်။ ၀ိုင်ယာလက်စ်တွေနဲ့ဖုံးဆက်တ
ရဲက လက်ပူးလက်ကြပ်နဲ့သူခိုးကို မိတာတောင် လက်ဖျားလေးနဲ့တောင်မတို့ဘူး
သြော်..မေတ္တာတရားနဲ့ တရားဥပဒေစိုးမိုးတဲ့အရပ်မှာ
ပူပူနွေးနွေး ဖြစ်သွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဖြစ်ရပ်လေးခေါင်းထ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။