Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 14, 2014

အချစ်ရဲ့ သားသတ်သမား


အချစ်ရဲ့ သားသတ်သမား
---------------------------

အချစ်ကြောင့်ရတဲ့ပျော်ရွှင်ခြင်းကို လူတိုင်းတောင့်တကြတယ်။ ဒါပေမယ့် တချို့လူတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲကပြုပင်ပြောင်းလဲလို့ရတဲ့ ဆဲလ်တွေလိုပဲ ချေဖျက်ဖို့ ကိုယ်တိုင်ကြိုတင်စီမံခဲ့ကြတယ်။

ရှေးဂရိဒဏ္ဍရီပုံပြင်မှာ အချစ်နတ်သားမြားနတ်မောင် (Cupid)နဲ့ လက်ထပ်ခဲ့တဲ့ လူပြည်က Psycheတို့ရဲ့အဖြစ်က သာဓကပြနေပါတယ်။ မြားနတ်မောင်နဲ့ Psyche တို့က နေ့မှာခွဲပြီး ညမှတွေ့ဆုံကြသူတွေဖြစ်တဲ့အတွက် မြားနတ်မောင်ရဲ့မျက်နှာကို Psyche သေချာမမြင်ဖူးခဲ့ဘူး။ နောက်ဆုံးမှာ Psycheရဲ့ အစ်မတွေက Psycheရဲ့ပျော်ရွှင်နေတဲ့ဘဝကို မနာလိုဖြစ်ခဲ့ကြတယ်။ ညအချိန်မှာ မြားနတ်မောင်ကိုကြည့်ဖို့ Psycheကို မီးခွက်နဲ့ ဓားချွန်တစ်ချောင်းပေးလိုက်တယ်။ တကယ်လို့ မြားနတ်မောင်က ရုပ်ဆိုးတဲ့မိစ္ဆာတစ်ကောင်ဖြစ်နေရင် လည်ပင်းကိုဓားနဲ့လှီးဖြတ်ခဲ့ဖို့ မှာလိုက်ကြတယ်။

ညသန်းခေါင် မီးရောင်အောက်မှာ မြားနတ်မောင်ရဲ့ ချောမောတဲ့ရုပ်ရည်ကို Psyche မြင်မှ ရင်ထဲက သံသယစိတ်တွေပျောက်သွားခဲ့တယ်။ ဒါပေမယ့် သူကံမကောင်းခဲ့ပါဘူး။ မမျှော်လင့်ဘဲ မီးခွက်ထဲက ဆီတစ်စက်က အိပ်နေတဲ့ မြားနတ်မောင်ပေါ်ကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြားနတ်မောင်က Psyche လက်ထဲကဓားချွန်ကိုမြင်တာနဲ့ သဘောပေါက်ပြီး ဒေါသတကြီး "လင်မယားကြားမှာ ယုံကြည်မှုဆိုတာမရှိရင် အချစ်ဆိုတာရှိနိုင်တော့မလား" လို့ ပြောလိုက်တယ်။ အဲဒီနောက် Psyche ကိုထားပြီး သူထွက်သွားခဲ့တယ်။

သူငယ်ချင်းတစ်ယောက်က အင်တာနက်မှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ ရင်ထဲက အချစ်မီးတွေတောက်လောင်ပြီး အချစ်ဒီဂရီတက်ချိန် ရုတ်တရက် အဲဒီကောင်မလေးနဲ့လမ်းခွဲဖို့ သူပြောခဲ့တယ်။ အဲဒီကောင်မလေးက အင်တာနက်ပေါ်မှာ တခြားလူတွေနဲ့လည်း သိနေလို့ပါတဲ့...

သိစမှာ ကောင်မလေးကို မယုံသကာင်္နဲ့ဖုန်းတွေဆက်ပြီးသူလိုက်စစ်၊ လိုက်မေးတယ်။ အခြေအနေက တဖြည်းဖြည်းတင်းမာလာခဲ့ပြီး နောက်ဆုံး တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချမှုတွေ ကင်းမဲ့ခဲ့ကြတယ်။ အဲဒီ တခဏအတွင်းမှာပဲ နစ်နစ်ကာကာ သူချစ်ခဲ့ပါတယ်ဆိုတဲ့ အချစ်တွေ ဆေးဆိုးခံလိုက်ရတယ်။

သံသယနဲ့မယုံကြည်မှုက အချစ်ရဲ့သားသတ်သမားတွေဖြစ်တယ်။
မယုံသင်္ကာ၊ သံသယကြားမှာ အချစ်က မရှင်သန်နိုင်ပါဘူး။

ချစ်သူကို စိတ်မချတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းလို့ ဖြစ်တယ်။ စိတ်မချတာကို ပယ်နိုင်အောင် ကိုယ့်ကိုယ်ကိုအမြဲလန်းဆန်း တက်ကြွအောင်နေပါ။ ဆွဲဆောင်နိုင်အောင် ကြိုးစားပါ။ ယုံကြည်မှုအပြည့်နဲ့နေပါ။ စိတ်ချ..... သူဘယ်တော့မှ ကိုယ့်ကိုထားသွားလိမ့်မှာမဟုတ်ပါဘူး။

ချစ်တတ်ကြပါစေ....

-----
ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အတည်တကျအောင်မြင်နေတဲ့ ချစ်သူစုံတွဲတစ်တွဲမှာ ကောင်မလေးက ကိုယ့်အကျိုးစီးပွားအတွက် လူအများနဲ့ များသောအားဖြင့် ယောက်ျားသားတွေနဲ့ တစ်ခါတလေ ပြောဆိုဆက်ဆံရတာမျိုးရှိတယ်။ ဒါကို ချစ်သူကောင်လေးက သံသယအကြည့်၊ သံသယအမေးတွေနဲ့ ချစ်လိုက်၊ ပြတ်လိုက်လုပ်နေခဲ့လို့၊ ဒီပေ့ခ်ျကိုလာလာဖတ်တတ်တဲ့ ကောင်လေးသိအောင် တစ်ခုခုရေးပေးပါလို့ဆိုတာနဲ့ ဟိုးအရင် ဘာသာပြန်ရေးခဲ့ဖူးတဲ့စာတစ်ပုဒ်ကို ကောက်တင်လိုက်ပါတယ်။ တကယ်ချစ်ကြတယ်ဆိုရင် သံသယကင်းရှင်းကြပါစေလို့..

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။