မင်းကြီးများ “ဘုရား“ ဆိုပြီး ထူးတဲ့ ခေတ်မဟုတ်တော့ဘူး။ ကမ္ဘာဆန်ုခြင်း (ဂလိုဘယ်လိုင်ဇေးရှင်း) ဆိုတာ အရှိန်အဟုန် တစ်ခု ဖြစ်နေပြီ။
စက်မှုတော်လှန်ရေး ခေတ်မှာ မင်းကြီးများ “ဘုရား“ ဆိုတာတွေနဲ့ နေခဲ့ပြီး အင်္ဂလိပ် ရေတပ်ကို ဓါးနဲ့ ခံချဖို့ စဉ်းစားမှုဟာ သင်ခန်းစာ မဖြစ်သေးဘူးလား။ သူများတွေက လေယဉ်တွေ၊ စစ်သင်္ဘောတွေ၊ မီးရထားတွေ၊ ကားတွေနဲ့ သွားလာ ဆက်ဆံနေချိန်မှာ ကိုယ်တွေက လှည်းတောင် သပ်သပ်ရပ်ရပ် ဆောက်နိုင်ခဲ့တဲ့ သက်သေ မတွေ့ခဲ့ရဘူး။
ဒီနေ့ခေတ် ကမ္ဘာဆန်ုခြင်းထဲမှ ကမ္ဘာက လက်ခံတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ နည်းပညာ၊ အတွေးအခေါ်၊ နေထိုင် ဆက်ဆံပုံတွေ .. စတာတွေကို လိုက်မပြောင်းဘဲ နေတာဟာ ... အင်္ဂလိပ် ရေတပ်ကို ဓါးနဲ့ ခံချမယ့် အတွေးနဲ့ သိပ်မကွာလှဘူး။
ကမ္ဘာကြည့် ... ကြည့်မြင်နိုင်အောင် ... ကမ္ဘာမှာ သူများတွေထက် ရှေ့ကသာအောင် တွေးခေါ် လုပ်ပြနိုင်ရမယ်။ နောက်ကနေ ... မြန်မာကွ ... မြန်မာ့ယဉ်ကျေးမှုကွ ... ဆိုပြီး အယူသီးနေရင် ကိုယ်တိုင်ပဲ နစ်နာမယ်။ ကမ္ဘာ့ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဘာတွေ ဖြစ်နေသလဲ ... ဒါကို သိအောင် လုပ်ရမယ်။ လက်ခံနိုင်ရမယ်။ မြန်မာ့ယဉ်ကျေးမှုဟာ တိုးတက် ပြောင်းလဲမှု ရှိရမယ်။ (မှတ်ချက်။ .. ။ယဉ်ကျေးမှု ဖျက်ဆီးတယ် ဘာညာ လာမပြောနဲ့။ ကမ္ဘာ့ ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းဆိုတာ ပျက်ဆီးနေပြီး လူလက်မခံတဲ့ ယဉ်ကျေးမှုကို ဆိုလိုတာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုမယ်။)
ဒီလို အတွေးမျိုးမှ မရှိဘဲ ... ပုဂ္ဂိုလ်ရေးလောက်ကို နိုင်ငံရေး လက်နက်လို့ ခပ်တိမ်တိမ် မြင်နေသူတွေဟာ ... မြန်မာ့ ယဉ်ကျေးမှု ဆိုတဲ့ နာမည်အောက်မှာ ပုန်းပြီး .. သူများကို တိုက်ခိုက်တာဟာ အင်မတန် အောက်တန်းကျပြီး တိုင်းပြည်ကို ချောက်ထဲကနေ ထွက်မရအောင် လုပ်နေတဲ့ လုပ်ရပ်တွေလို့ပဲ သုံးသပ်ရတယ်။
(မှတ်ချက် ... ဒီစာကို မရေးချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို ဒီလို ကိစ္စတွေကို ဘယ်လို မြင်သလဲလို့ မေးလာတဲ့ လူငယ် တချို့အတွက် ပြန်ဖြေတာပါ။)
(ကိုထိုက်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။