Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 24, 2014

မြန်မာနိုင်ငံ ကက်သလစ်သာသနာ


မြန်မာနိုင်ငံ ကက်သလစ်သာသနာ

မြန်မာနိုင်ငံကို ကက်သလစ်သာသနာစတင်ဝင်ရောက်လာခြင်းသည် သာသနာပြုပုဂ္ဂိုလ်တွေအားဖြင့် မဟုတ်ပါ။ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်(မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ မှာ တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ ထိုနောက်ပိုင်း ကျန်စစ်သား ဥမင် အတွင်းဘက်နံရံ တစ်နေရာတွင် ခရူစူးအမှတ်အသားများနှင့် တန်ဆာဆင်ထားသော ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိ ရပါသည်။

သာသနာပြုများ မရောက်လာခင် ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ခရစ်သက္ကရာဇ် ၁၄၉၆ တွင် ပဲခူးကို ရောက်ရှိခဲ့သော အီတလီနိုင်ငံ ဂျင်နိုဝါ (Genoa) မြို့မှ Hieronimo ဆိုသော ကုန်သည်တစ်ဦး မှတ်တမ်းအရ ပဲခူးမြို့မှာနေစဉ် ကွယ်လွန်သွားသော သူ့ရဲ့ မိတ်ဆွေကို ဘုရားကျောင်းပျက် တစ်ခုထဲမှာ သင်္ဂြိုလ်ခဲ့ရတယ်လို့ ဆိုသည်။

အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က Good Hope အငူကို ရှာဖွေတွေ့ရှိသည့် နောက်ပိုင်းမှာ ဥရောပတိုက်သား ကုန်သည်ပွဲစားများ အတွက် အာရှတိုက်သို့ ကူးသန်းရောင်းဝယ်ဖို ရန် စီးပွားရေးလမ်းကြောင်း ပွင့်သွားပါသည်။ အာရှတိုက်ကို ရောက်လာသော ကုန်သည်များ၊
ကြေးစားစစ်သားများအတွက် ၀ိညာဉ်ရေး စောင့်ရှောက်မှု အထူး တာဝန် ယူရသော Chaplain ခေါ်ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာကြသည်။ သူတို့ အာရှတိုက်ကို လာသည်မှာ ဥရောပတိုက်သားများ ၀ိညာဉ်ရေး စောင့်ရှောက်မှုအတွက်ဖြစ်သည်

Malacca မှ Jesuit အသင်းဂိုဏ်း ဘုန်းတော်ကြီးများသည် ၁၆ ရာစု ကုန်ခါနီးတွင် ပဲခူးသို့ နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ လေးပါး၊ ၁၇ ရာစု အစပိုင်းမှာ အင်းဝကို နှစ်ပါးရောက်ရှိခဲ့ကြတယ်လို့ သိရသည်။

မြန်မာ့သမိုင်းတွင် သင်ရသော ငဇင်္ကာသည့်၊ ပ်ါတူကီနာမည် Philip di Britto လို့ခေါ်သည်။ သူ မြန်မာနိုင်ငံကို ရောက်မလာခင် ကတည်းက ပေါ်တူဂီ စစ်သားတွေဟာ ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံမှာ အမှုထမ်းခဲ့ကြသည်ဟု ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံးမြန်မာ ရာဇ၀င်နဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတိုတွင် ရေးထားသည်။ ငဇင်္ကာ ခေါ် ဒီဘရစ်တိုမှာ နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်းလာတဲ့အခါမှာ တောင်ငူဘုရင် ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြား နားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့သည်။

တောင်ငူဘုရင် နတ်သျှင်နောင်ကို ဖမ်းဆီး၊ သံလျင်ကိုခေါ်သွားပြီး နောက်ပိုင်း နတ်လျှင်နောင်သည် ပထမဆုံး ထင်ရှားသူ မြန်မာ ကက်သလစ်ခရစ်ယာန် ဖြစ်လာပါသည်။ မြန်မာ သက္ကရာဇ် ၉၇၅၊ (အေဒီ-၁၆၁၅) တွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းက သံလျင်ကိုစုံဆင်းပြီး ၀န်းရံ တိုကိခိုက် အောင်နိုင်ပြီး၊ နတ်သျှင်နောင်နဲ့ ဒီဘရစ်တိုကို ကွပ်မျက်ခဲ့သည်။ ပေါ်တူဂီ စစ်သုံ့ပန်း (၄၀၀၀) ကျော်ကို ဖမ်းဆီးပြီး ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြား တ၀ိုက်က ရွာများတွင် မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေကြောင်း၊ ၁၉၂၉ ခုနှစ် ထုတ် EG. Harvey ရဲ့ Outline of Burmes History ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံး မြန်မာရာဇ၀င်နဲ့ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလထုတ် The Voice Catholic magzine တို့မှာ တွေ့ရပါသည်။

နောက်ပိုင်း သာသနာပြန့်ပွားရေးဌာနချုပ်ကစေလွှတ်လိုက်သော အနောက်တိုင်း ဘုန်းတော်ကြီးများ သာသနာပြုလုပ်ငန်းများအား အင်းဝဘုရင် တနင်္ဂနွေမင်းကလည်း ကြည်ဖြူစွာ ခွင့်ပြုရုံမက ဘုရားကျောင်း ဆောက်ဖို့ပါ ဘဏ္ဍာတော်ထဲကနေ လှူဒါန်းခဲ့ပါသည်။ အေဒီ-၁၇၃၀ခုတွင် သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များရှားပါးမှုကြောင့် အခက်အခဲရှိလာပါတယ်။ ဘာနာဘိုက်ဘုန်းတော်ကြီးဂါလီဇီယားကို ဆရာတော် သိက္ခာ တင်ပေးပြီး မြန်မာပြည်သာသနာတော်မှာ လုပ်ဆောင်စရာ ရှိသမျှကို အသင်းဂိုဏ်းကြီးရဲ့ လက်ထဲ အပြည့် အ၀ အပ်နှင်းပေးလိုက်ပါတယ်။ အဲဒီကစပြီး ဘာနာဘိုက် ဘုန်းတော်ကြီးတွေ မြန်မာပြည်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပါတယ်။

ထူးထူးခြားခြား မှတ်တမ်းတင်လောက်တာကတော့ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ်တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ် နိုင်ခဲ့တာပါ။ ဆရာတော် Percoto ဆိုရင် ပိဋိကတ် (၃)ပုံထဲက တချို့ကို Italian လို ဘာသာပြန်ဆို နိုင်ခဲ့ပါတယ်။

စာပေတင်မက သာသနာအတွက် အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်း ဖြစ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ တွင် မြန်မာ တိုင်းရင်းသားမှ ပထမဦးဆုံး ရဟန်းတော် (၃)ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ သူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်က Fr. Ignatius di Britto တို့ဖြစ်သည်။ အသေးစိတ်အကြောင်းများကို Fr. A ကိုလေး (မုံလှ) ရေးသားပြုစုသော "အင်းဝရောက် ခြေရာများ" စာအုပ်တွင် ဖတ်ရှုနိုင် ပါသည်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရာတွင် မင်းတုန်းမင်းကြီးရဲ့ စေခိုင်း ချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့သည် မြန်မာသံတမန်ဖက်မှ ပါဝင် ကူညီခဲ့ရ ကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်တွင် သမိုင်း ဆရာ Vivian Ba က ဖော်ပြထားသည်။

တခြား သာသနာပြု အသင်းဂိုဏ်းတွေမှာ တောင်ကြီး၊ ကျိုင်းတုံဒေသကို Italy နိုင်ငံက PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြုအသင်းဂိုဏ်း၊ ကချင်ပြည်နယ်တွင် Ireland နိုင်ငံက St. Columban အသင်းဂိုဏ်း။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနဲ့ ချင်းတောင်ကို MEP အဖွဲ့စသဖြင့် တာဝန်ယူ ကြသည်။ လူမှုရေးအဖွဲ့များစွာလည်း ထူထောင်ခဲ့ကြသည်။

၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်နဲ့ မန္တလေးကို Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ် ကနေ Archdiocese (ခေါ်)ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ၁၉၉၈ မှာတောင်ကြီးက Archdiocese အဖြစ်တိုးမြှင့် သတ်မှတ်ခံရသည့် အတွက် လက်ရှိ မြန်မာနိုင်ငံတွင် ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနှင့် ဂိုဏ်းအုပ် သာသနာ (၁၃)ခု၊ စုစုပေါင်း (၁၆) ခုရှိနေပါသည်။
credit:ဆရာစောစံအောင်
photo: yangonarchdiocese.org
Muran Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။