Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 20, 2014

အောင်ဆန်းစုကြည် “နင် မမီ မှာ ငါ စိုးတယ်”


အောင်ဆန်းစုကြည် “နင် မမီ မှာ ငါ စိုးတယ်”

( ဆောင်းပါး - ငြိမ်းချမ်းအေး )

၂၀၁၅ နီးလာချိန် နှစ်ကုန်ပိုင်းလတွေမှာ စစ်လွှတ်တော် နိုင်ငံရေးယုံကြည်ကိုးစား ဝေဖန် သုံးသပ်နေကြသူများကြား အုတ်အော် သောင်းတင်းဖြစ်စရာ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့တယ်။ ပထမ သမ္မတက လစဉ်ဝါဒဖြန့်ချိရာ ရေဒီယိုမိန့်ခွန်းမှာ ၂၀၁၅ ရွေးကောက်ပွဲကို လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး တပ်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ယှဉ်တွဲဆိုခဲ့တယ်။ နောက် အောက်တိုဘာအကုန်မှာ နိုင်ငံရေး လုပ်စားလာတာ အံတိုနေပြီဖြစ်တဲ့ စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များဟာ အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာခရီးစဉ်နဲ့အတူ အချိန်ကိုက်တွေ့ဆုံ ဆွေးနွေးပွဲဆိုပြီး ဟိုဟိုဒီဒီ တိုင်းရင်းသားနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေခေါ်၊ ဟန်ပြ ထမင်းစားပွဲ လုပ်ပြခဲ့တယ်။

လွှတ်တော်တွင်းမှာလည်း ဖွဲ့စည်းပုံပြင်ရေးဂိတ်ပေါက် ပုဒ်မ ၄၃၆ ရော၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီး ၅၉ (စ) ရောကို မပြင်ဖို့ မဲတင်းထားတယ်။ အောက်တိုဘာ ၃၁ ပွဲအပြီးမှာ ခေါင်းဆောင်တွေ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်အတွင်းမှာ ပဲလုပ်ဖို့ သဘောတူညီခဲ့တယ်ဆိုပြီး ပြန်ကြား ရေးဝန်ကနေတဆင့် လော်ဘီလုပ်လမ်းကြောင်း လေသံပစ်တယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲက လက်နက်ကိုင်တပ် ဖွဲ့တွေနဲ့ ဆွေးနွေးပွဲ အရာ မရောက်ခဲ့သလိုပဲ နိုင်ငံရေးရလဒ် မထွက်၊ အနှစ်သာရလည်း မရှိပါ။ စစ်ခေါင်းဆောင်များဟာ ၂၀၁၅ အတွက်ရော၊ ၂၀၁၅ အလွန်အတွက်ရော သေချာပိုင်နိုင်တဲ့ ရေတို၊ ရေရှည် နည်းဗျူဟာတွေ အဆင်သင့် ပြင်ဆင်ပြီးသားပါ။ နိုင်ငံရေးက စားရာမှာ နှစ်ငါးဆယ်ကျော် အတွေ့အကြုံရှိ ခဲ့သူတွေပီပီ လာလတ္တံ့ ဝှက်ဖဲတွေအများကြီး လက်ကိုင်ရှိနေပါသေးတယ်။

လွှတ်တော်နိုင်ငံရေး လမ်းတလျှောက် ထုတ်သုံးပြီး ဖဲချပ်များလည်း အများအပြား ရှိခဲ့တယ်။ အစိုးရသစ်လက်ထက် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူထုရဲ့ဆန္ဒ ထုတ်ဖော်မှုတွေ ဒီရေမြင့်တက်လာချိန်၊ မြို့ ကြီးများအနှံ့ ဖယောင်းတိုင်လေးများ စုစည်း ညီညာတိုက်ပွဲ အင်အားကောင်းလာချိန်မှာ ဘာသာရေး လှုံ့ဆော်မှုတွေ၊ ပဋိပက္ခတွေ ဖန်တီး လမ်းလွှဲခဲ့တယ်။ အဲ့ဒီကစ အစွန်းရောက် အမျိုးသားရေး လမ်းကြောင်း လူပြိန်းအများကို တွေဝေယိမ်းယိုင် လမ်းလွဲကိုပို့ခဲ့တယ်။

နောက် အမျိုးသားရေး အားစိုက်လိုလား သူများကတဆင့် မျိုးစောင့်ဥပဒေနဲ့ အနားသတ် ဆေးထိုးခဲ့တယ်။ နောက်ဆုံး နောက်မြီးဆွဲ ကြားခံ အလံရှူးပါတီ တခုကတဆင့် အချိုးကျ ရွေးကောက်ပွဲစနစ်ကို တင်သွင်းခဲ့တယ်။ စစ်ဗိုလ်ဟောင်းများ ကြီးစိုးရာ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဘက်လိုက် မမျှတတဲ့ အမျိုးမျိုးသော ရွေးကောက်ပွဲ ဥပဒေတွေ၊ ပြောဆိုသတိပေးမှုတွေ မပြတ် လုပ်ပေးနေတယ်။

ဒီထဲမှာ ငြိမ်းချမ်းရေးပွဲစားများကတဆင့် လုပ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ် တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကလည်း တတပ်တအား ဝါဒဖြန့်ချိ မှိုင်းတိုက်ရာမှာ ပါဝင်ခဲ့တယ်။ ရလဒ်က ဘာလဲ။ ရှမ်း၊ ကချင်၊ ကရင်၊ မွန် ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ် လျက်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစိုးရ စစ်တပ်ရဲ့ လူပါးဝ ငါ့စကားနွားရ အမိန့် ထုတ်မှုတွေနဲ့ စေ့စပိညှိနှိုင်းမရ ဖြစ်လျက်၊ လူနည်းစုဝင်တွေ မျှော်လင့် ယုံကြည်ကိုးစားတဲ့ ပင်လုံစိတ်ဓာတ် ပင်လုံ ကတိကဝတ်တွေ ပျောက်လျက်၊ ဖက်ဒရယ်အိပ်မက် ပျက်ပြယ် လျက်ပါပဲ။

ဩဂုတ် ၂၆ ရက်ထုတ် စစ်တပ်အာဘော် မြ၀တီ နေ့စဉ်သတင်းစာ စာမျက်နှာ ၁၂ ပါ စစ်တပ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ရှမ်း ဝမ်ဟိုင်းအဖွဲ့၊ “၀” အဖွဲတွေနဲ့တွေ့စဉ် ဆိုခဲ့တဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ကြည့်ပါ။ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာရမယ်၊ စစ်တပ်ဟာ နိုင်ငံရေးမှာ ဖွဲ့စည်းပုံအလိုအရကို ပါနေရတယ်၊ ဒါဟာ ဒီမိုကရေစီ နည်းလမ်းကျတယ်၊ အကျိုးသင့် အကြောင်း သင့်ဖြစ်တယ်၊ မင်းတို့ လက်ခံရမယ်၊ မင်းတို့ လုပ်ရပ်တွေ အားလုံးဟာလည်း တည်ဆဲဥပဒေများနဲ့အညီ ဖြစ်ရမယ်၊ မလိုက်နာရင် အရေးယူမယ်၊ လက်နက်အင်အား လူသူနယ်မြေ တောင့်တင်းတိုးပွားအောင် မလုပ်နဲ့၊ နာကုန်မယ် စတဲ့ သဘောတွေပါ။

ဒါမျိုး တဖက်စောင်းနင်း ငါတကောကော ညှိနှိုင်းမှုမျိုးနဲ့ တိုင်းရင်းသား စည်းလုံးရေး၊ ငြိမ်းချမ်းရေး ဘယ်လိုရပါ့မလဲ။ စစ်တပ်ရဲ့ တင်းမာတဲ့ ဒီလိုသဘောကိုလည်း လက်ရှိ စစ်တပိုင်း အစိုးရနဲ့ လွှတ်တော်က ဘာများပြော နိုင်လို့လဲ၊ တသဘောတည်းပဲ မဟုတ်လား။

ဒီလို နောက်ခံမှာ စစ်ဖွဲ့စည်းပုံ အခြေတည်ခဲ့ရာ ညောင်နှစ်ပင်ညီလာခံ ဥက္ကဋ္ဌ၊ နအဖ စစ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း လက်ရှိသမ္မတဆိုသူက ပြည်တွင်းစစ် အကြောင်းပြ စစ်အုပ်စု ကျောထောက်နောက်ခံ လက်ရှိ အာဏာရပါတ်ီရဲ့ ရှိရင်းစွဲ အာဏာနဲ့ အကျိုးစီးပွားကို ဆက်လက် ဆုပ်ကိုင်လိုဟန်၊ ခြိမ်းခြောက်ဟန် မဟားတရား ပြောတာမျိုးတွေ၊ စစ်မှန်တဲ့ သဘောထားမပါတဲ့ တွေ့ဆုံဆွေး နွေးပွဲပြုလုပ်မှုမျိုးတွေ၊ လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုတွေ မဖြစ်ပေါ်အောင် ဒီမိုကရေစီ အင်အားစုကို ဟန်ပြ ချွေးသိပ်နေမှုမျိုးတွေ၊ စစ်ဗိုလ်အမတ်များ လွှတ်တော်မှာ အခွင့်အရေး ပိုတောင်းမှုတွေ စတဲ့ တိုက်ကွက်အစုံ စုံဟာ အထူးအဆန်း မဟုတ်ပါ။

ဒါဟာ ပြည်သူ့ ဆန္ဒသာ အဓိက အခရာကျတဲ့ ရွေးကောက်ပွဲ အခြေခံဒီမိုကရေစီ နိုင်ငံရေးကို အားကစားသမားကောင်းဟန် “Sportsmanship” စိတ်ဓာတ် အပြည့်နဲ့ လူကြီးလူကောင်း တယောက်လို တရားမျှတ ယှဉ်ပြိုင် အရှုံး၊ အနိုင် ရလဒ် ရဲရဲဝံ့ဝံ့ လက်ခံလိုစိတ် မရှိတဲ့ စစ်ခေါင်းဆောင်များရဲ့သမိုင်း နဲ့ချီခဲ့တဲ့ သရုပ်လည်း ဖြစ်တယ်။ ခေတ်အဆက်ဆက် လုပ်ပြခဲ့တဲ့ ဗြောင်လိမ် ဗြောင်စားလုပ်ဝံ့၊ နားလှည့်ပါးရိုက် ကလိမ်ကကျစ် ပြုလုပ်ဝံ့တဲ့ လောင်းကစားသမား “Gamesmanship” စိတ်ဓာတ်ကို ဆက်လက် ကိုင်ဆွဲနေခြင်းလည်း မည်တယ်။

ဒါ့အပြင် ဒီအလုပ်အားလုံးကို ခြုံကြည့် ရင် စစ်ခေါင်းဆောင်ပိုင်းတွေမှာ အပျော့ဂိုဏ်း အမာဂိုဏ်း မရှိ၊ သမ္မတအဖွဲ့ လွှတ်တော်အုပ် စုဆိုတာ မရှိ၊ စစ်အုပ်စု လူကြမ်းအဖွဲ့ “တခုတည်း” ရှိတယ်၊ အုပ်စု အကျိုးစီးပွား အာဏာ တည်မြဲရေးဟာ သူတို့အားလုံးရဲ့ ဘုံ ရည်မှန်းချက်ဖြစ်တယ် ဆိုတာကိုလည်း ထပ်မံ သက်သေပြုရာ ရောက်တယ်။ သမ္မတနဲ့ လွှတ်တော်သဘော၊ မူဝါဒ ကွဲဟန် စစ်လွှတ်တော် နိုင်ငံရေး ဇာတ်ပွဲကြီးတလျှောက် ကပြအသုံးတော် ခံပြခဲ့တယ်။ ဒီမိုကရေစီ ရွှေမင်းသမီး ဘယ်သူ့ယုံ၊ ဘယ်သူ့ပုံရမှန်း မသိအောင် လုပ်ပြခဲ့တယ်။ လူပြိန်းများ ဘယ်သူ့ အဖေခေါ်ရမှန်း မသိအောင် ဇာတ်ကွက်ချခဲ့တယ်။ တကယ်တော့ စစ်အုပ်စုဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲ စည်းလုံးမည်” ပါ။ ကွဲတာက ဒီမိုကရေစီ အင်အားစုတွေပါ။ လက်နက်ကိုင် တပ်တွေ၊ နိုင်ငံရေး အင်အားစုတွေ အတုံးအရုံး ကျဆုံးကုန်တယ်၊ သပ်လျှိုခံထိ ချည့်နဲ့ ခဲ့ရတယ်၊ ရည်မှန်းချက်ပန်းတိုင် ဝေဝါး ထွေပြားခဲ့ရတယ်။

ဒီချုပ်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစု ရဲ့ လှုပ်ရှားမှု ခြေလှမ်းတွေဟာ အခုထိ ဘာ မှ မည်မည်ရရ စနစ်တကျ ရှိတယ် မဆိုနိုင်သေးပါဘူး။ နိုင်ငံရေးကစားကွက်၊ တိုက်ကွက်တွေ ကိုယ့်ဘက်က ဦးဆောင် တိုက်ပွဲဆင်ရ မယ်မရှိဘူး။ စစ်အုပ်စုဘက်ကချည်း အမျိုးမျိုး အောက်လမ်း၊ အထက်လမ်း နည်းပေါင်းစုံ ထိုးစစ်ဆင်ခြင်း ခံနေရတယ်။ ဒါ့အပြင် တောင်ရှင်း၊ မြောက်ရှင်း မဟုတ်ကြောင်းတွေ လိုက်ရှင်း ကြေညာချက်တွေချည်းထုတ်ရင်း အချိန်တွေကုန်နေရတဲ့ အခြေအနေကလည်း မတက်သေးဘူး။ ၅၉(စ)လည်း အချိန်မီ မပြင်နိုင်သေးဘဲ စစ်လွှတ်တော်နိုင်ငံရေး ဆက်လျှောက်ချင်ရင် စစ်ဗိုလ်ဟောင်း တယောက်ကိုပဲ သမ္မတအဖြစ် ဒီချုပ်က အသိအမှတ်ပြု လက်ခံရမယ့် အနေအထားမျိုးကလည်း ငြင်းမရတဲ့ အနေအထား ဖြစ်နေတယ်။

ဒီ့အတွက် ဘယ်လို ပြင်ဆင်နေတယ်၊ ဘယ်ပုံကြံရွယ် စီစဉ်မယ်ဆိုတာလည်း လူထု ထောက်ခံမှု အပြည့်ရှိတဲ့ ဒီမိုကရေစီပါတီကြီး အနေနဲ့ ပြည်သူကို ချပြအသိပေး၊ သဘောထား တောင်းခံတာမျိုးလည်း မတွေ့ရသေး ဘူး။ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအဖြစ် အချိန် နှောင်းမှ ပြည်သူ့သဘောထား ကောက်ခံ နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်မှု “Action Plan” တွေ အခထိ လက်ဆုပ်လက်ကိုင် မတွေ့ရသေးပါဘူး။ မပြင်ရင် ဘာလုပ်မလဲဆိုတာ အတွက်လည်း မပြင်ဆင် ထားရသေးကြောင်း နောက်ဆုံး သတင်းစာ ရှင်းလင်ပွဲမှာ ဝန်ခံထားတယ်။

ပြည်သူတွေရဲ့ မေးခွန်းတွေ၊ မျှော်လင့်ချက် တွေအတွက်လည်း အဖြေတွေ သေချာ ဂဃနဏ စနစ်တကျ ပြင်ဆင်ထားမှုမျိုး၊ ပြည်သူကို ဦးဆောင်လမ်းညွှန် ချပြမှုမျိုး အားလုံး အားနည်းနေလျက်ပါပဲ။ အနည်းဆုံး ပါတီတွင်းမှာကို လူထုယုံကြည်ကိုးစားမှု ပေးနိုင်စွမ်းတဲ့ ဒုတိယခေါင်းဆောင်မှုနေရာများ မစီမံထား နိုင်သေးပါဘူး။

ဒီချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစု အနေနဲ့ စစ်အုပ်စုကို နားချလို့ရမယ်အထင်နဲ့ ပူးပေါင်းရေးတွေ လုပ်ခဲ့တယ်။ ယုံကြည်မှုတွေ တည်ဆောက်ရေးအတွက် မူဝါဒတွေကို လျှော့ချပေးခဲ့ရတယ်။ စစ်ဖွဲ့စည်းပုံကို သစ္စာစောင့်သိကာ ရွေးကောက်ပွဲလမ်းကြောင်း ကိုရွေးခဲ့ နောက်ဆုံး စစ်လွှတ်တော်ကို ရောက်ခဲ့တယ်။ တဖက်ကတော့ ကန်တော့ပါရဲ့ မရိုသေ့စကား သေးတောင် လှည့်မပေါက်ပါဘူး၊ မျက်စောင်း ပြန်မထိုးပါဘူး၊ ပြန်ခြင်း မခတ်ပါဘူး။

ဒါ့အပြင် သွေးတိုးစမ်း ကမ်းတက်ပုံက “ဟင်း ဟင်း ဘာမှတ်နေသလဲ ရွေးကောက်ပွဲ မလုပ်ဘဲ နေလိုက်မှာနော်” ဆိုတဲ့ အချိုးမျိုး အထိ ပြန်လည်ခြိမ်းခြောက် ရောင့်တက်လာ သေးတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လူထုပါတီဒီချုပ်နဲ့ လူထု နိုင်ငံရေး သမားများအဖြစ် ခံယူထားကြတဲ့ ၈၈ မျိုးဆက်အပါအဝင် ဒီမိုကရေစီအင်အားစုတွေ ဘယ်ပုံတုံ့ပြန်ကြမလဲ။ လွှတ်တော် နိုင်ငံရေးချည်းပဲ အလုပ်ဖြစ်ပါ့မလား။

ရွေးကောက်ပွဲ မလုပ်မှာတော့ တကယ်က ပူစရာမရှိပါ။ ရွေးကောက်ပွဲ အတု၊ စစ် လွှတ်တော် ဟန်ပြရွှေရည်စိမ် ဒီမိုကရေစီနည်းအားဖြင့် အမေရိကန်နဲ့ အနောက်အုပ်စု သဘောကျ “တရားဝင်တဲ့ စစ်အာဏာရှင်” စနစ် ထူထောင် စစ်အုပ်စုနဲ့ ခရိုနီတစု စီးပွားသောင်းကျန်း ထင်တိုင်းကြဲ လုပ်စားခွင့်ရနေတဲ့ လက်ရှိ အနေအထားဟာ အရင်ခေတ်လို စီးပွား အပိတ်ဆို့ခံ တရုတ်နဲ့ အိမ်နီးချင်းများရဲ့ အမဲဖျက်ခံ ဖြစ်နေတာထက် အများကြီး စားသာမှန်း စစ်အုပ်စု ကောင်းကောင်း သိနေပါပြီ။ ဆိုတော့ အသာစီးရအောင် စီမံထားတဲ့ ရွေး ကောက်ပွဲကတော့ မဖြစ်မနေ လုပ်မှာပါ။

ဒါပေမဲ့ ၂၀၁၅ အလွန်မှာ ပြည်သူ့ ဒီမို ကရေစီအောင်ပန်း အမှန်တကယ် ဆွတ်လှမ်းနိုင်ဖို့ရာ အတွက်တော့ ဒီချုပ် အပါအဝင် ဒီမိုကရေစီအင်အားစု အနေနဲ့ ပြည်သူ့ဘက်တော်သားမှန်ရင် လွှတ်တော် အတွင်း၊ ပြင်ပ စနစ်တကျ ပြင်ဆင် ဦးဆောင်တိုက်ပွဲဝင်မှု တွေပြုလုပ်ဖို့ မဖြစ်နေ လိုနေပါပြီ။

နိဂုံးချုပ်ရရင် တခါတုန်းက ဆရာကြီး တင်မိုး ၁၉၃၃-၂၀၀၇ ဟာ ဥရောပမှာ ရှေးဟောင်း ပစ္စည်းများကြား ရောင်းစားခံထိနေတဲ့ ဗုဒ္ဓဆင်းတုတော်ကို တိုင်တည် ကဗျာတပုဒ် စပ်ခဲ့ဖူးတယ်။ ကိုယ်တော် ဒီဘ၀ကမှ တော်ဦးမယ်၊ ဗမာပြည်မှာဆိုရင် မမှန်တာတွေ ပြော၊ မမှန်တာတွေ ဟောနေရလို့ ကိုယ်တော် ဗုဒ္ဓေါတပြီး ပြေးချင်မယ်၊ ဗုဒ္ဓကို ကြိုးတုပ် အချုပ်ထဲသွင်းရင် မခက်ပါလားဆိုပြီး “ဗုဒ္ဓ နှင့် တွေ့ဆုံခြင်း” ကို ဖွဲ့တယ်။

“..ဒီကောင်တွေ ဉာဏ်လည်းမရှိ

အမှန်လည်း မသိ

ကတိလည်း မတည်

အပလီ အမျိုးမျိုးနဲ့

အဝီစိအိုးကလည်း ပုပ်စော်နံ

နိုင်ငံကိုလည်း မလေးစား

ကလေးကလား စိတ်ဓာတ်နဲ့

သိပ်ပြီး ညစ်ပတ်ကြပါတယ် ... တဲ့။

ဒါကို မိတ်ဆွေကြီး ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅) က “အောင်ခြင်း ၉ ပါး” အမည်နဲ့ ပြန်စာဖွဲ့ခဲ့ဖူးတယ်။



... “အ”ပါပေ့ တင်မိုးရယ်

ကျောက်ဆင်းတု ကိုယ်တော်ကို

ဒီက အကျိုးအကြောင်း

ကုန်စင်အောင် လျှောက်ထားပြီးမှ

မပြန်လေနဲ့လို့

မင်း တားလို့ ရမတဲ့လား။

ရှင်တော်ဘုရားက

အယုတ်ဆုံး အရိုင်းဆုံးဆိုရင်

ချက်ချင်းတွေ့၊ ရအောင်ချွတ်

“အောင်ခြင်း ၉ ပါး” လာမယ်လေ

မင်း မမီမှာ ငါ စိုးတယ် ...

အခုလည်း စစ်တပိုင်း အစိုးရဟာ ကတိလည်းမတည်၊ ကလေးကလား စိတ်ဓာတ်၊ အပလီ အမျိုးမျိုးနဲ့ သိပ်ညစ်ပတ်တဲ့ စကားတွေပြော၊ အလုပ်တွေ လုပ်ပြနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီ ဘက်တော်သားများက ဘယ်နည်း ပြန်လည် တုံ့ပြန်၊ အယုတ်ဆုံး အရိုင်းဆုံးတွေ ကို ဒီမို ကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု တရား ရေအေး တိုက်ကျွေး ကျွတ်အောင်ချွတ်နိုင်မလဲ။ ဘယ်အချိန်မှလဲ။ ဒေါက်တာသန်းထွန်းသာ ရှိသေး ရင် “အောင်ဆန်းစုကြည် နင် မမီမှာ ငါ စိုးတယ်” လို့များ နောက်ထပ် ကဗျာ တပုဒ် ဖွဲ့လေမလား။ ဆရာ နှစ်ပါးလုံး တော့ “အောင်ခြင်း ၉ ပါး” မမီခဲ့ကြောင်း ပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မီစေချင် ကြောင်းပါခင်ဗျာ။

ငြိမ်းချမ်းအေး

၁၂ နိုဝင်ဘာ၊ ၂၀၁၄
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။