အာဏာကို ဗဟိုကချုပ်ကိုင်တဲ့ ထူးခြားဆန်းပြား မြန်မာ့ ဒီမိုကရေစီစနစ်ပေါ့..။
၄၃၆ ပြင်နိုင်ရေးက သမ္မတနှင့် ကာ/ချုပ်အပေါ် မူတည်ဟု သူရဦးရွှေမန်း ပြော
Written by စိုးသန်းလင်း
နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတွင် အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေး မှာ နိုင်ငံတော် သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပေါ်မူတည်နေသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို နိုဝင်ဘာ ၁၈ ရက် နေ့လည်က ပြည်သူ့လွှတ်တော် အဆောက်အဦအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - စိုးသန်းလင်း၊ မဇ္ဈိမ)
“၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို့ ပြောတယ်၊ ဒါက သူတို့ အပိုင်းပါ၊ မိမိတို့ သဘောကတော့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြင်ရာမှာ ၄၃၆ ကို အဓိကထား စဉ်းစားဖို့ လိုတဲ့အတွက် အောင်မြင်အောင် ကြိုးစားသွားမှာဖြစ်တယ်။ အောင်မြင်ဖို့ အတွက် ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရှိတယ်၊ နောက်ပြီး အစိုးရအဖွဲ့ ကို ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတ ရှိတယ်၊ သမ္မတအနေနဲ့  တကယ်တမ်းကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ သြဇာရှိသူဖြစ်တဲ့ အတွက် အောင်မြင်ရေးဟာ သူတို့အပေါ် မူတည်နေပါတယ်” ဟု သူက ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတတို့ ၏ နိုင်ငံနှင့် နိုင်ငံသားတို့ အပေါ်ထားရှိသည့် စေတနာပေါ်တွင် မူတည်နေသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် တပ်မတော်သားကိုယ်စားလှယ်များ သဘောတူ ထောက်ခံလာရေးအတွက် သမ္မတက ကာ/ချပ်နှင့်တွေ့ ဆုံညှိနှိုင်း လိုက်မည်ဆိုလျှင် အဆင်ပြေသွားမည်ဟု ပြောလိုပါသလားဟု ထပ်ဆင့်မေးသည့်အခါ “ ဒါပဲလေ- ဒါပဲလေ သူတို့  စေတနာပါရင် ပါတဲ့အလျောက် သူတို့ ခွင့်ပြုပေးရင် ပေးသလို ဖြစ်လာနိုင်ပါတယ်” ဟု လွှတ်တော်ဥက္ကဌက ဖြေကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေပါ အရေးကြီး ပုဒ်မများအတွက် အစည်းအဝေးတက်ရောက်သော လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ၇၅ ရာနှုန်းနှင့်အထက်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးနှင့် တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးက ထောက်ခံမှသာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။
ထို့ ကြောင့် ၄၃၆ ကိုပြင်ဆင်လိုသည်ဆိုသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ် အားလုံးတို့ ထောက်ခံလာရန် ပါတီတွင်း စည်းရုံးမှုလုပ်မည်လား၊ သို့မဟုတ် ပြည်ခိုင်ဖြိုးအမတ်အားလုံးက ၄၃၆ ပြင်ဆင်ရေးကို မလွဲမသွေ ထောက်ခံလိမ့်မည်ဟု ပြည်သူများက မျှော်လင့်နိုင်ပါသလားဟု မဇ္ဈိမက ထပ်ဆင့်မေးရာ “ပါတီဘက်က ၄၃၆ ပြင်ဆင်ရေးမှာ အပြည့်အ၀ မဲထည့်ပေးဖို့  ပြည်သူတွေ မျှော်လင့်ထားဖို့ လိုပါတယ်၊ ဖြစ်ခြင်း မဖြစ်ခြင်း (၄၃၆ ပြင်နိုင်ခြင်း မပြင်နိုင်ခြင်း)ကို ပြောရရင်တော့ ပါတီတွေက ထောက်ခံရုံနဲ့ တော့ မလုံလောက်ပါဘူး” ဟု သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။
၇၅ ရာနှုန်းနှင့် အထက် ထောက်ခံမှသာ အတည်ပြုနိုင်မည်ဖြစ်၍ တပ်မတော်သား ကိုယ်စားလှယ်တို့ ပါဝင်ထောက်ခံမှု လိုအပ်သည်ကို သူက ရည်ရွယ်ပြောဆိုလိုက်ခြင်းဖြ စ်သည်။
၄၃၆ ပြင်နိုင်ရေးက သမ္မတနှင့် ကာ/ချုပ်အပေါ် မူတည်ဟု သူရဦးရွှေမန်း ပြော
Written by စိုးသန်းလင်း
နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတွင် အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေး မှာ နိုင်ငံတော် သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပေါ်မူတည်နေသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို နိုဝင်ဘာ ၁၈ ရက် နေ့လည်က ပြည်သူ့လွှတ်တော် အဆောက်အဦအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - စိုးသန်းလင်း၊ မဇ္ဈိမ)
“၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို့ ပြောတယ်၊ ဒါက သူတို့ အပိုင်းပါ၊ မိမိတို့ သဘောကတော့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြင်ရာမှာ ၄၃၆ ကို အဓိကထား စဉ်းစားဖို့ လိုတဲ့အတွက် အောင်မြင်အောင် ကြိုးစားသွားမှာဖြစ်တယ်။ အောင်မြင်ဖို့ အတွက် ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို
ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတတို့ ၏ နိုင်ငံနှင့် နိုင်ငံသားတို့ အပေါ်ထားရှိသည့် စေတနာပေါ်တွင် မူတည်နေသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် တပ်မတော်သားကိုယ်စားလှယ်မျာ
၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေပါ အရေးကြီး ပုဒ်မများအတွက် အစည်းအဝေးတက်ရောက်သော လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ၇၅ ရာနှုန်းနှင့်အထက်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးနှင့် တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးက ထောက်ခံမှသာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။
ထို့ ကြောင့် ၄၃၆ ကိုပြင်ဆင်လိုသည်ဆိုသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ် အားလုံးတို့ ထောက်ခံလာရန် ပါတီတွင်း စည်းရုံးမှုလုပ်မည်လား၊ သို့မဟုတ် ပြည်ခိုင်ဖြိုးအမတ်အားလုံးက
၇၅ ရာနှုန်းနှင့် အထက် ထောက်ခံမှသာ အတည်ပြုနိုင်မည်ဖြစ်၍ တပ်မတော်သား ကိုယ်စားလှယ်တို့ ပါဝင်ထောက်ခံမှု လိုအပ်သည်ကို သူက ရည်ရွယ်ပြောဆိုလိုက်ခြင်းဖြ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။