Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 18, 2016

"တရုပ်ဆည် အလွဲများ"

----- "တရုပ်ဆည် အလွဲများ" -----
APRIL 18, 2016
WINMYOTHU
ဇီပင်ပူးဆည်ဟာ တရုပ်ပြည် မင်မြစ်ပေါ်မှာ ၂၀၀၁ လောက် က
စဆောက်ပါတယ်။
ငလျင် ကြောနဲ့တမိုင်သာ ကွာတဲ့ အနေအထားမှာ ရှိလို့
တရုပ်ငလျင်စောင့်ကြည့်လေ့လာရေး ဗျူရိုက သတိ ပေးပါသေး တယ်။

၂၀၀၇၊ ၂၀၀၈ မှ ဆည်ဆောက်ပြီးလို့ရေလဲဖြည့်ရော
ဆည်အောက်ပိုင်း ငါးကီလိုအကွာမှာ
ဗဟိုပြုပြီး ၇.၉ အင်အားရှိတဲ့ Wenchuan ဝင်န်ချောင်းငလျင်
၂၀၀၈ ခု မြန်မာပြည်နာဂစ် ဖြစ်တဲ့ အချိန်နဲ့ သိပ်မကွာဘဲ
မေလထဲမှာ လှုပ်ပါရောလား၊

စီချွမ်ပြည်နယ်မှာ လူပေါင်း ရှစ်သောင်းလောက် သေကြေပျက်ဆီးခဲ့ပါတယ်။
ငလျင်ကြီးတွေ လှုပ်ပြီး နောက်ဆက် တွဲငလျင် တွေထပ်လှုပ်လေ့ရှိတာမို့
ငလျင်တိုင်းတာရေးစခန်းတွေက
နောက်ထပ် ငလျင် ၅၀လောက် အဲ့ဒီငလျင်ကြော တလျောက်မှာ
ထပ်လှုပ်တာ တိုင်းတာမိခဲ့ကြပါတယ်။

ငါးနှစ်လောက်ကြာတဲ့အခါ အထွတ်အထိပ် ကိုရောက်လာပြီး
၂၀၁၃ ဧပြီ၂၀ ရက်မှာ ပြင်းအား ခုနှစ်ရှိတဲ့ Ya’an ငလျင် ဟာ
အဲ့ဒီငလျင်ကြောမှာဘဲထပ်လှုပ်လို့ လူတွေသေကြေ ပျက်ဆီးခဲ့ရ ပါသေးတယ်။

အထပ်ငါးဆယ်တိုက် လောက်ရှိမဲ့ ဆည်ကြီးထဲက
ရေထုဟာ မြင့်လာလိုက်နိမ့် လာလိုက် လှုပ်ရှားနေတာ မို့
သူ့ရဲ့ရေအလေးချိန်ဟာ ငလျင်ကြောမှာရှိတဲ့ ပြတ်ရွေ့ကျောက် တွေ
အပေါ်နှဲ့နေသလို ဖိအားတွေဖြစ်စေပြီး
အဆုံးမတော့ အောက်ခံကျောက်တွေ ကျိုးပျက်ရွေ့လျားတာကနေ
ငလျင်တွေ ဖြစ် ပေါ်စေခဲ့တာပါ။
(မြန်မာပြည်က မြစ်ဆုံက သူထက်ပိုမြင့်တယ်နော်)

ဆည်တွေဟာ ရေလွှမ်းမိုးမှု နဲ့ မိုးခေါင်ရေရှားမှုကို
အကာအကွယ်ပေး ဘို့ ဆောက်ရတယ်ဆိုပြီး ကြော်ငြာထိုး လေ့ရှိပါတယ်။

ဒီကြော်ငြာကရော မှန်ရဲ့လား၊
အတိုင်းအတာ တခုအထိတော့မှန်ပါလိမ့်မယ်။
ပုံမှန်မိုးလေဝသ အခြေအနေမှာ
ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုသလိုပေါ့၊

မိုးတွင်းတရှိန်ထိုး စီးဆင်းလာတဲ့ရေတွေကို
ဆည်ထဲမှာ သိမ်းဆည်းထားပြီး နောက်မှ တဖြည်းဖြည်းပြန်လွှတ်ပေးလို့
ဆည်အောက်ပိုင်း၊ မြစ်အောက် ခြေဒေသ တွေ ရေကြီး နိုင်မှုကို
အကာအကွယ်ပေးနိုင်ပါတယ်။

ရွာချတဲ့ မိုးရေက ဆည်ဆောက်စဉ်ကာလက
မျှော်မှန်းတွက်ချက်ထားတာ ထက်ပိုမယ်၊
ဆည်ထဲမှာ လဲ အထက်ရေဝေရေလဲက
သစ်တောတွေ ပြုန်းတီးမှုမြန်လို့ မြေပြိုတိုက်စား
စီးဆင်းမှုတွေများလားပြီး နှုန်းတွေ
အနယ်ထိုင်မှုက များလာမယ် ဆိုရင်တော့
ဆည်ရဲ့ ရေထိန်းထားနိုင်မှု ဟာ အကန့်အသတ်ဖြစ်လာပြီး
ဆည်ဟာပြိုကျမဲ့ အရေး၊ တွက်ပြီး ရေဖောက်ချ၊ လွှတ်ချရလိမ့်မယ်။

တစ်ချိန်ထဲ ရေပိုလွှဲက လဲ တရှိန်ထိုးစီးဆင်းနေမှာမို့ ရေနှစ်ရေဆုံပြီး
ဆည်အောက်ဒေသတွေ ရေကြီးရေလျှံမှုတွေ ကြုံတွေ့ရမယ်။
ဆည်နဲ့ရေပိုရေလွှဲ ဒီဇိုင်းအနေအထား အပြင် ဆောက်လုပ်ထားတဲ့
အရည်အသွေးအပေါ်မူတည်ပြီး ဆည်အောက်ပိုင်း
ရေလွှမ်းမိုးမှု ခံရချက် ပြင်းထန်မှုဟာ ကွာပါလိမ့်မယ်။

ယေဘူယျအားဖြင့် ဆည်မရှိရင် မြစ်အောက်ပိုင်း ဒေသတွေ
ရေကြီးရေလျှံမှုဒဏ်ခံရမှုဟာ
တတန်လေးတဲ့ ပြိုင်ကား မိုင်နှစ်ရာလောက်
တရှိန်ထိုးမောင်းလာတာကို တိုက်ခံရတာနဲ့တူပြီး၊

ဆည် ရှိရက်နဲ့ ရေမထိန်းနိုင်လို့ရေကြီးရင်တော့
တန်ချိန် ၆၀လောက်ရှိတဲ့ ကုန်တင်ကား မိုင်၅၀လောက်နဲ့ တိုက်ခံရတဲ့
သဘောနဲ့တူပါလိမ့်မယ်။

ပြိုင်ကားတိုက်တာနဲ့ ကုန်တင်ကားတိုက်တာ
ဘယ်ဟာပိုနာမယ်ထင်ပါသလဲ။

ရူပဗေဒ အခြေခံသင်ဘူးလို့ အဟုန်ရဲ့သဘောကိုနားလည်ရင်တော့
ဒီအမေးရဲ့ အဖြေသဘောကို နားလည်နိုင်ပါလိမ့်မယ်။

သိသာနိုင်တဲ့နောက်တချက်ကလဲ ပြိုင်ကားက
သူ့လမ်းကြောင်းအတိုင်းသူလာပြီးမှ တိုက်မှာ၊
ကုန်တင်ကားက တော့ ပတ်လချာလည်ပြီး
လမ်းပေါ်ကော လမ်းဘေးကော အကုန် ဗြဲလရမ်းတိုက်စားသွားမှာပါ။

ထင်ရှားတဲ့ ဥပမာကတော့ မနှစ်က
မုန်းချောင်းဆည် နဲ့ ကြီးအုံကြီးဝ ဆည်နှစ်ခုကြား ဗျာများခဲ့တဲ့
စေတုတ္တရာနယ်က အဖြစ်အပျက်ပါဘဲ။

ဆည်တွေဟာ မိုးတွင်းမှာဆည်ထဲ ရေစုပြီး
ဆည်အောက်ပိုင်း ရေလျော့လွှတ် တဲ့အတွက်
မြစ်ချောင်း အောက်ခြေ ဒေသတွေမှာ
ရေစီးကြောင်းဟာပုံမှန်အတိုင်း မဟုတ်တော့ပါဘူး၊

ယခင်ရေတက်ခဲ့သလောက် မြစ်ရေ၊ချောင်းရေဟာ
တက်မလာတတ်ပါဘူး၊
ရေလွှမ်းလွင်ပြင်တွေဟာလဲ အရင်လို ရေမရောက်တော့ပါဘူး၊
နီးစပ်တဲ့ဥပမာပေးရရင်တော့
ဧရာဝတီမြစ်တကြော ရေစီးရေလျော့သွားလို့
မန္တလေးတောင်သမန်အင်းရေ မလျှံတော့ ဘူးပေါ့၊
အောက်ပိုင်းတံတားဦး တောင်သူတွေရေမျှော်ပေမဲ့ရေနဲ့ဝေးပြီပေါ့၊
စိန်တလုံးသရက်ခြံတွေ ရေငတ်ပြီပေါ့၊
ချင်းတွင်းမြစ် ဆိုရင်လဲ ချောင်းဦး၊အမြင့်
ရေလွှမ်းရမဲ့အချိန်ရေမရောက်တော့တာပေါ့။
ရလဒ်က တော့ အဲ့ဒီ့ဒေသက
ရေတွင်း၊ရေကန်တွေ ခန်း၊ မြေအောက်ရေတွေလျော့ပါးတဲ့ ဒဏ်ကို
ခံစားရမှာပါ။

ဒီနှစ်လို အပူပြင်းထန်ခဲ့ရင် ပူပြင်းခြောက်သွေ့မှုဟာပြောဖွယ်ရာ မရှိတော့ပါ။ မန္တလေး နားမှာ ဧရာဝတီထဲ စီးဝင်တဲ့ ဒုတ္ထဝတီ၊မြစ်ငယ်မြစ်ဟာလဲ
အထက်မှာ ရဲရွာရေအားလျှပ်စစ်ဆည်တည်ဆောက်ထားတာမို့
နွေရာသီ ဆည်အောက်ပိုင်း ရေလွှတ်မှုလျော့ချလိုက်တဲ့ အခါ
အင်းဝ၊တံတားဦး ဒေသတွေ ပူပြင်းခြောက် သွေ့တော့ တာပါဘဲ။

ကံအားလျော်စွာနဲ့ ကချင်မြောက်ပိုင်းဒေသဟာ
ဟိမဝန္တာအရှေ့မြောက်ရာသီအငွေ့အသက်ရလို့ မိုးတွေရွာတာရယ်၊
ခါခါဘိုရာဇီရေခဲတောင်တွေ အရည်ပျော်တဲ့ အချိန်အခါနဲ့
တိုက်ဆိုင်တာကြောင့် ဧရာဝတီ နွေရာသီကြီး မြစ်ရေတိုးတဲ့ အတွက်
ခံသာသွားပါတယ်။

စဉ်းစားသာကြည့်ကြပေတော့ မြစ်ဆုံမှာသာ ဆည်ကြီးခံနေလို့ကတော့
မန္တလေးဒေသရေရောက်နိုင်ပါ့မလား၊
မန္တလေး ဂေါဝိန်ဆိပ်တလျောက်မှာ
အာရှဖွံ့ဖြိုး ရေးဘဏ် ချေး ငွေနဲ့ မြေအောက်ရေတွင်းတွေတူးပြီး
မြို့ရေပေးရေး လုပ်နေတာပါ။

အကြွေး တောင်မကြေသေး ဘူး ရေတွင်းတွေရေထွက်အားလျော့သွားပြီ။
ဧရာဝတီမြစ်ရေက ဒီမြေအောင်ရေတွင်းတွေကို ဖြည့်ဆီးပေးရာ
အရင်းအမြစ်တခုဖြစ်လို့ ဆည်တွေကြောင့်ရေစီးရေလာပြောင်းလဲမှု ဖြစ်မယ်ဆိုရင် သူတို့ရဲ့ကံကြမ္မာကို စဉ်းစားလို့ရပါတယ်။

ဆည်တွေဟာ မိုးလွန်ပြီး၊ ခြောက်သွေ့ကာလအချိန်မှာ
ရေကို လွှတ်တဲ့အခါ အောက်ခြေက နောက်ပြဿနာ တမျိုးကြုံတွေ့ရပါတယ်။
မိုးအကုန် ဆောင်းဝင်လို့ မြစ်ရေကျသွားတဲ့အခါ
ပေါ်လာတဲ့ကိုင်း မြေတွေမှာ စိုက်မယ်ပျိုး မယ်လုပ်ခြင်ပေမဲ့
ပုံမှန်ကာလထက်ကို ပိုမို မြစ်ရေကများနေတဲ့အတွက်
စိုက်ရေး၊ပျိုးရေး ခက်ရပြန်ပါတယ်။

ဆည်တွေနွေရာသီရေလွှတ်လို့ ရေရတယ်လို့ပြောနိုင်ပေမဲ့
တောင်သမန်ထဲဝင် လောက်အောင်လဲ ရေကရမှာ မဟုတ်လို့
အမရပူရသမားတွေ အတွက်ထူးခြားမှာ မဟုတ်ပါ။

ရာသီဥတု ပြင်းထန်တဲ့နှစ်တွေမှာ ဆို ဆည်တွေကိုယ်တိုင်က
လျှပ်စစ်ဓာတ်အားထုတ်ဘို့ ရေကို စိုးရိမ်ပြီး မလွှတ်တော့ရင်
မြစ်အောက်ခြေနေထိုင်သူတွေ
အရူးမလင် လုပ်နေရသလိုပါဘဲ။

အောင်လံ၊ မြေထဲ ဗွက်ကြီးချောင်း ဆည်အဆောက် ကောင်းတာ၊
ဆည်ရေသောက်ဧရိယာတွေလဲ ဆည်ရေမပေးနိုင်၊
ချောင်းအောက်ပိုင်း ယခင် မြေနုကျွန်းပေါ်
စိုက်ပျိုးရေးကောင်းတဲ့ရွာတွေရေငတ်ပြီး စီးပွားပျက်တော့တာပါဘဲ။

ဆည်စီမံကိန်းချမှတ်သူ များဟာ ဆည်ကောင်းကျိုးကိုမျှော်ပြီ
ရေကြီးရေလျှံမှုကိုကာကွယ်မယ် ဒေသ စိမ်းလန်း စိုပြေရေးကို
အထောက်အကူပြုမယ် ဆိုသော်ငြားလည်း၊
ဆည်ကို တကယ်စီမံခန့်ခွဲတဲ့သူများဟာ
မထင်မှတ်ထားတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်၊
မိုးလေဝသဖောက်ပြန်မှုတွေ တွေ့ရတဲ့အခါ
အထက်မှာ ဆိုခဲ့သလို အခက်အခဲ စိန်ခေါ်မှုတွေကို တွေ့ရတော့တာဘဲ။

တရုပ်ပြည်ရဲ့ အထူးထင်ရှားတဲ့ ကမ္ဘာမှာ အကြီးဆုံး
လျိုသုံးမြောင်ဆည်ကြီးဟာ ၂၀၁၀မှာ မိုးသည်းထန်မှုအောက်မှာ
စိုးရိမ်ရေမှတ်ထက် ၁၂မီတာထက်ကျော်ပြီး
ဆည်ရေမြင့်တက်လာတဲ့အခါ ဆည်စီမံခန့်ခွဲသူတွေက
floodgates ရေတံခါးတွေ အစွမ်းကုန်ဖွင့်ပြီး
ရေတွေလွှတ်ချရ တော့တာပါဘဲ။

ဆည်မကျိုးပေါက်ခဲ့ပေမဲ့ ဆည်အောက်ပိုင်းမှာ
လူတစ်ထောင်ကျော်သေဆုံး ခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့်
ပျက်ဆီးဆုံးရှုံးမှုစုစုပေါင်းဟာ
၂၆ ဘီလျံဒေါ်လာရှိတယ်လို့ပြောတဲ့အတွက် ဆည် ဆောက်တဲ့
ကုန်ကျစရိတ်နဲ့ အတူတူလောက်ရှိသွားတယ်။

ဆည်မရှိရင် ပိုပြီးဆုံးရှုံးမှာလားဆိုတာကတော့
ပြိုင်ကားနဲ့ ကုန်တင်ကားတိုက်တဲ့ ဥပမာလိုပါဘဲ။

ပုံမှန်နှစ်တွေမှာဆိုရင်တော့ လျိုသုံးမြောင်ဆည်ဆောက်ထားတဲ့
ယန်စီမြစ်အောက်ပိုင်းဒေသ ဟူနန် Hunan မှာရှိတဲ့
Dongting ဒွန်တင်းကန်၊
Jiangxi ရှမ်ဇီ မှာရှိတဲ့ Poyang ပိုယန် ကန်တွေဟာ
ရေမရတော့ဘဲ တဖြေးဖြေးရေခန်းခြောက်
ကန်ဧရိယာ ကျဉ်းမြောင်းလာပါတယ်။

ကန်သေးတော်တော်များများဟာလဲ
လုံးဝတိမ်ကော ပျောက်ကွယ်သွားပါတယ်။

၂၀၁၁ ဧပြီလ ပူပြင်း ခြောက် သွေ့တဲ့အခါ
ယန်စီမြစ်အောက်ပိုင်း မြစ်ရေဟာ အလွန်အမင်းနိမ့် ဆင်းကျသွားပြီး
လှေ၊သဘောင်္ ထောင်ပေါင်း များစွာ
ကမ်းတင်ကုန်တော့တာပါဘဲ။

လျှပ်စစ်မီးရရှိမှုဟာလဲကျဆင်းပြီး
အပြောနဲ့ အလုပ်မကိုက် တော့ပါဘူး။
ရှေ့လျောက်ရာသီဥတုက
ဒီထက်ဆိုးဘို့ဘဲရှိတာမို့ အခြေအနေဘယ်လိုရှိမလဲဆိုတာ
စဉ်းစားကြည့်နိုင်ပါတယ်။

နောက်ထပ်ဆည်ပြဿနာ တလွဲတွေ
ဥပမာပေးရရင်တော့
၁၉၇၅ခုနှစ်က ပြိုကျပျက်ဆီးသွားတဲ့
လူ ၂၆၀၀၀ သေဆုံးတဲ့ ဟူဝေး Huai က ၁၁၈ မီတာအမြင့်ရှိတဲ့
Banqiao ဘန်ကျူး ဆည်ပါဘဲ။

ဒီဆည်ကို ၁၉၅၁ ခုနှစ်တုံးက ရုရှားအကူအညီနဲ့ဆောက်ခဲ့ပြီ
ဆည်ကို နှစ်တစ်ထောင်မှာတခါသာကြုံနိုင်မဲ့
မိုးသည်းထန်မှု (တစ်နေ့မိုးအများဆုံး ရွာသွန်းနိုင်မှု ၃၀၀ မီလီမီတာ)
အခြေအနေအတွက် မှန်းဆတွက်ချက်ပြီး တည်ဆောက်ခဲ့ တာပါ။
အဲ့ဒီဒေသမှာ တိုင်ဖုန်းမုန်တိုင်းနင်နာ သြဂုတ်လမှာ တိုက်တဲ့အခါ
တနေကုန်ရွာချတဲ့မိုးရေချိန်ဟာ ၁၀၆၀ မီလီမီတာ (၄၂ လက္မနီးပါး) ရောက်သွားပါတယ်။

ဆည်လည်းဘယ်လိုမှ မဟန်သာဘဲ ကျိုးပေါက်သွားတော့ တာပေါ့။
တစ်စက္ကန့်ကို ကုဗမီတာ ၇၈၈၀၀ နှုန်းနဲ့ ကျိုးပေါက်လာတဲ့
ဆည်ရေတွေဟာ ငါးနာရီခွဲအတွင်းမှာ ရေကုဗမီတာ ၁.၆၇ ဘီလျံခန့်
တဟုန်ထိုးစီးဆင်းသွားပါတယ်။
ရေအနက် ၉ ပေကနေ ၂၃ ပေ ရှိတဲ့ ရေလွှမ်းလွင်ပြင်
စတုရန်းမိုင်၄၆၀၀ ကို ဖြစ်ပေါ်စေပါတယ်။
Banqiao ဆည်ကျိုးပေါက်တဲ့အခါမှာ သူရဲ့ အောက်မှာ ဆောက်ထားတဲ့
အခြားဆည်တွေကို လည်း ရေလွှမ်းရာလမ်းကြောင်းပြောင်းအောင်
လေယာဉ်ကကို ဗုံးကြဲပြီး တမင်တကာဖျက်ဆီးပစ်ရပါတယ်။

ဒါဟာလဲ မြစ်ဆုံဆည်လို မြစ်တခုထဲမှာ ဆည်တွေ
အထက်အောက် တန်းစီပြီး ဆောက်ထားတဲ့
ဆည်တွေရဲ့ ဒိုမီနိုအကျိုးဆက် အန္တရာယ်ကို ညွှန်းပြနေတာဖြစ်ပါတယ်။

ဒီဆည်ကျိုးမှုက ဘာသင်ခန်းစာရသလဲဆိုရင်
ဆည်ဆောက်စဉ်ကာလ မှာ မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ
အချက်အလက်တွေ အပြည့်အစုံရယူလေ့လာစူးစမ်းသုံးသပ်နိုင်မှု
မပြုလုပ်နိုင်ခြင်း၊
ဆောက်လုပ်ရေး အရည်အသွေးညံဖျင်းခြင်း၊
ဆည်ရေကြီးတဲ့အခါမှာ ဆက်သွယ်ရေးပြတ်တောက်သွားပြီ
အထက်က ဆည်ရေလွှတ်ဖို့စေခိုင်းပေနေမဲ့
ဆည်အောက်ပိုင်းရေတိုးနေလို့
(စေတ္တုတရာမြို့နယ် ကြီးအုံကြီးဝဆည် ရေကြီးရေပြန်တိုး၍
မုန်းချောင်းဆည် ရေလွှတ်သည့်အခါ အခက်အခဲဖြစ်နေခြင်းမျိုး)
မလွှတ်မိရာကအစ ဆည်ကြံခိုင်မှု ချို့ယွင်းပြီး ပျိုကျပျက်ဆီးခြင်း
အစရှိတာတွေကို တွေ့နိုင်ပါတယ်။

ဒီဆောင်းပါးဟာ ဆည်မကောင်းကြောင်း ဝါဒဖြန့်တာမဟုတ်ပါ။
ဆည်တည်ဆောက်ခြင်းဟာ တိုင်းနိုင်ငံတွေ ဖွင့်ဖြိုးတိုးတက်မှုနဲ့
ဆက်စပ်ပါလာတဲ့ လူသားတွေရဲ့ နည်းပညာစွမ်းဆောင်နိုင်မှု
မှတ်တိုင်သမိုင်းပါ။

ရာသီဥတု ပြောင်းလဲခြင်းက လဲ ဆက်ရှိနေမှာမို့ ရေကို
စုဆောင်းသိမ်းဆည်းခြင်း အလုပ်ကို
တစ်မျိုးမဟုတ်တမျိုး ကြံဆ စီမံခန့်ခွဲနေရဦးမှာ ဖြစ်လို့ ဆည်ဆောက်လုပ်ခြင်းဟာ မရှိမဖြစ်အရေးပါတဲ့ ကဏ္ဍတရပ် အဖြစ်နေနဲ့ဆက်ရှိနေမှာပါ။

ဒီဆောင်းပါးက အဓိက ထောက်ပြခြင်တာက
ဆည်ဒီဇိုင်းထုတ်သူများ ဟာ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့
ဖောက်ပြန်တတ်တဲ့ မိုးလေဝသ အချက်အလက်တွေကို
ပိုမိုထည့်သွင်းစဉ်းစား လာဘို့လိုတယ်၊
ပြီးကတတ်ဆန်းမလုပ်ဘို့ပါဘဲ။
မြေငလျင်ပညာရှင်တွေက ထောက်ပြနေတာတွေကို မျက်ကွယ်ပြုတာတွေ၊
ဆည်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုးကျိုး Environmental Impact Assessment (EIA) လေ့လာဆန်းစစ်တဲ့နေရာမှာလည်း
လဘ်ပေးလပ်ယူရှိတာတွေ၊
ကိန်းဂဏန်းအချက်အလက်တွေကို ဆည်ဆောက်ခြင်သူများအကြိုက်
မယုတ်မလွန် အလိုကျ အကောက်အယူလုပ်တာတွေ၊ ရှောင်ရပါမယ်။

လက်ရှိ ဥပဒေတွေကလဲ ဆည်တခုခြင်းတည်ဆည်တဲ့ အပေါ်မှာသာ
ဆန်းစစ်တာမျိုး ဖြစ်ပြီး ဆည်အတွဲလိုက်
အထက်၊အောက်အတန်းလိုက် အစုအဖွဲ့ ဆောက်လုပ်ခြင်း နဲ့
ပါတ်သက်ပြီး Cumulative Impact Assessment
ထပ်ဆင့်ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု ဆန်းစစ်မှုလုပ်ဖို့အတွက်
အထောက်အပံ ဖြစ်မနေတတ်ပါဘူး၊

ဆည်ဆောက်ပြီးတဲ့အခါ ဆည်စီမံခန့်ခွဲရေးဟာ အသက်ပါ။
ဆည်စီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှုမရှိခြင်း
တာဝန်ယူ၊ တာဝန်ခံတတ်မှုမရှိခြင်း၊
သက်ဆိုင်သူအားလုံးဆည်စီမံခန့်ခွဲမှုတွင်
ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခွင့် ကို ခွင့်မပြုခြင်း၊

ဆည်ဆောက်စဉ်မှာသာ ပိုက်ဆံသုံးသလောက် ဆည်ထိန်းသိမ်းမှုတွင်
ကပ်စီးနဲခြင်း အလွဲသုံးစားများခြင်း အစရှိသဖြင့်
အလွဲများစွာရှိတတ်ပါတယ်။

တနည်းအားဖြင့် ဆိုလျင် Water Governance ရေအရင်းအမြစ်ကို
မြင်သာထင်သာစွာဖြင့် အားလုံးပူးပေါင်းပါဝင်စီမံခန့်ခွဲမှု
ကောင်းမွန်အောင် မဆောင်ရွက်နိုင် ခြင်းတို့က
ဘယ်လောက်ပင်နည်းပညာကောင်းကောင်း
ဆည်ကို တလွဲစီမံခန့်ခွဲခြင်းဖြင့် မူလရည်မှန်းချက်လဲ မမြောက်၊
သဘာဝပတ်ဝန်းကျင်လဲ အဖတ်ဆည်မရအောင်
ပျက်စီးခြင်းနဲ့အဆုံးသတ်ရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော်လည်း Water Governance ကို ချက်ခြင်း၊
နတ်ရေကန်ထဲချလိုက်သလို တဟုန်ထိုး တိုးတက်ပြောင်းလဲသွားအောင်
စွမ်းဆောင်နိုင်မည် မထင်ပါ။

အချိန်ယူရန်လို အပ်သောကြောင့် ဖြစ်သည်။
အဖက်ဖက် က လိုအပ်ချက်များရှိနေသည့်အချိန်
Water Governance ကလဲအားနဲ နေစဉ်ကာလတွင်
အင်မတန် risk ဆုံးရှုံးနိုင်မှုများသော
ဆည်များတည်ဆောက်စီမံ ခန့်ခွဲမှုကို ပြုမည်ဆိုပါက
အောင်မြင်နိုင်မှု အခွင့်အလန်းနဲပါလိမ်မယ်၊

သူ့အိုးနှင့်သူဆန်တန်ယုံ ဟုရှေးရိုးစကား ရှိသည့်အတိုင်း
မိမိအခြေအနေနှင့် ကိုက်ညီသော နည်းပညာ၊စီမံခန့်ခွဲမှု တို့ဖြင့်သာ
ရေသယံဇာတ ကို စီမံခန့်ခွဲသင့်ပေသည်။

အတိတ်ကာလ ဆည်များ၏အလွဲကို သိရှိခြင်းအားဖြင့်
ဆထက်တံဘိုး တိုးကာ ကောင်းမွန်သော ဆည်မြောင်းတာတမံများကို
အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ကြ ပါစေကြောင်း
ဆန္ဒပြုအပ်ပါသည်။

မှီငြမ်း။ ။ (၁) Charlton Lewis (2013), China’s Great Dam Boom: A Major Assault on Its River, Yale Environment 360, On Line Magazine, www.e360.yale.edu (၂) Banquiao Dam, Wikipedia, en.m.wikipedia.org
ဝင်းမျိုးသူ၊ ၁၇ ဧပြီ ၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။