Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 25, 2016

တစ်ကျော့ပြန် ထွန်းထွန်းနှင့်တွေ့ဆုံခြင်း

ဓာတ်ပုံ-ကျော်ဇင်သန်း
လွန်ခဲ့သည့်လေးနှစ်ခန့်က ဖြန့်ချိခဲ့သည့် အဆိုတော် ထွန်းထွန်း၏ ‘စူပါစတား’တစ်ကိုယ်တော်စီးရီးဒီဗီဒီကို ယခုလကုန်ပိုင်း၌ စတင် ဖြန့်ချိတော့မည်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် အနုပညာလှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြန်လည် လုပ်ကိုင်လာသည့် ထွန်းထွန်းကို ‘စူပါစတား’ဒီဗီဒီအကြောင်းအပါအဝင် ၎င်း၏ အနုပညာလှုပ်ရှားမှုများနှင့် ပရိသတ်များ စိတ်ဝင် စားခဲ့သည့် ၎င်း၏ အချစ်ရေးတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

‘စူပါစတား’ဒီဗီဒီမှာ ဘယ်လိုအ ပြောင်းအလဲတွေ လုပ်ထားလဲ။
ဒီအခွေကို ၂၀၁၂ တုန်းက ထုတ်ခဲ့တာ။ အခု ၂၀၁၆ ထဲ ရောက်သွားပြီဆိုတော့ လေးနှစ် ကြာသွားပြီပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကမှစပြီး ဒီဗီဒီ ကို အင်တိုက်အားတိုက်ရိုက်ခဲ့ တယ်။ အခုထွက်နိုင်ပါပြီ။ ရင် လည်းခုန်ပါတယ်။ အော်ဒီယို ထွက်တုန်းက ၁၄ ပုဒ်ပါတယ်။ ဒီဗီဒီမှာ ၁၄ ပုဒ်က လေးပုဒ်ဖြုတ် ပြီး ဆယ်ပုဒ်ပါတယ်။ နောက်ပြီး Bonus Track အနေနဲ့ တစ်ပုဒ် ထပ်တိုးထားတော့ ၁၁ ပုဒ်ပါမယ်။ Bonus Track သီချင်းနာမည် က ‘အဝေးထွက်မသွားနဲ့’။ နီနီခင် ဇော်နဲ့ဆိုထားတာပါ။ စုံတွဲနှစ် ယောက်ဖြစ်ပျက်တဲ့ အချစ်အ ကြောင်းလေးပါပဲ။
လေးနှစ်လောက်အချိန်ကွာသွား တာဆိုတော့ သီချင်းပုံစံတွေကို ပြောင်းလဲထားတာရှိလား။ ရိုက် ကူးရေးပိုင်းကိုကော ဘယ်လိုပုံ ဖော်ရိုက်ကူးထားသလဲ။
သီချင်းကတော့ ဒီတီးလုံးနဲ့ Mixing ပါပဲ။ အများကြီးပြောင်း လဲထားတာ တစ်ခုမှမရှိပါဘူး။ ဘာဖြစ်လို့ မပြောင်းလဲတာလဲဆို တော့ ဒီအခွေက အော်ဒီယိုထွက် တုန်းကလည်း ပရိသတ်ကြားထဲ ကို သေချာမရောက်လိုက်ပါဘူး။ ဒီအခွေက အခုမှ နားထောင်တဲ့ သူတွေအတွက်လည်း အသစ် တစ်ခုဖြစ်နေမှာပါ။ ရိုက်ကူးရေး ပိုင်းကတော့ ဒါရိုက်တာတွေ လို ချင်တဲ့ပုံစံကိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားပေးတယ်။ အဓိကကတော့ သူတို့အမြင်တွေ ကိုပဲ ဦးစားပေးထားပါတယ်။
အခုနောက်ပိုင်း ဇာတ်ကားတွေ လည်း ဆက်တိုက်ပြန်ရိုက်နေတာ ဆိုတော့ လတ်တလောမှာ ဘာ ဇာတ်ကားတွေရိုက်ကူးနေလဲ။
လောလောဆယ် ရိုက်ကူး ရေးကတော့ ‘ရွှေမိုးငွေမိုးသွန်းဖြိုး လို့ရွာ’ဆိုတဲ့ ဇာတ်လမ်းတွဲကို ဒါရိုက်တာဩရသနဲ့အတူ ကျွန် တော်ရယ်၊ ရဲလေးရယ်၊ ညီထွဋ် ခေါင်ရယ်၊ ဂျိုကာရယ်၊ နန်းမြတ် ဖြိုးသင်းရယ်၊ တခြားဇာတ်ပို့ သရုပ်ဆောင်ပေါင်းများစွာနဲ့ ရိုက်ကူးနေပါတယ်။ မေမြို့မှာပါ။ ကျွန်တော်က ရွှေမိုးဆိုတဲ့ ကာရိုက်တာ နေရာက သရုပ်ဆောင်ထားတာပါ။ ဘဝတိုးတက်ဖို့အတွက် ကြိုး စားနေတယ်။ ရုန်းကန်နေတယ်။ လွဲချော်မှုတွေရှိတယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘူး။ ထပ်ပြီးကြိုးစား တယ်။ အဲဒီလို လူငယ်ဆန်တဲ့ ကာရိုက်တာပါပဲ။
ရုပ်ရှင်တွေရိုက်တာလည်း စိပ် လာတာဆိုတော့ သရုပ်ဆောင်ရ မယ့် ဇာတ်ရုပ်တွေကို ဘယ်လို ရွေးချယ်ဖြစ်သလဲ။
အဓိကကတော့ အလုပ်ပြန် လုပ်တဲ့အချိန်ကနေ အခုအချိန်ထိ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ဇာတ် ရုပ်တွေ လာကမ်းလှမ်းတဲ့အချိန် မှာ ဇာတ်ညွှန်းဖတ်ပါတယ်။ တကယ်အရမ်းလိုက်ဖက်တဲ့ ဇာတ်ရုပ်တွေဆို လက်ခံပါတယ်။ ကိုယ့်ဘက်က လုပ်နိုင်တဲ့ဟာတွေ ပေါ့။ တချို့ဟာတွေဆိုရင် ဇာတ် လမ်းတွေ အရမ်းကောင်းတယ်။ ဒါပေမဲ့ ကိုယ်မလုပ်နိုင်ဘူးလို့ ယုံ ကြည်တဲ့အချိန်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့။ အဓိကက ကိုယ့်စိတ် ကိုယ်အသိဆုံး။ ကိုယ်မလုပ်နိုင်ဘူး၊ ကိုယ်အဲဒီ Level ကိုမရောက် သေးဘူးလို့ ခံစားရရင် ငြင်းရတာတွေရှိပါတယ်။ အထွေအထူး တော့ မရှိပါဘူး။
အနုပညာအလုပ်တွေကို နှစ်နဲ့ချီ နားထားပြီးမှ ပြန်လုပ်တဲ့ အချိန် မှာ ဘယ်လိုအပြောင်းအလဲတွေရှိ သလဲ။
အပြောင်းအလဲတွေက တော့ အများကြီးပဲ။ ဥပမာ ပြေး လမ်းတစ်ခုမှာ လူတွေက ပြေးနေ ကြတယ်။ ကျွန်တော်က ဘေးမှာ ထွက်ထိုင်နေတယ်။ အဲဒီမှာ ကျွန် တော်နဲ့အတူတူ ပြေးနေတဲ့သူတွေ က ဟိုးအရှေ့ကို ရောက်သွားပြီ။ အဲဒါကို ပြန်မီအောင်ပြေးဖို့ဆိုရင် ကိုယ့်ဘက်က သက်လုံလုံနေရ မယ်။ အများကြီးပါပဲ။ အနုပညာ ဝမ်းစာတွေပြန်ဖြည့်ထားရတယ်။ တချို့လူတွေဆို ကျွန်တော်နဲ့ တောင်မသိဘူး။ ဟိုးရှေ့ကို ရောက်နေပြီ။ ဆိုလိုချင်တာက အရာအားလုံးကို ပိုပြီးအားစိုက်ရ တာပေါ့။
မေလထဲမှာ ရုံတင်တော့မယ့် ‘အုတ်ကြားမြက်ပေါက်’မှာလည်း ပါဝင်သရုပ်ဆောင်ထားတာဆို တော့ အဲဒီဇာတ်ကားလေးနဲ့ပတ် သက်ပြီး ပြောပြပေးပါဦး။
‘အုတ်ကြားမြက်ပေါက်’က တော့ ကျွန်တော်အပါအဝင် ထုတ်လုပ်ရေးတိုက်ကလည်း အများ ကြီးမျှော်လင့်ထားမယ့်ကားဖြစ်ပါ တယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းပါတယ်။ ကာရိုက်တာ တွေ၊ သရုပ်ဆောင်တွေ ရွေးချယ် တာကလည်း ကွက်တိပါပဲ။ အဲဒီ ကားလေးကတော့ ရွှေစင်ဦးထုတ် လုပ်ရေးရဲ့ မှတ်တိုင်ဖြစ်မယ့်ကား လေးလို့ ယုံကြည်ပါတယ်။ ကျွန် တော့်ဇာတ်ကောင်ကတော့ ဖိုး သိကြားဆိုတဲ့ ဇာတ်ကောင်နေရာ ကပါ။ သူက Broken Family (အိမ်ထောင်ကွဲမိသားစု)ကလာ တယ်။ အဆင်မပြေတာတွေများ တော့ လောကကြီးကို ဘောင်ခတ်ပြီးကြည့်တာတောင် အမှားတွေနဲ့ ဘောင်ခတ်ပြီးကြည့်တဲ့၊ လမ်းလွဲရောက်နေတဲ့ ချာတိတ်တစ် ယောက်ပါ။
အရင်က ရုံတင်တဲ့ကားတွေမှာဆို အစ်ကိုက ဟာသပုံစံတွေများ တော့ ဒီဇာတ်ကားက အစ်ကို့အ တွက် ပုံစံတစ်မျိုးတွေ့ရမယ့်ကား လို့ ပြောလို့ရမလား။
ရတာပေါ့ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ဒရာမာပညာပေး ကားလေးလည်းဖြစ်တယ်။ ရိုးမန့် တွေလည်းပါတယ်၊ Comedy လေးပါတယ်ဆိုတော့ ဒီကားလေး က ရသမျိုးစုံခံစားရမယ်။ ပရိ သတ်ကြည့်တဲ့အခါမှာ ထိုက်တန် မှုရှိမယ်လို့ ယုံကြည်ထားပါ တယ်။
အခုဆိုရင် အိမ်ထောင်ပြုရမယ့် အသက်အရွယ်ကိုရောက်နေပြီ ဆိုတော့ အစ်ကို့ရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးအကြောင်းလေး ကို ပြောပြပေးပါဦး။
ဟုတ်ပါတယ်။ အိမ်ထောင် ပြုရမယ့် အသက်အရွယ်ကို တောင် ကျော်နေပါပြီ။ လော လောဆယ်တော့ အိမ်ထောင်ပြု ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အ ဆင်သင့်မဖြစ်သေးပါဘူး။ မိသား စုကိုလည်း ဒီထက်ပိုပြီး တည် ဆောက်ပေးချင်တာ၊ ပေးဆပ် ချင်တာတွေရှိနေသေးတယ်။ အိမ်ထောင်ပြုပြီးရင်လည်း ပေးဆပ်လို့ရပေမယ့် အပြည့်အဝမပေးဆပ် နိုင်ဘူးလို့ ခံယူထားတဲ့အတွက် အိမ်ထောင်ရေးကတော့ အလှမ်းဝေးနေဦးမှာပါ။ အချစ်ရေးက တော့ ကျွန်တော်လည်း သာမန်လူထဲက လူတစ်ယောက်ဖြစ်တဲ့ အတွက် အချစ်ရေးက လူတွေကြုံ တွေ့သလို ချစ်ကြိုက်ကွဲညား အများကြီးဆုံဖူးပါတယ်။ အဆင်မပြေတာရော၊ ပြေတာရောပေါ့။ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲရတာတွေလည်း အများကြီးရှိပါတယ်။ အခု လောလောဆယ်တော့ တစ်ယောက်တည်း အေးဆေးပဲ။
အစ်ကို့ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင် လေးပြောပေးပါဦး။
ပရိသတ်ကြီးအားလုံး ကျန်း မာရွှင်လန်းပါစေ။ ကျွန်တော်အ လုပ်ကို တကယ်လူကြီးဆန်ဆန်နဲ့ လုပ်တဲ့အချိန်မှာလည်း အားပေး ကြပါလို့။
ကျေးဇူးတင်ပါတယ်။
 7daydaily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။