Htet Wa Na added 14 new photos — with Myat Bhone Set and 49 others.
အချမ်းသာဆုံးမင်းသား (သို့ ) လူဆိုးတယောက်
မှသူရဲကောင်းတယောက်ဖြစ်လာဖို့နောက်ကွယ်
ကသမိုင်းများ
………………………………………………………………………
.
. #Part_2
……………………
.
. တရက် Khanဟာသူ့အမေနဲ့ရုပ်ရှင်ရုံကအ
ပြန်သူတို့နေတဲ့မြို့ ရဲ့ဂျေဟာ လို့ခေါ်တဲ့ဟောပြော
ပွဲဝင်းတခုမှာဆန္ဒပြလူအုပ်နဲ့ရဲတချို့ရုန်းရင်းဆန်
ဆန်ဖြစ်နေတာနဲ့ကြုံခဲ့တယ်။ ပြသနာကဘာသာ
ရေးအစွန်းရောက်တွေဒေလီမှာကားဗုံးခွဲမူနဲ့ပတ်
သတ်ပီးဟန္ဒူဘာသာဝင်တွေကအစိုးရရဲ့ပေါ့
လျော့မူအတွက်မကျေမနပ်ဆန္ဒပြနေတဲ့မြင်ကွင်း။
မိခင်ဖြစ်သူက ဆန္ဒပြပွဲကိုရှောင်ပီးတခြားလမ်းက
နေပြန်ဖို့ Khanလက်ကိုဆွဲပီးထွက်လာခဲ့တယ်။
" အမေ ဘာလို့ ပြသနာဖြစ်ကြတာလဲဟင်"
" သားငယ်ပါသေးတယ် ဒါတွေကိုနားလည်ဖို့မ
လိုသေးဘူး"
" ဒါဆိုသားက ဘယ်တော့နားလည်မှာလဲဟင်"
"သားကိုအမေပေးထားတဲ့စာအုပ်တွေအကုန်
ဖတ်ပီးတဲ့တနေ့ သားနားလည်လာလိမ့်မယ်"
"ဒါဆိုပြသနာက အမေ့စာအုပ်ထဲမှာပါလို့လား"
"အမ် အဲ့လိုပဲထားလိုက်ပါသားရယ်"
"ဘာသာတရားတိုင်းမှာ
အလျားအနံ အကျယ်အဝန်း
မရှိဘူး ဘာသာတရားတိုင်းက
မွန်မြတ်တယ်"
Khan
မိခင်ငိုပီးနောက်ပိုင်း Khanဟာ စာကြိုးစား
ခဲ့တယ်။ စာတော်တဲ့ကျောင်းသားမဟုတ်ပေမယ့်
မညံ့တဲ့ကောင်းသားတယောက်ဖြစ်ခဲ့တယ်။
အစ္စလာမ်ဖြစ်ပေမယ့် ဟင်ဒီစာတွေမှာအမှတ်
ပြည့်ရခဲ့သလို ဟန္ဒူဘာသာဖက်ကသူငယ်ချင်း
တွေနဲ့လဲခင်မင်ခဲ့တယ်။ ဒါပေမယ့်Khanဟာ
မှတ်ဥာဏ်ကောင်းတဲ့သူတယောက်တော့မဟုတ်
ခဲ့ဘူး။ ဂဏာန်းတွေမှတ်ရတာတွက်ရတာမှာအ
မြဲလိုလိုမေ့တတ်ပီး အခုချိန်ထိသူ့မိန်းမph no
တောင်တခါတလေအလွတ်မရသလို သူ့ မှတ်ပုံ
တင်နံပတ်ကိုလဲအလွတ်မရသူပေါ့။ ၉နှစ်သား
မှာ Khanဟာပြဇာတ်တွေကိုစိတ်ဝင်စားခဲ့ပီး
Radio ကလာတဲ့သီချင်းနဲ့ကရတာကိုလဲကြိုက်
နှစ်သက်ခဲ့ပါတယ်။ အနေအေးပီးအမြဲပြူံးနေ
တတ်တဲ့ Khanဖခင်ဟာ Khanကိုလူတယောက်
လိုတွေးတောတတ်အောင် ဘဝကိုရုန်းကန်တတ်
အောင်ပထမဆုံးလမ်းပြပေးခဲ့သူပါ။
"အဖေ သာ ကျတော်၁၅နှစ်သားအထိမရှိခဲ့ရင်
ကျတော်လဲ ရှာရွတ်ခန်း ဆိုပီးဖြစ်မလာလောက်
ပါဘူး "
Khan
Khan အသက် ၁၂နှစ်သားမှာသူ့ဘဝရဲ့ပထမ
ဆုံးရင်ခုန်မူလို့ပြောရမယ့် သူကိုစတွေ့ခဲ့ပါတယ်။
သူကတော့ Khanထက်၎နှစ်ကြီးတဲ့အထက်
တန်းကျောင်းသူကြီးပေါ့။ Misha ဆိုတဲ့Khan
ရဲ့ Crushကြီးက Khanတို့နေတဲ့အိမ်ရဲ့ရှေ့မျက်
စောင်းထိုးကပေါ့။ Mishaကျောင်းပြန်လာချိန်ဆို
Khan ကဝရံတာကနေငန်းလေ့ရှိတယ်။တရက်
ကျောင်းကဟို၎ကောင်မြှောက်ပေးလို့ Misha
ကျောင်းကပြန်လာချိန်ကိုစောင့်ပီး စာပေးတယ်။
အဲ့စာကိုရေးပေးသူက သူ့ဘော်တာMannd။
စာထဲဘာရေးထားမှန်းမသိပဲပေးလိုက်တယ်။ပြ
သနာက Khan စာကိုဖတ်ပီး ဟက်ဟက်ပက်
ပက်ရယ်ရင်း "နင်လိုကောင်က ငါ့ကိုကြိုက်ရ
အောင် နင့်ကိုယ်နင်ပြန်ကြည့်ပါဦး" တဲ့ Khan
အမြဲရယ်မော စနောက်တတ်တဲ့Mishaကိုဒီတခါ
တော့Khan ကြောင်သွားတယ်။ အိမ်ရောက်
တော့ အဖေ့ကိုမေးတယ် " အဖေ နင်လိုကောင်
ဆိုတာဘာလဲ ဟင် " " နင်လိုကောင်ဆိုတာ
သားဟာ သူများနဲ့မတူဘူးလို့ပြောတာ "
Khan အဖေဟာ ပြသနာတခုဖြစ်တိုင်းအပြုံးနဲ့
အမြဲဖြေရှင်းတတ်တဲ့သူပါ။ Khanကိုလဲပြသနာ
တခုဖြစ်တိုင်း ဆုံးမလေ့ရှိတယ်။
"ပြသနာဆိုတာ ဖြေရှင်းရတဲ့အရာသား
ဘယ်လိုဖြေရှင်းမလဲ ပေါ်မူတည်ပြီး
အဆင်ပြေသွားတတ်တယ်။
အေး မဖြေရှင်းရင်တော့ ပြသနာက
စိတ်ညစ်စရာကောင်းလာလိမ့်မယ်။
ဒါကြောင့် ပြသနာဖြစ်တိုင်း ပျော်ပျော်ပဲ
ဖြေရှင်းသား "
Khan ရဲ့ဖခင်ဟာ Khanအတွက်လမ်းပြကြယ်
idol တယောက်ဆိုမမှားပါဘူး။ Khanရုပ်ရှင်
လောကကိုစတင်စိတ်ဝင်စားလာချိန်အလယ်
တန်းကျောင်းသားဘဝမှာထဲကKhanလမ်းမှန်
လျှောက်ဖို့ အတွေးအခေါ်များစွာကိုသင်ပေးခဲ့သူ
ပါ။ တရက် ထုံးစံအတိုင်းကျောင်းပြေးပီးအမီတာ
ဘဂျမ်းရဲ့ရုပ်ရှင်ကားကိုကျောင်းပြေးပီးသွားကြည့်
ပီးအပြန် ဖြစ်ချင်တော့ရုပ်ရှင်ကားတကားရဲ့
ကလေးသရုပ်ဆောင်ရွေးပွဲနဲ့တိုးခဲ့တယ်။ဘယ်
ပြောကောင်းမလဲဝင်ပြိုင်ခဲ့တာပေါ့။ဒါပေမယ့်
အကဲဖြတ်ဒိုင်တွေက "မင်းဘယ်လိုအားကိုးနဲ့
ယုံကြည်ပီးလာပြိုင်လဲငါစဉ်းစားလို့ကိုမရဘူး
ကွာ " ဆိုပီးအပယ်ခံရတယ်။ အိမ်လဲရောက်ရော
စိတ်ဓာတ်ကျမူများစွာနဲ့အခန်းထဲအောင်းငိုပါလေ
ရော။ ဒါကိုအဖေဖြစ်သူကရ်တ်မိပီးမေးတော့
Khan ကရင်ဖွင့်လိုက်တယ်။
Taj ဟာ LLB MA Art.GA ဘွဲ့တွေရထား
တဲ့ပညာတတ် ။ ရုပ်ရှင်ဇာတ်ညွှန်းတချို့ကိုရေး
သားခဲ့သူ။ ပြဇာတ်စာရေးဆရာ။အိန္ဒိယနိုင်ငံ
ဒီမိုကရေစီတိုက်ပွဲမှာ ဝင်ဆန္ဒပြခဲ့တဲ့ MA
ကျောင်းသားခေါင်းဆောင် ။ နိုင်ငံရေးပုဒ်မနဲ့
ထောင်ကျပီးပြန်ထွက်လာချိန်မှာ Khanမိခင်နဲ့
လက်ထပ်ခဲ့သူ။ သူ့ဘဝကိုဇာတ်မြူပ်ထားခဲ့ပီး
ကုန်ကားလိုက်မောင်းခဲ့သူ။ Khanဟာသူ့အဖေ
ရဲ့ဘဝမှန်ကိုသိသွားခဲ့ချိန်မှာတော့ အံ့အားသင့်
ခဲ့တယ်။ Taj ဟာ Khanကိုဘယ်လောက်ချစ်သ
လဲဆို Khanစာဖတ်နေချိန်ဘေးနားကနေအိပ်
ချင်ယောင်ဆောင်ပီးစောင့်ပေးခဲ့တယ်။ နောင်
တချိန်မှာ ရှာရွတ်ခန်း ဆိုပီးဖြစ်လာဖို့ပထမဆုံး
ဆရာဟာ Taj ဖြစ်ခဲ့တယ်။ Khanဟာသူ့အဖေ
ဆီက ပညာတွေ အသိဥာဏ်တွေ ဟာသအမြင်
တွေ လူတွေရဲ့မျက်နှာအမူအရာဖတ်နည်းတွေ
စာပေရဲ့တန်ဖိုးကြီးမားမူတွေကို များစွာရခဲ့ပါတယ်
Taj ဟာ နိုင်ငံရေးလောကထဲမှာအထင်ကရဖြစ်
ခဲ့သူတယောက်ဖြစ်သလို ဘွဲ့ရပညာတတ်လူ
အေးတယောက်လဲဖြစ်ပါတယ်။ ဆန္ဒပြမူကြောင့်
ထောင်ကျခဲ့ပီးထောင်ကအထွက်ဒီမိုကရေစီလမ်း
ကြောင်းထဲဝင်ပီးရွေးကောက်ပွဲအထိပြိုင်ခဲ့သူပါ။
နောက်မှရွေးကောက်ပွဲရှုံးပီးသူ့ဘဝကိုဇာတ်မြှုပ်
နေခဲ့ရင်းကKhanအမေနဲ့တွေ့ပီးလက်ထပ်ခဲ့ပါ
တယ်။ကောလိပ်ကျောင်းသားဘဝငွေကြေးအ
ခက်ခဲ့ကြောင့် အမျိုးသမီးကောလိပ်မှာခိုးတက်ခဲ့
သလို အဆောင်နေဖို့စရိတ်ကိုလဲကျရာအလုပ်
လုပ်ရင်းနေခဲ့သူပါ။ ရှေ့နေဘွဲရပညာတတ်တ
ယောက်ဖြစ်ပေမယ့် သာမာန်အလုပ်လေးတွေ
ပဲလုပ်ရင်းပျော်ပျော်နေခဲ့တယိ။မရှိမဲ့ရှိမယ့်
share တွေဆုံးခဲ့ရချိန်မှာတော့ Khanတို့မိသား
စုဟာ အဖိုးဖြစ်သူနောက်လိုက်ခဲ့ပါတယ်။စားပွဲ
ထိုးလုပ်တယ် ကုန်ကားမောင်တယ် စသဖြင့်
လုပ်ခဲ့ရပီး Khan ကိုသားကောင်းတယောက်
ဖြစ်စေခဲ့တဲ့ အဖေပါ။
"အဖေ Abdal Khan ကိုရွေးကောင်ပွဲမှာရှုံးဖူး
ခဲ့တယ်။ ဒါပေမယ့်အဖေပျော်ခဲ့တယ်။ အဖေဒီပွဲ
ကိုပြိုင်ဖို့ ဒေလီနဲ့ မိုင်၁၅၀ဝေးတဲ့မြို့ကနေတ
ယောက်ထဲလာခဲ့တယ်။ အဖေပျော်တယ်။အရည်
အချင်းရှိတဲ့လူနဲ့ပြိုင်ခွင့်ရခဲ့သလို အဖေအတတ်
နိုင်ဆုံးကြိုးစားခွင့်ရခဲ့လို ။ အေးကိုယ်ကဘာမှမ
ပေးဆပ်ပဲလောကကြီးကိုပြိုင်မယ်ဆိုရင်တော့
ဝမ်းနည်းကြမှာအမှန်ပဲ။ ဒါကြောင့်သားဘယ်
တော့မှကိုယ့်ကိုယ်ကိုမကျေနပ်ပဲ လောကကြီး
ထဲကဘယ်ပြိုင်ပွဲမှမပြိုင်နဲ့ မင်းနိုင်လဲခဏပဲ။
လောကကြီးထဲမှာ ကိုယ်ရှုံးရင်တောင်ပျော်နိုင်
တဲ့လူတယောက်ဖြစ်အောင်ကြိုးစားသား "
အဲ့ဒိစကားက နောက်တချိန်Khanကိုကမ္ဘာ
ကျော်မင်းသားတယောက်ဖြစ်လာဖို့အတွက်
ပထမဆုံးသင်ခန်းစာတခုဖြစ်ခဲ့တယ်။ဆုတွေရဲ့
ဘုရင်လို့ Bollywood မှာသတ်မှတ်ကြတဲ့Khan
ဟာ တခါမှ "ကျတော်ဒီဆုကိုရမယ်ထင်ပါတယ်"
လို့မပြောခဲ့သလို ဆုမရရင်လဲတခါမှအပြုံးမပျက်
ခဲ့မကျေမနပ်မဖြစ်ခဲ့ဘူး။
"လောကကြီးမှာ ရသင့်ရဲ့သားနဲ့
မရခဲ့တာဆိုတာမရှိဘူး
ကိုယ့်ဖက်ကအစစ်မှန်ဆုံးပေးဆပ်ခဲ့ရင်
ဘာမဆိုရတယ်။ တခါတလေကျတော့
ပရိတ်သတ်တွေ ထင်ကြေးပေးပီးမှမရခဲ့တဲ့
ဆုတွေ နှစ်တွေရှိတယ်။ဒါပေမယ့်တခါမှ
မရလို့ စိတ်ဓာတ်မကျဖူးဘူး။ ကျတော်က
သရုပ်ဆောင်သမားပါ ဆုတွေရဖို့လိုက်စု
နေတဲ့မင်းသားမဟုတ်ဘူး။ ကျတော်လုပ်တဲ့
အလုပ်အတွက် ကျတော်ကျေနပ်ရင်ရပီ။
အကယ်ဒမီတရက်အတွက် ကျတော်ရည်
ရွယ်ပီး သရုပ်ဆောင်မလုပ်ဘူး။ ကျတော်က
သရုပ်ဆောင် သရုပ်ဆောင်နေရရင်ရပီ။"
Khan
Khan ဟာသရုပ်ဆောင်လောကထဲဝင်ခဲ့
ချိန် Bollywood ရဲ့မူဆလင် ဟိန္ဒူခွဲခြားမူဟာ
ရှိနေခဲ့တုန်းပါ။ ဒါကြောင့်ဘာသာရေးဖက်က
လူတွေနဲ့အမြင်မတူတဲ့ပဋိပက္ခတွေရှိခဲ့သလို
Khanကို မုန်းတဲ့သူတွေလဲယနေ့ထက်ထိရှိနေ
တုန်းပါ။ PK ကားကြောင့်ခရစ်ယာန်ဘာသာဖက်
ကမကျေနပ်လို့ တရားစွဲမူတွေ ဟန္ဒူဘာသာကို
မထီမဲ့မြင်ပြုတဲ့ပြကွက်တွေပါလို့ဆိုပီးပြသနာတွေ
ဖြစ်သလိုပဲ Khan ရိုက်ခဲ့တဲ့ ကားတချို့မှာပဲအိန္ဒိ
ယလူမျိုးအနေနဲ့သရုပ်မဆောင်သင့်တဲ့သရုပ်
ဆောင်မူတွေပါတယ်ဆိုပီး Khanကိုမုန်းတီးခဲ့သူ
တွေဟာလဲဒုနဲ့ဒေးပါ။ဒါပေမယ့် Khanဟာ
Filmfare သက်တမ်းအရှည်ဆုံး Bollywood
ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံးမင်းသားပါ။ Kumar
နဲ့ ၈ဆုစီရထားပီး အိန္ဒိယသမိုင်းမှာ အများဆုံး
ဆုရမင်းသားပါ။ ဒီလိုဖြစ်ရခြင်းကလဲ Khanဟာ
တခြားမင်းသားတွေနဲ့ကွာတဲ့အချက်တွေရှိတယ်။
ဗီလိန် လူဆိုး ပရိတ်သတ်မုန်းတဲ့ဇာတ်ကောင်
ဇာတ်ရံ တွေရိုက်ရင်းမင်းသားတယောက်ရဲ့ပရိတ်
သတ်ချစ်ခင်မူနည်းတယ်ဆိုတဲ့ရုပ်ရှာလောကမှာ
Khan ဟာသရုပ်ဆောင်ခဲ့သူပါ။ ဗီလိမ်မို့လို့မ
ရိုက်ဘူးဆိုတဲ့မင်းသားထဲ Khanမပါပါဘူး။
"ကျတော်ရှုပ်ထွေးတာကိုမကြိုက်ဘူး
ဂီတ ရုပ်ရှင် စာပေမှန်သမျှရိုးရှင်းပီး
သာမာန်လူတယောက်ခံစားရင်တောင်
နားလည်သပေါက်စေတဲ့ အနုပညာမျိုး
ကိုပဲ ကြိုက်နှစ်သက်တယ်။
ရှုပ်ထွေးဖို့ ထက်နားလည်အောင်လုပ်ရ
တဲ့အလုပ်က ပိုခက်တယ်လို့ကျတော်
မြင်တယ်"
Khan
Khan ဟာရုပ်ရှင်လောကထဲကိုစဝင်
ထဲကသူရိုက်မယ့်ကားမှန်းသမျှကို မူဆလင်ဖြစ်
ဖြစ်ဟိန္ဒူဖြစ်ဖြစ် နိုင်ငံခြားသားဖြစ်ဖြစ်ကြည့်တာ
နဲ့နာလည်စေမယ့်ရုပ်ရှင်ကားမျိုးဖြစ်အောင်ပဲ
ကြိုးစားရိုက်ကူးခဲ့တယ်။ ဒီလိုကြောင့်လဲတချို့
ကားတွေမှာပြသနာဖြစ်စရာမျိုးတွေရှိခဲ့တယ်။
ဒီထဲက တကားက #My_Name_Is_Khan
My name is Khan ကို ၂၀၀၈ခုနှစ်ဒီဇင်ဘာလ
မှာစရိုက်ခဲ့ပီး ၂၀၁၀ခုနှစ်ဖေဖော်ဝါရီလမှာစတင်
ရုံတင်ခဲ့ပါတယ်။ Khan နဲ့ညီကိုလိုခင်တဲ့အနုပ
ညာလောကထဲစဝင်ထဲက သင်ဆရာလိုဖြစ်ခဲ့တဲ့
Karan Johar ကရိုက်ကူးခဲ့ပီး ရိုက်ကွက်တ
ကွက်ကို Rehersal ၃၅ခေါက်ထက်မနည်းခိုင်း
စေခဲ့လို့ Khan ကတောင် " ဒါရိုက်တာထဲ ဒီ
လောက်ခိုင်းတဲ့ဒါရိုက်တာမကြုံဖူးဘူးဗျာ "ဆိုတဲ့
ဒါရိုက်တာပေါ့။ ရစ်ဇ်ဗမ်ခန်း အဖြစ်Khanသရုပ်
ဆောင်တဲ့ဒီကားမှာ Khanဟာမိခင်ကောင်းတ
ယောက်ရဲ့သားအဖြစ် Asperger syndrome
မွေးရာပါရောဂါသည်အဖြစ်သရုပ်ဆောင်ရပီး
Psycho ဆန်ဆန်ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့ပါ
တယ်။
"လောကမှာလူ၂မျိုးပဲရှိတယ်။
ကောင်းတာလုပ်တဲ့လူကောင်း နဲ့
မကောင်းတာလုပ်တဲ့လူဆိုး "
ဆိုတဲ့မိခင်ရဲ့စကားကိုအမြဲမှတ်သားခဲ့ပီး 9/11
ကြောင့် အမေရီကန်မှာဘာသာရေးခွဲခြားမူတွေ
ဖြစ်ခဲ့ရင်း သူတို့မိသားစုအပေါ်ဖြစ်လာခဲ့တဲ့ပြ
သနာတွေ ဘာသာရေးခွဲခြားမူတွေအပေါ်ရွံရှာ
စက်ဆုတ်တဲ့လူတယောက်အဖြစ် သမ္မတကြီး
ကိုတွေ့ဖို့ကြိုးစားတဲ့ဝေဒနာသည်တယောက်နေ
ရာကနေသရုပ်ဆောင်ခဲ့ပါတယ်။ ဒီကားဟာ
ဆုပေါင်း ၅၉ခုထိရခဲ့သလို Khanဟာလဲဆုပေါင်း
များစွာရခဲ့ပါတယ်။ ဒီကားကြောင့် အမေရီကန်က
ခရစ်ယာန်လူမျိုးတချို့ရဲ့ အပြစ်တင်မူကိုခံခဲ့ရတဲ့
Khan ဟာအမေရီကန်ကိုအလည်သွားတဲ့တ
ခေါက်မှာဆို အစစ်ဆေးခံမေးမြန်းခံရတဲ့အထိဖြစ်
ခဲ့ပါတဟ်။
" ကျတော်အမေရီကန် ဥပဒေကို
ကြိုက်တယ်။ သူတို့ဥပဒေမှာ
မင်းသားတွေ နာမည်ကြီးStarတွေ
မရှိဘူး။ အကုန်တသားထဲအစစ်ခံရ
တန်းစီရတယ်။ ကိုရီယား ဂျပန် တရုတ်
နဲ့ တခြားဥရောပနိုင်ငံတွေကို
ရောက်ဖူးတယ်။ နာမည်ကြီးတွေဆို
အခွင့်ထူးခံလိုဖြစ်နေကြတယ်။
အမေရီကန်မှာတော့ ဒါတွေမရှိဘူး။
ဥပဒေမှာ နာမည်ကြီးမရှိဘူး။ "
Khan
Khan ဟာဘာသာရေးခွဲခြားမူတွေကြောင့်
ရုပ်ရှင်ဖက်မှာတင်မက ပရဟိတဖက်မှာပါပြသနာ
များစွာတက်ခဲ့ပါတယ်။ ဒါပေမယ့်သူဆက်လုပ်ခ
ဲ့တယ်။ Khan ဟာ သူ့အဖေဆုံးပီးထဲကသူရသမျှ
အနုပညာကြေးအများဆုကို ပရဟိတထဲသုံးခဲ့
ပါတယ်။ ဒါပေမယ့် "ငါလှူတာ "လို့တခါမှအမည်
အဖော်ခဲ့ပဲ တိတ်တဆိတ်လှူဒါန်းမူတွေများခဲ့ပါ
တယ်။
" ပရဟိတ ဟုတ်လား
ကျတော်မသိဘူးဗျ အဲ့စကားက
ဘာဆိုတာ အဖေပြောခဲ့ဖူးတယ်
အသုံးဝင်တဲ့လူတယောက်ပဲဖြစ်
အောင်လုပ်တဲ့။
လိုအပ်နေသူကို
ပိုနေသူကပေးတဲ့သဘောပါ
ကျတော်ထမင်းဝတယ်
ဝတ်စရာပေါတယ် သွားဖို့လာဖို့ 
အဆင်ပြေတယ် ဒီတော့ကျန်တာ
ကို လိုတဲ့သူတွေကိုပေးတယ်။
ဒီသဘောပါပဲ။
လိုအပ်သူနဲ့ ပေးချင်သူကြား
ဘာmedia ဘာ သတင်းထောက်
ဘာ မှတ်တမ်းတင်ဓာတ်ပုံမှမလိုပါဘူး"
Khan
Khan ဟာ ပရဟိတဂုဏ်ထူးဆောင်ဆုများစွာ
ရထားသလို ကမ္ဘာ့အနုပညာရှင်တွေထဲပရဟိတ
အလုပ်ဆုံးအနုပညာရှင်အဖြစ်သတ်မှတ်ခြင်းခံ
ထားရသူပါ။ UNESCO ဆုကြီးကိုလဲတလော
ကမှရထားသူဖြစ်ပီး အိန္ဒယနိုင်ငံရဲ့အဟာရချို့တဲ့
သူကလေးသူငယ် ၄သန်းကျော်ကိုလဲနေ့စဉ်
ထောက်ပံ့နေသူပါ။ WISH Foundation နဲ့အတူ
ကမ္ဘာ့အိမ်ခြေရာခြေမဲ့သူတွေအတွက်လဲအိမ်ရာ
တွေဆောက်ပေးခဲ့သူပါ။ သူTelevisionတွေက
ရတဲ့ငွေ 75% ကိုလဲလှူဒါန်းထားသူပါ။ NCPEP
ရဲ့ပင်တိုင်အလှူရှင်ဖြစ်ပီး Khan ဟာဘာသာ
ပေါင်းစုံကစစ်ဘေးဒုက္ခသည်တွေပြန်လည်ထူ
ထောင်ရေးအတွက်လဲ NCPEP နဲ့လုပ်ခဲ့ပါတယ်။
UNICEF ရဲ့အများဆုံးအလှူရှင်တွေထဲKhan
ဟာတယောက်ဖြစ်ပီး တခါတခါလှူရင် ၁၂သန်း
ထက်မနည်းလှူဒါန်းမူတွေနဲ့အတူ Khanဟာ
အင်္ဂလန်ဘုရင်မ ကပေးတဲ့ ဂုဏ်ထူးဆောင်ပရဟိ
တသမားဆုကိုလဲရရှိထားသူပါ။ ၂၀၀၇ခုနှစ်က
၁၂သန်း ၂၀၀၈ခုနှစ်က အစာအဟာရချို့တဲ့က
လေးငယ်တွေအတွက် သန်း၃၀ ၂၀၀၉ခုနှစ်က
စစ်ဘေးသင့်ပါကစ္စတန်ပြည်သူတွေအတွက်
သန်း၃၀ ၂၀၁၀ ခုနှစ်မှာတော့ Khan ဟာကလေး
ဆေးရုံတွေ ကယ်ဆယ်ရေးစခန်းတွေအထိ
ဆောက်ပီးလှူဒါန်းလာပါတော့တယ်။ ပရဟိတ
နဲ့ပတ်သတ်ပီး ပြသနာများစွာနဲ့လဲရင်ဆိုင်ခဲ့ရသူ
ပါ။ ဒီပြသနာတွေထဲမှာမှ Chennai Express
ကားအပြီး ရတဲ့အနုပညာကြေးတွေကို ပါကစ္စ
တန်စစ်ဘေးကိုအလှူမှာတော့ Khanဟာ အိန္ဒိ
ယကဘာသာရေးခေါင်းဆောင်တချို့နဲ့ပြသနာစ
ခဲ့ပါတယ်။ Chennia Express ကားကတော့အ
ကုန်သိကြမှာပါ။ အိန္ဒယရုပ်ရှင်သမိုင်းမှာစံချိန်
သစ်တင်ထားတဲ့ကားကြီးဖြစ်ခဲ့ပီး ဒီကားကရတဲ့
အနုပညာကြေးအများစုကို Khan ဟာပါကစ္စ
တန်စစ်ဘေးကိုလှူတန်းခဲ့ပါတယ်။ ဒါကြောင့်ပဲ
NCRP နဲ့တွဲလှူဒါန်းခဲ့တဲ့နောက်ဆက်တွဲစကား
တွေက Khanဟာ အကြမ်းဖက်မျိုးဆက်တွေကို
အိန္ဒယနိုင်ငံသားဖြစ်ပီးအားပေးအားမြှောက်လုပ်
နေတဲ့သူလို့ ဝန်ဖန်ပြောဆိုခဲ့ကြပါတယ်။ဒီပြသ
နာကြောင့် Khanဟာပရဟိတနဲ့ဘာသာရေးဟာ
ဘာမှမဆိုင်ကြောင်းနိုင်ငံပိုင်သတင်းစာတွေက
နေပြောကြားခဲ့တဲ့အထိစိတ်ဆိုးခဲ့ပါတယ်။
"ကမ္ဘာပေါ်မှာ သက်ရှိနဲ့သက်မဲ့
၂မျိုးပဲရှိတယ်။
သက်ရှိမှာ လူနဲ့တိရစ္ဆာန်
၂မျိုးပဲရှိတယ်။
လူမှာ လူတမျိုးပဲရှိတယ်။
အစ္စလာမ်လဲလူ ဟိန္ဒူလဲလူ
ဒါကိုဘယ်ဘာသာရေးဂိုဏ်းကမှ
ငါတို့ကမှ လူသားစစ်စစ်လို့
သတ်မှတ်လို့မရဘူး။ "
Khan
Khan ဟာအစ္စလာမ်ဖြစ်ပေမယ့် သူ့ဇနီး
ဟိန္ဒူဘာသာအပေါ်လဲ လေးစားသူဖြစ်သလို
သားသမီးတွေကိုလဲ ဘာသာရေးတင်းကြပ်မူ
တွေလဲမထားပဲ ကိုယ်ကြိုက်တာကိုယ်ကိုးကွယ်
ခိုင်းထားတဲ့ဖခင်တယောက်ပါ။Khanဟာလက်ရှိ
အချိန်မှာ ရုပ်ရှင်ကား၅၀ကျော်ခဲ့ပြီဖြစ်ပီးတကား
ချင်းစီကရတဲ့အနုပညာကြေး 40%ဟာပရဟိတ
ထဲသုံးခဲ့သူပါ။ Khan ဟာHollywoodရုပ်ရှင်
လောကရဲ့ဘယ်မင်းသားမှလိုက်မမှီတဲ့ရုပ်ရှင်
ရောရုပ်ရှင်ပြင်ပကရတဲ့ဝင်ငွေ ၂ခုပေါင်းဝင်ငွေ
ကိုပိုင်ဆိုင်ထားသူပါ။Khan ဟာဂုဏ်ထူးဆောင်
ဆုထဲကအမြင့်ဆုံးအကြီးကျယ်ဆုံးဆု
King of the Legion Of Honor ဆုကို ၂၀၁၄
ခုနှစ်ကရရှိခဲ့သလို ကမ္ဘာ့အနုပညာရှင်သမိုင်းထဲ
ပရဟိတအလုပ်ဆုံးမင်းသားအဖြစ်လဲ ကမ္ဘာ့
ကုလသမဂ္ဂကသန်မှတ်ခြင်းခံထားရသူပါ။ ပရဟိ
တဆုပေါင်း ၃၀၀ကျော် ရုပ်ရှင်ဆုပေါင်း ၂၀၀
ကျော်ရ ဒီမင်းသားက လွယ်လွယ်နဲ့တော့သာ
မာန်အနေအထားကနေ ခုလိုဖြစ်လာခဲ့တာမ
ဟုတ်ပါဘူး။ Khan ဟာ သူTV Series တွေ
ဖက်ကနေ ရုပ်ရှင်ဖက်အကူး ၄ကားအထိရိုက်
ပီးချိန်ထိသာမာန်မင်းသားပါပဲ။ ဒါပေမယ့် ၅ကား
မြောက်မှာ Khan ဟာတခြားတယောက်လိုဖြစ်
သွားခဲ့ပါပီ။ အဖေဆုံးတယ် ရုပ်ရှင်လောကထဲစ
ဝင်တယ် ၁၀နှစ်ကြာတော့အမေဆုံးတယ်။အဲ့ဒိ
အချိန်မှာ Khan ပရဟိတဆိုတာကြီးကိုစလုပ်ဖို့
ဖြစ်လာတယ်။ အမေဆုံးပီး ၂လလောက်အထိ
Khan တိတ်တဆိတ်ပျောက်ကွယ်ပီး နယ်မြို့တ
ခုမှာသွားနေခဲ့တယ်။ သူဒေလီကိုပြန်လာပီးရုပ်
ရှင်ကားတွေပြန်ရိုက်ချိန်မှာတော့ Khanဟာ
ပရဟိတသူရဲကောင်းကြီးဖြစ်ဖို့ Bollywoodရဲ့
နံပတ်တစ် ဆုရမင်းသားကမ္ဘာ့အချမ်းသာဆုံး
မင်းသားဖြစ်ဖို့ တခြားလူတယောက်လိုပြောင်းလဲ
သွားခဲ့တယ်။ ဘာကြောင့်ဖြစ်မလဲ .,?
သူပျောက်သွားခဲ့တဲ့ ၂လမှာသူဘာတွေနားလည်
ခဲ့ တွေ့ခဲ့လို့  ခုလိုဖြစ်သွားခဲ့လဲ......?
Part- 3 ' မှာ ဆက်ပြောပါရစေ။
[ Part 3 မှာ Khan ရဲ့ ဘဝကိုပြောင်းလဲစေခဲ့တဲ့
အဓိကကိုယ်တွေ့ ဖြစ်ရပ်နဲ့ သူရိုက်ခဲ့တဲ့ကား
တွေကိုဘယ်လိုလေ့ကျင့်ခဲ့လဲ ။ သူ့အဖေကဘာ
လဲ ။ ဘာကြောင့်ပရဟိတလုပ်ဖို့ဖြစ်လာလဲဆို
တာတွေကို ဆက်ပြောချင်ပါသေးတယ်။]
[ ဖြေရှင်းချက် -
Metal ဖက်ကဖြစ်တဲ့အတွက် ခုလို Movie
ဖက်က နံပတ်တစ်ကိုမတောက်တခေါက်လေ့
လာအားနဲ့ရေးမိတဲ့အတွက် လိုအပ်ချက်များ
အလွဲများပါကောင်းပါနိုင်ပါတယ်။ ထို့ကြောင့်
မလေးစားသလိုရေးမိတာတွေပါရင် Khanရဲ့
အမာခံမြန်မာ fanတွေကို အလေးအနက်
တောင်းပန်ပါတယ် ။ ထောက်ပြပေးနိုင်ပါတယ်]
Ref : Quora
Bollywood Stars
Inc Magazine ( India )
ထက်ဝန
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။