ပြီးခဲ့သည့် အောက်တိုဘာလက Alibaba ၏ အမှုဆောင်ဥက္ကဌ ဂျက်မာသည် အာရှအချမ်းသာဆုံး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် Wanda Group ၏ ဝမ်ကျန်းလင် (တရုတ်ဗီဒီယိုဂိမ်း နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံသူ၏သား) ၏နောက်တွင်သာ ရပ်တည်ခဲ့သည်။
ယခုအခါတွင် ဂျက်မာသည် Ant Financial ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသော တန်ဖိုး ကန်ဒေါ်လာ ၄.၅ ဘီလျံ မြင့်တက်လာသောကြောင့် အာရှအချမ်းသာဆုံး ပုဂ္ဂိုလ် ထပ်မံဖြစ်လာခဲ့သည်။ ဂျက်မာသည် Ant Financial ကုမ္ပဏီ၏ ရှယ်ယာ ၃၇.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် Bloom ၏ ဘီလျံနာ အညွှန်းကိန်းတွင် ဂျက်မာ၏ ပိုင်ဆိုင်မှု၌ ကန်ဒေါ်လာ ၄.၃ ဘီလျံ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဂျက်မာ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ ၃၃.၃ ဘီလီယံရှိလာသောကြောင့် ဝမ်ကျန်းလင်၏ အထက်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ယခုအခါ ဂျက်မာအနေဖြင့် အာရှအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသလို ကမ္ဘာ့အချမ်းသာဆုံး ၁၆ ဦးမြောက် ပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့သည်။
Ref: TechInAsia
http://internetjournal.media/news/6110
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။