မြန်မာနိုင်ငံတွင်YELLOW PAGESစတင်ဖြစ်ပေါ်လာပုံ
-------------------------- -------------------------- ---------
မြန်မာနိုင်ငံမှာ Yellow Pages ဆိုလျှင် လူတိုင်းလိုလိုသိနေကြပြီးသားဖြစ်ပါတယ်။အဝါရောင်စာရွက် ကိုအသုံးပြုပြီးသက်ဆိုင်ရာလုပ်ငန်းခေါင်းစဉ် အညွှန်းအောက်တွင် ကုမ္ပဏီနာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်၊ ဝဘ်ဆိုက် စသည်တို့ကိုအက္ခရာအစဉ်အလိုက် ဖော်ပြရိုက်နှိပ်ထားတဲ့ စာအုပ်တစ်အုပ်ကိုမည်သို့မည်ပုံအသုံးပြုရမည်ကိုသုံးစွဲ သူတိုင်းသိရှိနားလည်ကြပြီးသား ဖြစ်လိမ့်မည်လို့ ယုံကြည်ပါတယ်။
Myanmar Yellow Pages စာအုပ်ကို မြန်မာပြည်တစ်ပြည်လုံးရှိစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဆေးရုံ၊ ကျောင်း၊ နိုင်ငံခြားစီးပွားရေးနှင့် သံရုံးအဖွဲ့အစည်းများအားလုံးမရှိမဖြစ် လက်ဆွဲတစ်ခုဖြစ်ပါတယ်။ ရောင်းသူ/ ဝယ်သူအချင်းချင်း၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းအချင်းချင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအချင်းချင်းဆက် သွယ်ဆောင်ရွက်ရန်အတွက် Myanmar Yellow Pages လမ်းညွှန်စာအုပ်သည် အားထားရတဲ့ မရှိမဖြစ် လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Yellow Pages သမိုင်းကြောင်းပြန်ကြည့်လျင် ၁၈၈၃ ခုနှစ်မှာအမေရိကန်နိုင်ငံတွ င် လမ်းညွှန်စာအုပ်များကိုအဖြူေ ရာင်ဖြင့် ရိုက်နှိပ်ခဲ့ရာမှ ၁၈၈၆ ခုနှစ်တွင် Reuben H. Donnelley ဆိုသူမှ တရားဝင် အဝါရောင်စီးပွားရေးလမ်းညွှန် စာအုပ်ကိုစတင်ကာပုံနှိပ်ထုတ်ခဲ့ပါတယ်။ ၁၉၇၀ မှာတော့ Yellow Pages ကိုအမေရိကန်နိုင်ငံ AT & T တယ်လီကွန်းမှ စတင်မိတ်ဆက်လာခဲ့တာဖြစ်ပြီး အမေရိကတိုက်မှ ဥရောပတိုက်၊ တောင်အမေရိက၊ မြောက်အမေရိကနှင့် ဥရောပတိုက်များသို့ ပြန့်နှံ့ရောက်ရှိလာကာနောက် ပိုင်းတွင် အာရှနိုင်ငံများတွင်လည်း Yellow Pages လမ်းညွှန်စာအုပ်ကိုထုတ်ဝေလာခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံ၊ ဆလိုဗက်ကီးယား၊ ချီလီ၊ အိုင်ယာလန်၊ အစ္စရေး၊ နယ်သာလန်နှင့် ရိုမေးနီးယားနိုင်ငံများမှာ တော့
Yellow Pages ကို Golden Pages ဟုခေါ်ဝေါ်သုံးစွဲပြီး၊ သြစတြီးယား၊
ဂျာမနီနိုင်ငံများမှာတော့ Gelbe Seiten လို့ သုံးစွဲပါတယ်။
ဆွီဒင်နိုင်ငံမှာတော့ GulaSidomaလို့သုံးစွဲပါတယ် ။ ပေါ်တူဂီနှင့် ဘရာဇီးမှာတော့ PaginasAmarelasလို့ခေါ်ပြီး ၊ လက်တင်အမေရိကမှာတော့ PaginasAmarillasလို့ခေါ်ပြီး
ပြင်သစ်မှာတော့ Pages Jaunesလို့ခေါ်ပါတယ်။ အာရှတိုက်ရဲ့
ထိုင်းနိုင်ငံမှာတော့ Thailand Yellow Pages၊ ဘရူနိုင်းနိုင်ငံမှာတော့
Brunei Yellow Pages၊ ကိုရီးယားနိုင်ငံမှာတော့ Korea Yellow Pages၊
ထိုင်ဝမ်မှာတော့ Taiwan Yellow Pages၊ ဟောင်ကောင်မှာတော့ Hong Kong Yellow
Pages၊ အင်ဒိုနီးရှားနိုင်ငံမှာတော့  Indonesia Yellow Pages ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ မ်းညွှန်) လို့ လူသိများပါတယ်။
ဤနေရာမှာတော့ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ မ်းညွှန်) ဖြစ်ပေါ်လာပုံကိုအနည်းငယ် ပြောကြားလိုပါတယ်။ Yellow Pages ကုန်အမှတ်တံဆိပ် (ဝန်ဆောင်မှုအမှတ်တံဆိပ်အမည် ) ဖြင့် တရားဝင်မှတ်ပုံတင်ပြီးပုံနှိပ်ထုတ်ဝေခဲ့တာ
IMEX (Myanmar) Co., Ltd. ပဲဖြစ်ပါတယ်။ IMEX (Myanmar) Co., Ltd. ကို ၁၉၉၃
ခုနှစ်တွင် တရားဝင် တည်ထောင်ပြီးတစ်ချိန်တည်းမှာ
Myanmar Yellow Pages ဆိုတဲ့ ကုန်အမှတ်တံဆိပ် အမည်အမှတ်အသားနှင့် Yellow
Pages ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Walking Fingers Logo
(လမ်းလျှောက်လက်ချောင်းလေးများ) ကို မြန်မာပြည်မှာပထမဦးဆုံး ၁၉၉၃ ခုနှစ်မှာမှတ်ပုံတင် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
IMEX (Myanmar) Co., Ltd. ကိုစတင်တည်ထောင်သူမှာဦးသိန်းဇော်ဦးဖြစ်ပြီးကုမ္ပဏီ၏ Managing Director တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဦးသိန်းဇော်ဦးဟာ မြန်မာနိုင်ငံမှာ (၈)လေးလုံးအရေးအခင်းဖြစ်ပြီးနောက်ပိုင်း (၁၉၈၉) ဝန်းကျင်မှာဂျပန်နိုင်ငံသို့  ပညာသင်ထွက်ခွာခဲ့ပါတယ်။ ထိုအချိန်က မြန်မာနိုင်ငံမှနေ၍ ပြည်ပသို့သွားရောက်ပညာသင် အလုပ်လုပ်လိုတဲ့ လူငယ်အတော်များများရှိခဲ့ပါ တယ်။ ဦးသိန်းဇော်ဦးဟာသူ၏မိသားစုနှင့်အတူငယ်ရွယ်စဉ်အခါ (၁၉၇၃) က မိသားစုနှင့်အတူရောက်ခဲ့ဘူး ပြီးဂျပန်နိုင်ငံသို့ ပြန်လည်သွားရောက်လိုစိတ်ရှိ ခဲ့လို့ ဂျပန်နိုင်ငံကိုရွေးချယ်ပြီးပညာသင်ထွက်ခွာခဲ့ခြင်း ဖြစ်ပါတယ်။ ဦးသိန်းဇော်ဦးကဂျပန်နိုင်ငံ Tokyo မြို့မှာပညာသင်ပြီး ၁၉၉၂ မှာ Japan Yellow Pages Ltd. သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါ တယ်။ Oversea Marketing အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Yellow Pages လုပ်ငန်းစဉ်များကိုအတွေ့အကြုံ ရရှိကာတစ်ချိန်တွင် မြန်မာနိုင်ငံတွင်လည်း Japan Yellow Pages ကဲ့သို့ လမ်းညွှန်စာအုပ်ကိုထုတ်ဝေနို င်လျှင် စီးပွားရေးလုပ်ငန်းရှင်များ အကြား၊ သုံးစွဲသူများအကြားအဆင်ပြေေ ချာမွေ့နိုင်လိမ့်မည်ဆိုတဲ့ စိတ်ကူးများစတင်ရရှိခဲ့ပါတယ်။
Japan Yellow Pages တွင် အတွေ့အကြုံရရှိပြီးထိုအချိန်က (၁၉၉၃) တွင် ဦးသိန်းဇော်ဦး၏ အစ်ကိုဖြစ်သူ ကျွန်တော် ကျော်နိုင်ဦးလည်းဂျပန်နိုင် ငံသို့ ပညာသင် ရောက်ရှိနေပြီဖြစ်ရာညီအစ်ကိုနှစ်ယောက်တိုင်ပင်ပြီး Japan Yellow Pages Ltd. ၏
ဥက္ကဌဖြစ်သူ Mr. Takeo Suzuki မှလည်း မြန်မာနိုင်ငံမှာ Yellow Pages အမည်ဖြင့် မည်သူမျှလုပ်ကိုင်ခြင်းမရှိ သေးတဲ့အတွက် Myanmar Yellow Pages ကိုစတင်လုပ်ကိုင်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်းလိုအပ်တဲ့အ ကူအညီပေးမည်ဟုလည်းပြောဆိုကာ မြန်မာနိုင်ငံတွင် အမြန်ဆုံးမှတ်ပုံတင် လုပ်ကိုင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ် ။
သို့ဖြစ်ပါသောကြောင့် ကျွန်တော်၏ညီဦးသိန်းဇော်ဦးနှင့် ကျွန်တော်တို့ဟာ Myanmar Yellow Pages ကုန်အမှတ်တံဆိပ် Trade Mark ကိုအစောလျှင်ဆုံးမှတ်ပုံတင် နိုင်ရန်
ဦးစွာiMEX (Myanmar) Co., Ltd. ကို (၁၉၉၃) တွင် မြန်မာနိုင်ငံ၌
တရားဝင်မှတ်ပုံတင်၍ တည်ထောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ IMEX (Myanmar) Co.,
Ltd. မှ Myanmar Yellow Pages ဟူသောကုန်အမှတ်တံဆိပ် အမည်အမှတ်အသားနှင့်
Walking Fingers Logo (လမ်းလျှောက်လက်ချောင်းလေးများ) ဝန်ဆောင်မှုအမှတ်တံဆိပ်ကိုရန်ကုန်မြို့ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှာတရားဝင်မှတ်ပုံတင် နိုင်ခဲ့ပါတယ်။
နိုင်ငံတကာအသိအမှတ်ပြု Yellow Pages ဝန်ဆောင်မှုကုန်အမှတ်တံဆိပ်ကိုပထမဦးဆုံးတရားဝင် မှတ်ပုံတင်ပိုင်ဆိုင် နိုင်ခဲ့လို့ညီအစ်ကိုနှစ်ယောက်လွန်စွာဝမ်းသာပီတိ ဖြစ်ရပါတယ်။ လမ်းလျှောက်လက်ချောင်းလေးများ (Walking Fingers Logo) အမှတ် တံဆိပ်ဖြင့် ပုံနှိပ် ထုတ်ဝေသော Yellow Pages အားကမ္ဘာ့နိုင်ငံအတော်များများမှာတွေ့ရပါတယ်။ ဥပမာ- အာရှနိုင်ငံများမှာဆိုရင်တော့
Singapore, Malaysia, Brunei, Indonesia, Phillipine၊
အရှေ့အလယ်ပိုင်းမှာတော့ Saudi Arabia, Iran, Kuwait, Jordan, Pakistan
နိုင်ငံတော်တော်များများမှာ တွေ့ရပါတယ်။ ထို့အပြင် Canada, USA, Australia, New Zealand နဲ့ ဥရောပ၊ Latin American နိုင်ငံတော်တော်များများမှာ လည်း Yellow Pages Publishers အများစုဟာ Walking Fingers Logo ပဲဖြစ်ကြပါတယ်။
ဦးသိန်းဇော်ဦးနှင့် ဦးကျော်နိုင်ဦးတို့ ညီအစ်ကိုနှစ်ယောက် Japan Yellow Pages မှာလုပ်ကိုင်ရင်း နိုင်ငံတကာမှ Yellow Pages ထုတ်ဝေသူများနှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်ရ င်းအတွေ့အကြုံများစွာရယူကာ မြန်မာနိုင်ငံတွင်လည်း Yellow Pages လမ်းညွှန်ကိုစတင်ထုတ်ဝေနိုင် ရန် ၁၉၉၃ မှ စတင်ကာ ကြိုတင်လှုပ်ရှားခဲ့ကြပါတယ်။ သို့ဖြစ်ရာ ၁၉၉၃ တွင် ဂျပန်မှနေ၍ ရန်ကုန်ရှိမိသားစုများ၏ အကူအညီကိုရယူကာရန်ကုန်မြို့ စာချုပ်စာတမ်းများရုံးတွင် IMEX (Myanmar) Co., Ltd. မှ မှတ်ပုံတင်ပြီး Myanmar Yellow Pages ဟူသောကုန်အမှတ်တံဆိပ်အမည်နှ င့် Walking Fingers Logo (လမ်းလျှောက်လက်ချောင်းလေးများ) ကုန်အမှတ်တံဆိပ်ကိုပါ ပူးတွဲကာရန်ကုန်မြို့ မှတ်ပုံတင်စေခဲ့ပါတယ်။
ထို့နောက် ၁၉၉၄ တွင် ဦးသိန်းဇော်ဦးမှ မြန်မာပြည်သို့ပြန်လာကာကုမ္ပ ဏီ၏ လုပ်ငန်းဆောင်တာများကိုလုပ် ကိုင်ခဲ့ပြီး ၁၉၉၄ သြဂုတ်လတွင် ရန်ကုန်မြို့၊ မြရိပ်ညိုရွိုင်ရယ်ဟိုတယ်မှာ Myanmar Yellow Pages လမ်းညွှန်စာအုပ် ပုံနှိပ်ထုတ်ဝေရန် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ထိုသတင်းစာရှင်းလင်းပွဲသို့ Japan Yellow Pages ဥက္ကဌ Mr. Takeo Suzuki လည်းတက်ရောက်ခဲ့ပြီး Myanmar Yellow Pages ထုတ်ဝေနိုင်ရန် အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရဝန်ကြီးဌာနများ နှင့်လည်းဆက်သွယ်ကာ JYP စာအုပ်များ လှူဒါန်းပြီးလိုအပ်တဲ့ နည်းပညာများနှင့် ကိစ္စများကိုလည်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြော ကြားခဲ့ပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ဦး သိန်းဇော်ဦးဟာသတင်းစာရှင်းလ င်းပွဲအပြီးမကြာမီမှာပဲ Myanmar Yellow Pages လမ်းညွှန်စာအုပ်ကိုထုတ်ဝေနို င်ရန် ပြင်ဆင်ကြိုးပမ်းရင်းထိုနှစ်မှာပင် ဆုံးပါးသွားခဲ့ပါတယ်။ ဦးသိန်းဇော်ဦးကွယ်လွန်သွားခဲ့ပေမဲ့ ကျွန်တော့်မိသားစုများက Yellow Pages စာအုပ်ဖြစ်မြောက်ရေးအတွက် IMEX (Myanmar) Co., Ltd. မိသားစုဝန်ထမ်းများနှင့်တကွ စာအုပ်အတွက် ကြော်ငြာအရောင်းအပိုင်း၊ တည်းဖြတ်အပိုင်း၊ ပုံနှိပ်အပိုင်း၊ စာအုပ်ချုပ်အပိုင်း၊ ဖြန့်ချိရေးအပိုင်းအဘက်ဘက်မှ ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ် ။
ထိုသို့ IMEX မိသားစု၊ Japan Yellow Pages ဥက္ကဌ၏ ကူညီပံ့ပိုးမှု၊
နိုင်ငံတကာ Yellow Pages အသိုင်းအဝိုင်းမှ ကူညီမှု၊
မြန်မာအစိုးရဌာနဆိုင်ရာများ မှ အကြံပေးမှု၊ Customer များ၏ ကူညီပံ့ပိုးပေးမှုကြောင့် Myanmar Yellow Pages ၁၉၉၅ စာအုပ်ကို ၁၉၉၅ ခုနှစ် အစောပိုင်းမှာအောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါတယ်။
Myanmar Yellow Pages ၁၉၉၅ လမ်းညွှန်စာအုပ် ထုတ်ဝေနိုင်ခဲ့မှုအပေါ်
ဂျပန်နိုင်ငံ Nihon Keizai သတင်းစာ၊ Yomiuri သတင်းစာများမှ
ချီးကျူးဖော်ပြခံရခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ Yellow Pages
ထုတ်ဝေသူများမှလည်းဝမ်းပမ်း တသာ ကြိုဆိုခဲ့ကြပြီး မြန်မာပြည်တွင်း၌လည်းသက်ဆို င်ရာဝန်ကြီးဌာနများမှ ထောက်ခံမှုကိုလည်းရရှိခဲ့ပါသ ည်။ ထိုသို့ အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ မှုဟာ
ပြည်ပမှ Yellow Pages အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ ဌာနဆိုင်ရာများ၏
အဖွဲ့အစည်းအသီးသီးနှင့် လုပ်ငန်းရှင်များ၏ အားပေးမှုအပါအဝင် IMEX (Myanmar)
Co., Ltd. နှင့် Myanmar Yellow Pages ကိုစတင်တည်ထောင်ခဲ့သူဦးသိန်းဇော်ဦးရဲ့ ကြိုးပမ်းအားထုတ်ခဲ့မှုတစ်ရပ်ဖြစ်ပါတယ်။
၁၉၉၅ မှစတင်ထုတ်ဝေခဲ့တဲ့ Myanmar Yellow Pages စာအုပ်ရဲ့ ထူးခြားချက်ကတော့ A4 Size အရွယ်အစားဖြစ်ပြီးအဝါရောင် စာရွက်များကိုလည်းဂျပန်နိုင်ငံမှတင်သွင်းပြီးပုံနှိပ်ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ ထို့အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသာမက ပြည်ပမှလုပ်ငန်းရှင်များပါဝ င်သော International Trade Section ကဏ္ဍများ၊ ခရီးသွားလာရေးကဏ္ဍများလည်းပါဝ င်ကာ ပြည်စုံကောင်းမွန်တဲ့ လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စာအုပ်အရွယ်အစားကိုပြောင်းလဲရန် အခြားအာရှနိုင်ငံများမှ အဝါရောင်စက္ကူများတင်သွင်းကာ ပြည်တွင်းမှအဆင့်မြင့် ပုံနှိပ်တိုက်မှာအပ်နှံပြီး ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှ စတင်ကာ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ မ်းညွှန်) ကိုပထမဦးဆုံးအကြိမ် ထုတ်ဝေခဲ့ပြီးယခု ၂၀၁၆ တွင် (၂၁) ကြိမ်မြောက်စာအုပ်ကိုအောင်ြ မင်စွာထုတ်ဝေဖြန့်ချိလျက် ရှိပါသည်။
IMEX (Myanmar) Co., Ltd. ရဲ့လုပ်ဆောင်မှုမှတ်တမ်းများ ကတော့-
၁။ ၁၉၉၅ ခုနှစ်တွင် Myanmar Yellow Pages ( မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်) စာအုပ်ကိုပထမဦးဆုံးအကြိမ် မြန်မာပြည် တစ်ပြည်လုံးသို့ ထုတ်ဝေဖြန့်ချိပါသည်။
၂။ ၁၉၉၉တွင် Myanmar Yellow Pages CD ROM ကို မြန်မာပြည်တွင် ပထမဦးဆုံးထုတ်ဝေဖြန့်ချိခဲ့ ပါသည်။
၃။ ၁၉၉၆ တွင် IMEX Library ဖွင့်လှစ်ကာတစ်ကမ္ဘာလုံးမှ Yellow Pages စာအုပ်များ၊ Trade လမ်းညွှန်စာအုပ်များထားရှိကာ လုပ်ငန်းရှင်များအတွက် နိုင်ငံတကာမှ အဆက်အသွယ်များရရှိအောင် ဝန်ဆောင်မှုပေးခဲ့ပါတယ်။
၎။ ၂၀ဝ၀ ခုနှစ်မှာတော့ myanmaryellowpages.biz (Domain) အမည်ကိုရယူကာ www.myanmaryellowpages.biz Online Directory ကို မြန်မာနိုင်ငံကိုယ်စားပြု ပထမဦးဆုံးလွှင့်တင်နိုင်ခဲ့ပါတယ်။ ယခုဆိုလျှင် www.myanmaryellowpages.biz Website သည် Google, Yahoo! တွင် No. (1) Position အနေဖြင့် ရပ်တည်နေပြီးတစ်ကမ္ဘာလုံးမှစီးပွားရေး၊ ခရီးသွားလာရေးနှင့် ပက်သက်တဲ့ ကုမ္ပဏီအဖွဲ့အစည်းများအများဆုံးဝင်ရောက်ကြည့်ရှု့လျှက်ရှိပါသည်။
၅။ ၂၀ဝ၉ခုနှစ်တွင် Myanmar Food & Beverages Products Directory (မြန်မာစားသောက်ကုန်လမ်းညွှန်) ကိုအောင်မြင်စွာထုတ်ဝေနိုင် ခဲ့ပြီး မြန်မာစားသောက်ကုန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကိုမိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
၆။ ၂၀၁၂ခုနှစ်တွင် Myanmar Yellow Pages Info Centre ကိုဖွင့်လှစ်ကာဟိုတယ်၊ စားသောက်ဆိုင်စတဲ့ သတင်း၊ လိပ်စာနှင့် ဖုန်းနံပါတ်၊ အချက်အလက်များကို Customer များသို့ ဖုန်းဖြင့်ဖြေကြားပေးတဲ့ဝန် ဆောင်မှုကိုပေးခဲ့ပါတယ်။
ဤသို့ဝန်ဆောင်မှုကို ၁၉၉၅ ခုနှစ် Myanmar Yellow Pages လမ်းညွှန်စာအုပ်
စတင်ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ပေးထားခဲ့ပြီးဖြစ်ပါတယ်။
၇။ ၂၀၁၄တွင် Myanmar Yellow Pages Mobile Version ကိုအောင်မြင်စွာထုတ်လွှင့်နိုင်ခဲ့ပါတယ်။
ဒီ Mobile Application ကို Android နှင့် iOS (၂) မျိုးစလုံးဖြင့်
ထုတ်လုပ်ထားပြီး Google မှ Play Store နှင့် Apple မှ App Store တွင်
Download ရယူအသုံးပြုနိုင်ပါသည်။ ယခု Mobile Application တွင် Myanmar
Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ မ်းညွှန်) စာအုပ်ကို Mobile ပေါ်တွင်လည်းအလွယ်တကူရှာဖြွေ ကည့် ရှုနိုင်ပြီဖြစ်ပါသည်။
၂၀၁၄ ခုနှစ်မှာပဲ IMEX (Myanmar) Co., Ltd. ဟာကနေဒါနိုင်ငံSynclex Enterprise Inc. နှင့် ပူးပေါင်းကာ Myanmar Food & Travel Portal Website (www.myanmarfoodandtravel.c om) ကိုလွှင့်တင်ခဲ့ပါတယ်။ ဒီ Portal Website ဟာ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အားပေးထောက်ခံမှုကိုရရှိထာြး ပီးဖြစ်ပါသည်။
၈။ ၂၀၁၅ တွင် ALSMA (Asian Local Search Media Association) ရဲ့ အသင်းဝင်တစ်နိုင်ငံ ဖြစ်လာခဲ့ပါ သည်။ ALSMA ဆိုတာကတော့ အရင်က ADPAI (Asian Directories Publishers Association Inc.) အဖွဲ့ အစည်းပဲဖြစ်ပါတယ်။ Yellow Pages Publishers များစုပေါင်းပါဝင်တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါသည်။ အသင်းဝင်နိုင်ငံများအားနည်း ပညာများ Media အတွေ့အကြုံများကိုဖလှယ်ပြီး အပြန်အလှန်ကူညီပေးတဲ့ အဖွဲ့အစည်းဟာနောက်ပိုင်းမှာ ALSMA လို့ ဖြစ်လာပါတယ်။
၉။ ၂၀၁၆ နှစ်စမှာတော့ အရင်က Myanmar Yellow Pages Info Centre အား Customer Centre လို့ အစားထိုးပြောင်းလဲဖွင့်လှစ် ခဲ့ပါတယ်။
Customer များသိလိုသည်များကို IMEX (Myanmar) ကုမ္ပဏီမှ မြန်မာ၊ အင်္ဂလိပ်၊
ဂျပန်ဘာသာများ ဖြင့် ဖြေကြားပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါသည်။ ဂျပန်ဘာသာဖြင့်
ဝန်ဆောင်မှုပေးရခြင်းသည် ယခုအခါ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ
လာရောက်အလုပ်လုပ်ကိုင်တဲ့ ကုမ္ပဏီများအလွန်များ ပြားလာတဲ့အတွက်
ဂျပန်လူမျိုးများအတွက် ထူးခြားတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။
ယခုဖော်ပြချက်များမှာ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ မ်းညွှန်) ဖြစ်ပေါ်လာရန် IMEX (Myanmar) Co., Ltd. ၏ ကြိုးပမ်းအားထုတ်ခဲ့တဲ့ သမိုင်းကြောင်းဖြစ်ပါတယ်။
(ကျော်နိုင်ဦး)
(Managing Director)
IMEX (Myanmar) Co., Ltd.
(Original Founder of Myanmar Yellow Pages)
--------------------------
မြန်မာနိုင်ငံမှာ Yellow Pages ဆိုလျှင် လူတိုင်းလိုလိုသိနေကြပြီးသ
Myanmar Yellow Pages စာအုပ်ကို မြန်မာပြည်တစ်ပြည်လုံးရှိစီ
Yellow Pages သမိုင်းကြောင်းပြန်ကြည့်လျင
ဤနေရာမှာတော့ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ
IMEX (Myanmar) Co., Ltd. ကိုစတင်တည်ထောင်သူမှာဦးသိန်
Japan Yellow Pages တွင် အတွေ့အကြုံရရှိပြီးထိုအချိန
ဥက္ကဌဖြစ်သူ Mr. Takeo Suzuki မှလည်း မြန်မာနိုင်ငံမှာ Yellow Pages အမည်ဖြင့် မည်သူမျှလုပ်ကိုင်ခြင်းမရှိ
သို့ဖြစ်ပါသောကြောင့် ကျွန်တော်၏ညီဦးသိန်းဇော်ဦးန
နိုင်ငံတကာအသိအမှတ်ပြု Yellow Pages ဝန်ဆောင်မှုကုန်အမှတ်တံဆိပ်က
ဦးသိန်းဇော်ဦးနှင့် ဦးကျော်နိုင်ဦးတို့ ညီအစ်ကိုနှစ်ယောက် Japan Yellow Pages မှာလုပ်ကိုင်ရင်း နိုင်ငံတကာမှ Yellow Pages ထုတ်ဝေသူများနှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်ရ
ထို့နောက် ၁၉၉၄ တွင် ဦးသိန်းဇော်ဦးမှ မြန်မာပြည်သို့ပြန်လာကာကုမ္ပ
ဝမ်းနည်းစရာကောင်းတာကတော့ဦး
၁၉၉၅ မှစတင်ထုတ်ဝေခဲ့တဲ့ Myanmar Yellow Pages စာအုပ်ရဲ့ ထူးခြားချက်ကတော့ A4 Size အရွယ်အစားဖြစ်ပြီးအဝါရောင် စာရွက်များကိုလည်းဂျပန်နိုင
၁၉၉၅ ခုနှစ်မှ စတင်ကာ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ
IMEX (Myanmar) Co., Ltd. ရဲ့လုပ်ဆောင်မှုမှတ်တမ်းများ
၁။ ၁၉၉၅ ခုနှစ်တွင် Myanmar Yellow Pages ( မြန်မာအဝါရောင်စီးပွားရေးလမ
၂။ ၁၉၉၉တွင် Myanmar Yellow Pages CD ROM ကို မြန်မာပြည်တွင် ပထမဦးဆုံးထုတ်ဝေဖြန့်ချိခဲ့
၃။ ၁၉၉၆ တွင် IMEX Library ဖွင့်လှစ်ကာတစ်ကမ္ဘာလုံးမှ Yellow Pages စာအုပ်များ၊ Trade လမ်းညွှန်စာအုပ်များထားရှိကာ
၎။ ၂၀ဝ၀ ခုနှစ်မှာတော့ myanmaryellowpages.biz (Domain) အမည်ကိုရယူကာ www.myanmaryellowpages.biz Online Directory ကို မြန်မာနိုင်ငံကိုယ်စားပြု ပထမဦးဆုံးလွှင့်တင်နိုင်ခဲ့ပ
၅။ ၂၀ဝ၉ခုနှစ်တွင် Myanmar Food & Beverages Products Directory (မြန်မာစားသောက်ကုန်လမ်းညွှန
၆။ ၂၀၁၂ခုနှစ်တွင် Myanmar Yellow Pages Info Centre ကိုဖွင့်လှစ်ကာဟိုတယ်၊ စားသောက်ဆိုင်စတဲ့ သတင်း၊ လိပ်စာနှင့် ဖုန်းနံပါတ်၊ အချက်အလက်များကို Customer များသို့ ဖုန်းဖြင့်ဖြေကြားပေးတဲ့ဝန်
၇။ ၂၀၁၄တွင် Myanmar Yellow Pages Mobile Version ကိုအောင်မြင်စွာထုတ်လွှင့်နိ
၂၀၁၄ ခုနှစ်မှာပဲ IMEX (Myanmar) Co., Ltd. ဟာကနေဒါနိုင်ငံSynclex Enterprise Inc. နှင့် ပူးပေါင်းကာ Myanmar Food & Travel Portal Website (www.myanmarfoodandtravel.c
၈။ ၂၀၁၅ တွင် ALSMA (Asian Local Search Media Association) ရဲ့ အသင်းဝင်တစ်နိုင်ငံ ဖြစ်လာခဲ့ပါ သည်။ ALSMA ဆိုတာကတော့ အရင်က ADPAI (Asian Directories Publishers Association Inc.) အဖွဲ့ အစည်းပဲဖြစ်ပါတယ်။ Yellow Pages Publishers များစုပေါင်းပါဝင်တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါသည်။ အသင်းဝင်နိုင်ငံများအားနည်း
၉။ ၂၀၁၆ နှစ်စမှာတော့ အရင်က Myanmar Yellow Pages Info Centre အား Customer Centre လို့ အစားထိုးပြောင်းလဲဖွင့်လှစ်
ယခုဖော်ပြချက်များမှာ Myanmar Yellow Pages (မြန်မာအဝါရောင်စီးပွားရေးလ
(ကျော်နိုင်ဦး)
(Managing Director)
IMEX (Myanmar) Co., Ltd.
(Original Founder of Myanmar Yellow Pages)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။