Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 26, 2016

ဘယ်လို စာဖတ်မလဲ

ဘယ်လို စာဖတ်မလဲ
----------------------
သာမန်လူတစ်ယောက် စာကြည့်တိုက်ထဲရောက်သွားတယ်။ စာအုပ်စင်ပေါ်က များပြားလှတဲ့စာအုပ်တွေကို ကြည့်ပြီး သူ့မျက်စိမွဲပြာသွားတယ်။ ဒါဟာ ဒီလောကမှာရှိတဲ့ အသိပညာဗဟုသုတတွေကို သူနည်းနည်းမှ စိတ်ဝင်စားမှုမရှိတဲ့အတွက်ကြောင့်ပါပဲ။ အသိဉာဏ်ပညာသုတေသနပြုမှုမှာ လူတိုင်းပါဝင်စရာမလိုပါဘူး။ ဒါပေမယ့် အထူးစိတ်ဝင်စားမှုတစ်ခုတော့ လူတိုင်းမှာရှိသင့်ပါတယ်။ ဥပမာသတင်းစာကြည့်တယ်.. တချို့က သတင်းကဏ္ဍကို စိတ်ဝင်စားတယ်၊ တချို့က ဝတ္ထုဆောင်းပါးကို စိတ်ဝင်စားတယ်၊ တချို့ကလည်း ကုန်သွယ်စီးပွားရေးကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားမှုတစ်ခုခုရှိသူတိုင်းက သတင်းစာတစ်စောင်ရတာနဲ့ ပျော်ရွှင်မှုတစ်ခုကို သူတို့ရလိုက်ပြီဖြစ်တယ်။

စာဖတ်ခြင်းရဲ့ပထမဆုံးအချက်က အထူးစိတ်ဝင်စားမှုတစ်ခုကို မွေးမြူတာပဲဖြစ်တယ်။

စာဖတ်သူတချို့က စာရွက်တွေကို ဟိုလှန်ဒီလှန်ဖတ်တယ်၊ ပြီးရင် ပြီးသွားတယ်။

တချို့က ပထမစာလုံးကနေ နောက်ဆုံးစာလုံးအထိ တစ်လုံးမကျန်ဖတ်တယ်။

ဒီဖတ်နည်းနှစ်ခုလုံး သူ့အကြောင်းနဲ့သူရှိတယ်။ အမြဲတမ်း တစ်နည်းတည်းကိုပဲ အသုံးပြုရင်တော့ မကောင်းပါဘူး။ ကျွန်မတို့ဖတ်ရမယ့် စာအုပ်တွေကများလွန်းလှတယ်။ လူ့အသက်က အကန့်အသတ်ရှိပါတယ်။ တကယ်လို့ စာအုပ်တစ်အုပ်ကို အစမှအဆုံး တစ်လုံးမကျန်ဖတ်ရင် ဘဝတစ်သက်မှာ စာအုပ်ဘယ်နှအုပ်ပဲဖတ်ပြီးနိုင်မလဲ။ ဒါပေမယ့် တချို့ဗဟုသုတအသိပညာဘာသာရပ်ကို လေ့လာဆန်းစစ်တဲ့ စာအုပ်တွေကိုတော့ အသေးစိတ်ဖတ်ရှုရမှာဖတ်တယ်။ ဖြစ်သလို ဟိုလှန်ဒီလှန်ဖတ်ရှုရင် အဲဒီဘာသာရပ်ရဲ့တကယ့်အဓိပ္ပာယ်ကို နားလည်လိမ့်မှာမဟုတ်ပါဘူး။

စာဖတ်ခြင်းရဲ့ဒုတိယအချက်က စာအုပ်အမျိုးအစားခွဲခြားတာပဲဖြစ်တယ်။ ဘယ်လိုစာအုပ်မျိုးက အသေးစိတ်ဖတ်ရှုရမယ်၊ ဘယ်လိုစာအုပ်မျိုးဟာ ဟိုလှန်ဒီလှန်တာပဲကောင်းတယ်၊ ဘယ်လိုစာအုပ်မျိုးက စာအုပ်စင်ပေါ်ပဲတင်ထားပြီး လိုအပ်တဲ့အချိန်မှာ ကိုးကားစစ်ဆေးတာမျိုးလုပ်မယ်ဆိုပြီး ခွဲခြားထားသင့်ပါတယ်။

စာဖတ်တယ်ဆိုတာ စာအုပ်ထဲမှာပါတဲ့ အသိဉာဏ်ဗဟုသုတတွေကို ကိုယ့်အသိဉာဏ်ပညာအတွက် မှီငြမ်းတာပဲဖြစ်တယ်။ စာအုပ်က ကိုယ့်ရဲ့အတွေးအခေါ်တွေကို ထိန်းချုပ်စေတာမျိုးမဟုတ်ပါဘူး။ တစ်နည်းပြောရရင် ဘယ်အရာကိုမဆို ကိုယ့်အတွေးအခေါ်နဲ့ ဝေဖန်ပိုင်းခြားတာပဲဖြစ်တယ်။ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ဝေဖန်ပိုင်းခြားရဲရင် စာအုပ်ထဲမှာပါတဲ့ ဘယ်စကားဟာဖြစ် မှန်တယ်၊ ဘယ်စကားဟာဖြစ် မှားတယ်၊ ဘယ်စကားဟာဖြစ် ဆွေးနွေးလို့ရနိုင်တယ်ဆိုတာကို ခွဲခြားနိုင်မှာဖြစ်တယ်။ တချို့အကြောင်းအရာက စာအုပ်ထဲမှာ ရေးမှတ်ထားလို့ရနိုင်သလို စာအုပ်ပေါ်အမှတ်အသားပြုထားနိုင်ပါတယ်။ မသေချာမရေရာ သံသယဖြစ်စေတဲ့အခါ စစ်ဆေးကြည့်လို့ရနိုင်ပါတယ်။ စိတ်ထဲမတင်မကျဖြစ်တဲ့အခါ ကိုယ်တိုင်ဆန်းစစ်ကြည့်လို့ရနိုင်ပါတယ်။ ရေးတန်ရေး၊ မှတ်တန်မှတ်၊ စာရွက်လှန်တန်လှန်ခြင်းအားဖြင့် ကိုယ်တိုင်တွေးတောကြံဆမှု၊ တီထွင်မှုကို မွေးမြူနိုင်ပါတယ်။ ဒီလိုပညာရပ်က နှစ်ပေါင်းအနည်းငယ်ကြာလာတဲ့အခါ ကိုယ့်ပင်ကိုယ်စွမ်းရည်ကို အလိုအလျောက် မောင်းနှင်အသုံးပြုနိုင်မှာဖြစ်တယ်။

စာဖတ်ခြင်းရဲ့တတိယအချက်က ကိုယ်တိုင်ဝေဖန်သုံးသပ်နိုင်စွမ်းကို အသုံးပြုတာပဲဖြစ်တယ်။ ကိုယ်တိုင်ဝေဖန်သုံးသပ်နိုင်စွမ်းရှိပြီဆိုရင် စာအုပ်ဆိုတာ ကျွန်မတို့ရဲ့ အသုံးခံပစ္စည်းတစ်မျိုးဖြစ်သွားပါတယ်။

နောက်အချက်နှစ်ချက်ကိုလည်း အထူးသတိထားသင့်ပါတယ်။

ပထမအချက်က မျက်စိမှိတ်ဘက်လိုက်တာမျိုး မဖြစ်ရပါဘူး။ ဟိုးယခင်လူတွေက မျက်စိမှိတ်ဘက်လိုက်လွန်းခဲ့တယ်။ သမိုင်းစာပေ၊ ဂန္တဝင်စာပေသည်သာ အမြင့်ဆုံးစာပေလို့သတ်မှတ်ထားပြီး တခြားစာပေတွေကို အသေးအမွှားလို့မှတ်ယူခဲ့ကြတယ်။ နောက်ဆုံး တခြားစာပေတွေ ဟန့်တားထိန်းချုပ်ခံရပြီး ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ပါဘူး။ တခြားစာပေတွေမဖွံ့ဖြိုးတဲ့အပြင် အဲဒီဂန္တဝင်စာပေတွေကိုလည်း သုတေသနကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ခုချိန်ခါမှာ လူအများက နိုင်ငံ့အားနည်းပြီး ပြည်သူတွေဆင်းရဲမွဲတေနေတယ်လို့ ခံစားကြရတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စက်ယန္တယားကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့စာပေဘာသာရပ်တွေကသာ အကျိုးရှိတဲ့စာပေ၊ အကျိုးရှိတဲ့အသိပညာလို့ ထင်ကြပြန်တယ်။ ဒါတွေဟာ မှားယွင်းတဲ့အမြင်တွေပဲဖြစ်တယ်။ အသိဉာဏ်ပညာက နက်ရှိုင်းကျယ်ပြန့်လွန်းတယ်။ လောကမှာရှိတဲ့အရာတိုင်းက သင်ယူထိုက် သင်ယူသင့်တဲ့အရာတွေပဲဖြစ်တယ်။ ကျွန်မတို့လူသားမျိုးနွှယ်တွေ နှစ်ပေါင်းတစ်သောင်းအချိန်ယူပြီး လေ့လာသင်ယူရင်တောင် လေ့လာလို့မကုန်နိုင်ပါဘူး။

ဒုတိယအချက်က များများခံစားကြည့်ဖို့လိုပါတယ်။ ဘယ်လိုအသိပညာပဲဖြစ်ဖြစ် ထီးထီးတည်ရှိနေတာမဟုတ်ပါဘူး။ သူနဲ့ဆက်နွှယ်တဲ့တခြားအသိပညာကလည်း များလွန်းပါတယ်။ အသိပညာတစ်ခုခုကို ကျွန်မတို့သုတေသနပြုတော့မယ်ဆိုရင် တခြားအသိပညာတချို့ကိုလည်း ကျွန်မတို့ ထိတွေ့ခံစားထားဖို့လိုပါတယ်။ ဆက်စပ်နှီးနွှယ်တဲ့နေရာရောက်ရင် မေးခွန်းထုတ်ပြီး တတ်သိနားလည်တဲ့ပညာရှင်တွေကို မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ် ဆက်စပ်ပတ်သက်ကြောင်းကို ပညာရှင်တွေကိုပြသနိုင်ပါတယ်

ရှေးလူတွေကပြောဖူးပါတယ်.. အသိပညာတွေကို လေ့လာလိုက်စားတဲ့အခါ မှန်နှစ်ချပ်ဆောင်ထားဖို့လိုပါသတဲ့။

တစ်ချပ်က အဏုကြည့်မှန်နဲ့ နောက်တစ်ချပ်က အဝေးကြည့်မှန်ဖြစ်တယ်။ အဏုကြည့်မှန်က ကိုယ်လေ့လာလိုက်စားနေတဲ့ဘာသာရပ်ကိုကြည့်ဖို့နဲ့ အဝေးကြည့်က တခြားဘာသာရပ်တွေကိုကြည့်ဖို့ဖြစ်တယ်။ ကိုယ်လေ့လာလိုက်စားတဲ့ဘာသာရပ်ကို အသေးစိတ်တတ်သိနားလည်အောင် လေ့လာပြီး တခြားဘာသာရပ်ကို အနည်းအကျဉ်းတတ်သိထားရပါတယ်။ ဒါဟာ ဘယ်အသိပညာဘာသာရပ်မဆို ထီးထီးတည်ရှိမနေတဲ့အကြောင်းရင်းပဲဖြစ်တယ်။

---------------

မူရင်းလင့် -- http://www.85nian.net/lehuo/18131.html

နိုင်းနိုင်းစနေ (April. 26. 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။