Kyaw Htun Lynn added 6 new photos.
ကျွန်တော်တို့ ဝတ်တဲ့ အဝတ်အစားဟာ ကျွန်တော်တို့အကြောင်းကို အများကြီးပြောပြပါတယ်။
ပုဆိုးနဲ့ အင်္ကျီအဖြူလက်ရှည်ဆိုရင် အခမ်းအနားတစ်ခုခုသွားမလား၊ ဘုရားသွားမလား တစ်ခုခုပါပဲ။
ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ ဆိုရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်မလား။ ရုပ်ရှင်သွားကြည့်မလား။ မုန့်သွားစားမလားပေါ့။
ဒီလို ရွေးချယ်လို့ရအောင်လည်း အဝတ်အစားတွေ အမျိုးမျိုး ရှိနေတာပေါ့။
တကယ်တော့ ဒီအဝတ်အစားတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းတွေ ရှိကြပါတယ်။ ဒီသမိုင်းကြောင်းတွေကို ကြည့်ရုံနဲ့ သိနိုင်မှာတော့ မဟုတ်ပါဘူး။
ဂျင်းဘောင်ဘီကို လူတိုင်းလိုလို ဝတ်ဆင်ကြပါတယ်။
ဒါပေမယ့် ဂျင်းဘောင်းဘီအကြောင်း သင်ဘယ်လောက်သိပါသလဲ။
ဂျင်းဘောင်းဘီ တစ်ထည်နှစ်ထည်တော့ သင့်ဘီဒိုမှာ ရှိတယ်မဟုတ်လား။
ဂျင်းဘောင်းဘီ အများစုမှာ ဒီလို ကြေးနီအစို့တွေ ပါတယ်မဟုတ်လား။ ဒါတွေက ဘာကြောင့် ရှိနေရတာပါလိမ့်။
တကယ်တော့ အင်္ဂလိပ်လို့ copper rivet လို့ခေါ်တဲ့ ဒီကြေးနီအစို့လေးဟာ ဂျင်းဘောင်းဘီ သမိုင်းမှာ တကယ်အရေးပါတယ်လို့ ဆိုလို့ရပါတယ်။
ဂျင်းဘောင်းဘီ အပြာရောင်ကို တစ်ကမ္ဘာလုံး ဝတ်ဆင်နိုင်ပြီး တစ်ကမ္ဘာလုံးအကြိုက်တွေ့တဲ့ လီးဗိုက်စ် (Levi’s ) ဂျင်းဘောင်းဘီကုမ္ပဏီစတင်ခဲ့တာက ၁၈၇၂ မှာပေါ့…
အဲဒီအချိန်တုန်းကတော့ ဂျင်းဘောင်းဘီကို မိုင်းလုပ်သားတွေသာ ဝတ်ဆင်ကြပါတယ်။
ဆန်ဖရန်စ္စကိုမှာ နေထိုင်တဲ့ စက်ချုပ်ဆရာ ဂျကော့ဒါးဗစ် (Jacob Davis) ဆိုသူဟာ သူ့စက်ချုပ်ဆိုင်မှာ အလုပ်သမားတွေရဲ့ ဂျင်းဘောင်းဘီတွေ မကြာခဏပြင်ပေးရပါတယ်။
ဘောင်းဘီအိတ်ထောင်တွေ ပေါက်ပြဲပြီး သူ့ဆီလာဖာကြတာတွေ များလာတော့ ဘောင်းဘီအိတ်ထောင်တွေ ခဏ၊ခဏ မပေါက်ပြဲအောင် လုပ်ဖို့ သူအကြံရခဲ့ပါတယ်။
ဂျကော့က သူ့အကြံဟာ ကြီးမားတဲ့ အောင်မြင်မှု ရနိုင်တယ်လို့ သိထားပေမယ့် ဒီအကြံကိုလက်တွေ့အကောင်အထည်ဖော်ပြီး မှတ်ပုံတင်ဖို့ ပိုက်ဆံမရှိခဲ့ဘူး။
ဒါကြောင့် သူ့ကို အထည်ရောင်းပေးတဲ့ မစ္စတာ လီးဗိုင့်စ်စထရောင့်စ် (Levi Strauss) ကို သူ့အကြံမှတ်ပုံတင်ပေးဖို့နဲ့ ကြေးနီသံအစို့တွေ တပ်ထားတဲ့ ဂျင်းဘောင်းဘီ စီးပွားရေးလုပ်ငန်း အသစ်စတင်ဖို့ ချဉ်းကပ်ပါတော့တယ်။
ကြေးနီအစို့ထည့်ချုပ်ထားတဲ့ ဂျင်းဘောင်းဘီဟာ အိတ်တွေ အလွယ်တကူ မပေါက်ပြဲတဲ့အပြင် ဒီကြေးနီအစို့ကြောင့် ဂျင်းဘောင်းဘီတွေဟာ အကြမ်းခံတဲ့အတွက်ကြာင့် ဆန်ဖရန်စ္စကိုမှာရှိတဲ့ အလုပ်သမား တွေအတွက် အကြိုက်တွေ့ခဲ့ပြီး သူတို့ရဲ့ စီးပွားရေးဟာ တစ်မုမဟုတ်ချင်း အောင်မြင်လာပါတော့တယ်။
နောက်တော့ ဒီပုံစံကို တစ်ကမ္ဘာလုံးက အတုယူကြပြီး သမိုင်းတွင်ခဲ့ပါတယ်။
အကြမ်းခံဖို့ ကြေးနီအစို့ထည့်ချုပ်ခဲ့တဲ့ လီးဗိုင့်စ်ဂျင်းဘောင်းဘီဟာ နောက်ပိုင်းမှာတော့ စတိုင်တစ်ခုဖြစ်လာပါတော့တယ်။
ဒီကြေးနီအစို့တွေ ရှိတဲ့ နေရာမှာပါတဲ့ အိတ်သေးသေးလေးကို ဒီနေ့ခေတ်မှာ အကြွေစေ့တွေ၊ memory car/stick တွေနဲ့ တခြား ပစ္စည်းသေးသေးလေးတွေ ထည့်ဖို့ သုံးကြပေမယ့် တကယ်တော့ ဒီအိတ်ကို နာရီထည့်ဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။
ဂျင်းဘောင်းဘီဝတ်ပြီး ဒါကို သင်မသိသေးဘူးဆိုရင် သူများတွေသိအောင်ရှဲလိုက်ဦးနော်။
Credit @Yez Magazine
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။