Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 26, 2016

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်
********************

ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။
အတန်းဖော်တွေကလဲ ဘန်ဂျမင်ဟာ တို့အတန်းရဲ့အညံ့ဆုံး။
အတန်းပိုင်ဆရာမရဲ့ အတွေးမှာလဲ ဘန်ဂျမင်ဟာ အထုံဆုံး ကျောင်းသားတစ်ယောက်။

နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့
မှတ်ချက် ။ ။ "ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)" တဲ့။
ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့အမေကို လေပြေလေးနဲ့ပြောတယ်။
"ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ"
ဘန်ဂျမင့်အမေရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။
၃ တန်းသာအောင်တဲ့ ဘန်ဂျမင့်အမေတွေးတာက " ငါ့သားတွေ
ဆင်းရဲတွင်းထဲက လွတ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကောင်းမွန်အသုံးကျတဲ့ပညာရေး ပဲ"
ဒါပေမယ့် လက်ရှိမှာ သူ့သားနှစ်ယောက်ရဲ့ အဆင့်ဟာ တိုးတက်မှုရှိလှတယ် မဟုတ်ဘူး။
သူမနားလည်လိုက်တာက ငါ့သားတွေရဲ့ ပညာရေးကို ငါ့အိမ်က စမှ ဖြစ်တော့မယ်။

ဘန်ဂျမင့် အမေဟာ စည်းကမ်း ၃ချက် နဲ့ စတင်လိုက်တယ်။
၁။ တစ်ပတ်မှာ တီဗီ အစီအစဉ် (၂) ခုသာကြည့်ရမယ်။
( ကြည့်ရမယ့် အစီအစဉ်ကို သူမကိုယ်တိုင် သေချာရွေးချယ်ပေးထားတယ်)
၂။ အိမ်စာတွေပြီးမှသာ တီဗီကြည့်ခြင်း အပြင်ထွက်ဆော့ကစားခြင်းကို ပြုလုပ်ရမည်။
၃။ စာကြည့်တိုက်ကနေ တစ်ပတ်လျှင် စာအုပ် ၂အုပ်ငှားပြီးဖတ်ရမည်။ ဖတ်ပြီးသားစာအုပ်အကြောင်းကို အနှစ်ချုပ် ရေးတင်ရမည်။

ဘန်ဂျမင်ဟာ ဒီစည်းကမ်းချက် အသစ်ကို လုံးဝလက်မခံနိုင်ဘူး။ သူ့အမေကို ပြောဖို့ ခက်ခဲစွာကြိုးပမ်းတယ်။ ဒါပေမယ့်မအောင်မြင်ဘူး။
သူ့အမေဟာ ဒီတစ်ခါ စည်းကမ်းချက်ကိုတော့ အလျော့ပေးမယ့်ပုံ မရဘူး ဆိုတာ ဘန်ဂျမင်သိတယ်။ နောက်ဆုံး စည်းကမ်းနောက် လိုက်လုပ်ရတော့တယ်။
သိပ်တောင်မကြာလိုက်သလိုပါပဲ

ပထမဆုံးအသီးအပွင့်အနေနဲ့
"ဆရာမမေးတဲ့ မေးခွန်းကို ဖြေနိုင်သော တစ်ဦးတည်းသောကျောင်းသား"ဟာ ဘန်ဂျမင် ဖြစ်လာတယ်။
ဒုတိယအကြိမ် ခက်ခဲတဲ့ ဆရာမရဲ့ မေးခွန်းကို ဖြေဆိုနိုင်လိုက်တဲ့ အခိုက်အတန့် ပြီးနောက်မှာတော့ ဆရာမရော အတန်းဖော်တွေပါ အံ့သြကုန်ကြတယ်။
အမှန်တော့သူ့ကိုယ်သူလဲ နဲနဲတော့ အံ့သြမိပေမယ့် သူ့သိတဲ့အဖြေတွေဟာ သူ့ဖတ်တဲ့စာအုပ်တွေထဲက လာတယ်ဆိုတာ သူသိလိုက်တယ်။
နောက်ပိုင်းမှာတော့ ဘန်ဂျမင်ဟာ
သူမသိသေးတဲ့ လိုနေတဲ့အရာတွေကို စာကြည့်တိုက်က စာအုပ်တွေကနေ ဖြည့်ပါတော့တယ်။ ပြီးရင် စာအုပ်တစ်အုပ်ချင်းစီကို မှတ်ချက်တို့ သုံးသပ်ချက်တို့ ရေးတယ်
သူဟာ စာဖတ်ခြင်းကို မြတ်နိုးလာတယ်။

စာဖတ်ခြင်းဟာ သူအကြိုက်ဆုံး တီဗီအစီအစဉ် တစ်ခုပဲ။
မကြာခင်မှာပဲ ဘန်ဂျမင်ဟာ ကျောင်းရဲ့ အထင်ကရ ဦးဆောင်ပြသူဖြစ်လာတယ်။
သုံးတန်းသာအောင်တဲ့ ဘန်ဂျမင့်အမေဟာလည်း သူ့ကလေးတွေအတွက် ထပ်ခါ ထပ်ခါ ပညာရေးဘက်ကို မြှင့်တင်ပေးခဲ့တယ်။

အလွန်ထုံတဲ့ ညံ့တဲ့ ငါးတန်းကျောင်းသား ဘန်ဂျမင်ဟာ ကမ္ဘာ့ အတော်ဆုံး ကလေးအာရုံကြော ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။တက္ကသိုလ်ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့ပေါင်းများစွာ ရခဲ့တယ်။ မေရီလန်းက ဂျွန်ဟော့(ပ)ကင်းဆေးရုံမှာ ၁၉၈၄ ကနေ ၂၀၁၃ အထိ ဦးဆောင်သူပါမောက္ခ အနေနဲ့ လူနာတွေကိုကုရင်း စာအုပ်တွေဖတ်နေခဲ့တယ်။

သူကုသခဲတဲ့ အထဲမှာ ခေါင်းချင်းဆက်အမွှာတွေ ပါတယ်။ ဆေးနဲ့ကုသလို့မရတဲ့ အတက်ရောဂါသည်ကလေးတွေရဲ့ ဦးနှောက်ကို ခွဲစိတ်ထုတ်ပေးခဲ့တာတွေပါတယ်။ဒီလိုလုပ်ဆောင်ချက်တွေကြောင့် ၂၀၀၈ ခုနှစ်မှာ အမေရိကန်သမ္မတကိုယ်တိုင် ပေးအပ်တဲ့ Presidential Medal of Freedom ဆုကို ရရှိခဲ့ပါတယ်။

အခုဆို ရီပါပလစ်ကန် တွေက ၂၀၁၆ အမေရိကန် သမ္မတ အလောင်းအလျာအဖြစ် ငါးတန်းတုန်းက စာသိပ်ညံ့တဲ့ ဘန်ဂျမင်ကို လျာထားတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

Source : Washington Times
Wikipedia
The Resilience Project
#NayAung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။